သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ် အပစ်ရပ်သက်တမ်းတိုးမှု ကုလကြိုဆို


မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ တချို့မှာ အပစ်ရပ်စဲရေးကို တိုးချဲ့လိုက်တဲ့ အတွက် မြန်မာနိုင်ငံ စာနာမှု ပူးပေါင်းဆောင်ရွက်ရေး ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် Knut Ostby က ကြိုဆိုလိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရ ပုဂ္ဂိုလ် Stephane Dujarric က မနေ့က လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောကြားသွားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ စာနာမှု ပူးပေါင်းဆောင်ရွက်ရေး ဌာနေကိုယ်စားလှယ် Knut Ostby က မြန်မာနိုင်ငံ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အရှေ့ပိုင်း၊ အရှေ့အလယ်ပိုင်း၊ တြိဂံ စစ်တိုင်းတွေ အတွင်း ၄ လတာ အပစ်အခတ် ရပ်စဲရေးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တဖက်သတ် ကြေညာပြီးတဲ့နောက် အခု မေလ ၁ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့ အထိ နောက်ထပ် ၂ လ တိုးချဲ့လိုက်တဲ့ အပေါ် ကြိုဆိုလိုက်တယ်၊ အခုလို အပစ်အခတ် ရပ်စဲရေး တိုးချဲ့လိုက်တဲ့ အတွက် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ် အောင်မြင်မယ့် အလားအလာ ပိုမို ခိုင်မာစေလိမ့်မယ်လို့ မေ ျှာ်လင့်ကြောင်းလည်း မစ္စတာ Ostby ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်ရေးပဋိပက္ခဒဏ်ခံ ဒေသက ပြည်သူတွေ အတွက် အရေးပေါ် စာနာမှု အထောက်အပံ့တွေ ပေးပို့ နိုင်အောင် သက်ဆိုင်ရာတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင် ၄ ဖွဲ့နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ မကြာသေးမီက ဆွေးနွေးခဲ့ကြပြီးတဲ့နောက် အခုလို အပစ်အခတ် ရပ်စဲမှုကို သက်တမ်းတိုးဖို့ ကာကွယ်ရေး ဦးစီးချုပ်က ကြေညာခဲ့တာ ဖြစ်ပါတယ်။

NCA တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ လက်မှတ်မထိုးရသေးတဲ့ KIO/KIA ကချင်၊ MNTJP/ MNDAA ကိုးကန့်၊ PSLF/TNLA တအန်း (ပလောင်) နဲ့ ULA/AA ရခိုင် လက်နက်ကိုင်အဖွဲ့ စတဲ့ မြောက်ပိုင်းမဟာမိတ် (၄) ဖွဲ့နဲ့ သဘောတူညီချက် ရနိုင်ရေး အတွက် ရည်ရွယ်ပြီး စစ်တိုင်း (၅) ခုမှာ စစ်ဆင်ရေးတွေ ရပ်တန့်ဖို့ တပ်မတော်ဘက်က တဘက်သတ် ကြေညာချက် ဧပြီလ (၃၀) ရက်နေ့မှာ ၄ လပြည့်ခဲ့ပြီး သက်တမ်းကုန်ဆုံးပြီးနောက် တပ်မတော်ဘက်က နှစ်လ သက်တမ်း ထပ်တိုးခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG