သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

​ျမန္မာကိုဗစ္ ဓါတ္ခဲြအတည္ျပဳစုစုေပါင္း ၅၆,၉၄၀ ဦး၊ ေသဆံုး ၁,၃၃၀ ဦး


COVID ေရာဂါရွိမရွိ စစ္ေဆးေပးေနတဲ့ PPE ဝတ္စံုဝတ္ က်န္းမာေရးဝန္ထမ္းမ်ား။ (ေအာက္တိုဘာ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ေရာဂါကူးစက္သူ ၁,၁၃၆ ဦး ထပ္တိုးၿပီး ေသဆုံးသူက ၂၃ ဦး ထပ္တိုးတဲ့အေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဓာတ္ခြဲနမူနာေပါင္း ၁၄,၉၅၅ ခုကို စစ္ေဆးခဲ့တဲ့ထဲက အခုလို ေနာက္ထပ္ ေရာဂါပိုးကူးစက္ထားသူေတြ ေတြ႕ရတာျဖစ္ၿပီး ဒီကေန႔အထိဆိုရင္ စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာေပါင္း ၇၃၇,၀၉၀ ခု ရွိသြားၿပီျဖစ္ပါတယ္။ ေသဆုံးသူအေရအတြက္က ၁,၃၃၀ ဦး ရွိၿပီျဖစ္ၿပီး ေရာဂါပိုး ကူးစက္သူေပါင္းကေတာ့ ၅၆,၉၄၀ ဦး ရွိသြားပါၿပီ။

ဒီကေန႔ထုတ္ျပန္တဲ့ ေသဆံုးသူ ၂၃ ဦးထဲမွာ ၁၈ ဦးဟာ ေရာဂါအခံရွိသူေတြျဖစ္တယ္လို႔လည္း က်န္းမာေရးဌာနကေျပာပါတယ္။

ဒီကေန႔ညထုတ္ျပန္ခ်က္မွာ ေဆး႐ုံဆင္းခြင့္ရရွိသူအေရအတြက္ ၁,၇၁၅ ဦးရွိတယ္လို႔ ေဖာ္ျပထားတာေၾကာင့္ ေဆး႐ုံကဆင္းခြင့္ရၿပီးသူ စုစုေပါင္း ၄၀,၇၇၈ ဦး ရွိသြားၿပီျဖစ္ပါတယ္။

ဒီကေန႔ထုတ္ျပန္ခ်က္အရ ဓာတ္ခြဲစစ္ေဆးတဲ့ နမူနာအေရအတြက္ စုစုေပါင္းထဲမွာ ပိုးေတြ႕သူ ၇.၆ ရာခိုင္ႏႈန္းရွိၿပီး ေဆး႐ုံကဆင္းခြင့္ရသူ ၇၁.၆ ရာခိုင္ႏႈန္း၊ ေသဆုံးႏႈန္းက ၂.၃ ရာခိုင္ႏႈန္း ရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ သတင္းထုတ္ျပန္ေရးအဖြဲ႕ဝင္၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက သူ႔ရဲ႕ေဖ့စ္ဘုတ္မွာ မၾကာေသးခင္ အခ်ိန္ပိုင္းအတြင္းက ေရးထားပါတယ္။

[Unicode Version]

မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၅၆,၉၄၀ ဦး၊ သေဆုံး ၁,၃၃၀ ဦး

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၁၃၆ ဦး ထပ်တိုးပြီး သေဆုံးသူက ၂၃ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ခွဲနမူနာပေါင်း ၁၄,၉၅၅ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုးကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၇၃၇,၀၉၀ ခု ရှိသွားပြီဖြစ်ပါတယ်။ သေဆုံးသူအရေအတွက်က ၁,၃၃၀ ဦး ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၅၆,၉၄၀ ဦး ရှိသွားပါပြီ။

ဒီကနေ့ထုတ်ပြန်တဲ့ သေဆုံးသူ ၂၃ ဦးထဲမှာ ၁၈ ဦးဟာ ရောဂါအခံရှိသူတွေဖြစ်တယ်လို့လည်း ကျန်းမာရေးဌာနကပြောပါတယ်။

ဒီကနေ့ညထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူအရေအတွက် ၁,၇၁၅ ဦးရှိတယ်လို့ ဖော်ပြထားတာကြောင့် ဆေးရုံကဆင်းခွင့်ရပြီးသူ စုစုပေါင်း ၄၀,၇၇၈ ဦး ရှိသွားပြီဖြစ်ပါတယ်။

ဒီကနေ့ထုတ်ပြန်ချက်အရ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၇.၆ ရာခိုင်နှုန်းရှိပြီး ဆေးရုံကဆင်းခွင့်ရသူ ၇၁.၆ ရာခိုင်နှုန်း၊ သေဆုံးနှုန်းက ၂.၃ ရာခိုင်နှုန်း ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG