သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ COVID-19 ကူးစက်သူ နောက်တဦး ထပ်တိုး


ရန်ကုန်မြို့မှာ ပိုးသတ်ဆေးဖြန်းနေကြတဲ့ မီးသတ်ဝန်ထမ်းများနဲ့ စေတနာ့ဝန်ထမ်းများ (ဧပြီ ၀၈၊ ၂၀၂၀)
ရန်ကုန်မြို့မှာ ပိုးသတ်ဆေးဖြန်းနေကြတဲ့ မီးသတ်ဝန်ထမ်းများနဲ့ စေတနာ့ဝန်ထမ်းများ (ဧပြီ ၀၈၊ ၂၀၂၀)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ Coronavirus ပိုးကူးစက်နေသူ နောက်ထပ်တယောက်ကို စစ်ဆေးတေ့ွရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာနံပါတ် ၂၃ ဟာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကပ်တဲလ် ကျေးရွာမှာနေထိုင်သူ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် Green Card ရရှိထားသူဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

သတင်းဓာတ်ပုံ - Ministry of Health and Sports, Myanmar
သတင်းဓာတ်ပုံ - Ministry of Health and Sports, Myanmar

ဒါ့အပြင်သူဟာ လူနာနံပါတ် ၁ ရဲ့ မိခင်ဖြစ်ပြီး လူနာနံပါတ် ၁ နဲ့အတူ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ကနေ မတ်လ ၁၃ ရက်နေ့က ထွက်ခွာလာပြီး

ကာတာနိုင်ငံ၊ ဒိုဟာမြို့ကတဆင့် ရန်ကုန်လေဆိပ်ကို မတ်လ ၁၅ ရက်နေ့က ရောက်လာခဲ့တယ်လို့ ပြောပါတယ်။ လူနာနံပါတ် ၁ မှာ Coronavirus ပိုးကူးနေကြောင်း အတည်ပြုပြီးချိန်မှာ သူ့မိခင်ကို ရွာထဲက သီးသန့်အိမ်တလုံးမှာ သီးခြားခွဲစောင့်ကြည့် ဆေးစစ်ခဲ့တာဖြစ်ပါတယ်။

အသက် ၅၈ နှစ်အမျိုးသမီးမှာ ရောဂါပိုးကူးစက်နေပေမဲ့ ရောဂါလက္ခဏာ တစုံတရာမပြကြောင်းနဲ့ တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံကို ပို့ပြီး လိုအပ်တဲ့ ကုသမှုှုတွေ ဆက်လုပ်သွားမယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မတ်လ ၂၃ ရက်နေ့ကစပြီး မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးကူးစက်တယ်လို့ အတည်ပြုသူတွေထဲက ၂ ယောက်မှာ ရောဂါပိုးမတေ့ွရတော့ဘဲ ကျန်းမာရေးပြန်လည်ကောင်းမွန်လာတဲ့အတွက် ဆေးရုံတွေမှာ သီးခြားခွဲကုသမှု မလုပ်တော့ဘဲ တယောက်ကို တယောက်ကိုဆေးရုံမှာ ကျန်တယောက်ကို ဟိုတယ်မှာ အသွားအလာကန့်သတ် တားမြစ်မှုတွေလုပ်ထားတယ်လို့ဆိုပါတယ်။

ရောဂါပိုးတေ့ွသူတွေထဲက ကင်ဆာရောဂါ၊ ဆီးချိုနဲ့ သွေးတိုးရောဂါ အခံရှိသူ ၃ ယောက်ကတော့ သေဆုံးခဲ့ပါတယ်။

[Unicode Version]









XS
SM
MD
LG