သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာဒုကၡသည္ေတြ ကန္ လူမႈအဖြဲ႔အစည္းကုိ အက်ဳိးျပဳေန


ဒုကၡသည္အျဖစ္ အေမရိကန္ျပည္ေထာင္စုကို ေရာက္ရွိခဲ့သည့္ ျမန္မာႏြယ္ဖြား အေမရိကန္ ႏိုင္ငံသားမ်ား (ဓါတ္ပံု -Burmese American Community Institute Inc (BACI)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံရဲ႕ စစ္ေရး ႏိုင္ငံေရး ပဋိပကၡေတြေၾကာင့္ ကမၻာ့ႏိုင္ငံအသီးသီးကို ဒုကၡသည္အျဖစ္ ထ ြက္ေျပး ေရာက္ရွိလာၾကတယ္ ဆိုေပမဲ့ ျမန္မာဒုကၡသည္ေတြဟာ သူတုိ႔ေရာက္ရာ အရပ္ေဒသက လူမႈအသိုင္းအဝုိင္းကို အက်ဳိးျပဳၾကတယ္လို႔ အေမရိကန္ျပည္ေထာင္စုမွာရွိတဲ့ ဒုကၡသည္အေရး ေဆာင္ရြက္သူတခ်ဳိ႕က ေျပာပါတယ္။ ျမန္မာနယ္စပ္ တုိင္းရင္းသားေဒသေတြမွာ စစ္ပဲြေတြ အခ်ိန္မရေရြး ျပန္ျဖစ္လာႏိုင္တဲ့ အေျခအေနေၾကာင့္လည္း ဒုကၡသည္ေတြ အိမ္မျပန္ႏိုင္ ျဖစ္ေနရတယ္လို႔ ေထာက္ျပၾကတဲ့အေၾကာင္း ကုိဉာဏ္ဝင္းေအာင္က တင္ျပထားပါတယ္။

လာမယ့္ ဇြန္လ(၂၀)ရက္ေန႔ဟာ ကမၻာ့ဒုကၡသည္မ်ားေန႔ ျဖစ္ပါတယ္။ ဒီႏွစ္ ဒုကၡသည္မ်ားေန႔ အတြက္ ကုလသမဂၢအဖြဲ႔ႀကီးရဲ႕ လႈ႔ံေဆာ္ခ်က္ကေတာ့ Every Action Counts ဒုကၡသည္ေတြ အတြက္လႈပ္ရွားမႈတိုင္းက အေရးပါတယ္ဆိုတဲ့ ေဆာင္ပုဒ္ပဲ ျဖစ္ပါတယ္။

လက္ရွိ တကမၻာလုံးမွာ ကိုဗစ္ကပ္ေရာဂါ လနဲ႔ခ်ီ ျဖစ္ေနတာေၾကာင့္ေရာ ၊ ျပည္ပက ဝင္ေရာက္အေျခခ်လာမယ့္ ႏိုင္ငံျခားသားေတြအေပၚ ဗီဇာကန္႔သတ္တဲ့ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ရဲ႕ လူဝင္မႈႀကီးၾကပ္ေရးဆုိင္ရာ မူဝါဒေတြေၾကာင့္ပါ ထိုင္း၊ မေလးရွား ႏိုင္ငံေတြကေန အေမရိကန္ျပည္ေထာင္စုကို ဝင္လာဖို႔ ေစာင့္ေနၾကတဲ့ ဒုကၡသည္အစီစဥ္ေတြ ေႏွာင့္ေႏွး ရပ္တန္႔ေနေၾကာင္း အင္ဒီယားနားျပည္နယ္ မွာ ျမန္မာဒုကၡသည္အေရး ကူညီေဆာင္ရြက္ေနတဲ့ ခ်င္းအမ်ဳိးသား ေဒါက္တာ ရုိဒင္းဂါက VOA ကိုေျပာပါတယ္။

" COVID-19 ျဖစ္တဲ့ ဒီ ၃ လအတြင္းမွာေတာ့ ထူးျခားတဲ့ ေျပာင္းလဲမႈ မေတြ႔ဘူး၊ မေတြ႔ဘူး ဆိုတာက အစကတည္းက သမၼတ ထရမ့္က ဒီ ေရႊ႕ေျပာင္း အေျခခ်ခြင့္ Immigrant ဗီဇာကို ပိတ္ထားခဲ့တာေရာ ၊ ေနာက္ၿပီး ဒုကၡသည္စခန္းကေန ဥပမာ မေလးရွားကေန ဒီအေမရိကားကို ေျပာင္းေရႊ႕ဖို႔ ေခၚတဲ့ Resettlement ျပည္ဝင္ခြင့္ ရတဲ့သူေတြကလည္း အျပည္ျပည္ဆိုင္ရာ ေလေၾကာင္းလိုင္းေတြ ေလဆိပ္ေတြပိတ္ထားေတာ့ အခုဆို ဝင္လာတဲ့သူ မရွိသေလာက္ပဲ။ "

ျမန္မာတုိင္းရင္းသားေတြ အေမရိကန္ျပည္ေထာင္စုမွာ ဒုကၡသည္အျဖစ္ အေျခခ်ခြင့္ရလာတဲ့အတြက္ ပညာေရး၊ က်န္းမာေရး၊ လူေနမႈဘဝ အပိုင္းမွာပါတိုးတက္မႈရွိလာၾကတယ္လို႔ မင္နီဆုိးတား ျပည္နယ္မွာ ဒုကၡသည္အေရး ေတာက္ေလ်ာက္ ကူညီေဆာင္ရြက္ခဲ့တဲ့ ကရင္နီတိုင္းရင္းသား ကိုေဝလင္းက ေျပာပါတယ္။

" က်ေနာ္တုိ႔ ဒုကၡသည္ဘဝကေန ဒီအေမရိကန္ကို ေရာက္လာတဲ့အခါက်ေတာ့ အျပတ္သပ္ ကြာျခားမႈ ရွိတာေပါ့။ ဒုကၡသည္ဘဝတုန္းက လုပ္ငန္းကုိင္ငန္း အခြင့္အေရး ဘာမွမရွိဘူး ဝင္ေငြလည္း မရွိဘူး။ အေမရိကန္ႏိုင္ငံကို ေရာက္လာရင္ အသက္ရြယ္ငယ္ၿပီး စာမတတ္သည့္ တုိင္ေအာင္ သူတို႔မွာ အလုပ္လုပ္ႏိုင္တဲ့ အခြင့္အေရးေတြရွိေတာ့ ဝင္ေငြလည္း ရွိလာတယ္။ သက္ႀကီးရြယ္အိုေတြ ဆိုရင္ ေဆးဝါးကုသမႈ ရေတာ့ အရမ္းအဆင္ေျပတဲ့အေနအထားမ်ဳိး ေရာက္လာတယ္။ ေနာက္တပိုင္းက်ျပန္ေတာ့ ေရာက္လာတဲ့ ကေလးေတြက ဒီမွာ အထက္တန္းေက်ာင္းေတြ ေအာင္ၾကတယ္။ ၿပီးေတာ့ အသက္ေမြးဝမ္းေက်ာင္းပညာေတြ ဘဲြ႔ေတြ ဘာေတြရလာတယ္။ တိုးတက္ကြာျခားမႈ အမ်ားႀကီး ရွိလာတယ္ေပါ့။ "

အခုလို ဒုကၡသည္ဘဝကေန အေမရိကန္ လူ႔အဖြဲ႔အစည္းကို ျပန္အက်ဳိးျပဳတဲ့ သူေတြအျဖစ္ ခုခ်ိန္မွာ ျမင္ေတြ႔လာရေၾကာင္း ေဒါက္တာ ရုိဒင္းဂါက သုံးသပ္ပါတယ္။

" က်ေနာ္တုိ႔ အမ်ားႀကီး အက်ဳိးျပဳပါတယ္။ အခုက်ေနာ္ေနတဲ့ Indianapolis ၿမဳိ့ ပတ္ဝန္းက်င္မွာ ရွိတဲ့ စက္႐ုံ အလုပ္႐ုံေတြမွာ ျမန္မာျပည္သားေတြက ႀကဳိးႀကဳိးစားစား အလုပ္လုပ္ၾကတယ္ နာမည္ေကာင္း ေတာ္ေတာ္ရတယ္။ အဲဒါေၾကာင့္ အင္ဒီယာနားပုလိဇ္ ၿမဳိ့ဟာလည္း တိုးတက္မႈ ရွိလာတယ္။ ဒုကၡသည္ေတြရဲ႕ သားသမီးေတြ အခုဆိုရင္ တကၠသိုလ္ ေကာလိပ္ေက်ာင္းၿပီးတဲ့သူေတြ တခ်ဳိ႕ဆို ဆရာဝန္ေတြလည္း ရွိလာတယ္။ သူနာျပဳေတြလည္း ျဖစ္လာၾကတယ္ အခုဆို ေဆးရုံေဆးခန္းေတြမွာ အလုပ္လုပ္ေနၾကၿပီ၊ ေနာက္ ရဲဝန္ထမ္း လုပ္တဲ့သူေတြလည္း ရွိလာၿပီ။ ေနာက္ အေမရိကန္ရဲ႕ ေလတပ္၊ ၾကည္းတပ္ ၊ေရတပ္ ၊မရိန္းေတြမွာ တာဝန္ထမ္းေဆာင္တဲ့လူေတြလည္း အမ်ားႀကီး ရွိလာၿပီ။ ဆိုေတာ့ ဒီအေမရိကန္ ျပည္ေထာင္စုရဲ႕ လူမႈပတ္ဝန္းက်င္ကို အေထာက္အကူျပဳတဲ့လူေတြ အမ်ားႀကီး ေပၚထြက္လာၾကပါတယ္။ "

ျမန္မာႏိုင္ငံမွာ ျပည္သူေတြ ေရြးခ်ယ္တင္ေျမွာက္ထားတဲ့ အရပ္သားအစိုးရတရပ္ ရွိလာေပမဲ့ နယ္စပ္တိုင္းရင္းသား ေဒသေတြမွာ စစ္ပြဲေတြ အခ်ိန္မေရြး ျပန္ျဖစ္လာႏုိင္တဲ့ အေျခအေနေတြေၾကာင့္ ဒုကၡသည္ေတြ အိမ္မျပန္ရဲပဲ ျဖစ္ေနရတယ္လို႔ ကိုေဝလင္းက ျမင္ပါတယ္။

" က်ေနာ္ သိရသေလာက္ေတာ့ ဒုကၡသည္စခန္းေတြက ဒီ ထိုင္းနဲ႔ဗမာနယ္စပ္မွာ အထင္အရွား ရွိေနတုန္းပဲလုိ႔ ေျပာခ်င္တယ္။ သို႔ေသာ္လည္း ႏွစ္ေပါင္းမ်ားစြာ ဒီဒုကၡသည္စခန္းမွာ ေနေနတဲ့ ဒုကၡသည္ေတြထဲက တခ်ဳိ႕ ရာခိုင္ႏႈန္းအနည္းငယ္ကေတာ့ ျပန္သြားတာရွိသလို က်န္ေနေသးတဲ့ လူေတြလည္း အမ်ားႀကီးပဲ။ ဘာေၾကာင့္ မျပန္ႏိုင္ေသးတာလဲဆိုေတာ့ ႏိုင္ငံေရးျပႆနာနဲ႔ ပတ္သက္ေနလို႔ပဲ။ လက္နက္ကိုင္ ပဋိပကၡေတြက အခ်ိန္မေရြး ျပန္ျဖစ္ႏိုင္တယ္ဆိုတဲ့ အေနအထားမ်ဳိးကို ဒီဒုကၡသည္ေတြက ျမင္ေနတဲ့အတြက္ေၾကာင့္မုိ႔ ဒုကၡသည္ေတြက မျပန္ရဲတဲ့ အေနအထားမ်ဳိးလို႔ က်ေနာ္ျမင္ပါတယ္။ "

ျမန္မာ့ၿငိမ္းခ်မ္းေရး ျပႆနာ မေျဖရွင္းႏိုင္သေရြ႕ ျမန္မာႏိုင္ငံကေန ဒုကၡသည္ေတြ ဆက္ထြက္ေနဦးမွာပဲလုိ႔ ေဒါက္တာရိုဒင္းဂါကလည္း ေထာက္ျပပါတယ္။

ကမၻာေပၚမွာ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ဒုကၡသည္ျဖစ္လာသူ ဦးေရ(၂၆)သန္းနီးပါးရွိၿပီး အေမရိကန္ျပည္ေထာင္စုမွာ လာေရာက္ ခုိလႈံၾကတဲ့ ျမန္မာဒုကၡသည္ေပါင္း ေသာင္းနဲ႔ခ်ီ ရွိပါတယ္။ အမ်ားစုဟာ ကရင္၊ ခ်င္း၊ ကရင္နီ၊ မြန္ ၊ကခ်င္ ၊ရွမ္းနဲ႔ ႐ိုဟင္ဂ်ာေတြ ျဖစ္ၾကပါတယ္။ ျမန္မာအစိုးရကေတာ့ ရိုဟင္ဂ်ာဆုိတဲ့အသုံးႏႈန္းကို လက္မခံပါဘူး။

တိုက္႐ိုက္ လင့္ခ္


........................

မြန်မာဒုက္ခသည်တွေ ကန် လူမှုအဖွဲ့အစည်းကို အကျိုးပြုနေ

(Unicode)

မြန်မာနိုင်ငံရဲ့ စစ်ရေး နိုင်ငံရေး ပဋိပက္ခတွေကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးကို ဒုက္ခသည်အဖြစ် ထ ွက်ပြေး ရောက်ရှိလာကြတယ် ဆိုပေမဲ့ မြန်မာဒုက္ခသည်တွေဟာ သူတို့ရောက်ရာ အရပ်ဒေသက လူမှုအသိုင်းအဝိုင်းကို အကျိုးပြုကြတယ်လို့ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ဒုက္ခသည်အရေး ဆောင်ရွက်သူတချို့က ပြောပါတယ်။ မြန်မာနယ်စပ် တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲတွေ အချိန်မရရွေး ပြန်ဖြစ်လာနိုင်တဲ့ အခြေအနေကြောင့်လည်း ဒုက္ခသည်တွေ အိမ်မပြန်နိုင် ဖြစ်နေရတယ်လို့ ထောက်ပြကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

လာမယ့် ဇွန်လ(၂၀)ရက်နေ့ဟာ ကမ္ဘာ့ဒုက္ခသည်များနေ့ ဖြစ်ပါတယ်။ ဒီနှစ် ဒုက္ခသည်များနေ့ အတွက် ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ လှုံ့ဆော်ချက်ကတော့ Every Action Counts ဒုက္ခသည်တွေ အတွက်လှုပ်ရှားမှုတိုင်းက အရေးပါတယ်ဆိုတဲ့ ဆောင်ပုဒ်ပဲ ဖြစ်ပါတယ်။

လက်ရှိ တကမ္ဘာလုံးမှာ ကိုဗစ်ကပ်ရောဂါ လနဲ့ချီ ဖြစ်နေတာကြောင့်ရော ၊ ပြည်ပက ဝင်ရောက်အခြေချလာမယ့် နိုင်ငံခြားသားတွေအပေါ် ဗီဇာကန့်သတ်တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒတွေကြောင့်ပါ ထိုင်း၊ မလေးရှား နိုင်ငံတွေကနေ အမေရိကန်ပြည်ထောင်စုကို ဝင်လာဖို့ စောင့်နေကြတဲ့ ဒုက္ခသည်အစီစဉ်တွေ နှောင့်နှေး ရပ်တန့်နေကြောင်း အင်ဒီယားနားပြည်နယ် မှာ မြန်မာဒုက္ခသည်အရေး ကူညီဆောင်ရွက်နေတဲ့ ချင်းအမျိုးသား ဒေါက်တာ ရိုဒင်းဂါက VOA ကိုပြောပါတယ်။

" COVID-19 ဖြစ်တဲ့ ဒီ ၃ လအတွင်းမှာတော့ ထူးခြားတဲ့ ပြောင်းလဲမှု မတွေ့ဘူး၊ မတွေ့ဘူး ဆိုတာက အစကတည်းက သမ္မတ ထရမ့်က ဒီ ရွှေ့ပြောင်း အခြေချခွင့် Immigrant ဗီဇာကို ပိတ်ထားခဲ့တာရော ၊ နောက်ပြီး ဒုက္ခသည်စခန်းကနေ ဥပမာ မလေးရှားကနေ ဒီအမေရိကားကို ပြောင်းရွှေ့ဖို့ ခေါ်တဲ့ Resettlement ပြည်ဝင်ခွင့် ရတဲ့သူတွေကလည်း အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းတွေ လေဆိပ်တွေပိတ်ထားတော့ အခုဆို ဝင်လာတဲ့သူ မရှိသလောက်ပဲ။ "

မြန်မာတိုင်းရင်းသားတွေ အမေရိကန်ပြည်ထောင်စုမှာ ဒုက္ခသည်အဖြစ် အခြေချခွင့်ရလာတဲ့အတွက် ပညာရေး၊ ကျန်းမာရေး၊ လူနေမှုဘဝ အပိုင်းမှာပါတိုးတက်မှုရှိလာကြတယ်လို့ မင်နီဆိုးတား ပြည်နယ်မှာ ဒုက္ခသည်အရေး တောက်လျောက် ကူညီဆောင်ရွက်ခဲ့တဲ့ ကရင်နီတိုင်းရင်းသား ကိုဝေလင်းက ပြောပါတယ်။

" ကျနော်တို့ ဒုက္ခသည်ဘဝကနေ ဒီအမေရိကန်ကို ရောက်လာတဲ့အခါကျတော့ အပြတ်သပ် ကွာခြားမှု ရှိတာပေါ့။ ဒုက္ခသည်ဘဝတုန်းက လုပ်ငန်းကိုင်ငန်း အခွင့်အရေး ဘာမှမရှိဘူး ဝင်ငွေလည်း မရှိဘူး။ အမေရိကန်နိုင်ငံကို ရောက်လာရင် အသက်ရွယ်ငယ်ပြီး စာမတတ်သည့် တိုင်အောင် သူတို့မှာ အလုပ်လုပ်နိုင်တဲ့ အခွင့်အရေးတွေရှိတော့ ဝင်ငွေလည်း ရှိလာတယ်။ သက်ကြီးရွယ်အိုတွေ ဆိုရင် ဆေးဝါးကုသမှု ရတော့ အရမ်းအဆင်ပြေတဲ့အနေအထားမျိုး ရောက်လာတယ်။ နောက်တပိုင်းကျပြန်တော့ ရောက်လာတဲ့ ကလေးတွေက ဒီမှာ အထက်တန်းကျောင်းတွေ အောင်ကြတယ်။ ပြီးတော့ အသက်မွေးဝမ်းကျောင်းပညာတွေ ဘွဲ့တွေ ဘာတွေရလာတယ်။ တိုးတက်ကွာခြားမှု အများကြီး ရှိလာတယ်ပေါ့။ "

အခုလို ဒုက္ခသည်ဘဝကနေ အမေရိကန် လူ့အဖွဲ့အစည်းကို ပြန်အကျိုးပြုတဲ့ သူတွေအဖြစ် ခုချိန်မှာ မြင်တွေ့လာရကြောင်း ဒေါက်တာ ရိုဒင်းဂါက သုံးသပ်ပါတယ်။

" ကျနော်တို့ အများကြီး အကျိုးပြုပါတယ်။ အခုကျနော်နေတဲ့ Indianapolis မြို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ စက်ရုံ အလုပ်ရုံတွေမှာ မြန်မာပြည်သားတွေက ကြိုးကြိုးစားစား အလုပ်လုပ်ကြတယ် နာမည်ကောင်း တော်တော်ရတယ်။ အဲဒါကြောင့် အင်ဒီယာနားပုလိဇ် မြို့ဟာလည်း တိုးတက်မှု ရှိလာတယ်။ ဒုက္ခသည်တွေရဲ့ သားသမီးတွေ အခုဆိုရင် တက္ကသိုလ် ကောလိပ်ကျောင်းပြီးတဲ့သူတွေ တချို့ဆို ဆရာဝန်တွေလည်း ရှိလာတယ်။ သူနာပြုတွေလည်း ဖြစ်လာကြတယ် အခုဆို ဆေးရုံဆေးခန်းတွေမှာ အလုပ်လုပ်နေကြပြီ၊ နောက် ရဲဝန်ထမ်း လုပ်တဲ့သူတွေလည်း ရှိလာပြီ။ နောက် အမေရိကန်ရဲ့ လေတပ်၊ ကြည်းတပ် ၊ရေတပ် ၊မရိန်းတွေမှာ တာဝန်ထမ်းဆောင်တဲ့လူတွေလည်း အများကြီး ရှိလာပြီ။ ဆိုတော့ ဒီအမေရိကန် ပြည်ထောင်စုရဲ့ လူမှုပတ်ဝန်းကျင်ကို အထောက်အကူပြုတဲ့လူတွေ အများကြီး ပေါ်ထွက်လာကြပါတယ်။ "

မြန်မာနိုင်ငံမှာ ပြည်သူတွေ ရွေးချယ်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရတရပ် ရှိလာပေမဲ့ နယ်စပ်တိုင်းရင်းသား ဒေသတွေမှာ စစ်ပွဲတွေ အချိန်မရွေး ပြန်ဖြစ်လာနိုင်တဲ့ အခြေအနေတွေကြောင့် ဒုက္ခသည်တွေ အိမ်မပြန်ရဲပဲ ဖြစ်နေရတယ်လို့ ကိုဝေလင်းက မြင်ပါတယ်။

" ကျနော် သိရသလောက်တော့ ဒုက္ခသည်စခန်းတွေက ဒီ ထိုင်းနဲ့ဗမာနယ်စပ်မှာ အထင်အရှား ရှိနေတုန်းပဲလို့ ပြောချင်တယ်။ သို့သော်လည်း နှစ်ပေါင်းများစွာ ဒီဒုက္ခသည်စခန်းမှာ နေနေတဲ့ ဒုက္ခသည်တွေထဲက တချို့ ရာခိုင်နှုန်းအနည်းငယ်ကတော့ ပြန်သွားတာရှိသလို ကျန်နေသေးတဲ့ လူတွေလည်း အများကြီးပဲ။ ဘာကြောင့် မပြန်နိုင်သေးတာလဲဆိုတော့ နိုင်ငံရေးပြဿနာနဲ့ ပတ်သက်နေလို့ပဲ။ လက်နက်ကိုင် ပဋိပက္ခတွေက အချိန်မရွေး ပြန်ဖြစ်နိုင်တယ်ဆိုတဲ့ အနေအထားမျိုးကို ဒီဒုက္ခသည်တွေက မြင်နေတဲ့အတွက်ကြောင့်မို့ ဒုက္ခသည်တွေက မပြန်ရဲတဲ့ အနေအထားမျိုးလို့ ကျနော်မြင်ပါတယ်။ "

မြန်မာ့ငြိမ်းချမ်းရေး ပြဿနာ မဖြေရှင်းနိုင်သရွေ့ မြန်မာနိုင်ငံကနေ ဒုက္ခသည်တွေ ဆက်ထွက်နေဦးမှာပဲလို့ ဒေါက်တာရိုဒင်းဂါကလည်း ထောက်ပြပါတယ်။

ကမ္ဘာပေါ်မှာ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခသည်ဖြစ်လာသူ ဦးရေ(၂၆)သန်းနီးပါးရှိပြီး အမေရိကန်ပြည်ထောင်စုမှာ လာရောက် ခိုလှုံကြတဲ့ မြန်မာဒုက္ခသည်ပေါင်း သောင်းနဲ့ချီ ရှိပါတယ်။ အများစုဟာ ကရင်၊ ချင်း၊ ကရင်နီ၊ မွန် ၊ကချင် ၊ရှမ်းနဲ့ ရိုဟင်ဂျာတွေ ဖြစ်ကြပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့အသုံးနှုန်းကို လက်မခံပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG