သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်ချက်နဲ့ သေဆုံးသူ ၁,၃၀၃ ဦးရှိပြီလို့ AAPP ထုတ်ပြန်


စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြသူတဦးကို ဖမ်းဆီးနေတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ။ (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၁)
စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြသူတဦးကို ဖမ်းဆီးနေတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ။ (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၁)

(Zawgyi / Unicode)

စစ်တပ်အာဏာသိမ်းယူခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က ဒီဇင်ဘာလ ၄ ရက် ဒီကနေ့အထိဆိုရင် စစ်ကောင်စီရဲ့ လက်ချက်ကြောင့် သေဆုံးသူ စုစုပေါင်း ၁,၃၀၃ ယောက်ရှိပြီလို့ အဖြစ်အပျက်တွေကို ကောက်ယူစုဆောင်းပြီး ပြုစုမှတ်တမ်းတင်နေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုနောက်ဆုံး အတည်ပြု မှတ်တမ်းတင်နိုင်တဲ့ သေဆုံးသူဟာ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ကဖြစ်ပြီး အရင်ရက်က သေဆုံးခဲ့တာကို ဒီကနေ့မှာ စာရင်းထည့်သွင်းနိုင်တာ ဖြစ်တယ်လို့ AAPP က ပြောပါတယ်။ ဒီသေဆုံးအရေအတွက်ဟာ AAPP က အတည်ပြုနိုင်တဲ့ အရေအတွက်ပဲဖြစ်ပြီး အမှန်တကယ် အရေအတွက်က ပိုများနိုင်တယ်လို့ AAPP ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီကတော့ AAPP ရဲ့ အရေအတွက်ဟာ ချဲ့ကားထားတာဖြစ်ပြီး အမှန်က အဲဒီလောက်မရှိဘူးလို့ ချေပထားပါတယ်။

အခုချိန်ထိဆိုရင် ဖမ်းဆီးခံထားရသူပေါင်း ၇,၇၅၀ ယောက်ရှိပြီး ၃၅၄ ယောက်ကို ထောင်ဒဏ်တွေ ချမှတ်ထားတာမှာ အဲဒီထဲက ကလေးငယ် ၂ ဦး အပါအဝင် ၃၆ ယောက်ဟာ သေဒဏ်ချမှတ်ခံထားရတယ်လို့ AAPP က ထုတ်ပြန်ပါတယ်။ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ထားသူ ၁၁၈ ယောက်ရှိတာမှာ ၃၉ ယောက်က မျက်ကွယ်သေဒဏ် ချမှတ်ခံထားရတယ်လို့လည်း ပြောပါတယ်။ စုစုပေါင်းဆိုရင် သေဒဏ်ချမှတ်ခံထားရသူပေါင်း ၇၅ ယောက်ရှိပါတယ်။

စစ်ကောင်စီက ဖမ်းဆီးတာတွေကို အပြင်းအထန် ဆက်လုပ်နေချိန်မှာပဲ အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သူတွေကလည်း ဒေသတချို့မှာ ဆန္ဒပြတာတွေ ဆက်ရှိနေသလို လက်နက်ကိုင် ခုခံတိုက်ခိုက်တာတွေလည်း မြန်မာနိုင်ငံ ဒေသတချို့မှာ ဆက်ဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)







XS
SM
MD
LG