သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေ ဌာနေပြန်လက်ခံရေး မြန်မာကို Sheik Hasina ဝေဖန်


ရိုဟင်ဂျာ မူဆလင်တွေနေရပ်ပြန်ရေး ကိစ္စနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ၂နိုင်ငံ အကြား သဘောတူဆုံးဖြတ်ထား တဲ့အတိုင်း မြန်မာဘက်က လုပ်ဆောင်မနေဘူးလို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိခ် ဟာစီနာကပြောလိုက်တဲ့ အကြောင်း ဖေဖေါ်ဝါရီလ ၂၅ရက်နေ့ထုတ် The Daily Star သတင်းစာမှာဖေါ်ပြထားပါတယ်။

မြန်မာအစိုးရနဲ့ ဘင်္ဂလား ဒေ့ရှ် အစိုးရ အကြား ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး နဲ့ ပတ်သက်ပြီး ပြောဆိုမှုတွေနဲ့ သဘောတူလက်မှတ်ရေးထိုးမှုတွေရှိထားတယ်ဆို ပေမဲ့လည်း မြန်မာအစိုးရဘက်က သဘောတူထားချက်တွေအတိုင်း လုပ်ဆောင် မနေဘူးလို့ မနေ့တုန်း ကပဲ ဘင်္ဂလား ဒေ့ရှ်ဝန်ကြီးချုပ်ကပြောခဲ့တာပါ။

မြန်မာနိုင်ငံ ထဲကနေထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အတွက် ဘာဆန် ချာကျွန်းမှာ ယာယီ နေထိုင်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရကစီစဉ်နေတဲ့အကြောင်း၊ အဲဒီကျွန်းမှာဆိုရင် ရိုဟင်ဂျာ ဒုက္ခ သည်တွေ အခုလက်ရှိအခြေအနေထက် ပိုကောင်းအောင်နေနိုင်ဖို့ စီစဉ်ထားတဲ့ အကြောင်း၊ အခုလောလောဆယ် ဒုက္ခသည်မိသားစု ၂သောင်းခွဲလောက် အဲဒီ ဘာဆန်ချာကျွန်း ကိုပြောင်းရွှေ့နေထိုင်လို့ရနေပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိခ်ဟာစီနာက မနေ့ကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံကချီးမြင့်တဲ့ လွတ်မြောက်ရေးမဟာမိတ် ဂုဏ်ပြုဆုကို လက်ခံခဲ့ကြသူ အမေရိကန် ဇနီးမောင်နှံ Paul Connett နဲ့ Ellen Connett တို့နဲ့ ဝန်ကြီးချုပ်ဟာစီနာတို့ မနေ့က ဒါကာမြို့တော်မှာတွေ့ ဆုံခဲ့ကြတုန်း ရိုဟင်ဂျာကိစ္စကို ပြောဆိုခဲ့တာပါ။

အမေရိကန် ဇနီးမောင်နှံဟာ ရိုဟင်ဂျာတွေကိုထားတဲ့ ကော့ဇ်ဘဇားဒုက္ခ သည်စခန်းကို သွားရောက်ခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က ဒုက္ခသည်တွေအတွက် စီစဉ်ပေးမှုအပေါ်သဘောကျတဲ့ အကြောင်းနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ကို အကူအညီပေးရေး အလှူ ငွေရဖို့ အမေရိကန်ပြည်ထောင်စုမှာ တေးဂီတဖျော် ဖြေပွဲတခုကျင်းပသွားဖို့လည်း စီစဉ်နေတယ်လို့ဆိုပါတယ်။

Paul Connett ဟာ ၁၉၇၁ခုနှစ်တုန်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံကိုလွတ်မြောက်ရေး တိုက်ပွဲဝင်သူတွေနဲ့ အတူ ပထမဆုံး အကြိမ်ရောက်ခဲ့သူ ဖြစ်ပါတယ်။

XS
SM
MD
LG