(Zawgyi/Unicode)
ျမန္မာႏိုင္ငံမွာ Coronavirus ပိုးကူးစက္ေနသူ ေနာက္ထပ္ ၄ ေယာက္ စစ္ေဆးေတြ႔ရွိခဲ့ေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဧၿပီလ ၁၀ ရက္ေန႔ ရက္စြဲနဲ႔ သတင္းထုတ္ျပန္လုိက္တာေၾကာင့္ စုစုေပါင္း ေရာဂါပုိးကူးစက္သူ ၂၇ ေယာက္ရွိသြားၿပီ ျဖစ္ပါတယ္။
လူနာ အမွတ္ (၂၄) ကေတာ့ လက္ရွိမွာ ေျမာက္ဥကၠလာပျပည္သူ႔ေဆးရုံမွာ ေဆးကုသမႈ ခံယူေနၿပီး လူနာ အမွတ္ (၂၅) နဲ႔ (၂၆) တုိ႔ကေတာ့ ရန္ကုန္ျပည္သူ႔ေဆးရုံႀကီးမွာ ေဆးကုသမႈ ခံယူေနေၾကာင္းနဲ႔ လူနာ အမွတ္ (၂၇) ကေတာ့ က်ဳိက္မေရာၿမိဳ႕ ျပည္သူ႔ေဆးရုံမွာ ေဆးကုသမႈ ခံယူေနတယ္လုိ႔ ဆုိပါတယ္။
အခုထပ္မံေတြ႔ရွိတဲ့ လူနာ ၄ ဦးဟာ အမ်ဳိးသား ၂ ဦးနဲ႔ အမ်ဳိးသမီး ၂ ဦးျဖစ္ၿပီး လြန္ခဲ့တဲ့ ၁၄ ရက္အတြင္း ခရီးသြားရာဇ၀င္ မရွိဘူးလုိ႔ ဆုိပါတယ္။ ဒါေပမယ့္ လူနာ အမွတ္ (၂၄) ဟာ မတ္လ ၁၉ ရက္ေန႔က စကၤာပူကေန ျမန္မာႏုိင္ငံကုိ ျပန္ေရာက္လာသူ ျဖစ္ၿပီး၊ လူနာ အမွတ္ (၂၇) ကေတာ့ မတ္လ ၂၀ ရက္ေန႔က ထုိင္းႏုိင္ငံကေန ျပန္ေရာက္လာသူျဖစ္တယ္လုိ႔ ေဖာ္ျပထားပါတယ္။
ေရာဂါပုိးေတ႔ြသူေတြထဲက ကင္ဆာေရာဂါ၊ ဆီးခ်ဳိနဲ႔ ေသြးတုိးေရာဂါ အခံ႐ွိသူ ၃ ေယာက္ကေတာ့ ေသဆံုးခဲ့ပါတယ္။
...............
မြန်မာနိုင်ငံမှာ COVID-19 ကူးစက်နေသူ ၄ ဦး ထပ်တိုး
(Unicode)
မြန်မာနိုင်ငံမှာ Coronavirus ပိုးကူးစက်နေသူ နောက်ထပ် ၄ ယောက် စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဧပြီလ ၁၀ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်တာကြောင့် စုစုပေါင်း ရောဂါပိုးကူးစက်သူ ၂၇ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။
လူနာ အမှတ် (၂၄) ကတော့ လက်ရှိမှာ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေပြီး လူနာ အမှတ် (၂၅) နဲ့ (၂၆) တို့ကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေကြောင်းနဲ့ လူနာ အမှတ် (၂၇) ကတော့ ကျိုက်မရောမြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။
အခုထပ်မံတွေ့ရှိတဲ့ လူနာ ၄ ဦးဟာ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦးဖြစ်ပြီး လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း ခရီးသွားရာဇဝင် မရှိဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် လူနာ အမှတ် (၂၄) ဟာ မတ်လ ၁၉ ရက်နေ့က စင်္ကာပူကနေ မြန်မာနိုင်ငံကို ပြန်ရောက်လာသူ ဖြစ်ပြီး၊ လူနာ အမှတ် (၂၇) ကတော့ မတ်လ ၂၀ ရက်နေ့က ထိုင်းနိုင်ငံကနေ ပြန်ရောက်လာသူဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ရောဂါပိုးတေ့ွသူတွေထဲက ကင်ဆာရောဂါ၊ ဆီးချိုနဲ့ သွေးတိုးရောဂါ အခံရှိသူ ၃ ယောက်ကတော့ သေဆုံးခဲ့ပါတယ်။