သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်လက်ခံရေး အစီအစဉ် အစိုးရသတင်းစာရှင်း


ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး
ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တိမ်းရှောင်သွားတဲ့ သိန်းချီ ဒုက္ခသည်တွေထဲက ဒုက္ခသည် ၂,၀၀၀ ကို ပထမဆုံး အသုတ်အနေနဲ့ မြန်မာနိုင်ငံဘက်ကို ရှေ့လာမယ့်သီတင်းပတ်ထဲမှာပဲ ပြန်လည်လက်ခံဖို့ ရှိနေပါတယ်။ တနေ့ကို လူဦးရေ ၁၅၀နီးပါးလက်ခံနိုင်ဖို့ ပြင်ဆင် ထားပြီး ၁၀ရက်ကျော်ကြာလက်ခံ နိုင်ဖို့ စီစဉ်ထားတယ်လို့ မြန်မာ အစိုးရကပြောပါတယ်။ ပြန်လည်လက်ခံရေးပိုင်းမှာ လုံခြုံရေးပိုင်း အရ အကြမ်းဖက်သမားတွေ မပါနိုင်အောင် သေချာစိစစ်သွားဖို့ ရှိသလို ပြန်လာမယ့်သူတွေနဲ့ ဌာနေ တိုင်းရင်းသားတွေကြား စိုးရိမ်မှု တွေ မဖြစ်အောင် လူမှုအဖွဲ့ အစည်းတွေနဲ့ ညှိုနှိုင်းလုပ်ဆောင်ထားတာတွေ ရှိတယ်လို့လည်း အစိုးရကပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းကမေခက ပေးပို့ထားပါတယ်။

ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ရုံးမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောဆိုလိုက်တာပါ။

စစချင်း ပြန်လည်ဝင်ရောက်လာသူတွေကို ငါးခူရနဲ့ တောင်ပြိုလက်ဝဲမှာ စတင်လက်ခံမှာဖြစ်ပြီး အဲဒီနောက်မှာတော့ လှမိုးခေါင် ကြားစခန်းမှာ သူတို့နေအိမ်တွေ တည်ဆောင်ပြီးသည်ထိထားမှာပါ။ ဒီလိုထားတာမှာလည်း ဆန်ဆီဆားနဲ့ ကျန်းမာရေးထောက်ပံ့မှုတွေ ပေး သွားမယ်လို့ဆိုပါတယ်။ ထောက်ပံ့မှုတွေထဲ က အစီစဉ်တခုကို ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ခုလိုပြောပြခဲ့တာပါ။

"ကျနော်တို့က အဲမှာ ဆန်ဆီဆားတလစာထုတ်ပေးထားတယ်။ ထုတ်ပေးထားတဲ့ အပြင်တနေ့ကို ၁၀၀၀နှုန်းနဲ့ အစိမ်းအစို သားငါးဝယ်နိုင်ဖို့ တယောက် ၁၀၀၀ပေးမယ်။ ဈေးဝယ်လို့လွယ်အောင်လဲ မောင်တောကုန်သည်ကြီးများ အဖွဲ့က ဈေူလာဖွင့်ပေးဖို့ လုပ် ထားပြီးသားပါ။ ရေကတော့နေရာတိုင်းရနေပါပြီ။ တကယ်လို့လိုအပ်ရင်လဲ မီးသတ်ကား ၃စင်း အရံသင့်ထားထားပါတယ်။"

အခုလို ပြန်ပို့ဖို့ ဘင်္ဂလား-မြန်မာ နှစ်နိုင်ငံအစိုးရတာဝန်ရှိသူတွေက ပြင်ဆင်နေကြတာဖြစ်ပေမယ့်လို့ပြန်ရမယ့် စာရင်း ဝင် ဒုက္ခသည် တွေအနေနဲ့ မြန်မာ အစိုးရဘက်က ထုတ်ပြန်ချက်တွေရှင်းရှင်းလင်းလင်းမသိရတာကြောင့် ပြန်လာရဖို့အခက်တွေ့နေတယ်လို့ လဲ ဆိုနေကြသလိုမြန်မာနိုင်ငံ ဘက်မှာ ခိုင်မာတဲ့ ဘဝအာမခံချက် အသက်အန္တရာယ်လုံခြုံရေး-နိုင်ငံသားအခွင့်အရေးနဲ့ အခြေခံ လူ့အခွင့် အရေးတွေ ပေးဖို့ အဆင်သင့် မဖြစ်သေးတဲ့အတွက် အစီအစဉ်ကို ချက်ခြင်း ဆိုင်းငံ့ထားဖို့ နိုင်ငံတကာနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုနေကြတာရှိပါတယ်။

ဒီအပေါ် မြန်မာအစိုးရဘက်က ငြင်းဆိုလိုက်ပြီး ပြန်လာမယ့် သူတွေကို တိကျတဲ့ သတင်းအချက်အလက်တွေ ပေးပို့ထားသလို ရှင်းလင်း တင်ပြမှုအဆင့်ဆင့်လည်း လုပ်ခဲ့ပြီးပြီ ဖြစ်တယ်လို့ ဒုက္ခသည်တွေကို ကိုယ်တိုင်သွားရောက် ရှင်းလင်းခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူက ဆိုပါတယ်။

"ကျနော်တို့ အဓိက ကျေးရွာအုပ်စု ကိုယ်စားလှယ်တွေနဲ့တွေ့ခွင့်ရခဲ့ပါတယ်။ ပညာရေးကျန်းမာရေး အချက်အလက်တွေ အားလုံး ကို ဗီနှိုင်းတွေနဲ့ အသေးစိတ်ရှင်းပြခွင့်ရခဲ့ပါတယ်။ အဓိကကျနော်တို့ပေးချင်တဲ့ မက်စေ့က သူတို့ ဘာသာစကားနဲ့ပေးချင်တဲ့ မက် စေ့ပါ။ ကျနော်တို့သူတို့နားလည်အောင်ရှင်းပြခွင့်ပေးနိုင်ခဲ့တဲ့ မက်စေ့ပါဘဲ။"

တဖက်က ပြန်လည်ဝင်ရောက်မယ့်သူတွေ ကြားမှာ အခုလိုစိုးရိမ် မှုတွေရှိနေသလို ဌာနေတိုင်းရင်းသားတွေ ကြားမှာလည်း စိုးရိမ်မှု တွေ ရှိနေပါတယ်။ ဒါနဲ့ပတ်သတ်လို့ ဘယ်လို ဖြေရှင်းအဖြေရှာမလဲဆိုတဲ့ အပေါ် ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက

"လူမှုသဟဇတဖြစ်ဖို့ ဒါကရေရှည်လုပ်ရမယ့်လုပ်ငန်းဖြစ်လို့ အခုချိန်ခါမှာထဲက အားတိုက်ခွန်တိုက်ဆောင်ရွက်နေပါတယ်။ ရေ ရှည်အတွက်လည်းဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီအတွက်လည်းလူမှုအဖွဲ့တွေ အစိုးရ၊ ရခိုင်လူမှုအဖွဲ့၊ မွတ်စလင်အဖွဲ့တွေ တွေ့ဆုံပြီး ဆွေးနွေးတာတွေလုပ်ပါတယ်။ဝန်ကြီးဌာနတွေ ပူးပေါင်းပြီးတော့ Social အတွက် ပြည်နယ်အစိုးရ၊ ပြည်ထောင်စု အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များ အားလုံးပူးပေါင်းဆောင်ရွက်ပြီးလုပ်နေပါတယ်။ လူမှုသဟဇာတဖြစ်ဖို့ရေရှည်လုပ်ဆောင်နေပါတယ်။ "

လုံခြုံရေးပိုင်းနဲ့ပတ်သတ်လို့ ပြန်လည်ဝင်ရောက်လာသူတွေထဲမှာ အကြမ်းဖက်သမားတွေ ပါဝင်လာတာမျိုးမရှိအောင် စိစစ်ဆောင် ရွက်မှုကို တင်းကျပ်စွာလုပ်သွားမယ်လို့ ပြည်တဲရေး ဘက်ကဆိုပါတယ်။

တွကို နိုင်ငံသားစိစစ်မှု သက်သေခံကတ်ပြား NVC ကတ် ထုတ်ပေးမှာဖြစ်ပြီး ဒုက္ခသည်တွေဟာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့အညီ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားနိုင် မှာဖြစ်ပါတယ်။ ဒီလူတွေကို မောင်တော ဒေသမှာလွတ်လပ်စွာသွားလာခွင့်ပေးမယ်လို့လည်းဆိုပါတယ်။ လက်ရှိမှာ ဘင်္ဂလားဒေရှ်ဘက်က စိစစ်ဖို့ လူဦးရေ စာရင်း ၂၀၀၀၀ကျော် ထပ်မံပေးပို့ထားတယ်လို့လည်း ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG