သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ - ဘဂၤလားေဒရွ္႕ နယ္စပ္ ကုန္သြယ္ေရး ရပ္တန္႔


ဘဂၤလားေဒရွ္႕က ၾကက္သြန္နီ ပြဲရံုတန္း (ဓာတ္ပံု - ရိုက္တာ)

(Zawgyi / Unicode)

ရခိုင္ျပည္နယ္မွာ လက္ရွိ အေျခအေနလို COVID-19 ကူးစက္မႈ မမ်ားခင္ အခ်ိန္ကတည္းက ဘဂၤလားေဒရွ္႕နဲ႔ ကုန္သြယ္ေရး နယ္စပ္ျဖစ္တဲ႔ ေမာင္ေတာ နယ္စပ္ ကုန္သြယ္ေရးကို ပိတ္ထားတာပါ။ အခုေတာ့ ရခုိင္ ၿမိဳ႕ေတာ္ စစ္ေတြမွာ COVID-19 ကူးစက္မႈ ရုတ္တရက္မ်ားလာတာေၾကာင့္ ကုန္သြယ္ေရး ျပန္ဖြင့္ဖို႔ အေျခအေနက ပိုၿပီး ေ၀းသြားေစပါတယ္။ ဘဂၤလားေဒရွ္႕ နယ္စပ္ ကုန္သြယ္ေရး ပိတ္ထားတာေၾကာင့္ ေရထြက္ကုန္နဲ႔ မီးဖိုေခ်ာင္သံုး ကုန္စည္ေတြ အတြက္ ျပည္ပ ေစ်းကြက္ တခု ေလ်ာ့သြားေစပါတယ္။

ဒီကုန္စည္ေတြရဲ႕ ေရွ႕အလားအလာနဲ႔ နယ္စပ္ ကုန္သြယ္ေရး အေျခအေနေတြကို ေမာင္ေတာနယ္စပ္ ကုန္သည္ႀကီးမ်ား အသင္း ဥကၠဌ ဦးေအာင္ျမင့္သိန္းကို ဆက္သြယ္ေမးျမန္းၿပီး ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္ အျဖစ္ တင္ျပေပးထားပါတယ္။

ဦးေအာင္ျမင့္သိန္း ။ ။ အခု စစ္ေတြ ျဖစ္စဥ္ မျဖစ္ခင္ ကတည္းက က်ေနာ္တို႔ ေမာင္ေတာဘက္မွာ ဒီဘက္မွာ ပိုးေတြ႔တယ္ေပါ့ေနာ္။ စက္ေလွသမားေတြ ပိုးေတြ႔တဲ႔ ကိစၥနဲ႔ ပတ္သက္ၿပီး က်ေနာ္တို႔ ဇူလိုင္လ ကတည္းက ပိတ္ထားလိုက္တာပါ။ သူတို႔ကို Quarantine သြင္းတယ္၊ သြင္းၿပီးေတာ့မွ သူတို႔ ၂၁ ရက္ ၾကတ္မတ္ၿပီးေတာ့ အဲဒီ စက္ေလွသမားေတြကို အသီးသီး ကိုယ့္အိမ္ကိုယ္ ျပန္ပို႔လိုက္ပါၿပီ။ အခုမွ စစ္ေတြမွာ ေနာက္လိႈင္း ျဖစ္လာေတာ့ က်ေနာ္တို႔ ေမာင္ေတာ နယ္စပ္ ကုန္သြယ္ေရးက အစကတည္းက ပိတ္ထားတဲ႔ အတြက္ ထူးထူးေထြေထြ အက်ိဳးသက္ေရာက္မႈေတာ့ မရွိပါ။

သိဂၤ ီထုိက္ ။ ။ ဟုတ္ကဲ႔ရွင့္။ ဆိုေတာ့ ကုန္သြယ္ေရးက ဒီဘက္လည္း မလာေတာ့ဘူး ဟိုဘက္လည္း မသြားေတာ့ဘူး အဲဒီ သေဘာလားရွင့္။

ဦးေအာင္ျမင့္သိန္း ။ ။ အဲလို သေဘာပါ။ ဟုတ္ကဲ႔ပါ။

သိဂၤ ီထုိက္ ။ ။ ကုန္သြယ္ေရးနဲ႔ ပတ္သက္ၿပီးေတာ့ ဒီဘက္က ရာသီ ကုန္စည္ေတြ ထိခုိက္မႈ ရွိမွာေပါ့ ဆရာ။

ဦးေအာင္ျမင့္သိန္း ။ ။ ရွိပါတယ္၊ ရွိပါတယ္။ အနည္းအက်ဥ္း ထိခုိက္ပါတယ္။ ကုရဘာနီ အိဒ္ ကတည္းက ကိုရ္ဘာနီအိဒ္ မတိုင္ခင္ တပတ္ေလာက္ကေန စၿပီးေတာ့ ပိတ္ထားလိုက္တာ။ အဲဒီတုန္းက မီးဖိုးေခ်ာင္သံုး ပစၥည္းေတြေပါ့ ခ်င္းစိမ္း၊ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ စသည္အားျဖင့္ ဟင္းခတ္ အေမႊးအႀကိဳင္ေတြ အဲလို ပို႔မယ့္ဟာေတြ အကုန္လံုး အဲဒီကတည္းကေန ရပ္ထားလိုက္ၿပီးေတာ့ ႀကိဳတင္ၿပီးေတာ့ အေၾကာင္းၾကားပါတယ္။

ကုန္သည္ေတြကိုလည္း အေၾကာင္းၾကားထားတယ္။ က်ေနာ္တို႔ ပိတ္မွာ။ ဆိုေတာ့ ေနာက္ဆံုး အေနနဲ႔ က်ေနာ္တို႔ အဲဒီ တရက္ေလာက္ကို ခြင့္ျပဳခဲ႔တယ္ေပါ့။ လမ္းမွာ ေရာက္ေနတဲ႔ ပစၥည္းေတြ ဒီမွာ ေရာက္ေနတဲ႔ ပစၥည္းေတြ ပို႔ႏုိင္သမွ် ပို႔လို႔ ရေအာင္ အဲဒီေန႔ တရက္ကို က်ေနာ္တို႔ ခြင့္ျပဳေပးလိုက္တယ္။

ဥပမာ အမ္းကို မေရာက္တဲ႔ ပစၥည္းေတြလည္း ကိုယ့္ဟာကိုယ္ မေကြးတိုင္းကို ျပန္သြားတာေပါ့။ စစ္ေတြမွာ လာတဲ႔ ပစၥည္းေတြ ဆိုရင္လည္း စစ္ေတြမွာ ျပန္ခ်ရ။ အဲဒီရက္မွာ ပို႔လို႔ မရလုိက္တဲ႔ ပစၥည္းေတြကို ဥပမာ ငါးေျခာက္တို႔ ၾကက္သြန္နီတို႔ ဆုိတာလည္း ကိုယ့္ ျပည္တြင္း ေစ်းကြက္မွာဘဲ ျပန္လည္ ေရာင္းခ်လိုက္ၾကတာပါ။ အဲဒီ သေဘာပါ။

သိဂၤ ီထုိက္ ။ ။ ဆရာ အဲဒီေတာ့ ဘယ္ေတာ့ေလာက္ ျပန္ဖြင့္ႏုိင္မယ့္ အလားအလာ ရွိပါလဲရွင့္။

ဦးေအာင္ျမင့္သိန္း ။ ။ ဒါကေတာ့ က်ေနာ္ ထင္တယ္ COVID ေရာဂါ လံုး၀ အေျခအေန ေကာင္းလာမွဘဲ အဲလိုမွဘဲ ျပန္ဖြင့္လို႔ ရမယ္ ထင္တယ္။ က်ေနာ္တို႔က အခုျဖစ္တဲ႔ ျဖစ္စဥ္က နည္းနည္းေလး ဆိုးေနပါတယ္ေလ။ ဒီေန႔က သတင္းက မသိရေသးပါ။ ဆိုေတာ့ အဲလိုမ်ိဳး အေျခအေနက ေကာင္းသြားရင္ေတာ့ က်ေနာ္ထင္တယ္ ႏို၀င္ဘာေလာက္ အထိေတာ့ သြားရမယ္ ထင္ပါတယ္။ က်ေနာ္႔ အထင္ပါ အဲဒါက။

သိဂၤ ီထုိက္ ။ ။ ဟုတ္ကဲ႔ ဆရာတို႔ ဒီ ကုန္သည္ အသင္းေတြ ဘက္ကေရာ ဒီ နယ္စပ္ ကုန္သြယ္ေရး ျပန္ဖြင့္ဖို႔နဲ႔ ပတ္သက္ၿပီး အားေပးေနတာ ရွိပါလား။ ဆရာတို႔ ဒီ အေပၚမွာ ဘယ္လို သေဘာထားပါလဲရွင့္။

ဦးေအာင္ျမင့္သိန္း ။ ။ ဟုတ္ကဲ႔ပါ။ က်ေနာ္တို႔ ဒီ ျပည္နယ္ အစိုးရကိုေတာ့ တင္ျပထားတာေတာ့ ရွိပါတယ္။ အခု ဒီ သံုးေလးရက္ တပတ္ အတြင္းမွာ ျဖစ္ခဲ႔တဲ႔ စစ္ေတြ ျဖစ္စဥ္ မေပၚခင္ တုန္းက က်ေနာ္တို႔ ေတာ္ေတာ္ေလး အားထည့္ၿပီးေတာ့ ေဆြးေႏြးဖို႔ ႀကိဳးစားခဲ႔ပါတယ္။ အဲဒီေတာ့ ဒီၾကားထဲမွာ ဒီလို ျဖစ္သြားတယ္ ဆိုေတာ့ က်ေနာ္တို႔ နည္းနည္းေလး ေျပာလို႔ ဆုိလို႔လည္း မေကာင္းေတာ့ပါေလ။
ဒီလို အေျခအေနမွာေတာ့ အကုန္လံုးက လူထု က်န္းမာေရး အသက္နဲ႔ ပတ္သက္လာရင္ က်ေနာ္တို႔လည္း အရမ္း ေရွ႕ထြက္ၿပီးေတာ့ မႀကိဳးစားေသးပါ။ ဒါေတြ ၿပီးမွဘဲ အားထည့္ၿပီးေတာ့ ႀကိဳးစားပါမယ္။

သိဂၤ ီထုိက္ ။ ။ ဟုတ္ကဲ႔ပါ။ ဒီဘက္က နယ္စပ္ ကုန္သြယ္ေရး ပိတ္လိုက္ေတာ့ ဒီဘက္က နည္းနည္း ထိခုိက္ႏုိင္တဲ႔ ကုန္စည္ေတြမ်ား ရွိပါသလားရွင့္။ ေစ်းႏႈန္း အေျပာင္းအလဲ အရင္က ပံုစံမ်ိဳး မဟုတ္ေတာ့တဲ႔ အခါက်ေတာ့ ဘာေတြ သတိထားဖို႔ လိုပါလဲ။

ဦးေအာင္ျမင့္သိန္း ။ ။ က်ေနာ္တို႔ ေမာင္ေတာကေတာ့ မ်ားေသာအားျဖင့္ ဘဂၤလားေဒရွ္႕ကို ပို႔တဲ႔ကုန္ မ်ားပါတယ္။ ၉၀ ရာခိုင္ႏႈန္းကေတာ့ ဒီက ပို႔တာေပါ့။ ၁၀ ရာခိုင္ႏႈန္းက Import ဘဂၤလားေဒရွ္႕က ၀င္တဲ႔ဟာ။ ဆိုေတာ့ ဘဂၤလားေဒရွ္႕က မ၀င္လာရင္လည္း က်ေနာ္တို႔ ေဒသ အတြက္က ဘာမွ မျဖစ္ပါ။
ဒါေပမယ့္ ခုနက ပို႔တဲ႔ ကုန္သည္ေတြကို ရုတ္တရက္ႀကီး ရပ္လုိက္တဲ႔ အခါ က်ရင္ေတာ့ ကုန္သည္ေတြ လက္ထဲမွာ က်န္ခဲ႔တဲ႔ ပစၥည္းေတြ ထဲက မပို႔ဘဲနဲ႔ က်န္ခဲ႔တဲ႔ ပစၥည္းေတြက ခုန ေျပာတဲ႔ ကုန္သည္ေတြမွာေတာ့ နည္းနည္း ထိခိုက္မႈ ရွိပါတယ္။

သိဂၤ ီထုိက္ ။ ။ ျပည္မ ဘက္က ကုန္စည္ေတြ ေပါ့ေနာ္ အရင္လို မထြက္ေတာ့တဲ႔ အခါေရာက္ေတာ့ ျပည္မဘက္က ဘယ္လုိ ကုန္စည္ေတြ ေစ်းႏႈန္း အေျပာင္းအလဲ ရွိႏုိင္ပါလဲ ဆရာ။

ဦးေအာင္ျမင့္သိန္း ။ ။ ဒီဘက္က ဘဂၤလားကို ၾကက္သြန္ ဆိုပါစို႔ ၾကက္သြန္ကို ဒီဘက္ကို မပို႔ရဘူးဆိုေတာ့။ ၾကက္သြန္ ပို႔ရတဲ႔ အခါမွာ သူက အေရာင္းအ၀ယ္ နည္းနည္း လိုက္လာတယ္၊ Hot ျဖစ္တယ္၊ ေတာင္သူေတြလည္း အျမတ္အစြန္းရတယ္။ ဒီဘက္ကေန ပိတ္လုိက္တဲ႔ အခါက်ရင္ေတာ့ ဒီဘက္မွာ ကုန္သည္ေတြက ပိုက္ေဘာ မိတာက တပိုင္း ထုတ္လုပ္တဲ႔ တကယ့္ ေတာင္သူေတြ အတြက္ေတာ့ နည္းနည္း ထိခိုက္မွာေပါ့။ ေစ်းမရဘူးေပါ့။ မွန္းထားတဲ႔ ေစ်းကို မရလိုက္ဘူးေပါ့ေနာ္။
အဲဒီ သေဘာေလးေတာ့ ျပည္မ ဘက္မွာ အတုိင္းအတာ တခု အထိေတာ့ ထိခိုက္မႈ ရွိပါမယ္။ ေတာင္သူေတြမွာေလ။

သိဂၤ ီထုိက္ ။ ။ ဆိုေတာ့ ငါးျမစ္ခ်င္း ပို႔ကုန္ ကိစၥ ဘယ္လို ျဖစ္သြားႏုိင္ပါလဲရွင့္။ ဒီ ငါးျမစ္ခ်င္း ေမြးျမဴ ထုတ္လုပ္သူေတြ ဘာေတြ သတိထားဖို႔ လိုပါလဲ။

ဦးေအာင္ျမင့္သိန္း ။ ။ သူတို႔လည္း ခုန ေျပာသလို သူတု႔ိလည္း နည္းနည္း ကန္ပိုင္ရွင္ေတြ ငါးကန္ပိုင္ရွင္ေတြ တုိက္ရိုက္ ထုတ္လုပ္တဲ႔သူေတြ အတြက္ေတာ့ အတိုင္းအတာ တခုအထိ အထိအခိုက္ ျဖစ္ပါလိမ့္မယ္။ ဒီဘက္ ေစ်းကြက္လည္း နည္းတာမွ မဟုတ္တာ။ ဘဂၤလားကိုလည္း ပို႔ပါတယ္။ ဆိုေတာ့ ဒါေပမယ့္ ဒီဘက္ တခုတည္းမွ မဟုတ္ပါေလ။ တရုတ္ကိုလည္း သြားမယ္ တျခား နယ္စပ္ေတြကိုလညး္ သြားမယ္ ဆိုေတာ့ အကုန္လံုး နယ္စပ္ေတြ အကုန္လံုး အဲလို ျဖစ္သြားတဲ႔ အခါက်ရင္ ကန္သမားေတြ ပိုၿပီးေတာ့ နာမွာေပါ့။ ကန္သမားေတြ နစ္နာမွာေပါ့။ ဟုတ္ကဲ႔ပါ။

သိဂၤ ီထုိက္ ။ ။ ကုန္စည္ စီးဆင္းမႈ အပိုင္းမွာက်ေတာ့ ဆရာတို႔ ဘယ္လုိမ်ား လည္ပတ္ေနၾကပါလဲ။

ဦးေအာင္ျမင့္သိန္း ။ ။ သီတင္း ၂ ပတ္ေက်ာ္ ေလာက္မွဘဲ ။ က်ေနာ္ ထင္တယ္။ အဲဒီ အခါေတာ့ က်ေနာ္တို႔ တနည္းတဖံု သြားဖို႔ လာဖို႔နဲ႔ ခုန ေျပာသလို ျပည္နယ္ အစိုးရနဲ႔ ညွိႏိႈင္းၿပီးေတာ့ ေခ်ာေခ်ာေမာေမာ ျဖစ္ေအာင္၊ တဖက္က က်န္းမာေရး အတြက္လည္း မထိခိုက္ေအာင္ စားသံုးမႈလည္း ေခ်ာင္ေခ်ာင္လည္လည္ သြားလာလို႔ ရေအာင္ အဲလို ပံုစံေလး တခု ခ်ၿပီးေတာ့ ေဆာင္ရြက္မွာပါ။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မြန်မာ - ဘင်္ဂလားဒေရှ့် နယ်စပ် ကုန်သွယ်ရေး ရပ်တန့်


ရခိုင်ပြည်နယ်မှာ လက်ရှိ အခြေအနေလို COVID-19 ကူးစက်မှု မများခင် အချိန်ကတည်းက ဘင်္ဂလားဒေရှ့်နဲ့ ကုန်သွယ်ရေး နယ်စပ်ဖြစ်တဲ့ မောင်တော နယ်စပ် ကုန်သွယ်ရေးကို ပိတ်ထားတာပါ။ အခုတော့ ရခိုင် မြို့တော် စစ်တွေမှာ COVID-19 ကူးစက်မှု ရုတ်တရက်များလာတာကြောင့် ကုန်သွယ်ရေး ပြန်ဖွင့်ဖို့ အခြေအနေက ပိုပြီး ဝေးသွားစေပါတယ်။

ဘင်္ဂလားဒေရှ့် နယ်စပ် ကုန်သွယ်ရေး ပိတ်ထားတာကြောင့် ရေထွက်ကုန်နဲ့ မီးဖိုချောင်သုံး ကုန်စည်တွေ အတွက် ပြည်ပ ဈေးကွက် တခု လျော့သွားစေပါတယ်။ ဒီကုန်စည်တွေရဲ့ ရှေ့အလားအလာနဲ့ နယ်စပ် ကုန်သွယ်ရေး အခြေအနေတွေကို မောင်တောနယ်စပ် ကုန်သည်ကြီးများ အသင်း ဥက္ကဌ ဦးအောင်မြင့်သိန်းကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် စီးပွားရေး အစီအစဉ် အဖြစ် တင်ပြပေးထားပါတယ်။

ဦးအောင်မြင့်သိန်း ။ ။ အခု စစ်တွေ ဖြစ်စဉ် မဖြစ်ခင် ကတည်းက ကျနော်တို့ မောင်တောဘက်မှာ ဒီဘက်မှာ ပိုးတွေ့တယ်ပေါ့နော်။ စက်လှေသမားတွေ ပိုးတွေ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ ဇူလိုင်လ ကတည်းက ပိတ်ထားလိုက်တာပါ။ သူတို့ကို Quarantine သွင်းတယ်၊ သွင်းပြီးတော့မှ သူတို့ ၂၁ ရက် ကြတ်မတ်ပြီးတော့ အဲဒီ စက်လှေသမားတွေကို အသီးသီး ကိုယ့်အိမ်ကိုယ် ပြန်ပို့လိုက်ပါပြီ။ အခုမှ စစ်တွေမှာ နောက်လှိုင်း ဖြစ်လာတော့ ကျနော်တို့ မောင်တော နယ်စပ် ကုန်သွယ်ရေးက အစကတည်းက ပိတ်ထားတဲ့ အတွက် ထူးထူးထွေထွေ အကျိုးသက်ရောက်မှုတော့ မရှိပါ။

သိင်္ဂ ီထိုက် ။ ။ ဟုတ်ကဲ့ရှင့်။ ဆိုတော့ ကုန်သွယ်ရေးက ဒီဘက်လည်း မလာတော့ဘူး ဟိုဘက်လည်း မသွားတော့ဘူး အဲဒီ သဘောလားရှင့်။

ဦးအောင်မြင့်သိန်း ။ ။ အဲလို သဘောပါ။ ဟုတ်ကဲ့ပါ။

သိင်္ဂ ီထိုက် ။ ။ ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီးတော့ ဒီဘက်က ရာသီ ကုန်စည်တွေ ထိခိုက်မှု ရှိမှာပေါ့ ဆရာ။

ဦးအောင်မြင့်သိန်း ။ ။ ရှိပါတယ်၊ ရှိပါတယ်။ အနည်းအကျဉ်း ထိခိုက်ပါတယ်။ ကုရဘာနီ အိဒ် ကတည်းက ကိုရ်ဘာနီအိဒ် မတိုင်ခင် တပတ်လောက်ကနေ စပြီးတော့ ပိတ်ထားလိုက်တာ။ အဲဒီတုန်းက မီးဖိုးချောင်သုံး ပစ္စည်းတွေပေါ့ ချင်းစိမ်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ စသည်အားဖြင့် ဟင်းခတ် အမွှေးအကြိုင်တွေ အဲလို ပို့မယ့်ဟာတွေ အကုန်လုံး အဲဒီကတည်းကနေ ရပ်ထားလိုက်ပြီးတော့ ကြိုတင်ပြီးတော့ အကြောင်းကြားပါတယ်။
ကုန်သည်တွေကိုလည်း အကြောင်းကြားထားတယ်။ ကျနော်တို့ ပိတ်မှာ။ ဆိုတော့ နောက်ဆုံး အနေနဲ့ ကျနော်တို့ အဲဒီ တရက်လောက်ကို ခွင့်ပြုခဲ့တယ်ပေါ့။ လမ်းမှာ ရောက်နေတဲ့ ပစ္စည်းတွေ ဒီမှာ ရောက်နေတဲ့ ပစ္စည်းတွေ ပို့နိုင်သမျှ ပို့လို့ ရအောင် အဲဒီနေ့ တရက်ကို ကျနော်တို့ ခွင့်ပြုပေးလိုက်တယ်။
ဥပမာ အမ်းကို မရောက်တဲ့ ပစ္စည်းတွေလည်း ကိုယ့်ဟာကိုယ် မကွေးတိုင်းကို ပြန်သွားတာပေါ့။ စစ်တွေမှာ လာတဲ့ ပစ္စည်းတွေ ဆိုရင်လည်း စစ်တွေမှာ ပြန်ချရ။ အဲဒီရက်မှာ ပို့လို့ မရလိုက်တဲ့ ပစ္စည်းတွေကို ဥပမာ ငါးခြောက်တို့ ကြက်သွန်နီတို့ ဆိုတာလည်း ကိုယ့် ပြည်တွင်း ဈေးကွက်မှာဘဲ ပြန်လည် ရောင်းချလိုက်ကြတာပါ။ အဲဒီ သဘောပါ။

သိင်္ဂ ီထိုက် ။ ။ ဆရာ အဲဒီတော့ ဘယ်တော့လောက် ပြန်ဖွင့်နိုင်မယ့် အလားအလာ ရှိပါလဲရှင့်။

ဦးအောင်မြင့်သိန်း ။ ။ ဒါကတော့ ကျနော် ထင်တယ် COVID ရောဂါ လုံး၀ အခြေအနေ ကောင်းလာမှဘဲ အဲလိုမှဘဲ ပြန်ဖွင့်လို့ ရမယ် ထင်တယ်။ ကျနော်တို့က အခုဖြစ်တဲ့ ဖြစ်စဉ်က နည်းနည်းလေး ဆိုးနေပါတယ်လေ။ ဒီနေ့က သတင်းက မသိရသေးပါ။ ဆိုတော့ အဲလိုမျိုး အခြေအနေက ကောင်းသွားရင်တော့ ကျနော်ထင်တယ် နိုဝင်ဘာလောက် အထိတော့ သွားရမယ် ထင်ပါတယ်။ ကျနော့် အထင်ပါ အဲဒါက။

သိင်္ဂ ီထိုက် ။ ။ ဟုတ်ကဲ့ ဆရာတို့ ဒီ ကုန်သည် အသင်းတွေ ဘက်ကရော ဒီ နယ်စပ် ကုန်သွယ်ရေး ပြန်ဖွင့်ဖို့နဲ့ ပတ်သက်ပြီး အားပေးနေတာ ရှိပါလား။ ဆရာတို့ ဒီ အပေါ်မှာ ဘယ်လို သဘောထားပါလဲရှင့်။

ဦးအောင်မြင့်သိန်း ။ ။ ဟုတ်ကဲ့ပါ။ ကျနော်တို့ ဒီ ပြည်နယ် အစိုးရကိုတော့ တင်ပြထားတာတော့ ရှိပါတယ်။ အခု ဒီ သုံးလေးရက် တပတ် အတွင်းမှာ ဖြစ်ခဲ့တဲ့ စစ်တွေ ဖြစ်စဉ် မပေါ်ခင် တုန်းက ကျနော်တို့ တော်တော်လေး အားထည့်ပြီးတော့ ဆွေးနွေးဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီတော့ ဒီကြားထဲမှာ ဒီလို ဖြစ်သွားတယ် ဆိုတော့ ကျနော်တို့ နည်းနည်းလေး ပြောလို့ ဆိုလို့လည်း မကောင်းတော့ပါလေ။
ဒီလို အခြေအနေမှာတော့ အကုန်လုံးက လူထု ကျန်းမာရေး အသက်နဲ့ ပတ်သက်လာရင် ကျနော်တို့လည်း အရမ်း ရှေ့ထွက်ပြီးတော့ မကြိုးစားသေးပါ။ ဒါတွေ ပြီးမှဘဲ အားထည့်ပြီးတော့ ကြိုးစားပါမယ်။

သိင်္ဂ ီထိုက် ။ ။ ဟုတ်ကဲ့ပါ။ ဒီဘက်က နယ်စပ် ကုန်သွယ်ရေး ပိတ်လိုက်တော့ ဒီဘက်က နည်းနည်း ထိခိုက်နိုင်တဲ့ ကုန်စည်တွေများ ရှိပါသလားရှင့်။ ဈေးနှုန်း အပြောင်းအလဲ အရင်က ပုံစံမျိုး မဟုတ်တော့တဲ့ အခါကျတော့ ဘာတွေ သတိထားဖို့ လိုပါလဲ။

ဦးအောင်မြင့်သိန်း ။ ။ ကျနော်တို့ မောင်တောကတော့ များသောအားဖြင့် ဘင်္ဂလားဒေရှ့်ကို ပို့တဲ့ကုန် များပါတယ်။ ၉၀ ရာခိုင်နှုန်းကတော့ ဒီက ပို့တာပေါ့။ ၁၀ ရာခိုင်နှုန်းက Import ဘင်္ဂလားဒေရှ့်က ဝင်တဲ့ဟာ။ ဆိုတော့ ဘင်္ဂလားဒေရှ့်က မဝင်လာရင်လည်း ကျနော်တို့ ဒေသ အတွက်က ဘာမှ မဖြစ်ပါ။
ဒါပေမယ့် ခုနက ပို့တဲ့ ကုန်သည်တွေကို ရုတ်တရက်ကြီး ရပ်လိုက်တဲ့ အခါ ကျရင်တော့ ကုန်သည်တွေ လက်ထဲမှာ ကျန်ခဲ့တဲ့ ပစ္စည်းတွေ ထဲက မပို့ဘဲနဲ့ ကျန်ခဲ့တဲ့ ပစ္စည်းတွေက ခုန ပြောတဲ့ ကုန်သည်တွေမှာတော့ နည်းနည်း ထိခိုက်မှု ရှိပါတယ်။

သိင်္ဂ ီထိုက် ။ ။ ပြည်မ ဘက်က ကုန်စည်တွေ ပေါ့နော် အရင်လို မထွက်တော့တဲ့ အခါရောက်တော့ ပြည်မဘက်က ဘယ်လို ကုန်စည်တွေ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်ပါလဲ ဆရာ။

ဦးအောင်မြင့်သိန်း ။ ။ ဒီဘက်က ဘင်္ဂလားကို ကြက်သွန် ဆိုပါစို့ ကြက်သွန်ကို ဒီဘက်ကို မပို့ရဘူးဆိုတော့။ ကြက်သွန် ပို့ရတဲ့ အခါမှာ သူက အရောင်းအဝယ် နည်းနည်း လိုက်လာတယ်၊ Hot ဖြစ်တယ်၊ တောင်သူတွေလည်း အမြတ်အစွန်းရတယ်။ ဒီဘက်ကနေ ပိတ်လိုက်တဲ့ အခါကျရင်တော့ ဒီဘက်မှာ ကုန်သည်တွေက ပိုက်ဘော မိတာက တပိုင်း ထုတ်လုပ်တဲ့ တကယ့် တောင်သူတွေ အတွက်တော့ နည်းနည်း ထိခိုက်မှာပေါ့။ ဈေးမရဘူးပေါ့။ မှန်းထားတဲ့ ဈေးကို မရလိုက်ဘူးပေါ့နော်။
အဲဒီ သဘောလေးတော့ ပြည်မ ဘက်မှာ အတိုင်းအတာ တခု အထိတော့ ထိခိုက်မှု ရှိပါမယ်။ တောင်သူတွေမှာလေ။

သိင်္ဂ ီထိုက် ။ ။ ဆိုတော့ ငါးမြစ်ချင်း ပို့ကုန် ကိစ္စ ဘယ်လို ဖြစ်သွားနိုင်ပါလဲရှင့်။ ဒီ ငါးမြစ်ချင်း မွေးမြူ ထုတ်လုပ်သူတွေ ဘာတွေ သတိထားဖို့ လိုပါလဲ။

ဦးအောင်မြင့်သိန်း ။ ။ သူတို့လည်း ခုန ပြောသလို သူတု့ိလည်း နည်းနည်း ကန်ပိုင်ရှင်တွေ ငါးကန်ပိုင်ရှင်တွေ တိုက်ရိုက် ထုတ်လုပ်တဲ့သူတွေ အတွက်တော့ အတိုင်းအတာ တခုအထိ အထိအခိုက် ဖြစ်ပါလိမ့်မယ်။ ဒီဘက် ဈေးကွက်လည်း နည်းတာမှ မဟုတ်တာ။ ဘင်္ဂလားကိုလည်း ပို့ပါတယ်။ ဆိုတော့ ဒါပေမယ့် ဒီဘက် တခုတည်းမှ မဟုတ်ပါလေ။ တရုတ်ကိုလည်း သွားမယ် တခြား နယ်စပ်တွေကိုလည်း သွားမယ် ဆိုတော့ အကုန်လုံး နယ်စပ်တွေ အကုန်လုံး အဲလို ဖြစ်သွားတဲ့ အခါကျရင် ကန်သမားတွေ ပိုပြီးတော့ နာမှာပေါ့။ ကန်သမားတွေ နစ်နာမှာပေါ့။ ဟုတ်ကဲ့ပါ။

သိင်္ဂ ီထိုက် ။ ။ ကုန်စည် စီးဆင်းမှု အပိုင်းမှာကျတော့ ဆရာတို့ ဘယ်လိုများ လည်ပတ်နေကြပါလဲ။

ဦးအောင်မြင့်သိန်း ။ ။ သီတင်း ၂ ပတ်ကျော် လောက်မှဘဲ ။ ကျနော် ထင်တယ်။ အဲဒီ အခါတော့ ကျနော်တို့ တနည်းတဖုံ သွားဖို့ လာဖို့နဲ့ ခုန ပြောသလို ပြည်နယ် အစိုးရနဲ့ ညှိနှိုင်းပြီးတော့ ချောချောမောမော ဖြစ်အောင်၊ တဖက်က ကျန်းမာရေး အတွက်လည်း မထိခိုက်အောင် စားသုံးမှုလည်း ချောင်ချောင်လည်လည် သွားလာလို့ ရအောင် အဲလို ပုံစံလေး တခု ချပြီးတော့ ဆောင်ရွက်မှာပါ။

XS
SM
MD
LG