သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ COVID-19 ကူးစက်သူ ၅၈,၀၀၀ နီးပါး၊ သေဆုံးသူ ၁,၃၅၂ ဦး ရှိပြီ


ရန်ကုန်မြို့တွင် ကိုဗစ်ကြောင့်သေဆုံးသူတစ်ဦးကို သဂြိုၤဟ်ဖို့ ပြင်ဆင်နေတဲ့ PPE ဝတ်စုံဝတ် ပရဟိတလုပ်သားများ။ (အောက်တိုဘာ ၁၇၊ ၂၀၂၀)
ရန်ကုန်မြို့တွင် ကိုဗစ်ကြောင့်သေဆုံးသူတစ်ဦးကို သဂြိုၤဟ်ဖို့ ပြင်ဆင်နေတဲ့ PPE ဝတ်စုံဝတ် ပရဟိတလုပ်သားများ။ (အောက်တိုဘာ ၁၇၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၉၉၅ ဦး ထပ်တိုးပြီး သေဆုံးသူက ၂၂ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ခွဲနမူနာပေါင်း ၁၃,၈၆၀ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုးကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၇၉၀,၉၅၀ ခု ရှိသွားပြီဖြစ်ပါတယ်။ သေဆုံးသူအရေအတွက်က ၁,၃၅၂ ဦး ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၅၇,၉၃၅ ဦး ရှိသွားပါပြီ။

ဒီကနေ့ညထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူအရေအတွက် ၁,၄၀၀ ဦးရှိတယ်လို့ ဖော်ပြထားတာကြောင့် ဆေးရုံက ဆင်းခွင့်ရပြီးသူ စုစုပေါင်း ၄၂,၁၇၈ ဦး ရှိသွားပြီဖြစ်ပါတယ်။

ဒီကနေ့ထုတ်ပြန်ချက်အရ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့နှုန်း ၇.၂ ရာခိုင်နှုန်း ရှိပြီး ပြန်ကောင်းနှုန်း ၇၃ ရာခိုင်နှုန်း၊ သေဆုံးနှုန်းက ၂.၃ ရာခိုင်နှုန်း ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားပါတယ်။

အခုနှုန်းထားတွေအရဆိုရင် ပိုးတွေ့သူနှုန်းထား ကျလာတဲ့ပုံရှိပြီး ပြန်ကောင်းသူနှုန်းထားက တက်လာပြီးတော့ သေဆုံးနှုန်းက တန့်နေတဲ့ အနေအထား ရှိပါတယ်။

[Unicode Version]







XS
SM
MD
LG