သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီအကြီးအကဲနဲ့ တရုတ်အထူးကိုယ်စားလှယ် တွေ့ဆုံ


တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းနဲ့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နေပြည်တော်မှာတွေ့ဆုံစဥ်။ (သြဂုတ်လ ၈၊၂၀၂၄/Crd: Official Publication)
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းနဲ့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နေပြည်တော်မှာတွေ့ဆုံစဥ်။ (သြဂုတ်လ ၈၊၂၀၂၄/Crd: Official Publication)

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းဟာ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ ဩဂုတ်လ ၈ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။

ဒါဟာ တရုတ်-မြန်မာ နယ်စပ်ဒေသတလွှား တိုက်ပွဲတွေမပြတ်ဖြစ်ပွါးနေပြီး ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အပါအဝင် တပ်စခန်းအများအပြားကို MNDAA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်လိုက်တဲ့ နောက် နယ်စပ်တကျော လက်နက်စက်ရုံတွေအတွက် အထောက်အပံ့ပေးနေသူတွေကို စုံစမ်းဖေါ်ထုတ်ရမယ်လို့ စစ်ကောင်စီအကြီးအကဲက ပြောကြားခဲ့တဲ့နောက် တရုတ်အထူးကိုယ်စားလှယ်နဲ့ ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံတာပါ။

စစ်ကောင်စီကတော့ တရုတ်သံတမန်နဲ့ နယ်စပ်ဒေသတည်ငြိမ်ရေး၊ အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ တရားမဝင်လုပ်ငန်း နှိမ်နင်း ရေးတွေ ဆွေးနွေးခဲ့တဲ့အပြင် ရွေးကောက်ပွဲအတွက် ကြိုတင် ဆောင်ရွက်မှုတွေကို ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ် ပြန်ပါတယ်။ မစ္စတာတိန့်ရှီကျွင်းရဲ့ အခုတခေါက် မြန်မာခရီးစဉ်ဟာ ဆဌမမြောက်ဖြစ်ပါတယ်။ သူဟာ ၂၀၂၂ မှာ ပထမအကြိမ်လာရောက်ခဲ့သလို မနှစ်က မတ်လ၊ ဇူလိုင်လနဲ့ စက်တင်ဘာလတွေမှာ လာရောက်ခဲ့တာပါ။ ဒီနှစ်ထဲမှာတော့ သူဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်အဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး -ဒုတိယပိုင်းမစတင်ခင် ဇွန်လ ၁၈ ရက် နေ့က ပဉ္စမအကြိမ်အဖြစ် နေပြည်တော်ကို လာရောက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီအကြီးအကဲနဲ့ တရုတ်အထူးကိုယ်စားလှယ် တွေ့ဆုံ
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG