သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဆာင္းသီးႏွံေပါရမယ္႔ အခ်ိန္ စားေသာက္ကုန္ေစ်းတက္


(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ ကုန္စိမ္းနဲ႔ အသား၊ ငါးလို စားေသာက္ကုန္ေစ်းေတြ အခုဒီဇင္ဘာလထဲမွာ ထပ္ၿပီးတက္လာပါတယ္။ လံုၿခံဳေရးအရ တည္ၿငိမ္မႈ မ႐ွိျဖစ္ေနခ်ိန္ သယ္ယူစရိတ္ေတြ မ်ားလာတာေၾကာင့္ေရာ၊ စိုက္ပ်ိဳးေရးမွာ ကုန္က်စရိတ္မ်ားလာတာေၾကာင့္ပါ အေျခခံစားကုန္ ေစ်းႏႈန္းေတြအေပၚ ဂယက္႐ိုက္ခတ္ေနတာျဖစ္ပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းအျပည့္အစုံကိုေတာ့ ကိုရဲမြန္ ေျပာျပေပးမွာပါ။


ျမန္မာႏိုင္ငံမွာ အခုလိုရာသီဟာ ေဆာင္းသီးႏွံေတြ လႈိင္လႈိင္ေပၚရမယ့္ကာလျဖစ္ေပမဲ့ ဓာတ္ေျမဩဇာနဲ႔ ေလာင္စာဆီေစ်းတက္ေနတာေၾကာင့္ ဒီႏွစ္မွာ ကုန္စိမ္းစိုက္တဲ့သူ အေတာ္နည္းသြားပါတယ္။ ဒါေၾကာင့္ ရန္ကုန္နဲ႔ မႏၲေလးက လက္ကားေစ်းေတြမွာေတာင္ ကုန္စိမ္းေတြက အခုဒီဇင္ဘာလထဲမွာ ေစ်းႏွစ္ဆ ေစ်းတက္ေနတယ္လို႔ မႏၲေလးသီရိမႏၲလာ ကုန္စိမ္းေစ်းက လက္ကားဆိုင္ရွင္တဦးက ေျပာပါတယ္။


“ ေဂၚဖီတထုပ္ ၁၀၀၀ ေက်ာ္ဆိုေတာ့၊ ပန္းမုန္လာတပြင့္ကို ၇၀၀၊ ၈၀၀။ ခရမ္းခ်ဥ္သီး တပိႆာဆို လက္လီသမားေတြဆိုရင္ ၃,၀၀၀ ေက်ာ္ေလာက္ ဝယ္စားရတယ္။ အဲဒီဟာက တြက္ၾကည့္မယ္ဆိုရင္ အသားေစ်း၊ ငါးေစ်းေလာက္ ျဖစ္ေနၿပီေနာ့။ လက္လီသမားေတြ အေနနဲ႔ကေတာ့ အေရာင္းရလည္း ေႏွးသြားတယ္၊ စားသုံးသူေတြ အေနနဲ႔က်ေတာ့ သူတို႔ကသိပ္ၿပီးေတာ့ မဝယ္စားႏိုင္ေတာ့ဘူးေပါ့။ ဒီဘက္လည္း အေရာင္းအဝယ္ နည္းနည္းပါးတယ္၊ ေဂၚဖီရာေရ ၂၀၀၀ ေလာက္ကုန္ဖို႔ကို ေတာ္ေတာ္ေရာင္းရတယ္။”

အာလူးေစ်းက အရင္က တပိႆာကို က်ပ္ ၁,၀၀၀ ေအာက္မွာရွိၿပီး အခုေတာ့ တပိႆာကို က်ပ္ ၄,၀၀၀ အထိတက္လာပါတယ္။ အေၾကာင္းရင္းကေတာ့ တ႐ုတ္ႏိုင္ငံက အာလူးေတြ ျပည္တြင္းမဝင္ေတာ့တာ၊ ျပည္တြင္းမွာ အာလူးခင္းေတြပ်က္ကုန္တာ ဒါေတြေၾကာင့္လည္းပါတယ္လို႔ ကုန္သည္တခ်ိဳ႕က ေျပာပါတယ္။ တျခားစားဖိုေဆာင္ ကုန္ေျခာက္သီးႏွံေတြလည္း ေစ်းတက္ပါတယ္။

ျပည္ပကဝယ္ရတဲ့ ေမြးျမဴေရးအစာေတြ ေစ်းတက္တာ၊ ေလာင္စာဆီေစ်းတက္တာေၾကာင္း အသား၊ ငါးေစ်းလည္း ဒီရက္ပိုင္းထပ္တက္ပါတယ္။ တီလားဗီးယားငါး တပိႆာကို ၅,၀၀၀ က်ပ္၊ ၾကက္နီမတေကာင္ကို ၇,၀၀၀ က်ပ္၊ ျမန္မာၾကက္တေကာင္ကို ၁၄,၀၀၀ က်ပ္ရွိပါတယ္။

ဆိတ္သားကေတာ့ မေကြးတိုင္းလို ျမန္မာႏိုင္ငံအလယ္ပိုင္း၊ စားၾကက္လႊတ္ေက်ာင္းၿပီး ေမြးတဲ့ေဒသေတြကေန အမ်ားဆုံးလာပါတယ္။ စစ္ကိုင္းတိုင္း၊ မေကြးတိုင္းဘက္မွာ နယ္ေျမမတည္ၿငိမ္တဲ့အတြက္ စားၾကက္လႊတ္ေက်ာင္းဖို႔လည္း အခက္အခဲရွိေနပါတယ္။ ဒါေၾကာင့္ ဆိတ္သားက ရန္ကုန္ကို ၂ ရက္ျခားတခါမွ ဝင္ၿပီး ေစ်းေတြလည္း တက္လာတာလို႔ ရန္ကုန္ မဂၤလာေတာင္ၫြန႔္က အသားဒိုင္ပိုင္ရွင္တဦးက ေျပာပါတယ္။

“ဒီေန႔ဆို CP (ၾကက္) က ၄,၇၀၀ ၾကက္သန႔္။ ပုံမွန္ဝယ္ယူရတဲ့ေနရာမွာ ေစ်းေတြက လိုက္ေပးၿပီး ဝယ္ေနရတဲ့အခါက်ေတာ့ တခါလာလို႔ရွိရင္ ၂ ရက္တခါ၊ ၃ ရက္တခါေလာက္ ၂၀၀ တက္၊ ၃၀၀ တက္ရင္း ဒီေန႔ဆိတ္ေစ်းဆို ၁၂,၀၀၀ ေစ်းရွိတယ္၊ ေတာ္ေတာ္ဟသြားတာ။”

ေလာင္စာဆီေစ်းအျပင္ လမ္းမွာေပးရတဲ့ ဂိတ္ေၾကးေတြကလည္း အခုေနာက္ပိုင္း ပိုလာလို႔ ကုန္တင္ခေတြကို တိုးယူေနရေၾကာင္း ကုန္စည္ပို႔ေဆာင္ေရး လုပ္ငန္းရွင္တဦးက ဗြီအိုေအကို ေျပာပါတယ္။

“ ဆီေစ်းေတြကတက္ မကာမိဘူးေပါ့။ ထုတ္ကုန္နဲ႔ ျပန္ေရာင္းရတဲ့ဟာနဲ႔။ လမ္းမွာ စစ္ေဆးေရးဂိတ္က တၿမိဳ႕တခါေလာက္ရွိေနေတာ့ အဲဒီမွာ ကုန္က်စရိတ္ေတြက ပိုလာတယ္။ တဂိတ္တည္းဆို မသိသာေပမဲ့ ၄၊ ၅ ဂိတ္ဆိုရင္ ေသာင္းဂဏန္း ျဖစ္သြားတာေလ။ ၁၆ မိုင္ဆို အရင္ကျပည္တြင္းကုန္ဆို ဘာမွေပးကမ္းစရာမလိုဘူး၊ ေျပာင္းဖူးတို႔။ အခုက ဆင္းလာတာေတြ႕ရင္ ၁,၀၀၀၊ က်ေနာ္တို႔တြဲႀကီးဆို ၂,၀၀၀ ကုန္တယ္။”

ကိုဗစ္ကပ္ေရာဂါနဲ႔ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း နယ္စပ္ဘက္ကလာေလ့႐ွိတဲ့ စားေသာက္ကုန္ေတြ၊ လူသံုးကုန္ပစၥည္းေတြ အကန္႔အသတ္နဲ႔သာ ႏိုင္ငံထဲ ဝင္ေရာက္ေနတဲ့အတြက္ ကုန္ေစ်းႏႈန္းေတြ ႀကီးျမင့္လာခဲ့ပါတယ္။ ဒါတင္မက ေလာင္စာဆီေစ်း ႀကီးျမင့္ေနတာနဲ႔ ႏိုင္ငံေရး မတည္ၿငိမ္မႈေတြေၾကာင့္ ျမန္မာျပည္တြင္းမွာ အေထြေထြကုန္စည္ေတြရဲ႕ ဝယ္လိုအားက်ဆင္းေနၿပီး ကုန္ေစ်းႏႈန္းႀကီးျမင့္တဲ့ဒဏ္ကို ပိုၿပီးခံစားေနရတယ္လို႔ ကုန္သည္၊ လုပ္ငန္းရွင္ေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


(Unicode)

ဆောင်းသီးနှံပေါရမယ့် အချိန် စားသောက်ကုန်ဈေးတက်

မြန်မာနိုင်ငံမှာ ကုန်စိမ်းနဲ့ အသား၊ ငါးလို စားသောက်ကုန်ဈေးတွေ အခုဒီဇင်ဘာလထဲမှာ ထပ်ပြီးတက်လာပါတယ်။ လုံခြုံရေးအရ တည်ငြိမ်မှု မရှိဖြစ်နေချိန် သယ်ယူစရိတ်တွေ များလာတာကြောင့်ရော၊ စိုက်ပျိုးရေးမှာ ကုန်ကျစရိတ်များလာတာကြောင့်ပါ အခြေခံစားကုန် ဈေးနှုန်းတွေအပေါ် ဂယက်ရိုက်ခတ်နေတာဖြစ်ပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းအပြည့်အစုံကိုတော့ ကိုရဲမွန် ပြောပြပေးမှာပါ။

မြန်မာနိုင်ငံမှာ အခုလိုရာသီဟာ ဆောင်းသီးနှံတွေ လှိုင်လှိုင်ပေါ်ရမယ့်ကာလဖြစ်ပေမဲ့ ဓာတ်မြေဩဇာနဲ့ လောင်စာဆီဈေးတက်နေတာကြောင့် ဒီနှစ်မှာ ကုန်စိမ်းစိုက်တဲ့သူ အတော်နည်းသွားပါတယ်။ ဒါကြောင့် ရန်ကုန်နဲ့ မန္တလေးက လက်ကားဈေးတွေမှာတောင် ကုန်စိမ်းတွေက အခုဒီဇင်ဘာလထဲမှာ ဈေးနှစ်ဆ ဈေးတက်နေတယ်လို့ မန္တလေးသီရိမန္တလာ ကုန်စိမ်းဈေးက လက်ကားဆိုင်ရှင်တဦးက ပြောပါတယ်။

“ ဂေါ်ဖီတထုပ် ၁၀၀၀ ကျော်ဆိုတော့၊ ပန်းမုန်လာတပွင့်ကို ၇၀၀၊ ၈၀၀။ ခရမ်းချဉ်သီး တပိဿာဆို လက်လီသမားတွေဆိုရင် ၃,၀၀၀ ကျော်လောက် ဝယ်စားရတယ်။ အဲဒီဟာက တွက်ကြည့်မယ်ဆိုရင် အသားဈေး၊ ငါးဈေးလောက် ဖြစ်နေပြီနော့။ လက်လီသမားတွေ အနေနဲ့ကတော့ အရောင်းရလည်း နှေးသွားတယ်၊ စားသုံးသူတွေ အနေနဲ့ကျတော့ သူတို့ကသိပ်ပြီးတော့ မဝယ်စားနိုင်တော့ဘူးပေါ့။ ဒီဘက်လည်း အရောင်းအဝယ် နည်းနည်းပါးတယ်၊ ဂေါ်ဖီရာရေ ၂၀၀၀ လောက်ကုန်ဖို့ကို တော်တော်ရောင်းရတယ်။”

အာလူးဈေးက အရင်က တပိဿာကို ကျပ် ၁,၀၀၀ အောက်မှာရှိပြီး အခုတော့ တပိဿာကို ကျပ် ၄,၀၀၀ အထိတက်လာပါတယ်။ အကြောင်းရင်းကတော့ တရုတ်နိုင်ငံက အာလူးတွေ ပြည်တွင်းမဝင်တော့တာ၊ ပြည်တွင်းမှာ အာလူးခင်းတွေပျက်ကုန်တာ ဒါတွေကြောင့်လည်းပါတယ်လို့ ကုန်သည်တချို့က ပြောပါတယ်။ တခြားစားဖိုဆောင် ကုန်ခြောက်သီးနှံတွေလည်း ဈေးတက်ပါတယ်။
ပြည်ပကဝယ်ရတဲ့ မွေးမြူရေးအစာတွေ ဈေးတက်တာ၊ လောင်စာဆီဈေးတက်တာကြောင်း အသား၊ ငါးဈေးလည်း ဒီရက်ပိုင်းထပ်တက်ပါတယ်။ တီလားဗီးယားငါး တပိဿာကို ၅,၀၀၀ ကျပ်၊ ကြက်နီမတကောင်ကို ၇,၀၀၀ ကျပ်၊ မြန်မာကြက်တကောင်ကို ၁၄,၀၀၀ ကျပ်ရှိပါတယ်။

ဆိတ်သားကတော့ မကွေးတိုင်းလို မြန်မာနိုင်ငံအလယ်ပိုင်း၊ စားကြက်လွှတ်ကျောင်းပြီး မွေးတဲ့ဒေသတွေကနေ အများဆုံးလာပါတယ်။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းဘက်မှာ နယ်မြေမတည်ငြိမ်တဲ့အတွက် စားကြက်လွှတ်ကျောင်းဖို့လည်း အခက်အခဲရှိနေပါတယ်။ ဒါကြောင့် ဆိတ်သားက ရန်ကုန်ကို ၂ ရက်ခြားတခါမှ ဝင်ပြီး ဈေးတွေလည်း တက်လာတာလို့ ရန်ကုန် မင်္ဂလာတောင်ညွန့်က အသားဒိုင်ပိုင်ရှင်တဦးက ပြောပါတယ်။

“ဒီနေ့ဆို CP (ကြက်) က ၄,၇၀၀ ကြက်သန့်။ ပုံမှန်ဝယ်ယူရတဲ့နေရာမှာ ဈေးတွေက လိုက်ပေးပြီး ဝယ်နေရတဲ့အခါကျတော့ တခါလာလို့ရှိရင် ၂ ရက်တခါ၊ ၃ ရက်တခါလောက် ၂၀၀ တက်၊ ၃၀၀ တက်ရင်း ဒီနေ့ဆိတ်ဈေးဆို ၁၂,၀၀၀ ဈေးရှိတယ်၊ တော်တော်ဟသွားတာ။”

လောင်စာဆီဈေးအပြင် လမ်းမှာပေးရတဲ့ ဂိတ်ကြေးတွေကလည်း အခုနောက်ပိုင်း ပိုလာလို့ ကုန်တင်ခတွေကို တိုးယူနေရကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

“ ဆီဈေးတွေကတက် မကာမိဘူးပေါ့။ ထုတ်ကုန်နဲ့ ပြန်ရောင်းရတဲ့ဟာနဲ့။ လမ်းမှာ စစ်ဆေးရေးဂိတ်က တမြို့တခါလောက်ရှိနေတော့ အဲဒီမှာ ကုန်ကျစရိတ်တွေက ပိုလာတယ်။ တဂိတ်တည်းဆို မသိသာပေမဲ့ ၄၊ ၅ ဂိတ်ဆိုရင် သောင်းဂဏန်း ဖြစ်သွားတာလေ။ ၁၆ မိုင်ဆို အရင်ကပြည်တွင်းကုန်ဆို ဘာမှပေးကမ်းစရာမလိုဘူး၊ ပြောင်းဖူးတို့။ အခုက ဆင်းလာတာတွေ့ရင် ၁,၀၀၀၊ ကျနော်တို့တွဲကြီးဆို ၂,၀၀၀ ကုန်တယ်။”

ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နယ်စပ်ဘက်ကလာလေ့ရှိတဲ့ စားသောက်ကုန်တွေ၊ လူသုံးကုန်ပစ္စည်းတွေ အကန့်အသတ်နဲ့သာ နိုင်ငံထဲ ဝင်ရောက်နေတဲ့အတွက် ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာခဲ့ပါတယ်။ ဒါတင်မက လောင်စာဆီဈေး ကြီးမြင့်နေတာနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် မြန်မာပြည်တွင်းမှာ အထွေထွေကုန်စည်တွေရဲ့ ဝယ်လိုအားကျဆင်းနေပြီး ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကို ပိုပြီးခံစားနေရတယ်လို့ ကုန်သည်၊ လုပ်ငန်းရှင်တွေက ပြောပါတယ်။

XS
SM
MD
LG