[Zawgyi/Unicode]
ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါကူးစက္သူ ၁,၀၉၃ ဦး ထပ္တိုးၿပီး ေသဆုံးသူ အေယာက္ ၂၀ ထပ္တိုးတဲ့အေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာေပါင္း ၁၃,၄၉၀ ခုထဲမွာ အခုလို ေနာက္ထပ္ ပိုးကူးစက္သူေတြ ေတြ႕ရတာျဖစ္ၿပီး လက္ရွိအခ်ိန္ထိ စစ္ေဆးၿပီးသမ ွ် ဓာတ္ခြဲနမူနာေပါင္း ၆၇၅,၉၈၉ ခုထဲမွာ ဗိုင္းရပ္စ္ပိုးကူးစက္သူ စုစုေပါင္း ၅၁,၄၉၆ ဦး ရွိတယ္ဆိုတာ အတည္ျပဳ ထုတ္ျပန္ထားပါတယ္။ ေသဆုံးသူကေတာ့ စုစုေပါင္း ၁,၂၁၉ ဦးရွိပါၿပီ။
ဒီကေန႔ညထုတ္ျပန္တဲ့ ေသဆုံးသူေတြထဲမွာ ၁၈ ဦးဟာ ေရာဂါအခံရွိသူေတြျဖစ္တယ္လို႔ က်န္းမာေရးဌာန ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။
ေဆး႐ုံဆင္းခြင့္ရရွိသူက ၁,၃၂၃ ဦးထပ္တိုးတာေၾကာင့္ ေဆး႐ုံကဆင္းသြားသူေပါင္း ၃၁,၃၃၀ ဦးရွိသြားပါၿပီ။ ေဆးရုံက ဆင္းသြားသူအေရအတြက္ထက္ ပိုးေတြ႔သူအေရအတြက္က အခုရက္ပိုင္းေတြအတြင္း ပိုေလ်ာ့လာေနတာေတြ႔ရပါတယ္။
ဒီကေန႔ထုတ္ျပန္တဲ့ ေဆး႐ုံက ဆင္းသြားသူေတြထဲမွာ ရန္ကုန္ COVID-19 ေရာဂါ ကုသေရးဌာနေတြကေန ဆင္းသြားသူက ၁,၀၅၆ ဦးပါပါတယ္။
ဒီကေန႔ အေရအတြက္ထဲမွာ ပိုးေတြ႔ႏႈန္း ၈.၁ ရာခိုင္ႏႈန္း၊ ျပန္ေကာင္းသြားတဲ့ႏႈန္း ၆၀.၈ ရာခိုင္ႏႈန္း နဲ႔ ေသဆံုးႏႈန္းက ၂.၃၇ ရာခိုင္ႏႈန္း ရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ သတင္းထုတ္ျပန္ေရးအဖြဲ႔ဝင္၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက သူ႔ရဲ႕ ေဖ့စ္ဘုတ္မွာ မၾကာေသးခင္ အခ်ိန္ပိုင္းအတြင္းက ေရးထားပါတယ္။
[Unicode Version]
မြန်မာ COVID-19 ကူးစက်သူ ၅၁,၄၉၆၊ သေဆုံးသူ ၁,၂၁၉
မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ ၁,၀၉၃ ဦး ထပ်တိုးပြီး သေဆုံးသူ အယောက် ၂၀ ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၁၃,၄၉၀ ခုထဲမှာ အခုလို နောက်ထပ် ပိုးကူးစက်သူတွေ တွေ့ရတာဖြစ်ပြီး လက်ရှိအချိန်ထိ စစ်ဆေးပြီးသမ ျှ ဓာတ်ခွဲနမူနာပေါင်း ၆၇၅,၉၈၉ ခုထဲမှာ ဗိုင်းရပ်စ်ပိုးကူးစက်သူ စုစုပေါင်း ၅၁,၄၉၆ ဦး ရှိတယ်ဆိုတာ အတည်ပြု ထုတ်ပြန်ထားပါတယ်။ သေဆုံးသူကတော့ စုစုပေါင်း ၁,၂၁၉ ဦးရှိပါပြီ။
ဒီကနေ့ညထုတ်ပြန်တဲ့ သေဆုံးသူတွေထဲမှာ ၁၈ ဦးဟာ ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဆေးရုံဆင်းခွင့်ရရှိသူက ၁,၃၂၃ ဦးထပ်တိုးတာကြောင့် ဆေးရုံကဆင်းသွားသူပေါင်း ၃၁,၃၃၀ ဦးရှိသွားပါပြီ။ ဆေးရုံက ဆင်းသွားသူအရေအတွက်ထက် ပိုးတွေ့သူအရေအတွက်က အခုရက်ပိုင်းတွေအတွင်း ပိုလျော့လာနေတာတွေ့ရပါတယ်။
ဒီကနေ့ထုတ်ပြန်တဲ့ ဆေးရုံက ဆင်းသွားသူတွေထဲမှာ ရန်ကုန် COVID-19 ရောဂါ ကုသရေးဌာနတွေကနေ ဆင်းသွားသူက ၁,၀၅၆ ဦးပါပါတယ်။
ဒီကနေ့ အရေအတွက်ထဲမှာ ပိုးတွေ့နှုန်း ၈.၁ ရာခိုင်နှုန်း၊ ပြန်ကောင်းသွားတဲ့နှုန်း ၆၀.၈ ရာခိုင်နှုန်း နဲ့ သေဆုံးနှုန်းက ၂.၃၇ ရာခိုင်နှုန်း ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားပါတယ်။