သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

၂လကျော် ဖမ်းဆီးထားတဲ့ မြန်မာစစ်သား ဘင်္ဂလားဒေ့ရှ် လွှဲအပ်


ဘင်္ဂလားဒေ့ရှ် နယ်ကြားစောင့် ရဲတပ်ဖွဲ့များ

ဘင်္ဂလားဒေ့ရှ်နယ်စပ်က တောအုပ်တခုထဲမှာ ပြီးခဲ့တဲ့နှစ်လကျော်က ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာစစ်သားကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ဒီကနေ့ မတ်လ ၃ ရက် တနင်္ဂနွေနေ့မှာ မြန်မာတာဝန်ရှိသူတွေထံ လွှဲပြောင်း အပ်နှံခဲ့ပါတယ်။

အသက် ၃၀ အရွယ် တပ်သား အောင်ဘိုဘိုသိန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း နယ်ထဲက Naikhongchhari မြို့အနီး တောအုပ်ထဲမှာ ဇန်န၀ါရီလ ၂၄ ရက်နေ့က ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်တပ်က ဗိုလ်မှူးချုပ် Sajedur Rahman က AFP သတင်းဌာနကို ပြောပါတယ် ။

“ အဲဒီ တပ်သားဟာ နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေရှ်ပိုင် တောအုပ်တခုထဲ ရောက်ရှိနေတာကို တွေ့ပြီး ဖမ်းမိခဲ့တာပါ၊ အခုတော့ သူ့ကို မြန်မာရဲတပ်ဖွဲ့ လက်ထဲကို လွှဲပေးခဲ့ပါပြီ"လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် တပ်မှူး ဗိုလ်မှူးချုပ် Rahman က ပြောပါတယ်။

၂၀၁၇ ခုနှစ် ရခိုင်မြောက်ပိုင်းမှာ မြန်မာအစိုးရ စစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာဒုက္ခသည် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက် ထွက်ပြေးခဲ့ရပြီး အဲဒီနောက်ပို်င်းကတည်းက နှစ်နိုင်ငံ ဆက်ဆံရေးမှာ အဖုအထစ်တွေ ရှိနေပါတယ်။ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်ဖက်က လက်ခံထားပြီး၊ ဒီ ဒုက္ခသည်တွေ နေရပ်ပြန်ရေး နှစ်ဖက် လုပ်ဆောင်နေပေမယ့် ကြန့်ကြာမှုတွေရှိနေပါတယ်။

ဒီလို ဒုက္ခသည်နေရပ်ပြန်ရေးအစီအစဉ် ကြန့်ကြာနေတဲ့ကိစ္စမှာလည်း နှစ်နိုင်ငံစလုံးက တဖက်နဲ့တဖက် အပြန်အလှန်အပြစ်တင်နေကြတာပါ။ ဘင်္ဂလားဒေ့ရှ်အနေနဲ့ ဒီ ဒုက္ခသည်တွေကို ဆက်ပြီး လက်ခံထားဖို့ မလွယ်တော့တာကြောင့်၊ ကုလ လုံခြုံရေးကောင်စီက ပြတ်သားတဲ့ အရေးယူဆောင်ရွက်မှုလုပ်ဖို့ကိုလည်း ပြီးခဲ့တဲ့ အပတ်ကလုပ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာ ဘင်္ဂလားဒေ့ရှ်ဖက်က တိုက်တွန်းနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG