သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအေသးစားေခ်းေငြလုပ္ငန္းမ်ား အခက္အခဲၾကံဳ


ရန္ကုန္က ဘဏ္တခုမွာ ေတြ႔ရတဲ့ ပိုက္ဆံမ်ား။ (စက္တင္ဘာ ၀၁၊ ၂၀၁၆)

[Zawgyi/Unicode]

ကိုဗစ္ကပ္ေရာဂါကာလ စီးပြားေရးထိခုိက္ေနတဲ့ အေသးစားေခ်းေငြလုပ္ငန္းေတြကုိ အစိုးရက ေငြထုတ္ေခ်းေနေပမယ့္ လက္ေတြ႔မွာ အခက္အခဲ ႀကံဳေနရတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မအဂၢႏြန္က သတင္းေပးပို႔ထားပါတယ္။

ကပ္ေရာဂါကာလ အေသးစားေငြေၾကး လုပ္ငန္းေတြ ရင္ဆုိင္ေနရတဲ့ အခက္အခဲေတြကုိ သက္သာရာရေစဖုိ႔ ရည္ရြယ္ၿပီး အစုိးရက ၃ ႏွစ္ အစီအစဥ္နဲ႔ ေခ်းေငြထုတ္ေပးေနေပမဲ့ အဆင္မေျပတာေတြ ရွိေနတယ္လုိ႔ လုပ္ငန္းရွင္ေတြက ေျပာပါတယ္။ စီမံကိန္း၊ ဘ႑ာေရးနဲ႔ စက္မႈဝန္ႀကီးဌာန၊ ေငြေရးေၾကးေရး ႀကီးၾကပ္ေရးဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ႏိုင္ကေတာ့ ေခ်းေငြေလွ်ာက္ထားရာမွာ ျမန္မာ့စီးပြားေရးဘဏ္ရဲ႕ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ ေဆာင္ရြက္ဖုိ႔ လုိတယ္လုိ႔ ေျပာပါတယ္။

“ေခ်းေငြ ထုတ္ယူဖို႔ စာရြက္အေၾကာင္းၾကားတဲ့ စာမွာလည္း ဘုတ္အဖြဲ႕ ဒါ႐ုိက္တာရဲ႔ ေခ်းေငြထုတ္ယူမယ္ဆိုတဲ့ ဥစၥာကို ဘုတ္အဖြဲ႔ ဒါ႐ုိက္တာ အစည္းအေဝးမွတ္တမ္းေတြလည္း လိုတယ္။ ေနာက္တစ္ခါ ဘယ္ဘုတ္အဖြဲ႔ ဒါ႐ိုက္တာကို assign (တာ၀န္ေပး) ထားတယ္ ဆိုတာလည္းလိုတယ္။ အဲ့ဒီလူ ၂ ေယာက္က ကိုယ္တိုင္လာရမယ္ဆိုတာလည္း လိုတယ္။ တစ္ေယာက္ကေနၿပီးေတာ့ ကိုယ္စားထုတ္ယူရမယ္ အဲ့ဒါေတြ producer ေတြအားလံုးဟာ ျမန္မာ့စီးပြားေရးဘဏ္ကလည္း သိၿပီးသားပါ။ က်ေနာ္တို႔ ေငြေရးေၾကးေရး ႀကီးၾကပ္စစ္ေဆးေရး ဦးစီးဌာနလည္း ဒီအတိုင္းလုပ္ဖို႔အတြက္ကုိ ညႊန္ၾကားထားပါတယ္။ ဆိုေတာ့ အဲ့ဒီအတိုင္းပဲ သြားေနတယ္။ တကယ္လို႔မ်ား အခက္ခဲ ရွိတယ္ဆိုရင္ေတာ့ ျမန္မာ့စီးပြားေရးဘဏ္နဲ႔ က်ေနာ္တို႔ ညိွႏႈိုင္းေဆာင္ရြက္ေပးတာရိွပါတယ္။ ဒါေပမဲ့ အခုလက္ရွိမွာေတာ့ ဒီလိုမ်ဳိး ၄ ေယာက္လာရမယ္တို႔ဘာတို႔ က်ေနာ္တို႔မွာ မရွိပါဘူး။ ၂ ေယာက္ဆိုရင္ ရပါတယ္။ ဒါေတာ့ ညႊန္ၾကားထားၿပီးသားပါ။”

ျမန္မာ့စီးပြားေရးဘဏ္ကေန အေသးစားေငြေၾကးလုပ္ငန္းေတြကုိ ေခ်းေငြထုတ္ေပးရာမွာ အစိုးရက သတ္မွတ္ထားတဲ့ စည္းမ်ဥ္းေတြနဲ႔ လက္ေတြ႔မွာ ကဲြလဲြတာေတြ ရွိေနတယ္လို႔ လုပ္ငန္းရွင္တခ်ဳိ႕က ေျပာပါတယ္။ အထူးသျဖင့္ ကပ္ေရာဂါကာလမွာ တခ်ဳိ႕ သတ္မွတ္ခ်က္ေတြဟာ လက္ေတြ႔လုပ္ဖုိ႔ ခက္တာေတြ ရွိတယ္လုိ႔လည္း ရန္ကုန္ၿမိဳ႕က အေသးစားေခ်းေငြလုပ္ငန္းရွင္ ေဒၚျဖဴယမင္းျမတ္က ေျပာပါတယ္။

“ပထမဦးဆံုး Tea Shop ေတြ ေခ်းေငြယူတုန္းကက်ေတာ့ ေငြေတြ ျပန္ဆပ္ပါမယ္ဆိုေတာ့ အာမခံတဲ့ သူေရာ ေနာက္တစ္ခု အာမခံတဲ့သူေတြက ဘဏ္ကိုသြားရတယ္။ ဘဏ္သြားၿပီးလို႔ရွိရင္ ဘဏ္ေရွ႕မွာ လက္ထိုးရတယ္၊ ဒီအထိက အုိေကတယ္၊ အာမခံတယ္။ ၿပီးသြားလို႔ရွိရင္ ဒီေငြကို လက္ခံဖို႔အတြက္ အေကာင့္ဖြင့္ရတယ္။ အေကာင့္ဖြင့္တဲ့အခါမွာလည္း ဒီႏွစ္ေယာက္ကပဲဖြင့္တယ္။ ၿပီးေတာ့ ဒီအေကာင့္ကေနၿပီးေတာ့ တာဝန္ခံၿပီးထုတ္တာ ႏွစ္ေယာက္က ထုတ္တယ္။ အကုန္္လံုးၿပီးတာေပါ့။ အခုဟာက ဘယ္လိုျဖစ္ေနလဲဆိုေတာ့ အာမခံမယ့္လူက ႏွစ္ေယာက္၊ ဒီအေကာင့္လာဖြင့္လူက သပ္သပ္ႏွစ္ေယာက္။”

အေသးစားေခ်းေငြလုပ္ငန္း လုပ္ကုိင္ေနတဲ့ အဖဲြ႔အစည္းေပါင္း ၁၈၈ ခုအနက္ ေခ်းေငြရဖုိ႔ ေလွ်ာက္ထားတဲ့ လုပ္ငန္းေပါင္း ၇၆ ခုရွိတယ္လုိ႔လည္း ေငြေရးေၾကးေရး ႀကီးၾကပ္ေရးဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ႏိုင္က ေျပာပါတယ္။ ကပ္ေရာဂါကာလမွာ အေသးစားေခ်းေငြ လုပ္ငန္းေတြအတြက္ ျမန္မာ့စီးပြားေရးဘဏ္က က်ပ္ေငြဘီလီယံ ၁၀၀ ထုတ္ေခ်းေပးဖို႔ စီစဥ္ထားတယ္လုိ႔လည္း တာ၀န္ရွိသူေတြ သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာအသေးစားချေးငွေလုပ်ငန်းများ အခက်အခဲကြုံ

ကိုဗစ်ကပ်ရောဂါကာလ စီးပွားရေးထိခိုက်နေတဲ့ အသေးစားချေးငွေလုပ်ငန်းတွေကို အစိုးရက ငွေထုတ်ချေးနေပေမယ့် လက်တွေ့မှာ အခက်အခဲ ကြုံနေရတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအဂ္ဂနွန်က သတင်းပေးပို့ထားပါတယ်။

ကပ်ရောဂါကာလ အသေးစားငွေကြေး လုပ်ငန်းတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို သက်သာရာရစေဖို့ ရည်ရွယ်ပြီး အစိုးရက ၃ နှစ် အစီအစဉ်နဲ့ ချေးငွေထုတ်ပေးနေပေမဲ့ အဆင်မပြေတာတွေ ရှိနေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်ကတော့ ချေးငွေလျှောက်ထားရာမှာ မြန်မာ့စီးပွားရေးဘဏ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆောင်ရွက်ဖို့ လိုတယ်လို့ ပြောပါတယ်။

“ချေးငွေ ထုတ်ယူဖို့ စာရွက်အကြောင်းကြားတဲ့ စာမှာလည်း ဘုတ်အဖွဲ့ ဒါရိုက်တာရဲ့ ချေးငွေထုတ်ယူမယ်ဆိုတဲ့ ဥစ္စာကို ဘုတ်အဖွဲ့ ဒါရိုက်တာ အစည်းအဝေးမှတ်တမ်းတွေလည်း လိုတယ်။ နောက်တစ်ခါ ဘယ်ဘုတ်အဖွဲ့ ဒါရိုက်တာကို assign (တာဝန်ပေး) ထားတယ် ဆိုတာလည်းလိုတယ်။ အဲ့ဒီလူ ၂ ယောက်က ကိုယ်တိုင်လာရမယ်ဆိုတာလည်း လိုတယ်။ တစ်ယောက်ကနေပြီးတော့ ကိုယ်စားထုတ်ယူရမယ် အဲ့ဒါတွေ producer တွေအားလုံးဟာ မြန်မာ့စီးပွားရေးဘဏ်ကလည်း သိပြီးသားပါ။ ကျနော်တို့ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနလည်း ဒီအတိုင်းလုပ်ဖို့အတွက်ကို ညွှန်ကြားထားပါတယ်။ ဆိုတော့ အဲ့ဒီအတိုင်းပဲ သွားနေတယ်။ တကယ်လို့များ အခက်ခဲ ရှိတယ်ဆိုရင်တော့ မြန်မာ့စီးပွားရေးဘဏ်နဲ့ ကျနော်တို့ ညှိနှိုင်းဆောင်ရွက်ပေးတာရှိပါတယ်။ ဒါပေမဲ့ အခုလက်ရှိမှာတော့ ဒီလိုမျိုး ၄ ယောက်လာရမယ်တို့ဘာတို့ ကျနော်တို့မှာ မရှိပါဘူး။ ၂ ယောက်ဆိုရင် ရပါတယ်။ ဒါတော့ ညွှန်ကြားထားပြီးသားပါ။”

မြန်မာ့စီးပွားရေးဘဏ်ကနေ အသေးစားငွေကြေးလုပ်ငန်းတွေကို ချေးငွေထုတ်ပေးရာမှာ အစိုးရက သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့ လက်တွေ့မှာ ကွဲလွဲတာတွေ ရှိနေတယ်လို့ လုပ်ငန်းရှင်တချို့က ပြောပါတယ်။ အထူးသဖြင့် ကပ်ရောဂါကာလမှာ တချို့ သတ်မှတ်ချက်တွေဟာ လက်တွေ့လုပ်ဖို့ ခက်တာတွေ ရှိတယ်လို့လည်း ရန်ကုန်မြို့က အသေးစားချေးငွေလုပ်ငန်းရှင် ဒေါ်ဖြူယမင်းမြတ်က ပြောပါတယ်။

“ပထမဦးဆုံး Tea Shop တွေ ချေးငွေယူတုန်းကကျတော့ ငွေတွေ ပြန်ဆပ်ပါမယ်ဆိုတော့ အာမခံတဲ့ သူရော နောက်တစ်ခု အာမခံတဲ့သူတွေက ဘဏ်ကိုသွားရတယ်။ ဘဏ်သွားပြီးလို့ရှိရင် ဘဏ်ရှေ့မှာ လက်ထိုးရတယ်၊ ဒီအထိက အိုကေတယ်၊ အာမခံတယ်။ ပြီးသွားလို့ရှိရင် ဒီငွေကို လက်ခံဖို့အတွက် အကောင့်ဖွင့်ရတယ်။ အကောင့်ဖွင့်တဲ့အခါမှာလည်း ဒီနှစ်ယောက်ကပဲဖွင့်တယ်။ ပြီးတော့ ဒီအကောင့်ကနေပြီးတော့ တာဝန်ခံပြီးထုတ်တာ နှစ်ယောက်က ထုတ်တယ်။ အကုန်လုံးပြီးတာပေါ့။ အခုဟာက ဘယ်လိုဖြစ်နေလဲဆိုတော့ အာမခံမယ့်လူက နှစ်ယောက်၊ ဒီအကောင့်လာဖွင့်လူက သပ်သပ်နှစ်ယောက်။”

အသေးစားချေးငွေလုပ်ငန်း လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းပေါင်း ၁၈၈ ခုအနက် ချေးငွေရဖို့ လျှောက်ထားတဲ့ လုပ်ငန်းပေါင်း ၇၆ ခုရှိတယ်လို့လည်း ငွေရေးကြေးရေး ကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်က ပြောပါတယ်။ ကပ်ရောဂါကာလမှာ အသေးစားချေးငွေ လုပ်ငန်းတွေအတွက် မြန်မာ့စီးပွားရေးဘဏ်က ကျပ်ငွေဘီလီယံ ၁၀၀ ထုတ်ချေးပေးဖို့ စီစဉ်ထားတယ်လို့လည်း တာဝန်ရှိသူတွေ သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG