သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာမွာ COVID-19 ကူးစက္ထားသူေတြထဲက ေနာက္ထပ္ ႏွစ္ဦး ေသဆံုး


ပိုးသတ္ေဆးျဖန္းေနတဲ့ ၀န္ထမ္းတဦး

(Zawgyi/Unicode)

COVID-19 ေရာဂါေၾကာင့္ ျမန္မာႏိုင္ငံက လူနာအမွတ္ ၁၇ နဲ႔ လူနာအမွတ္ ၁၆ တို႔ ေသဆုံးေၾကာင္း ျမန္မာက်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ဧၿပီလ ၈ ရက္ေန႔စြဲနဲ႔ သတင္းထုတ္ျပန္ပါတယ္။
အသက္ ၄၇ ႏွစ္အ႐ြယ္ လူနာနံပါတ္ ၁၇ မွာ ေသြးတိုးေရာဂါအခံရွိထားသူျဖစ္ၿပီး ဒီကေန႔မနက္ ၃ နာရီေလာက္မွာ ျပင္းထန္အဆုတ္ေရာင္ေရာဂါေၾကာင့္ ႐ုတ္တရက္ အသက္ရႈလမ္းေၾကာင္း ပ်က္စီးၿပီးေသဆုံးေၾကာင္း ေၾကျငာခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

လူနာနံပါတ္ ၁၇ ဟာ ေဆးခန္းတခုမွာ သူနာျပဳအျဖစ္လုပ္ကိုင္ေနတဲ့ ဇနီးျဖစ္သူ လူနာနံပါတ္ ၁၅ ဆီ ကေနပိုးကူးစက္ခံခဲ့ရတာျဖစ္ပါတယ္။ သူဟာ ပဲခူးတိုင္းေဒသႀကီး ေပါက္ေခါ င္းဇာတိျဖစ္ၿပီး ဧၿပီလ ၂ ရက္ေန႔ကတည္းက ကုသေပးေနတဲ့ ျပည္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံမွာပဲ ကြယ္လြန္သြားတာပါ။

လူနာအမွတ္ ၁၆ ကေတာ့ အသက္ ၆၃ ႏွစ္အ႐ြယ္ ဧရာဝတီတိုင္း၊ ေရၾကည္ၿမိဳ႕နယ္ ေဒသခံျဖစ္ၿပီး ဆီးခ်ိဳေရာဂါခံရွိသူ အမ်ိဳးသမီးျဖစ္ပါတယ္။

သူကေတာ့ ဒူဘိုင္းက ျပန္လာတဲ့ သားျဖစ္သူကို ေလဆိပ္မွာ သြားႀကိဳၿပီး ၂ ပတ္အၾကာမွာ ေနထိုင္မေကာင္းျဖစ္လာတာပါ။ ဧၿပီလ ၁ ရက္ေန႔ကတည္းက သူတက္ေရာက္ကုသေနတဲ့ ေဝဘာဂီေဆး႐ုံမွာပဲ ဒီကေန႔မနက္မွာပဲ ေသဆုံးခဲ့ပါတယ္။

သူကေတာ့ ႐ုတ္တရက္ ႏွလုံးေသြးေၾကာပိတ္ၿပီး ႏွလုံးႂကြက္သားပုပ္သြားတာ၊ ျပင္းထန္အဆုတ္ေရာင္ ေရာဂါအျပင္ အျခား ေရာဂါအခံေတြေၾကာင့္ေသဆုံးတာ ျဖစ္တယ္လို႔လည္းေျပာထားပါတယ္။

ဒီကေန႔ ေသဆုံးသြားသူ ႏွစ္ဦးနဲ႔ဆိုရင္ ျမန္မာႏိုင္ငံမွာ COVID-19 ကူးစက္ခံရသူေတြထဲက ေသဆုံးသူ စုစုေပါင္း ၃ ဦး ရွိသြားပါၿပီ။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဧၿပီလ ၆ ရက္ေန႔ည ထုတ္ျပန္ခ်က္အရ ျမန္မာမွာ COVID-19 ဓာတ္ခြဲအတည္ျပဳလူနာ ၂၂ ဦးရွိေနပါတယ္။

ဓာတ္ခြဲအတည္ျပဳလူနာေတြထဲမွာ လူနာနံပါတ္ ၄ ကေတာ့ သက္သာေပ်ာက္ကင္းသြားၿပီလို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာသာထြန္းေက်ာ္က ဗြီအိုေအကို ဧၿပီလ ၇ ရက္ေန႔မွာ အတည္ျပဳေျပာဆိုခဲ့ပါတယ္။

ဓာတ္ခြဲအတည္ျပဳလူနာေတြထဲမွာ လူနာနံပါတ္ ၄ ကေတာ့ သက္သာေပ်ာက္ကင္းသြားၿပီလို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာသာထြန္းေက်ာ္က ဗြီအိုေအကို ဧၿပီလ ၇ ရက္ေန႔မွာ အတည္ျပဳေျပာဆို္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာမှာ COVID-19 ကူးစက်ထားသူတွေထဲက နောက်ထပ် နှစ်ဦး သေဆုံး

COVID-19 ရောဂါကြောင့် မြန်မာနိုင်ငံက လူနာအမှတ် ၁၇ နဲ့ လူနာအမှတ် ၁၆ တို့ သေဆုံးကြောင်း မြန်မာကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဧပြီလ ၈ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

အသက် ၄၇ နှစ်အရွယ် လူနာနံပါတ် ၁၇ မှာ သွေးတိုးရောဂါအခံရှိထားသူဖြစ်ပြီး ဒီကနေ့မနက် ၃ နာရီလောက်မှာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှုလမ်းကြောင်း ပျက်စီးပြီးသေဆုံးကြောင်း ကြေငြာချက်ထဲမှာ ဖော်ပြထားပါတယ်။

လူနာနံပါတ် ၁၇ ဟာ ဆေးခန်းတခုမှာ သူနာပြုအဖြစ်လုပ်ကိုင်နေတဲ့ ဇနီးဖြစ်သူ လူနာနံပါတ် ၁၅ဆီ ကနေပိုးကူးစက်ခံခဲ့ရတာဖြစ်ပါတယ်။ သူဟာ ပဲခူးတိုင်းဒေသကြီး ပေါက်ခေါ င်းဇာတိဖြစ်ပြီး ဧပြီလ ၂ ရက်နေ့ကတည်းက ကုသပေးနေတဲ့ ပြည်မြို့ ပြည်သူ့ဆေးရုံမှာပဲ ကွယ်လွန်သွားတာပါ။

လူနာအမှတ် ၁၆ ကတော့ အသက် ၆၃ နှစ်အရွယ် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် ဒေသခံဖြစ်ပြီး ဆီးချိုရောဂါခံရှိသူ အမျိုးသမီးဖြစ်ပါတယ်။

သူကတော့ ဒူဘိုင်းက ပြန်လာတဲ့ သားဖြစ်သူကို လေဆိပ်မှာ သွားကြိုပြီး ၂ ပတ်အကြာမှာ နေထိုင်မကောင်းဖြစ်လာတာပါ။ ဧပြီလ ၁ ရက်နေ့ကတည်းက သူတက်ရောက်ကုသနေတဲ့ ဝေဘာဂီဆေးရုံမှာပဲ ဒီကနေ့မနက်မှာပဲ သေဆုံးခဲ့ပါတယ်။

သူကတော့ ရုတ်တရက် နှလုံးသွေးကြောပိတ်ပြီး နှလုံးကြွက်သားပုပ်သွားတာ၊ ပြင်းထန်အဆုတ်ရောင် ရောဂါအပြင် အခြား ရောဂါအခံတွေကြောင့်သေဆုံးတာ ဖြစ်တယ်လို့လည်းပြောထားပါတယ်။

ဒီကနေ့ သေဆုံးသွားသူ နှစ်ဦးနဲ့ဆိုရင် မြန်မာနိုင်ငံမှာ COVID-19 ကူးစက်ခံရသူတွေထဲက သေဆုံးသူ စုစုပေါင်း ၃ ဦး ရှိသွားပါပြီ။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဧပြီလ ၆ ရက်နေ့ည ထုတ်ပြန်ချက်အရ မြန်မာမှာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၂၂ ဦးရှိနေပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာတွေထဲမှာ လူနာနံပါတ် ၄ ကတော့ သက်သာပျောက်ကင်းသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ဗွီအိုအေကို ဧပြီလ ၇ ရက်နေ့မှာ အတည်ပြုပြောဆိုခဲ့ပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာတွေထဲမှာ လူနာနံပါတ် ၄ ကတော့ သက်သာပျောက်ကင်းသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ဗွီအိုအေကို ဧပြီလ ၇ ရက်နေ့မှာ အတည်ပြုပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG