သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူကုန်ကူးမှု တိုက်ဖျက်ရေးအခြေအနေ တိုးတက်


၂၀၁၇ ခုနှစ် နိုင်ငံတကာ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာ (State Department)
၂၀၁၇ ခုနှစ် နိုင်ငံတကာ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာ (State Department)

ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂၀၁၇ ခုနှစ် နိုင်ငံတကာ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာ မြန်မာနိုင်ငံကို အရင်က လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ လုံး၀ ပူးပေါင်း ဆောင်ရွက်မှု မရှိတဲ့ အဆိုးရွားဆုံးနိုင်ငံအဆင့် Tier 3 ကနေ စောင့်ကြည့်ခံနိုင်ငံ အဆင့် Tier 2 ကို တိုးမြင့်သတ်မှတ်ပေး လိုက်ပါတယ်။

မြန်မာအစိုးရအနေနဲ့ ကလေးစစ်သား စုဆောင်းမှုတွေ လျော့ကျအောင် ဆောင်ရွက်နိုင်ခဲ့တဲ့ အပြင် လူကုန်ကူးမှုတိုက်ဖျက်ရေး ဥပဒေနဲ့အညီ အစိုးရ ဝန်ထမ်းတွေ အပေါ် ပထမဆုံးအကြိမ် အရေးယူတာတွေ ရှိခဲ့တာကြောင့် စောင့်ကြည့်စာရင်းထဲမှာ တိုးမြင့် သတ်မှတ်ပေးလိုက်တာဖြစ်ပါတယ်။

အရင်က မြန်မာနိုင်ငံကို အခုလို စောင့်ကြည့်စာရင်းမှာ လေးနှစ်ဆက်တိုက် သတ်မှတ်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်းမှာတော့ အဆိုးရွားဆုံးနိုင်ငံစာရင်းမှာ ပြန်ပြီး လျှော့ချထားခဲ့တာပါ။

မြန်မာနိုင်ငံတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းတွေ ပိုမို ကောင်းမွန်လာအောင် တွန်းအားပေးတဲ့အနေနဲ့ အဲဒီလိုသတ်မှတ်တဲ့အကြောင်း ဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံကို အခုလို စောင့်ကြည့်စရင်း Tier 2 မှာ တိုးမြင့်ဖော်ပြလိုက်တဲ့တချိန်တည်းမှာပဲ ကလေးစစ်သားအသုံးပြုတဲ့ နိုင်ငံများစာရင်းကနေလည်း မြန်မာနဲ့ အီရန်နိုင်ငံတွေကို အမေရိကန်အစိုးရက ဒီနှစ် ပယ်ဖျက်ပေးလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG