သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တစ္လအတြင္း တ႐ုတ္ ေ႐ႊလီဘက္သြားတဲ့ ျမန္မာအလုပ္သမားဦးေရ သိသိသာသာမ်ားလာ


ယူနန္ျပည္နယ္အေနာက္ပိုင္း ေရႊလီၿမိဳ႕မွာရွိတဲ့ ျမန္မာ-တ႐ုတ္နယ္စပ္စစ္ေဆးေရးဂိတ္ (ဇန္နဝါရီ ၁၃၊ ၂၀၂၃)

တ႐ုတ္- ျမန္မာ မူဆယ္နယ္စပ္ဂိတ္ကေန လူဝင္ထြက္ခြင့္ကို ျပန္ခြင့္ျပဳလိုက္တဲ့ ဇန္နဝါရီလ ၂၅ရက္ေနာက္ပိုင္းကစၿပီး တ႐ုတ္ေ႐ႊလီၿမိဳ႕ကိုသြားတဲ့ ျမန္မာအေရအတြက္ တျဖည္းျဖည္း မ်ားလာပါတယ္။ တ႐ုတ္နယ္စပ္က ျမန္မာေတြ ေျပာပုံအရဆိုရင္ တစ္ရက္ကို လူဦးေရ ေလးေထာင္ေက်ာ္၊ ငါးေထာင္ႏႈန္းေလာက္ တ႐ုတ္ကို ထြက္ခြာေနၾကတာပါ။ ျပည္တြင္းမွာ အလုပ္အကိုင္ ရွားပါးမႈ၊ တ႐ုတ္ဘက္က လုပ္သားလိုအပ္ခ်က္ ဒီလိုအေၾကာင္းေတြေၾကာင့္ ျမန္မာအလုပ္သား အမ်ားအျပားကို ယူနန္အစိုးရက လက္ခံထားဖို႔ရွိပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို ကိုၿငိမ္းခ်မ္းက ေျပာျပမွာပါ။

ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္နယ္စပ္ဂိတ္ကေန တ႐ုတ္ႏိုင္ငံ ေ႐ႊလီၿမိဳ႕ကို အလည္အပတ္ ေနထိုင္ခြင့္နဲ႔ အလုပ္လုပ္ဖို႔ ထြက္ခြာေနတဲ့ ျမန္မာေတြက တစ္ရက္ကို ၄,၀၀၀ ေက်ာ္ ၅,၀၀၀ နီးပါးေလာက္ရွိေနပါတယ္။ ရန္ကုန္က တ႐ုတ္သံ႐ုံးရဲ႕ ထုတ္ျပန္ခ်က္အရဆိုရင္ ဂိတ္ဖြင့္ၿပီး တလအတြင္းမွာ တ႐ုတ္ဘက္သြားတဲ့ ျမန္မာဦးေရက ၆၀,၀၀၀ ေက်ာ္သြားၿပီ ျဖစ္ပါတယ္။ တ႐ုတ္ဘက္က ကိုဗစ္စစ္ေဆးတာေတြ မရွိေတာ့ေပမဲ့ ကိုယ္ေရးအခ်က္အလက္ ေပးသြင္းရတဲ့အခ်ိန္မွာ ဘာသာစကား ကြာဟမႈေၾကာင့္ ၿပီးခဲ့တဲ့ ရက္ပိုင္းေတြတုန္းက နာရီေပါင္းမ်ားစြာ ေစာင့္ဆိုင္းခဲ့ရေၾကာင္း ေ႐ႊလီၿမိဳ႕ကိုေရာက္သြားတဲ့ ျမန္မာလုပ္ငန္းရွင္တဦးက အခုလိုေျပာပါတယ္။

" ဒီစာအုပ္အနီနဲ႔ပဲ လုပ္ၿပီးဝင္ၾကတာေပါ့၊ အလုပ္အကိုင္အခြင့္အလမ္းက ဒီဘက္မွာက အင္မတန္လိုအပ္ခ်က္ ႀကီးမားေနတာကိုး။ အလုပ္အကိုင္အခြင့္အလမ္း မရွိဘူးေလ။ ဟိုဘက္ကိုသြားၿပီး အလုပ္လုပ္ဖို႔ ဒီအတြက္ကို ေန႔စဥ္ တ႐ုတ္ျပည္အဝင္က ေတာ္ေတာ့္ကိုမ်ားတယ္။ ဟိုဘက္က အလုပ္သမားလိုအပ္ခ်က္ ဒီဘက္က အလုပ္အကိုင္လိုအပ္ခ်က္ ဒီႏွစ္ခုေၾကာင့္ေပါ့ေနာ္။ အဲဒီကိုဝင္တဲ့အထဲမွာ ဘယ္သူေတြမ်ားလဲဆိုေတာ့ ရွမ္းလူငယ္ေတြ ေတြ႕ရတယ္၊ ပေလာင္လူငယ္ေတြ ေတြ႕ရတယ္၊ ကခ်င္လူငယ္ေတာ့ မေတြ႕ဘူးေပါ့။ ၆ညအိပ္ ၇ရက္ပဲ၊ ၇ရက္ျပည့္ရင္ ထြက္ၿပီးေတာ့မွ တံဆိပ္တုံးထုၿပီး ျပန္ဝင္မယ္ဆိုတဲ့ သေဘာမ်ိဳးနဲ႔ေပါ့ေနာ္ အဲဒီအတြက္ကို အလုအယက္ အမ်ားႀကီးဝင္ၾကရတာေပါ့။"

တ႐ုတ္က ကိုဗစ္အကန႔္အသတ္ေတြ မထားေတာ့ဘဲ နယ္စပ္ဂိတ္ေတြဖြင့္၊ စီးပြားေရးအရွိန္ျမႇင့္ဖို႔ စဥ္းစားေနတာေၾကာင့္ လက္ရွိမွာ လုပ္သားအမ်ားအျပား လိုအပ္ေနခ်ိန္ ျဖစ္ပါတယ္။ ျမန္မာဘက္က ထုတ္ေပးထားတဲ့ နယ္စပ္ျဖတ္ကူးခြင့္ စာအုပ္ထဲမွာ တ႐ုတ္ႏိုင္ငံထဲ ေနထိုင္ခြင့္ကို တစ္ပတ္ပဲခြင့္ျပဳထားပါတယ္။ တစ္ပတ္ေလာက္ အလုပ္လုပ္ၿပီး ျမန္မာဘက္မွာ သက္တမ္း ျပန္တိုးေနရတာပါ။ ယခင္ကေတာ့ ဒါကို ယူနန္အစိုးရဘက္က မ်က္ကြယ္ျပဳၿပီး ျမန္မာႏိုင္ငံသားေတြကို လေပါင္းမ်ားစြာ ေနထိုင္ခြင့္ ေပးခဲ့တာပါ။ ဒီတႀကိမ္မွာလည္း သူ႔ရဲ႕ လုပ္သား လိုအပ္ခ်က္ကိုလိုက္ၿပီး အေျခအေန အမ်ိဳးမ်ိဳး ေျပာင္းလဲႏိုင္ေၾကာင္း ရွမ္းေျမာက္ေဒသခံေတြက ေျပာေနၾကပါတယ္။ သူကဆက္ေျပာပါတယ္။

" အရင္လို ျဖစ္ဦးမလား၊ မျဖစ္ဘူးလား ဆိုတာကေတာ့ တဖက္က ဘယ္လိုေဆာင္႐ြက္မလဲ အေပၚမွာေတာ့ မူတည္ပါတယ္။ ဒီ (လုပ္သားေစလႊတ္မႈ) MoU ေတာင္မွ မထိုးရေသးတာကိုး။ တရားဝင္ အလုပ္လုပ္ကိုင္ခြင့္ ဘာတို႔ညာတို႔ေလ။ မရွိတဲ့အခါၾကေတာ့ တကယ္တမ္း ဟိုဘက္သြားတဲ့အခါ က်ေနာ္တို႔ရဲ႕ အလုပ္သမားေတြဟာ လုပ္ခလစာ နည္းပါးတာေတြရွိတယ္၊ အလုပ္ရွင္ေတြရဲ႕ လုပ္အားခမရွင္းတာတို႔ ဘာတို႔ေပါ့။ အလိမ္လည္ခံရတာေတြ ရွိတယ္၊ ၾကားပြဲစားေတြ၊ ဒီလိုျပႆနာေတြကေတာ့ အမ်ားႀကီးေပါ့။"

ကိုဗစ္ကပ္ေရာဂါ မေပၚခင္က တ႐ုတ္ေ႐ႊလီနဲ႔ က်ယ္ေဂါင္မွာ အလုပ္သြားလုပ္တဲ့ ျမန္မာဦးေရက တစ္သိန္းေက်ာ္၊ ႏွစ္သိန္းနီးပါးေလာက္ ရွိပါတယ္။ ဒီပမာဏရဲ႕ သုံးပုံႏွစ္ပုံေလာက္က ကိုဗစ္ကာလမွာ ျပည္တြင္းကို ျပန္ဝင္လာၾကတာပါ။ ယူနန္အစိုးရကလည္း အစိုးရခ်င္း ခ်ိတ္ဆက္ၿပီး ျမန္မာအမ်ားအျပားကို ျပန္ပို႔ခဲ့သလို၊ သူ႔နည္းသူ႔ဟန္နဲ႔ ျမန္မာနယ္စပ္ကို လာပို႔တာမ်ိဳးလည္း လုပ္ခဲ့ပါတယ္။ အခုေတာ့ မၿပီးျပတ္ေသးတဲ့ ေဆာက္လုပ္ေရးေတြ၊ စားေသာက္ဆိုင္ေတြ၊ စိုက္ပ်ိဳးေရး လုပ္ငန္းေတြမွာ လုပ္သားျပန္ေခၚဖို႔ ျဖစ္ႏိုင္ေၾကာင္း ေ႐ႊလီေရာက္ ျမန္မာႏိုင္ငံသားတဦးက အခုလိုေျပာပါတယ္။

" ေ႐ႊလီ၊ က်ယ္ေဂါင္၊ မံစီအထိေပါ့ သူတို႔ရဲ႕ ၿမိဳ႕ျပတိုက္ေတြဆိုရင္ က်ေနာ္တို႔ ျမန္မာျပည္သူ အမ်ားအျပား ေဆာက္ေပးခဲ့တာပဲေလ။ အဲဒီေတာ့ သူတို႔အေဆာက္အဦေတြ ေဆာက္မယ္၊ ေအာက္ေျခအလုပ္ေတြဆို သူတို႔တ႐ုတ္ေတြက သူတို႔ေဈးနဲ႔ ဘယ္သူမွ မလုပ္ၾကဘူး၊ အဆင္မေျပၾကဘူးေလ။ သူတို႔အလုပ္ေတြျပန္လိုၿပီ။ စားေသာက္ဆိုင္ေတြ၊ ၿပီးေတာ့ စက္႐ုံေတြရွိမယ္ ေနာက္ၿပီး ပန္းရံဆိုက္ေတြရွိမယ္၊ အမ်ိဳးမ်ိဳးပါပဲ စိုက္ပ်ိဳးေရးကအစ အမ်ားအားျဖင့္ ဗမာျပည္သူေတြကို မွီခိုေနရတာ။ ကိုဗစ္ေၾကာင့္သူတို႔ နားထားလိုက္ရတာ၊ ေတာ္ေတာ္ၾကာသြားၿပီ။ သူတို႔အစာေရ ျပတ္ေတာက္မႈ အဲလိုမ်ိဳးေတြေၾကာင့္ ဆႏၵေတြဘာေတြ ျပၾက ဘာျဖစ္ၾက ျဖစ္ၾကလိုက္ေသးတယ္။"

မူဆယ္ ၁၀၅မိုင္မွာေတာ့ ကုန္ကားနဲ႔ လူျဖတ္သန္းခြင့္အားလုံးကို တ႐ုတ္ဘက္က ျပန္ဖြင့္ထားတာပါ။ က်န္တဲ့ ျမန္မာနဲ႔ နယ္စပ္ဂိတ္ေတြကိုလည္း ကုန္ကားနဲ႔ လူဝင္ထြက္ခြင့္ကို တျဖည္းျဖည္း တ႐ုတ္ဘက္က ေျဖေလွ်ာ့ေနတာ ျဖစ္ပါတယ္။

{Unicode}

တစ်လအတွင်း တရုတ် ရွှေလီဘက်သွားတဲ့ မြန်မာအလုပ်သမားဦးရေ သိသိသာသာများလာ

တရုတ်- မြန်မာ မူဆယ်နယ်စပ်ဂိတ်ကနေ လူဝင်ထွက်ခွင့်ကို ပြန်ခွင့်ပြုလိုက်တဲ့ ဇန်နဝါရီလ ၂၅ရက်နောက်ပိုင်းကစပြီး တရုတ်ရွှေလီမြို့ကိုသွားတဲ့ မြန်မာအရေအတွက် တဖြည်းဖြည်း များလာပါတယ်။ တရုတ်နယ်စပ်က မြန်မာတွေ ပြောပုံအရဆိုရင် တစ်ရက်ကို လူဦးရေ လေးထောင်ကျော်၊ ငါးထောင်နှုန်းလောက် တရုတ်ကို ထွက်ခွာနေကြတာပါ။ ပြည်တွင်းမှာ အလုပ်အကိုင် ရှားပါးမှု၊ တရုတ်ဘက်က လုပ်သားလိုအပ်ချက် ဒီလိုအကြောင်းတွေကြောင့် မြန်မာအလုပ်သား အများအပြားကို ယူနန်အစိုးရက လက်ခံထားဖို့ရှိပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နယ်စပ်ဂိတ်ကနေ တရုတ်နိုင်ငံ ရွှေလီမြို့ကို အလည်အပတ် နေထိုင်ခွင့်နဲ့ အလုပ်လုပ်ဖို့ ထွက်ခွာနေတဲ့ မြန်မာတွေက တစ်ရက်ကို ၄,၀၀၀ ကျော် ၅,၀၀၀ နီးပါးလောက်ရှိနေပါတယ်။ ရန်ကုန်က တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်အရဆိုရင် ဂိတ်ဖွင့်ပြီး တလအတွင်းမှာ တရုတ်ဘက်သွားတဲ့ မြန်မာဦးရေက ၆၀,၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။ တရုတ်ဘက်က ကိုဗစ်စစ်ဆေးတာတွေ မရှိတော့ပေမဲ့ ကိုယ်ရေးအချက်အလက် ပေးသွင်းရတဲ့အချိန်မှာ ဘာသာစကား ကွာဟမှုကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းက နာရီပေါင်းများစွာ စောင့်ဆိုင်းခဲ့ရကြောင်း ရွှေလီမြို့ကိုရောက်သွားတဲ့ မြန်မာလုပ်ငန်းရှင်တဦးက အခုလိုပြောပါတယ်။

" ဒီစာအုပ်အနီနဲ့ပဲ လုပ်ပြီးဝင်ကြတာပေါ့၊ အလုပ်အကိုင်အခွင့်အလမ်းက ဒီဘက်မှာက အင်မတန်လိုအပ်ချက် ကြီးမားနေတာကိုး။ အလုပ်အကိုင်အခွင့်အလမ်း မရှိဘူးလေ။ ဟိုဘက်ကိုသွားပြီး အလုပ်လုပ်ဖို့ ဒီအတွက်ကို နေ့စဉ် တရုတ်ပြည်အဝင်က တော်တော့်ကိုများတယ်။ ဟိုဘက်က အလုပ်သမားလိုအပ်ချက် ဒီဘက်က အလုပ်အကိုင်လိုအပ်ချက် ဒီနှစ်ခုကြောင့်ပေါ့နော်။ အဲဒီကိုဝင်တဲ့အထဲမှာ ဘယ်သူတွေများလဲဆိုတော့ ရှမ်းလူငယ်တွေ တွေ့ရတယ်၊ ပလောင်လူငယ်တွေ တွေ့ရတယ်၊ ကချင်လူငယ်တော့ မတွေ့ဘူးပေါ့။ ၆ညအိပ် ၇ရက်ပဲ၊ ၇ရက်ပြည့်ရင် ထွက်ပြီးတော့မှ တံဆိပ်တုံးထုပြီး ပြန်ဝင်မယ်ဆိုတဲ့ သဘောမျိုးနဲ့ပေါ့နော် အဲဒီအတွက်ကို အလုအယက် အများကြီးဝင်ကြရတာပေါ့။"

တရုတ်က ကိုဗစ်အကန့်အသတ်တွေ မထားတော့ဘဲ နယ်စပ်ဂိတ်တွေဖွင့်၊ စီးပွားရေးအရှိန်မြှင့်ဖို့ စဉ်းစားနေတာကြောင့် လက်ရှိမှာ လုပ်သားအများအပြား လိုအပ်နေချိန် ဖြစ်ပါတယ်။ မြန်မာဘက်က ထုတ်ပေးထားတဲ့ နယ်စပ်ဖြတ်ကူးခွင့် စာအုပ်ထဲမှာ တရုတ်နိုင်ငံထဲ နေထိုင်ခွင့်ကို တစ်ပတ်ပဲခွင့်ပြုထားပါတယ်။ တစ်ပတ်လောက် အလုပ်လုပ်ပြီး မြန်မာဘက်မှာ သက်တမ်း ပြန်တိုးနေရတာပါ။ ယခင်ကတော့ ဒါကို ယူနန်အစိုးရဘက်က မျက်ကွယ်ပြုပြီး မြန်မာနိုင်ငံသားတွေကို လပေါင်းများစွာ နေထိုင်ခွင့် ပေးခဲ့တာပါ။ ဒီတကြိမ်မှာလည်း သူ့ရဲ့ လုပ်သား လိုအပ်ချက်ကိုလိုက်ပြီး အခြေအနေ အမျိုးမျိုး ပြောင်းလဲနိုင်ကြောင်း ရှမ်းမြောက်ဒေသခံတွေက ပြောနေကြပါတယ်။ သူကဆက်ပြောပါတယ်။

" အရင်လို ဖြစ်ဦးမလား၊ မဖြစ်ဘူးလား ဆိုတာကတော့ တဖက်က ဘယ်လိုဆောင်ရွက်မလဲ အပေါ်မှာတော့ မူတည်ပါတယ်။ ဒီ (လုပ်သားစေလွှတ်မှု) MoU တောင်မှ မထိုးရသေးတာကိုး။ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ဘာတို့ညာတို့လေ။ မရှိတဲ့အခါကြတော့ တကယ်တမ်း ဟိုဘက်သွားတဲ့အခါ ကျနော်တို့ရဲ့ အလုပ်သမားတွေဟာ လုပ်ခလစာ နည်းပါးတာတွေရှိတယ်၊ အလုပ်ရှင်တွေရဲ့ လုပ်အားခမရှင်းတာတို့ ဘာတို့ပေါ့။ အလိမ်လည်ခံရတာတွေ ရှိတယ်၊ ကြားပွဲစားတွေ၊ ဒီလိုပြဿနာတွေကတော့ အများကြီးပေါ့။"

ကိုဗစ်ကပ်ရောဂါ မပေါ်ခင်က တရုတ်ရွှေလီနဲ့ ကျယ်ဂေါင်မှာ အလုပ်သွားလုပ်တဲ့ မြန်မာဦးရေက တစ်သိန်းကျော်၊ နှစ်သိန်းနီးပါးလောက် ရှိပါတယ်။ ဒီပမာဏရဲ့ သုံးပုံနှစ်ပုံလောက်က ကိုဗစ်ကာလမှာ ပြည်တွင်းကို ပြန်ဝင်လာကြတာပါ။ ယူနန်အစိုးရကလည်း အစိုးရချင်း ချိတ်ဆက်ပြီး မြန်မာအများအပြားကို ပြန်ပို့ခဲ့သလို၊ သူ့နည်းသူ့ဟန်နဲ့ မြန်မာနယ်စပ်ကို လာပို့တာမျိုးလည်း လုပ်ခဲ့ပါတယ်။ အခုတော့ မပြီးပြတ်သေးတဲ့ ဆောက်လုပ်ရေးတွေ၊ စားသောက်ဆိုင်တွေ၊ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ လုပ်သားပြန်ခေါ်ဖို့ ဖြစ်နိုင်ကြောင်း ရွှေလီရောက် မြန်မာနိုင်ငံသားတဦးက အခုလိုပြောပါတယ်။

" ရွှေလီ၊ ကျယ်ဂေါင်၊ မံစီအထိပေါ့ သူတို့ရဲ့ မြို့ပြတိုက်တွေဆိုရင် ကျနော်တို့ မြန်မာပြည်သူ အများအပြား ဆောက်ပေးခဲ့တာပဲလေ။ အဲဒီတော့ သူတို့အဆောက်အဦတွေ ဆောက်မယ်၊ အောက်ခြေအလုပ်တွေဆို သူတို့တရုတ်တွေက သူတို့ဈေးနဲ့ ဘယ်သူမှ မလုပ်ကြဘူး၊ အဆင်မပြေကြဘူးလေ။ သူတို့အလုပ်တွေပြန်လိုပြီ။ စားသောက်ဆိုင်တွေ၊ ပြီးတော့ စက်ရုံတွေရှိမယ် နောက်ပြီး ပန်းရံဆိုက်တွေရှိမယ်၊ အမျိုးမျိုးပါပဲ စိုက်ပျိုးရေးကအစ အများအားဖြင့် ဗမာပြည်သူတွေကို မှီခိုနေရတာ။ ကိုဗစ်ကြောင့်သူတို့ နားထားလိုက်ရတာ၊ တော်တော်ကြာသွားပြီ။ သူတို့အစာရေ ပြတ်တောက်မှု အဲလိုမျိုးတွေကြောင့် ဆန္ဒတွေဘာတွေ ပြကြ ဘာဖြစ်ကြ ဖြစ်ကြလိုက်သေးတယ်။"

မူဆယ် ၁၀၅မိုင်မှာတော့ ကုန်ကားနဲ့ လူဖြတ်သန်းခွင့်အားလုံးကို တရုတ်ဘက်က ပြန်ဖွင့်ထားတာပါ။ ကျန်တဲ့ မြန်မာနဲ့ နယ်စပ်ဂိတ်တွေကိုလည်း ကုန်ကားနဲ့ လူဝင်ထွက်ခွင့်ကို တဖြည်းဖြည်း တရုတ်ဘက်က ဖြေလျှော့နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG