သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၂၈ ယောက်ရှိပြီ


[ ZAWGYI ]


COVID 19 စောင့်ကြည့်လူနာ ၇၉ ဦးထဲက တစ်ဦးမှာ ရောဂါပိုး တွေ့ရှိရတာကြောင့် မြန်မာနိုင်ငံမှာ ဓါတ်ခွဲအတည်ပြုလူနာ ၂၈ ယောက် ရှိသွားခဲ့ပြီလို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ဧပြီလ ၁၀ ရက်နေ့ ညပိုင်းမှာ ကြေညာခဲ့ပါတယ်။ ဧပြီလ ၁၀ ရက်နေ့ မနက်ပိုင်းမှာလည်း စောင့်ကြည့်လူနာ ၄ ယောက်မှာ ရောဂါပိုးတွေ့ရှိတယ်လို့ ကြေညာထားတာကြောင့် တရက်တည်း စောင့်ကြည့် လူနာ ၅ ယောက်မှာ ရောဂါ ပိုးတွေ့ရှိခဲ့တာပါ။ ရောဂါပိုး နောက်ဆုံးတွေ့ရှိသူ လူနာ နံပါတ် (၂၈)ဟာ ဓါတ်ခွဲအတည်ပြု လူနာ နံပါတ် (၈)နဲ့ အနီးကပ် ထိတွေ့ခဲ့တဲ့ မိသားစုဝင်တစ်ယောက်ဖြစ်ပြီး အသွား အလာ ကန့်သတ်ထားရှိချိန်အတွင်း ရောဂါ လက္ခဏာတွေ ပြလာတာကြောင့် ဓါတ်ခွဲ စစ်ဆေးရာက အခုလို ရောဂါပိုး ရှိနေကြောင်း သိရှိရတာ လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။ သွေးတိုးနဲ့ ဆီးချို ရောဂါ အခံရှိသူ လူနာ နံပါတ် (၂၈)ကို ဝေဘာဂီ အထူးကု ဆေးရုံကြီးမှာ ကုသပေးမှာ ဖြစ်ပါတယ်။ ဧပြီ ၉ ရက်နေ့က ၁၀ရက်နေ့အတွင်း စောင့်ကြည့် လူနာအသစ် (၅၁) ဦး တိုးလာတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာ covid 19 လူနာနံပါတ် ၂၈
မြန်မာ covid 19 လူနာနံပါတ် ၂၈

COVID 19 ကူးစက်ရောဂါ ပျံ့နှံ့နေတာကို တားဆီးတဲ့အနေနဲ့ ဧပြီလ ၁၀ ရက်က ၁၉ ရက်နေ့အထိ သင်္ကြန်ကာလအတွင်း မလိုအပ်ဘဲ အိမ်ပြင်မထွက်ကြဖို့နဲ့ လူစုလူဝေး မလုပ်ဖို့ကို တိုင်းဒေသကြီး အစိုးရ အသီးသီးက ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပါတယ်။ ဒီ အစီအစဉ်ကို ကြပ်မတ် ဆောင်ရွက်ဖို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားထားပေမဲ့ နေအိမ် အပြင်မထွက်ဖို့ကိစ္စမှာ ဥပဒေအရ တင်းကြပ်တဲ့ သဘောတော့ မတွေ့ရပါဘူး။

ရန်ကုန်တိုင်းဒေသကြီး COVID- 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီကတော့မဖြစ်မနေဆောင်ရွက်ရမယ့် ကျန်းမာရေးကိစ္စနဲ့ အစားအသောက်ဝယ်ယူတဲ့ ကိစ္စတွေကလွဲပြီး အိမ်ပြင်မထွက်ဘဲ နေထိုင်ဖို့ အသွားအလာကန့် သတ်တဲ့ အစီအစဉ်မှာ ပြည်သူတွေပူးပေါင်းပါဝင်ဖို့ ညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။ မန္တလေးတိုင်းမှာလည်း ဧပြီလ ရရက်နေ့ကနေ ၂၁ရက်နေ့အထိ မလိုအပ်ဘဲအိမ်ပြင်မထွက်ဖို့ကို ညွှန်ကြားထားပါတယ်။ သက်ဆိုင်ရာဒေသအတိုင်း ခရီးသွားလာခွင့်နဲ့ ယဉ်အဝင် အထွက်တားမြစ်မိန့်ထုတ်ပြန်တာတွေလည်း ရှိနေပါတယ်။ လူစုလူဝေးနဲ့ပွဲလမ်းသဘင်ဆောင်ရွက်တာတွေကိုတော့ ဒေသန္တရအမိန့် တွေနဲ့ တင်းတင်းကြပ်ကြပ် တားမြစ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်


[ UNICODE ]




XS
SM
MD
LG