သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာမွာ ကုိဗစ္ေၾကာင့္ ေသဆုံးသူ ၃၁ ဦးနဲ႔ ကူးစက္သူ ၁,၄၀၀ ေက်ာ္တုိး


တာဝန္ထမ္းေဆာင္ေနၾကေသာ PPE ဝတ္စံုႏွင့္ လုပ္အားေပးတဦးကို ရန္ကုန္ၿမိဳ႕မွာ ေတြ႔ရ။ (ေအာက္တိုဘာ ၀၁၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ေသာၾကာေန႔ညေနာက္ဆံုးထုတ္ျပန္ခ်က္အရ ပိုးေတြ႔သူသစ္ ၁,၄၆၁ စံခ်ိန္သစ္ထပ္တင္ခဲ့ၿပီး စုစုေပါင္းပိုးေတြ႔သူ ၂၃,၉၀၆ ဦးရွိလာကာ၊ ေသဆံုးသူသစ္လည္း ၃၁ ဦး ရွိခဲ့တာေၾကာင့္၊ စုစုေပါင္းေသဆံုးသူ ၅၆၆ ဦး အထိရွိလာေနပါတယ္။

အရင္ပိုးေတြ႔သူအျမင့္ဆံုးထုတ္ျပန္ခဲ့တာက ဗုဒၶဟူးေန႔ညဘက္ကျဖစ္ၿပီး၊ ၁,၄၀၀ ရွိခဲ့ၿပီး၊ ေသဆံုးသူကလည္း ၃၉ ဦးအထိ စံခ်ိန္တင္ခဲ့ရာကေန၊ မေန႔ ၾကာသပေတးကေတာ့ ပိုးေတြ႔သူ ၁,၀၁၂ ဦးနဲ႔ ေသဆံုးသူ ၂၅ ဦးအျဖစ္နည္းနည္း ျပန္က်ၿပီး၊ အခု ဒီေန႔ နည္းနည္း ျပန္တက္လာတာပါ။

ဒါေၾကာင့္ ဒီတစ္ပတ္အတြင္း ပိုးေတြ႔သူ ဂရပ္ဖ္မ်ဥ္း နည္းနည္း စ တန္းလာေပမဲ့၊ ေနာက္တစ္ပတ္ အနည္းဆံုးဆက္ေစာင့္ၾကည္႔ဖို႔လိုဦးမယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေျပာခြင့္ရ ေဒါက္တာ သန္းႏုိင္စိုးကဆိုၿပီး၊ ဒီေန႔ ထူးျခားတာတစ္ခုကိုပါ ဆက္ေျပာပါတယ္။

“ဒီေန႔ကေတာ့ Case (ပိုးေတြ႔လူနာ) ေတြလည္း ဒါမေန႔ကေတာ့ ဂရပ္ဖ္အရေတာ့ က်ေနာ္တို႔ နည္းနည္းေလး တန္းလာၿပီေပါ့ေနာ္။ ဒါေပမဲ့လည္း တစ္ပတ္ေလာက္ေတာ့ ဆက္ၿပီးေစာင့္ၾကည့္ရဦးမွာေပါ့ ဆရာရယ္။ ထူးျခားတာကေတာ့ ေဝဘာဂီေဆးရံုဘက္ကေပါ့ေနာ္၊ သူနာျပဳဆရာမ ၂ ေယာက္၊ အဲ့ဒါေလးေတာ့ ဒီေန႔ Positive (ပိုးေတြ႔တာ) ျဖစ္တာရွိတယ္ေပါ့ေနာ္။ အဲ့ဒီေတာ့ ဘယ္ေနရာက ကူးစက္လဲဆိုတာ သိဖို႔အတြက္ေတာ့၊ က်ေနာ္တို႔႔ Medial Audit (ေဆးပညာရပ္ဆိုင္ရာစစ္ေဆးတာ) ေပါ့ေနာ္၊ ဒီဟာေလး လုပ္ငန္းေလး ေဆာင္ရြက္ေနပါတယ္ခင္ဗ်။”

ျမန္မာႏိုင္ငံမွာ အျမန္စစ္ႏိုင္တဲ့နည္းနဲ႔ မၾကာခင္ရက္ပိုင္းတြင္း လူပိုမ်ားမ်ား စစ္လာႏိုင္ၿပီး၊ အခုဒီေန႔မွာ လူေပါင္း ၁၅,၃၀၁ ဦးအထိ စစ္ခဲ့တာမို႔၊ မေန႔ကထက္ ၃,၀၀၀ ေက်ာ္နဲ႔၊ တေန႔ကထက္ ၃,၀၀၀ နီးပါးပိုစစ္ခါ၊ အရင္အပတ္ေတြကထက္ဆိုရင္ ၃ ဆေလာက္ပိုစစ္တာကေန ခုလိုအနည္းငယ္ပဲ တက္လာေသးတာပါ။

တခ်ိန္ထဲမွာ ေဆးရံုဆင္းႏုိင္သူကလည္း ဒီေန႔ ၃၇၂ ဦးအထိျမင့္လာတာေၾကာင္း၊ စုစုေပါင္းျပန္ေကာင္းလာသူ ၆,၇၃၈ ဦး အျဖစ္၊ စုစုေပါင္းပိုးေတြသူရဲ႕ ၃၀ ရာခိုင္ႏႈန္း နီးပါး အထိရွိလာေနၿပီ။

ဒါေပမဲ့ ေနာက္ပိုင္းမွာ ေျပာင္းလဲလာႏိုင္တဲ့ အေနအထားေပၚ မူတည္ၿပီး ေဆးရံုဝန္ထမ္းအကန္႔အသတ္ေၾကာင့္ ရပ္ရြာအတြင္း သီးသန္႔ေနရာေတြနဲ႔ သင့္ေတာ္တဲ့အိမ္ေတြမွာပါ ပိုးေတြ႔သူေတြထားႏိုင္ဖို႔ စဥ္းစားေနၿပီလို႔ ေဒါက္တာသန္းႏိုင္စိုးက ဆက္ေျပာပါတယ္။

“ေနာက္ပိုင္းမွာေတာ့ ဒါ Community-based System (ရပ္႐ြာအေျချပဳစနစ္) ကို က်ေနာ္တို႔က ဦးတည္တာေပါ့ေနာ္။ Community-based Isolation Center (CIC) ေပါ့ဆရာ။ ေနာက္တစ္ခုက၊ တဘက္က အေျခအေနေကာင္းတဲ့သူေတြက၊ အိမ္မွာပဲေပါ့ေနာ္။ အေျခအေနေကာင္းတယ္ဆိုတာက၊ ဒီအိမ္အေနအထား၊ လူနာရဲ႕အသက္အ႐ြယ္၊ ေရာဂါအေနအထား၊ သူကေနဆက္လက္ၿပီး ကူးႏိုင္တဲ့ဟာ၊ တစ္ဘက္က ေဆး႐ုံနဲ႔နီးကပ္တဲ့အေျခအေနေပါ့ေနာ္၊ Referal (ေဆး႐ုံပို႔တာ) သြားလို႔ရမယ့္ အေျခအေန၊ ဒီဟာေတြကိုစုံစမ္းၿပီးေတာ့ ေဆာင္႐ြက္မွာျဖစ္ပါတယ္။”

ျမန္မာႏိုင္ငံမွာ စစ္ေဆးမႈေတြကို တိုးလုပ္လာတာေၾကာင့္ ခုခ်ိန္ထိ လူူစုစုေပါင္း ၃၈,၂၄၀ ဦးအျဖစ္ ၄၀၀,၀၀၀ နီးပါးအထိစစ္ေဆးလာႏိုင္ေပမဲ့၊ အျခားႏိုင္ငံေတြမွာလို လူထုအၾကား အႀကီးအက်ယ္စစ္ေဆးတာေတာ့ မလုပ္ႏိုင္ေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၃၁ ဦးနဲ့ ကူးစက်သူ ၁,၄၀၀ ကျော်တိုး

မြန်မာနိုင်ငံမှာ သောကြာနေ့ညနောက်ဆုံးထုတ်ပြန်ချက်အရ ပိုးတွေ့သူသစ် ၁,၄၆၁ စံချိန်သစ်ထပ်တင်ခဲ့ပြီး စုစုပေါင်းပိုးတွေ့သူ ၂၃,၉၀၆ ဦးရှိလာကာ၊ သေဆုံးသူသစ်လည်း ၃၁ ဦး ရှိခဲ့တာကြောင့်၊ စုစုပေါင်းသေဆုံးသူ ၅၆၆ ဦး အထိရှိလာနေပါတယ်။

အရင်ပိုးတွေ့သူအမြင့်ဆုံးထုတ်ပြန်ခဲ့တာက ဗုဒ္ဓဟူးနေ့ညဘက်ကဖြစ်ပြီး၊ ၁,၄၀၀ ရှိခဲ့ပြီး၊ သေဆုံးသူကလည်း ၃၉ ဦးအထိ စံချိန်တင်ခဲ့ရာကနေ၊ မနေ့ ကြာသပတေးကတော့ ပိုးတွေ့သူ ၁,၀၁၂ ဦးနဲ့ သေဆုံးသူ ၂၅ ဦးအဖြစ်နည်းနည်း ပြန်ကျပြီး၊ အခု ဒီနေ့ နည်းနည်း ပြန်တက်လာတာပါ။

ဒါကြောင့် ဒီတစ်ပတ်အတွင်း ပိုးတွေ့သူ ဂရပ်ဖ်မျဉ်း နည်းနည်း စ တန်းလာပေမဲ့၊ နောက်တစ်ပတ် အနည်းဆုံးဆက်စောင့်ကြည့်ဖို့လိုဦးမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာ သန်းနိုင်စိုးကဆိုပြီး၊ ဒီနေ့ ထူးခြားတာတစ်ခုကိုပါ ဆက်ပြောပါတယ်။

“ဒီနေ့ကတော့ Case (ပိုးတွေ့လူနာ) တွေလည်း ဒါမနေ့ကတော့ ဂရပ်ဖ်အရတော့ ကျနော်တို့ နည်းနည်းလေး တန်းလာပြီပေါ့နော်။ ဒါပေမဲ့လည်း တစ်ပတ်လောက်တော့ ဆက်ပြီးစောင့်ကြည့်ရဦးမှာပေါ့ ဆရာရယ်။ ထူးခြားတာကတော့ ဝေဘာဂီဆေးရုံဘက်ကပေါ့နော်၊ သူနာပြုဆရာမ ၂ ယောက်၊ အဲ့ဒါလေးတော့ ဒီနေ့ Positive (ပိုးတွေ့တာ) ဖြစ်တာရှိတယ်ပေါ့နော်။ အဲ့ဒီတော့ ဘယ်နေရာက ကူးစက်လဲဆိုတာ သိဖို့အတွက်တော့၊ ကျနော်တို့ Medial Audit (ဆေးပညာရပ်ဆိုင်ရာစစ်ဆေးတာ) ပေါ့နော်၊ ဒီဟာလေး လုပ်ငန်းလေး ဆောင်ရွက်နေပါတယ်ခင်ဗျ။”

မြန်မာနိုင်ငံမှာ အမြန်စစ်နိုင်တဲ့နည်းနဲ့ မကြာခင်ရက်ပိုင်းတွင်း လူပိုများများ စစ်လာနိုင်ပြီး၊ အခုဒီနေ့မှာ လူပေါင်း ၁၅,၃၀၁ ဦးအထိ စစ်ခဲ့တာမို့၊ မနေ့ကထက် ၃,၀၀၀ ကျော်နဲ့၊ တနေ့ကထက် ၃,၀၀၀ နီးပါးပိုစစ်ခါ၊ အရင်အပတ်တွေကထက်ဆိုရင် ၃ ဆလောက်ပိုစစ်တာကနေ ခုလိုအနည်းငယ်ပဲ တက်လာသေးတာပါ။

တချိန်ထဲမှာ ဆေးရုံဆင်းနိုင်သူကလည်း ဒီနေ့ ၃၇၂ ဦးအထိမြင့်လာတာကြောင်း၊ စုစုပေါင်းပြန်ကောင်းလာသူ ၆,၇၃၈ ဦး အဖြစ်၊ စုစုပေါင်းပိုးတွေသူရဲ့ ၃၀ ရာခိုင်နှုန်း နီးပါး အထိရှိလာနေပြီ။

ဒါပေမဲ့ နောက်ပိုင်းမှာ ပြောင်းလဲလာနိုင်တဲ့ အနေအထားပေါ် မူတည်ပြီး ဆေးရုံဝန်ထမ်းအကန့်အသတ်ကြောင့် ရပ်ရွာအတွင်း သီးသန့်နေရာတွေနဲ့ သင့်တော်တဲ့အိမ်တွေမှာပါ ပိုးတွေ့သူတွေထားနိုင်ဖို့ စဉ်းစားနေပြီလို့ ဒေါက်တာသန်းနိုင်စိုးက ဆက်ပြောပါတယ်။

“နောက်ပိုင်းမှာတော့ ဒါ Community-based System (ရပ်ရွာအခြေပြုစနစ်) ကို ကျနော်တို့က ဦးတည်တာပေါ့နော်။ Community-based Isolation Center (CIC) ပေါ့ဆရာ။ နောက်တစ်ခုက၊ တဘက်က အခြေအနေကောင်းတဲ့သူတွေက၊ အိမ်မှာပဲပေါ့နော်။ အခြေအနေကောင်းတယ်ဆိုတာက၊ ဒီအိမ်အနေအထား၊ လူနာရဲ့အသက်အရွယ်၊ ရောဂါအနေအထား၊ သူကနေဆက်လက်ပြီး ကူးနိုင်တဲ့ဟာ၊ တစ်ဘက်က ဆေးရုံနဲ့နီးကပ်တဲ့အခြေအနေပေါ့နော်၊ Referal (ဆေးရုံပို့တာ) သွားလို့ရမယ့် အခြေအနေ၊ ဒီဟာတွေကိုစုံစမ်းပြီးတော့ ဆောင်ရွက်မှာဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ စစ်ဆေးမှုတွေကို တိုးလုပ်လာတာကြောင့် ခုချိန်ထိ လူူစုစုပေါင်း ၃၈,၂၄၀ ဦးအဖြစ် ၄၀၀,၀၀၀ နီးပါးအထိစစ်ဆေးလာနိုင်ပေမဲ့၊ အခြားနိုင်ငံတွေမှာလို လူထုအကြား အကြီးအကျယ်စစ်ဆေးတာတော့ မလုပ်နိုင်သေးပါဘူး။

XS
SM
MD
LG