သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း IRI လြတ္လပ္ခြင့္ဆုရရွိ


(Zawgyi / Unicode)

ဝါရွင္တန္ အေျခစိုက္ International Republican Institute (IRI) ရဲ့ ဒီႏွစ္အတြက္ လြတ္လပ္ခြင့္ဆုရွင္ေတြထဲမွာ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းလည္း တဦး အပါအ၀င္ျဖစ္ပါတယ္။ ဝါရွင္တန္ဒီစီမွာ အဂၤါေန႔က ဆုခ်ီးျမႇင့္ပဲြ အခမ္းအနားကို သြားေရာက္ သတင္းယူေနတဲ့ ကိုခင္ေမာင္စိုးမင္းကို အသံလႊင့္ခ်ိန္ မတိုင္ခင္နာရီပိုင္းအလိုမွာ မအင္ၾကင္းႏိုင္က Zoom ကေန ဆက္သြယ္ေမးျမန္းထားပါတယ္။

ကိုခင္ေမာင္စိုးမင္း။ ။ ဆုခ်ီးျမႇင့္ခံရတဲ႔ ျမန္မာႏိုင္ငံက ကုလသမဂၢ ဆိုင္ရာ အၿမဲတမ္း ကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္းရယ္၊ ေနာက္ ဘဲလာ႐ုစ္ ႏိုင္ငံက ၀န္ႀကီးခ်ဳပ္ရယ္၊ ေနာက္ Lithuania ႏိုင္ငံက ႏိုင္ငံေရးသမား တေယာက္ရယ္၊ ေနာက္ က်ဴးဘား ႏိုင္ငံက ဂီတပညာရွင္ရယ္ သူတို႔လည္း အသီးသီး စကားေတြ ေျပာၾကလိမ့္မယ္။ ဒီပြဲမွာ ဆီးနိတ္ အထက္လႊတ္ေတာ္က Mitch McConnell လည္း စကားေျပာမွာ ျဖစ္ပါတယ္။

မအင္ၾကင္းႏိုင္။ ။ အခုလိုေပါ့ေနာ္ ဒီႏွစ္အတြက္ ခ်ီးျမွင့္ခံရတဲ႔ အထဲမွာ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း အပါအ၀င္ အျခား လြတ္လပ္ခြင္ဆု ရရွိတဲ႔ လူေတြနဲ႔ ပတ္သက္ၿပီးေတာ့ IRI ဘက္က ဒီဆုေတြကို ဒီလူေတြကို ဘာေၾကာင့္ ေရြးခ်ယ္ ခ်ီးျမႇင့္ရသလဲ ဆိုတာကိုေရာ သိရလားရွင့္။

ကိုခင္ေမာင္စိုးမင္း။ ။ ဒီဆုေတြကို ခ်ီးျမႇင့္ရတဲ႔ အေၾကာင္းရင္းကေတာ့ ဒီမိုကေရစီ လြတ္လပ္ခြင့္ေတြအတြက္ ကမာၻတ၀န္းက ႀကိဳးပမ္းသူေတြကို IRI က ႏွစ္စဥ္ ခ်ီးျမႇင့္တာပါ။ အဲဒီထဲမွာဘဲ ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္းလည္း ပါ၀င္ပါတယ္။ ဦးေက်ာ္မိုးထြန္းဟာ ဆိုရင္ ေဖေဖာ္ဝါရီလ ၁ ရက္ ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းတာကို လက္မခံဘဲ ဒီမိုကေရစီေရး လႈပ္ရွားသူေတြနဲ႔ ပူးေပါင္းခဲ႔တဲ႔ အတြက္ IRI က ဆုခ်ီးျမႇင့္ဖို႔ ဆံုးျဖတ္ခဲ႔တာ ျဖစ္ပါတယ္။ က်န္တဲ႔ ပူးတြဲ ဆုခ်ီးျမႇင့္ခံရသူေတြလည္း သူ႔ႏိုင္ငံ အသီးသီးမွာ အဲဒီလို လႈပ္ရွားခဲ႔လို႔ ခ်ီးျမႇင့္ခံရတာ ျဖစ္ပါတယ္။

မအင္ၾကင္းႏိုင္။ ။ အရင္က ဒီဆုကို ေဒၚေအာင္ဆန္းစုၾကည္ကိုလည္း ခ်ီးျမႇင့္ခဲ့ဖူးတယ္ေပါ့ေနာ္။ ဆိုေတာ့ ဒီဆုကို ဘယ္လို လူမ်ိဳးေတြကို သူတို႔က ေရြးခ်ယ္ ခ်ီးျမႇင့္ေလ႔ ရွိလဲရွင့္။

ကိုခင္ေမာင္စိုးမင္း။ ။ ဒီဆုကို IRI ကေန ၁၉၉၉ ခုႏွစ္တုန္းက အဲဒီအခ်ိန္ ျမန္မာ့ ဒီမိုကေရစီ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ကိုလည္း ခ်ီးျမႇင့္ခဲ႔ပါတယ္။ ခ်ီးျမႇင့္ခဲ႔ရတဲ႔ အေၾကာင္းရင္းကေတာ့ အခု ဦးေက်ာ္မိုးထြန္းတို႔ကို ခ်ီးျမႇင့္ခဲ႔သလိုဘဲ လြတ္လပ္ေရး၊ ဒီမိုကေရစီေရး၊ တန္းတူ ညီမွ်ေရး အေပၚမွာ တစိုက္မတ္မတ္ လႈပ္ရွားခဲ႔တဲ႔ အတြက္ေၾကာင့္ IRI က ေနၿပီးေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကိုလည္း ၁၉၉၉ ခုႏွစ္က ခ်ီးျမႇင့္ခဲ႔တာ ျဖစ္ပါတယ္။ ဒီဆုကိုဘဲ ေဒၚေအာင္ဆန္းစုၾကည္ နည္းတူ အေမရိကန္ ျပည္ေထာင္စုရဲ႕ ႏိုင္ငံျခားေရၚ ၀န္ႀကီးေဟာင္း Colin Powell ကိုလည္း ဒီဆု ခ်ီးျမႇင့္ခဲ႔ပါတယ္။ Colin Powell က မၾကာေသးခင္ကဘဲ ကြယ္လြန္သြားခဲ႔တာေပါ့ေလ။

ေနာက္ထပ္ ဆုခ်ီးျမႇင့္ခံရတဲ႔ ထင္ရွားတဲ႔ သူေတြထဲမွာေတာ့ အေမရိကန္ သမၼတေတြထဲက အဲဒီေခတ္ အဲဒီ အခါက အသက္အႀကီးဆံုး ျဖစ္တဲ႔ Ronald Reagan တို႔၊ ေနာက္ George W Bush Sr. ေရာ၊ ေနာက္ သူ႔ရဲ႕ သား George W Bush ေရာ ခ်ီးျမႇင့္ခံရပါတယ္။ အလားတူ သမၼတကေတာ္ေဟာင္း Laura Bush ကိုလည္း ခ်ီးျမႇင့္ခဲ႔ပါတယ္။

ေနာက္တခါ ႐ုရွားဒီမိုကေရစီေခါင္းေဆာင္ ေဘာရစ္ နမ္ေဆာ့ဗ္၊ ပုပ္ရဟန္းမင္းႀကီး ဒုတိယေျမာက္ ဂၽြန္ေပါ တို႔ စတဲ႔ ပုဂၢိဳလ္ေတြကိုလည္း ဒီဆု ခ်ီးျမႇင့္ခဲ႔ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ဝါရှင်တန် အခြေစိုက် International Republican Institute (IRI) ရဲ့ ဒီနှစ်အတွက် လွတ်လပ်ခွင့်ဆုရှင်တွေထဲမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း တဦး အပါအဝင်ဖြစ်ပါတယ်။ ဝါရှင်တန်ဒီစီမှာ အင်္ဂါနေ့က ဆုချီးမြှင့်ပွဲ အခမ်းအနားကို သွားရောက် သတင်းယူနေတဲ့ ကိုခင်မောင်စိုးမင်းကို အသံလွှင့်ချိန် မတိုင်ခင်နာရီပိုင်းအလိုမှာ မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုခင်မောင်စိုးမင်း။ ။ ဆုချီးမြှင့်ခံရတဲ့ မြန်မာနိုင်ငံက ကုလသမဂ္ဂ ဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းရယ်၊ နောက် ဘဲလာရုစ် နိုင်ငံက ဝန်ကြီးချုပ်ရယ်၊ နောက် Lithuania နိုင်ငံက နိုင်ငံရေးသမား တယောက်ရယ်၊ နောက် ကျူးဘား နိုင်ငံက ဂီတပညာရှင်ရယ် သူတို့လည်း အသီးသီး စကားတွေ ပြောကြလိမ့်မယ်။ ဒီပွဲမှာ ဆီးနိတ် အထက်လွှတ်တော်က Mitch McConnell လည်း စကားပြောမှာ ဖြစ်ပါတယ်။

မအင်ကြင်းနိုင်။ ။ အခုလိုပေါ့နော် ဒီနှစ်အတွက် ချီးမြှင့်ခံရတဲ့ အထဲမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း အပါအဝင် အခြား လွတ်လပ်ခွင်ဆု ရရှိတဲ့ လူတွေနဲ့ ပတ်သက်ပြီးတော့ IRI ဘက်က ဒီဆုတွေကို ဒီလူတွေကို ဘာကြောင့် ရွေးချယ် ချီးမြှင့်ရသလဲ ဆိုတာကိုရော သိရလားရှင့်။

ကိုခင်မောင်စိုးမင်း။ ။ ဒီဆုတွေကို ချီးမြှင့်ရတဲ့ အကြောင်းရင်းကတော့ ဒီမိုကရေစီ လွတ်လပ်ခွင့်တွေအတွက် ကမ္ဘာတဝန်းက ကြိုးပမ်းသူတွေကို IRI က နှစ်စဉ် ချီးမြှင့်တာပါ။ အဲဒီထဲမှာဘဲ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းလည်း ပါဝင်ပါတယ်။ ဦးကျော်မိုးထွန်းဟာ ဆိုရင် ဖေဖော်ဝါရီလ ၁ ရက် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို လက်မခံဘဲ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပူးပေါင်းခဲ့တဲ့ အတွက် IRI က ဆုချီးမြှင့်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ကျန်တဲ့ ပူးတွဲ ဆုချီးမြှင့်ခံရသူတွေလည်း သူ့နိုင်ငံ အသီးသီးမှာ အဲဒီလို လှုပ်ရှားခဲ့လို့ ချီးမြှင့်ခံရတာ ဖြစ်ပါတယ်။

မအင်ကြင်းနိုင်။ ။ အရင်က ဒီဆုကို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ချီးမြှင့်ခဲ့ဖူးတယ်ပေါ့နော်။ ဆိုတော့ ဒီဆုကို ဘယ်လို လူမျိုးတွေကို သူတို့က ရွေးချယ် ချီးမြှင့်လေ့ ရှိလဲရှင့်။

ကိုခင်မောင်စိုးမင်း။ ။ ဒီဆုကို IRI ကနေ ၁၉၉၉ ခုနှစ်တုန်းက အဲဒီအချိန် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ချီးမြှင့်ခဲ့ပါတယ်။ ချီးမြှင့်ခဲ့ရတဲ့ အကြောင်းရင်းကတော့ အခု ဦးကျော်မိုးထွန်းတို့ကို ချီးမြှင့်ခဲ့သလိုဘဲ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ တန်းတူ ညီမျှရေး အပေါ်မှာ တစိုက်မတ်မတ် လှုပ်ရှားခဲ့တဲ့ အတွက်ကြောင့် IRI က နေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ၁၉၉၉ ခုနှစ်က ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ ဒီဆုကိုဘဲ ဒေါ်အောင်ဆန်းစုကြည် နည်းတူ အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံခြားရေါ် ဝန်ကြီးဟောင်း Colin Powell ကိုလည်း ဒီဆု ချီးမြှင့်ခဲ့ပါတယ်။ Colin Powell က မကြာသေးခင်ကဘဲ ကွယ်လွန်သွားခဲ့တာပေါ့လေ။

နောက်ထပ် ဆုချီးမြှင့်ခံရတဲ့ ထင်ရှားတဲ့ သူတွေထဲမှာတော့ အမေရိကန် သမ္မတတွေထဲက အဲဒီခေတ် အဲဒီ အခါက အသက်အကြီးဆုံး ဖြစ်တဲ့ Ronald Reagan တို့၊ နောက် George W Bush Sr. ရော၊ နောက် သူ့ရဲ့ သား George W Bush ရော ချီးမြှင့်ခံရပါတယ်။ အလားတူ သမ္မတကတော်ဟောင်း Laura Bush ကိုလည်း ချီးမြှင့်ခဲ့ပါတယ်။

နောက်တခါ ရုရှားဒီမိုကရေစီခေါင်းဆောင် ဘောရစ် နမ်ဆော့ဗ်၊ ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါ တို့ စတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ဒီဆု ချီးမြှင့်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG