သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

မတည္ၿငိမ္မႈေတြေၾကာင့္ ျမန္မာႏိုင္ငံမွာ တ႐ုတ္ႏွစ္သစ္ကူးပဲြေတြ အကန္႔အသတ္နဲ႔က်င္းပ


Chinese New Year9 2018 (ယခင္မွတ္တမ္းဓါတ္ပုံေဟာင္း)

မတည္ၿငိမ္မႈေတြေၾကာင့္ ျမန္မာႏိုင္ငံမွာ တ႐ုတ္ႏွစ္သစ္ကူးပဲြေတြ အကန္႔အသတ္နဲ႔က်င္းပ

{{Zawgyi/Unicode}}

တ႐ုတ္လူမ်ဳိးေတြအတြက္ ႏွစ္သစ္ကူးတဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ဟာ ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္း ၁ ႏွစ္ျပည့္တဲ့ေန႔နဲ႔ တုိက္ဆိုင္ေနပါတယ္။ လက္႐ွိႏိုင္ငံထဲမွာ ႏိုင္ငံေရး၊ စီးပြားေရး မတည္ၿငိမ္တဲ့အေျခအေနေတြေၾကာင့္ တ႐ုတ္ႏွစ္သစ္ကူးကာလမွာ အရင္လို တ႐ုတ္ဘုရားေက်ာင္းေတြမွာ စည္စည္ကားကား ဧည့္ခံေကြၽးေမြးတာေတြ မလုပ္ခဲ့ဘဲ အက်ဥ္းခ်ဳံးၿပီး က်င္းပခဲ့တယ္လို႔ ျမန္မာျပည္ဖြား တ႐ုတ္လူမ်ိဳးေတြက ေျပာပါတယ္။ ရန္ကုန္က ေပးပို႔တဲ့ ဒီသတင္းကို ကိုေဇာ္မိုးေက်ာ္ ကေျပာျပမွာပါ။

အခု ၂၀၂၂ ခုႏွစ္ တ႐ုတ္ႏွစ္သစ္ကူးတဲ့ေန႔ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ ရန္ကုန္ၿမိဳ႕ တ႐ုတ္တန္းမွာ အရင္လို တ႐ုတ္ႏွစ္သစ္ကူးပြဲေတြကို စည္စည္းကားကား က်င္းပတာ မေတြ႕ရပါဘူး။ ဘုံေက်ာင္းအမ်ားစုကလည္း အရင္လို စားပြဲေသာက္ပြဲနဲ႔ ဧည့္ခံပြဲေတြကို မက်င္းပေတာ့ဘူးလို႔ ရန္ကုန္က တ႐ုတ္ဘုံေက်ာင္း အဖြဲ႕အစည္းတခုရဲ႕ တာဝန္ခံက ဗြီအိုေအကို ေျပာပါတယ္။ ႏိုင္ငံေရးအေျခအေနနဲ႔ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေဆြမ်ိဳးသားခ်င္းေတြ ဆုံစည္းဖို႔ ခက္ခဲတဲ့အတြက္ တခ်ိဳ႕ဘုံေက်ာင္းေတြေလာက္ပဲ ဧည့္ခံပြဲေတြကို အက်ဥ္းခ်ဳံးလုပ္ခဲ့တယ္လို႔ သူကေျပာပါတယ္။

“က်ေနာ္တို႔ကေတာ့ စားပြဲဘာညာကေတာ့ မလုပ္ေတာ့ဘူး။ အရင္တုန္းကေတာ့ စည္စည္ကားကားရွိတယ္ဆိုတာက အရင္တုန္းက လူႀကီးေတြကလည္း စုံစုံညီညီဒီမွာရွိၾကတယ္။ ဒီမွာရွိၾကတဲ့အခါက်ေတာ့ သူတို႔က စားပြဲဘာညာလုပ္ၾကတယ္။ ႏွစ္သစ္ကူးက်ရင္။ ဘာမွဒီႏွစ္က သိပ္မလုပ္ျဖစ္ဘူးေပါ့ေနာ္။”

ရန္ကုန္တိုင္း လသာၿမိဳ႕နယ္ထဲက တ႐ုတ္လူမ်ဳိးအမ်ားစုေနၾကတဲ့ တ႐ုတ္တန္းမွာ ပံုမွန္ဆို ခုလိုရက္မ်ဳိးဆိုရင္ ေစ်းဆိုင္ေတြမွာ ေစ်းဝယ္သူေတြ၊ သြားလာလည္ပတ္ၾကသူေတြနဲ႔ အေတာ္ေလး စည္ကားေလ့႐ွိတာပါ။ အဲဒီလို မေပ်ာ္႐ႊင္ရတာ ၂ ႏွစ္ရွိၿပီလို႔ တ႐ုတ္တန္းမွာ ေနထိုင္တဲ့ တ႐ုတ္ႏြယ္ဖြားလုပ္ငန္းရွင္တဦးကဗြီအိုေအကို ခုလိုေျပာပါတယ္။

“ျမင္ကြင္းကေတာ့ အားလုံးေျခာက္ကပ္ေနတာပဲေပါ့။ ေပ်ာ္႐ြင္မႈဆိုတာကလည္း အနာဂတ္ရွိမွ ေပ်ာ္ၾကတာေလ။ လူေတြရဲ႕ သေဘာသဘာဝက။ မႏွစ္က အေနအထားဆိုရင္ ဒီလိုရက္မ်ိဳးဆိုရင္ ဒါအကုန္လုံး စိတ္ေျခာက္ျခားကုန္ၾကတဲ့ အေနအထားေပါ့။ စဥ္းစားေတြးေခၚတတ္တဲ့ လူေတြရဲ႕ရင္ထဲမွာေတာ့ အနာဂတ္ ေပ်ာက္သြားတာေပါ့။ တ႐ုတ္ႏွစ္ကူးရယ္မွမဟုတ္ဘူး။ ဘယ္ပြဲပဲျဖစ္ျဖစ္ ဖီလင္ကေတာ့ မလာေတာ့ဘူးေလ။”

ဒီႏွစ္တ႐ုတ္ႏွစ္သစ္ကူးတဲ့ေန႔ဟာ စစ္အာဏာသိမ္း ၁ ႏွစ္ျပည့္ျဖစ္တာေၾကာင့္ မနက္ ၁၀ နာရီကေန ညေန ၄ နာရီီအထိ လမ္းေပၚမထြက္ အသံတိတ္ ဆန္႔က်င္ဆႏၵျပမႈေတြလည္း ႏိုင္ငံအႏံွ႔မွာ ႐ွိခဲ့ပါတယ္။ အဲဒီလို ေန႔နဲ႔ တိုက္ဆိုင္ေနတဲ့ အတြက္လည္း တ႐ုတ္ႏွစ္သစ္ကူးပြဲေတြ တိတ္ဆိတ္ေနတာျဖစ္ပါတယ္။ ႏွစ္သစ္ကူးခ်ိန္မိသားစုေတြ ဆုံစည္းၾကဖို႔ ရပ္ေဝးကလာၾကသူေတြနဲ႔ တ႐ုတ္ႏြယ္ဖြားေတြရဲ႕ အိမ္ေတြမွာ စည္စည္ကားကားရွိေပမဲ့ ဒီႏွစ္ေတာ့ ရုိးရာမပ်က္ေအာင္ဆိုတဲ့ သေဘာေလာက္ပဲ ႏွစ္သစ္ကူးပြဲကို လုပ္ၾကပါတယ္။

“ ပုံမွန္ဆိုရင္ တ႐ုတ္ႏွစ္ကူးက တကယ္ေပ်ာ္ဖို႔ေကာင္းတဲ့ ကာလေပါ့ေနာ္။ အေဝးေရာက္ေနတဲ့ ညီအစ္ကို ေမာင္ႏွမေတြ အကုန္ျပန္လာၾကမယ္။ မိဘကို ကန္ေတာ့ၾကမယ္၊ အခုက်ေတာ့ ကိုဗစ္ကာလမွာ မိဘေတာ္ေတာ္မ်ားမ်ားလည္း ဆုံးရႈံးကုန္ၾကတယ္ေလ၊ မိသားစု ေတာ္ေတာ္မ်ားမ်ားလည္း ေၾကကြဲမႈေတြ မ်ားမယ္လို႔ ထင္ပါတယ္။ ဒီဘက္တေၾကာဆိုလည္း ႏွစ္ကူးကို တတ္ႏိုင္သေလာက္ ခ်ဳံ႕လိုက္တဲ့သေဘာေလးေတြ ျမင္ရတာပါ။”

တ႐ုတ္ႏွစ္ကူး အႀကိဳကာလမွာလည္း ဒီႏွစ္ကူးအတြက္ ေရာင္းခ်တဲ့ဆိုင္ေတြ အမ်ားအျပားရွိေပမဲ့ စီးပြားေရး အဆင္မေျပၾကတာေၾကာင့္ ဝယ္တဲ့သူကေတာ့ အမ်ားႀကီးနည္းသြားတယ္လို႔ ရန္ကုန္တ႐ုတ္တန္းက လုပ္ငန္းရွင္တခ်ိဳ႕က ေျပာပါတယ္။ မေန႔က ႏွစ္ကူးအႀကိဳညေနအထိ ေစ်းသည္ေတြရဲ႕ လက္ထဲမွာ ပစၥည္းအေတာ္မ်ားမ်ား ေရာင္းမကုန္ဘဲ က်န္ေနခဲ့တာပါ။

ဇန္နဝါရီလ ၂၄ ရက္ကေန ေဖေဖာ္ဝါရီလ ၁၅ ရက္အထိက ၂၀၂၂ ခုႏွစ္ရဲ႕တ႐ုတ္ႏွစ္သစ္ကူးကာလေတြပါ။ ႏွစ္သစ္ကူးအႀကိဳပြဲေတာ္နဲ႔ လူႀကီးမိဘေတြကို ကန္ေတာ့တာေတြကို ႏွစ္သစ္ကူးအႀကိဳညျဖစ္တဲ့ ဇန္နဝါရီ ၃၁ ရက္အထိလုပ္ၾကၿပီး ေဖေဖာ္ဝါရီ ၁ ရက္ကေန ၁၁ ရက္ အထိကေတာ့ ေႏြဦးရာသီပြဲေတာ္လို႔ ေခၚတဲ့ တ႐ုတ္ႏွစ္သစ္ကူးကာလျဖစ္ပါတယ္။ က်န္တဲ့ ေဖေဖာ္ဝါရီ ၁၂ ရက္ကေန ၁၅ ရက္ အထိကေတာ့ မီးထြန္းပြဲေတာ္ရက္ေတြပဲ ျဖစ္ပါတယ္။ တ႐ုတ္ႏွစ္သစ္ကူးေန႔ျဖစ္သလို စစ္အာဏာသိမ္းႏွစ္ပါတ္လည္ေန႔လည္းျဖစ္ေနတာမို႔ ေစ်းဆိုင္ပိုင္႐ွင္ေတြအေနနဲ႔ ဆိုင္ပိတ္မယ္ဆိုရင္ သက္ဆုိင္ရာမွာ အေၾကာင္းျပခ်က္ေပးၿပီး စာတင္ခြင့္ေတာင္းၾကရပါတယ္။ ေစ်းေတြ၊ ဆိုင္ေတြ မပိတ္ဖို႔ စစ္ေကာင္စီက သတိေပးထားတဲ့အတြက္ ေစ်းဆိုင္ေတြဖြင့္ၾကရေပမဲ့ ေန႔လည္ပိုင္းက လူသြား လူလာ မ႐ွိသလို ေစ်းဝယ္လာသူေတြလည္း မ႐ွိဘူးလို႔ ဆိုင္႐ွင္ေတြက ေျပာၾကပါတယ္။

.............................................

တိုက္႐ိုက္ လင့္ခ္

မတည်ငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံမှာ တရုတ်နှစ်သစ်ကူးပွဲတွေ အကန့်အသတ်နဲ့ကျင်းပ

{{Unicode}}

တရုတ်လူမျိုးတွေအတွက် နှစ်သစ်ကူးတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ဟာ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်း ၁ နှစ်ပြည့်တဲ့နေ့နဲ့ တိုက်ဆိုင်နေပါတယ်။ လက်ရှိနိုင်ငံထဲမှာ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်တဲ့အခြေအနေတွေကြောင့် တရုတ်နှစ်သစ်ကူးကာလမှာ အရင်လို တရုတ်ဘုရားကျောင်းတွေမှာ စည်စည်ကားကား ဧည့်ခံကျွေးမွေးတာတွေ မလုပ်ခဲ့ဘဲ အကျဉ်းချုံးပြီး ကျင်းပခဲ့တယ်လို့ မြန်မာပြည်ဖွား တရုတ်လူမျိုးတွေက ပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့ ဒီသတင်းကို ကိုဇော်မိုးကျော် ကပြောပြမှာပါ။

အခု ၂၀၂၂ ခုနှစ် တရုတ်နှစ်သစ်ကူးတဲ့နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ရန်ကုန်မြို့ တရုတ်တန်းမှာ အရင်လို တရုတ်နှစ်သစ်ကူးပွဲတွေကို စည်စည်းကားကား ကျင်းပတာ မတွေ့ရပါဘူး။ ဘုံကျောင်းအများစုကလည်း အရင်လို စားပွဲသောက်ပွဲနဲ့ ဧည့်ခံပွဲတွေကို မကျင်းပတော့ဘူးလို့ ရန်ကုန်က တရုတ်ဘုံကျောင်း အဖွဲ့အစည်းတခုရဲ့ တာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။ နိုင်ငံရေးအခြေအနေနဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ဆွေမျိုးသားချင်းတွေ ဆုံစည်းဖို့ ခက်ခဲတဲ့အတွက် တချို့ဘုံကျောင်းတွေလောက်ပဲ ဧည့်ခံပွဲတွေကို အကျဉ်းချုံးလုပ်ခဲ့တယ်လို့ သူကပြောပါတယ်။

“ကျနော်တို့ကတော့ စားပွဲဘာညာကတော့ မလုပ်တော့ဘူး။ အရင်တုန်းကတော့ စည်စည်ကားကားရှိတယ်ဆိုတာက အရင်တုန်းက လူကြီးတွေကလည်း စုံစုံညီညီဒီမှာရှိကြတယ်။ ဒီမှာရှိကြတဲ့အခါကျတော့ သူတို့က စားပွဲဘာညာလုပ်ကြတယ်။ နှစ်သစ်ကူးကျရင်။ ဘာမှဒီနှစ်က သိပ်မလုပ်ဖြစ်ဘူးပေါ့နော်။”

ရန်ကုန်တိုင်း လသာမြို့နယ်ထဲက တရုတ်လူမျိုးအများစုနေကြတဲ့ တရုတ်တန်းမှာ ပုံမှန်ဆို ခုလိုရက်မျိုးဆိုရင် ဈေးဆိုင်တွေမှာ ဈေးဝယ်သူတွေ၊ သွားလာလည်ပတ်ကြသူတွေနဲ့ အတော်လေး စည်ကားလေ့ရှိတာပါ။ အဲဒီလို မပျော်ရွှင်ရတာ ၂ နှစ်ရှိပြီလို့ တရုတ်တန်းမှာ နေထိုင်တဲ့ တရုတ်နွယ်ဖွားလုပ်ငန်းရှင်တဦးကဗွီအိုအေကို ခုလိုပြောပါတယ်။

“မြင်ကွင်းကတော့ အားလုံးခြောက်ကပ်နေတာပဲပေါ့။ ပျော်ရွင်မှုဆိုတာကလည်း အနာဂတ်ရှိမှ ပျော်ကြတာလေ။ လူတွေရဲ့ သဘောသဘာဝက။ မနှစ်က အနေအထားဆိုရင် ဒီလိုရက်မျိုးဆိုရင် ဒါအကုန်လုံး စိတ်ခြောက်ခြားကုန်ကြတဲ့ အနေအထားပေါ့။ စဉ်းစားတွေးခေါ်တတ်တဲ့ လူတွေရဲ့ရင်ထဲမှာတော့ အနာဂတ် ပျောက်သွားတာပေါ့။ တရုတ်နှစ်ကူးရယ်မှမဟုတ်ဘူး။ ဘယ်ပွဲပဲဖြစ်ဖြစ် ဖီလင်ကတော့ မလာတော့ဘူးလေ။”

ဒီနှစ်တရုတ်နှစ်သစ်ကူးတဲ့နေ့ဟာ စစ်အာဏာသိမ်း ၁ နှစ်ပြည့်ဖြစ်တာကြောင့် မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ လမ်းပေါ်မထွက် အသံတိတ် ဆန့်ကျင်ဆန္ဒပြမှုတွေလည်း နိုင်ငံအနံှ့မှာ ရှိခဲ့ပါတယ်။ အဲဒီလို နေ့နဲ့ တိုက်ဆိုင်နေတဲ့ အတွက်လည်း တရုတ်နှစ်သစ်ကူးပွဲတွေ တိတ်ဆိတ်နေတာဖြစ်ပါတယ်။ နှစ်သစ်ကူးချိန်မိသားစုတွေ ဆုံစည်းကြဖို့ ရပ်ဝေးကလာကြသူတွေနဲ့ တရုတ်နွယ်ဖွားတွေရဲ့ အိမ်တွေမှာ စည်စည်ကားကားရှိပေမဲ့ ဒီနှစ်တော့ ရိုးရာမပျက်အောင်ဆိုတဲ့ သဘောလောက်ပဲ နှစ်သစ်ကူးပွဲကို လုပ်ကြပါတယ်။

“ ပုံမှန်ဆိုရင် တရုတ်နှစ်ကူးက တကယ်ပျော်ဖို့ကောင်းတဲ့ ကာလပေါ့နော်။ အဝေးရောက်နေတဲ့ ညီအစ်ကို မောင်နှမတွေ အကုန်ပြန်လာကြမယ်။ မိဘကို ကန်တော့ကြမယ်၊ အခုကျတော့ ကိုဗစ်ကာလမှာ မိဘတော်တော်များများလည်း ဆုံးရှုံးကုန်ကြတယ်လေ၊ မိသားစု တော်တော်များများလည်း ကြေကွဲမှုတွေ များမယ်လို့ ထင်ပါတယ်။ ဒီဘက်တကြောဆိုလည်း နှစ်ကူးကို တတ်နိုင်သလောက် ချုံ့လိုက်တဲ့သဘောလေးတွေ မြင်ရတာပါ။”

တရုတ်နှစ်ကူး အကြိုကာလမှာလည်း ဒီနှစ်ကူးအတွက် ရောင်းချတဲ့ဆိုင်တွေ အများအပြားရှိပေမဲ့ စီးပွားရေး အဆင်မပြေကြတာကြောင့် ဝယ်တဲ့သူကတော့ အများကြီးနည်းသွားတယ်လို့ ရန်ကုန်တရုတ်တန်းက လုပ်ငန်းရှင်တချို့က ပြောပါတယ်။ မနေ့က နှစ်ကူးအကြိုညနေအထိ ဈေးသည်တွေရဲ့ လက်ထဲမှာ ပစ္စည်းအတော်များများ ရောင်းမကုန်ဘဲ ကျန်နေခဲ့တာပါ။

ဇန်နဝါရီလ ၂၄ ရက်ကနေ ဖေဖော်ဝါရီလ ၁၅ ရက်အထိက ၂၀၂၂ ခုနှစ်ရဲ့တရုတ်နှစ်သစ်ကူးကာလတွေပါ။ နှစ်သစ်ကူးအကြိုပွဲတော်နဲ့ လူကြီးမိဘတွေကို ကန်တော့တာတွေကို နှစ်သစ်ကူးအကြိုညဖြစ်တဲ့ ဇန်နဝါရီ ၃၁ ရက်အထိလုပ်ကြပြီး ဖေဖော်ဝါရီ ၁ ရက်ကနေ ၁၁ ရက် အထိကတော့ နွေဦးရာသီပွဲတော်လို့ ခေါ်တဲ့ တရုတ်နှစ်သစ်ကူးကာလဖြစ်ပါတယ်။ ကျန်တဲ့ ဖေဖော်ဝါရီ ၁၂ ရက်ကနေ ၁၅ ရက် အထိကတော့ မီးထွန်းပွဲတော်ရက်တွေပဲ ဖြစ်ပါတယ်။ တရုတ်နှစ်သစ်ကူးနေ့ဖြစ်သလို စစ်အာဏာသိမ်းနှစ်ပါတ်လည်နေ့လည်းဖြစ်နေတာမို့ ဈေးဆိုင်ပိုင်ရှင်တွေအနေနဲ့ ဆိုင်ပိတ်မယ်ဆိုရင် သက်ဆိုင်ရာမှာ အကြောင်းပြချက်ပေးပြီး စာတင်ခွင့်တောင်းကြရပါတယ်။ ဈေးတွေ၊ ဆိုင်တွေ မပိတ်ဖို့ စစ်ကောင်စီက သတိပေးထားတဲ့အတွက် ဈေးဆိုင်တွေဖွင့်ကြရပေမဲ့ နေ့လည်ပိုင်းက လူသွား လူလာ မရှိသလို ဈေးဝယ်လာသူတွေလည်း မရှိဘူးလို့ ဆိုင်ရှင်တွေက ပြောကြပါတယ်။

XS
SM
MD
LG