မြန်မာနိုင်ငံရဲ့ အကြီးအကဲတွေဖြစ်ကြတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်တို့ဟာ ဒီရက်ပိုင်းအတွင်းမှာ မြန်မာ့အိမ်နီးချင်း ကမ္ဘာ့အင်အားကြီး တရုတ်နိုင်ငံကို သွားရောက်ခဲ့ကြပါတယ်။
ဒီ ခရီးစဉ်ကနေ မြန်မာနိုင်ငံအတွက် ဘယ်လိုအကျိုးအမြတ်ရှိနိုင်သလဲ။ တရုတ် မြန်မာဆက်ဆံရေးက ဘယ်လမ်းကြောင်းကို ဦးတည်နေသလဲ ဆိုတာ ပင်တိုင်ဆွေးနွေးသူ တရုတ်မြန်မာဆက်ဆံရေးကျွမ်းကျင်သူ ဒေါက်တာ လှကျော်ဇော၊ သတင်းစာဆရာ ဦးစည်သူအောင်မြင့် တို့နဲ့ မအေးသန္တာကျော် ဧပြီလ ၂၇ ၇က် စနေနေ့ ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ သုံးသပ်ဆွေးနွေးထားပါတယ်။