သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကပ္ေရာဂါကာလ လူမႈဖူလုံေရးခံစားခြင့္မရွိသူ အလုပ္သမားေတြ အစိုးရေထာက္ပံ့မည္


ရံုးသြားဖို႔ ဘတ္စ္ကားေစာင့္ေနၾကတဲ့ ရံုး၀န္ထမ္းအမ်ိဳးသမီးမ်ား။ (ေမ ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ္ကပ္ေရာဂါကာလမွာ အလုပ္အကုိင္အခက္အခဲ ႀကံဳေနရေပမဲ့ လူမႈဖူလုံေရး ခံစားခြင့္မရႏုိင္ပဲ ျဖစ္ေနၾကတဲ့ အလုပ္သမားေတြကုိ အစုိးရက အကူအညီေပးဖုိ႔ စီစဥ္ေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၲာထြန္းက သတင္းေပးပို႔ထားပါတယ္။

ကိုဗစ္ကပ္ေရာဂါကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ရန္ကုန္တိုင္းအတြင္းမွာ အိမ္ျပင္မထြက္ၾကဖို႔အမိန္႔ ထုတ္ျပန္ထားတာေၾကာင့္ လုပ္ငန္းခြင္ေတြ ရပ္နားထားရခ်ိန္မွာ လူမႈဖူလုံေရးခံစားခြင့္ မရွိတဲ့ အလုပ္သမားေတြအတြက္ စားဝတ္ေနေရး အခက္အခဲေတြ ရင္ဆုိင္ေနၾကရပါတယ္။ အခုအခါ ဒီလုိလူေတြကုိ အစုိးရက က်ပ္ေငြဘီလီယံ ၂၀ သုံးစြဲၿပီး အကူအညီေပးဖုိ႔ ျပင္ဆင္ေနပါတယ္။

လူမႈဖူလုံေရးထဲမွာ အက်ံဳးမဝင္တဲ့ ေန႔စား၊ ယာယီ၊ ပုတ္ျပတ္၊ ေဆာက္လုပ္ေရးလုပ္သား၊ အေႏွးယာဥ္လုပ္သား၊ ကုန္တင္ကုန္ခ်လုပ္သာ၊ ကယ္ရီသမားစတဲ့ အလုပ္သမားေတြကို တစ္ဦးကို က်ပ္ ၃၀,၀၀၀ စီ ဒီေအာက္တိုဘာလအတြင္းမွာ ေထာက္ပံ့ေပးဖို႔ ရွိတဲ့အေၾကာင္း ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ား အဖြဲ႕ခ်ဳပ္ လက္ေထာက္ အေထြေထြအတြင္းေရးမႈး ေဒၚၿဖိဳးစႏၵာစိုးက ေျပာပါတယ္။

“က်မတို႔ အဲ့ဒီကိစၥကို ေမးတဲ့အခါ အစိုးရဘက္က အတည္ျပဳေျပာပါတယ္။ ဟုတ္ပါတယ္။ ႏိုင္ငံေတာ္ရန္ပုံေငြထဲက ေနၿပီးေတာ့ ဘီလီယံ ၂၀ ေက်ာ္ သုံးစြဲၿပီးေတာ့ ဒီလူမႈဖူလုံေရးထဲမွာ အက်ံဳးမဝင္တဲ့ လုပ္သားေတြကို တစ္ဦးလွ်င္ က်ပ္ ၃၀,၀၀၀ စီ ေထာက္ပံ့ေပးဖို႔ျဖစ္ပါတယ္။ အဲ့ဒါကို ေအာက္တိုဘာလအတြင္းမွာ ေထာက္ပံ့ေပးသြားမွာ ျဖစ္ပါတယ္။ အဲ့ဒီမွာမွ ေပးမယ့္ အစီအစဥ္ကေတာ့ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕အေနနဲ႔ကေတာ့ သက္ဆိုင္ရာ အလုပ္သမားဦးစီးဌာနေတြနဲ႔ ရယ္၊ ေထြအုပ္ေတြနဲ႔ရယ္ ပူးေပါင္းေဆာင္႐ြက္သြားမယ္လို႔ သိရပါတယ္။ အဲ့ဒီေတာ့ အလုပ္သမား၊ ညီအကို၊ ေမာင္ႏွမေတြကို သတင္းေပးတာပါ၊ အစိုးရက အတည္ျပဳေျပာၾကားၿပီးပါၿပီ။ မိမိသက္ဆိုင္ရာ ၿမိဳ႕နယ္အလိုက္ ရပ္ကြက္အလိုက္ အေထြေထြအုပ္ခ်ဳပ္ေရးေတြကို စာရင္းသြားေပးၾကပါ။ ကိုယ္ပါေအာင္ ေဆာင္႐ြက္ၾကပါ။ က်မ ေျပာခ်င္တာက သတင္းအခ်က္အလက္ကို ေစာင့္ေနၾကပါေပါ့ေနာ္။ ဒီေအာက္တိုဘာလအတြင္းေပးမွာျဖစ္တဲ့အတြက္ေၾကာင့္ ဒီေပးမယ့္ အစီအစဥ္ထဲမွာ ကိုယ္ပါသြားဖို႔ အေရးႀကီးပါတယ္။”

အေထာက္အပံ့လိုအပ္တဲ့ အလုပ္သမားေတြကို စာရင္းေကာက္ၿပီး ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားအဖြဲ႕ခ်ဳပ္နဲ႔ အလုပ္သမားအဖြဲ႕အစည္းေတြဆီကို တင္ျပထားၿပီးျဖစ္တယ္လို႔ ေဆာက္လုပ္ေရးလုပ္ငန္းခြင္က အလုပ္သမားေခါင္းေဆာင္ ဦးထြန္းဦးက ေျပာပါတယ္။

“က်ေနာ္တို႔လို ေခါင္းေဆာင္ပိုင္းေတြေတာင္မွ အခက္အခဲရွိေနၾကတာ၊ က်ေနာ္တို႔ ေအာက္က တစ္ေန႔လုပ္မွ တစ္ေန႔စားရတဲ့သူေတြက သူတို႔က တစ္ေန႔မွ ၈,၀၀၀ ရတာ သူတို႔ အိမ္က မိသားစုစား ဝတ္ေနေရးက လုံးဝမလုံေလာက္ဘူး။ လုံးဝအလုပ္မလုပ္ရတဲ့ခါက်ေတာ့ ေန႔စဥ္ေန႔တိုင္း စားစရာ မရွိတဲ့ဟာေတြက အမ်ားႀကီးရွိတယ္။ အဲ့ဒါေၾကာင့္မို႔လို႔လည္း ဒီလိုဟာေလးေတြကို ရမ်ားရမလား၊ ရေအာင္လို႔ေပါ့ေႏွာ္ ေတာင္းခံတာ။ ေဆာက္လုပ္ေရးလုပ္သားက က်ေနာ္ Group တစ္ခုတည္းမွာ တင္လိုက္တာေတာင္မွပဲ လူဦးေရ ၂၀၀ ေက်ာ္ေလာက္ရွိတယ္။ သူတို႔က အခက္အခဲရွိတယ္၊ ခုဆိုရင္ သူတို႔ေတြ အလုပ္မလုပ္ရတာ တစ္လေလာက္ရွိေတာ့မယ္။ အလုပ္သမားေတြမွာ ေတာ္ေတာ္ေလး ဒုကၡေရာက္ပါတယ္။ အဲ့ဒါေၾကာင့္ အလုပ္သမားေတြကလည္း ဒီအခြင့္အေရးေလးေတြကို ေျပလည္ေအာင္ေျဖရွင္းေပးႏိုင္ေအာင္ေပ့ါေနာ္၊ ဒါေလးက သူတို႔အတြက္က ေကာက္႐ိုးတစ္မွ်င္လည္းျဖစ္ရင္ ျဖစ္မယ္ဆိုၿပီးေတာ့ ေတာင္းခံၾကတာပါ။”

ကိုဗစ္ကပ္ေရာဂါကာလအတြင္းမွာ အလုပ္သမားေတြရဲ႕ လူမႈဖူလုံေရး ေထာက္ပံ့ေငြကို တိုးျမင့္ေပးႏိုင္ဖို႔ ျပန္လည္သုံးသပ္မယ္လို႔လည္း အလုပ္သမား၊ လူဝင္မႈ ႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြက အလုပ္သမားေရး လႈပ္ရွားသူေတြ အစုိးရအဖဲြ႔၀င္ေတြနဲ႔ မေန႔တုန္းက အြန္လုိင္းေဆြးေႏြးပဲြမွာ ေျပာဆုိထားပါတယ္္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကပ်ရောဂါကာလ လူမှုဖူလုံရေးခံစားခွင့်မရှိသူ အလုပ်သမားတွေ အစိုးရထောက်ပံ့မည်

ကိုဗစ်ကပ်ရောဂါကာလမှာ အလုပ်အကိုင်အခက်အခဲ ကြုံနေရပေမဲ့ လူမှုဖူလုံရေး ခံစားခွင့်မရနိုင်ပဲ ဖြစ်နေကြတဲ့ အလုပ်သမားတွေကို အစိုးရက အကူအညီပေးဖို့ စီစဉ်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက သတင်းပေးပို့ထားပါတယ်။

ကိုဗစ်ကပ်ရောဂါကို ထိန်းချုပ်နိုင်ဖို့ ရန်ကုန်တိုင်းအတွင်းမှာ အိမ်ပြင်မထွက်ကြဖို့အမိန့် ထုတ်ပြန်ထားတာကြောင့် လုပ်ငန်းခွင်တွေ ရပ်နားထားရချိန်မှာ လူမှုဖူလုံရေးခံစားခွင့် မရှိတဲ့ အလုပ်သမားတွေအတွက် စားဝတ်နေရေး အခက်အခဲတွေ ရင်ဆိုင်နေကြရပါတယ်။ အခုအခါ ဒီလိုလူတွေကို အစိုးရက ကျပ်ငွေဘီလီယံ ၂၀ သုံးစွဲပြီး အကူအညီပေးဖို့ ပြင်ဆင်နေပါတယ်။

လူမှုဖူလုံရေးထဲမှာ အကျုံးမဝင်တဲ့ နေ့စား၊ ယာယီ၊ ပုတ်ပြတ်၊ ဆောက်လုပ်ရေးလုပ်သား၊ အနှေးယာဉ်လုပ်သား၊ ကုန်တင်ကုန်ချလုပ်သာ၊ ကယ်ရီသမားစတဲ့ အလုပ်သမားတွေကို တစ်ဦးကို ကျပ် ၃၀,၀၀၀ စီ ဒီအောက်တိုဘာလအတွင်းမှာ ထောက်ပံ့ပေးဖို့ ရှိတဲ့အကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် လက်ထောက် အထွေထွေအတွင်းရေးမှုး ဒေါ်ဖြိုးစန္ဒာစိုးက ပြောပါတယ်။

“ကျမတို့ အဲ့ဒီကိစ္စကို မေးတဲ့အခါ အစိုးရဘက်က အတည်ပြုပြောပါတယ်။ ဟုတ်ပါတယ်။ နိုင်ငံတော်ရန်ပုံငွေထဲက နေပြီးတော့ ဘီလီယံ ၂၀ ကျော် သုံးစွဲပြီးတော့ ဒီလူမှုဖူလုံရေးထဲမှာ အကျုံးမဝင်တဲ့ လုပ်သားတွေကို တစ်ဦးလျှင် ကျပ် ၃၀,၀၀၀ စီ ထောက်ပံ့ပေးဖို့ဖြစ်ပါတယ်။ အဲ့ဒါကို အောက်တိုဘာလအတွင်းမှာ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီမှာမှ ပေးမယ့် အစီအစဉ်ကတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ကတော့ သက်ဆိုင်ရာ အလုပ်သမားဦးစီးဌာနတွေနဲ့ ရယ်၊ ထွေအုပ်တွေနဲ့ရယ် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ အဲ့ဒီတော့ အလုပ်သမား၊ ညီအကို၊ မောင်နှမတွေကို သတင်းပေးတာပါ၊ အစိုးရက အတည်ပြုပြောကြားပြီးပါပြီ။ မိမိသက်ဆိုင်ရာ မြို့နယ်အလိုက် ရပ်ကွက်အလိုက် အထွေထွေအုပ်ချုပ်ရေးတွေကို စာရင်းသွားပေးကြပါ။ ကိုယ်ပါအောင် ဆောင်ရွက်ကြပါ။ ကျမ ပြောချင်တာက သတင်းအချက်အလက်ကို စောင့်နေကြပါပေါ့နော်။ ဒီအောက်တိုဘာလအတွင်းပေးမှာဖြစ်တဲ့အတွက်ကြောင့် ဒီပေးမယ့် အစီအစဉ်ထဲမှာ ကိုယ်ပါသွားဖို့ အရေးကြီးပါတယ်။”

အထောက်အပံ့လိုအပ်တဲ့ အလုပ်သမားတွေကို စာရင်းကောက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်နဲ့ အလုပ်သမားအဖွဲ့အစည်းတွေဆီကို တင်ပြထားပြီးဖြစ်တယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်က အလုပ်သမားခေါင်းဆောင် ဦးထွန်းဦးက ပြောပါတယ်။

“ကျနော်တို့လို ခေါင်းဆောင်ပိုင်းတွေတောင်မှ အခက်အခဲရှိနေကြတာ၊ ကျနော်တို့ အောက်က တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေက သူတို့က တစ်နေ့မှ ၈,၀၀၀ ရတာ သူတို့ အိမ်က မိသားစုစား ဝတ်နေရေးက လုံးဝမလုံလောက်ဘူး။ လုံးဝအလုပ်မလုပ်ရတဲ့ခါကျတော့ နေ့စဉ်နေ့တိုင်း စားစရာ မရှိတဲ့ဟာတွေက အများကြီးရှိတယ်။ အဲ့ဒါကြောင့်မို့လို့လည်း ဒီလိုဟာလေးတွေကို ရများရမလား၊ ရအောင်လို့ပေါ့နှော် တောင်းခံတာ။ ဆောက်လုပ်ရေးလုပ်သားက ကျနော် Group တစ်ခုတည်းမှာ တင်လိုက်တာတောင်မှပဲ လူဦးရေ ၂၀၀ ကျော်လောက်ရှိတယ်။ သူတို့က အခက်အခဲရှိတယ်၊ ခုဆိုရင် သူတို့တွေ အလုပ်မလုပ်ရတာ တစ်လလောက်ရှိတော့မယ်။ အလုပ်သမားတွေမှာ တော်တော်လေး ဒုက္ခရောက်ပါတယ်။ အဲ့ဒါကြောင့် အလုပ်သမားတွေကလည်း ဒီအခွင့်အရေးလေးတွေကို ပြေလည်အောင်ဖြေရှင်းပေးနိုင်အောင်ပေ့ါနော်၊ ဒါလေးက သူတို့အတွက်က ကောက်ရိုးတစ်မျှင်လည်းဖြစ်ရင် ဖြစ်မယ်ဆိုပြီးတော့ တောင်းခံကြတာပါ။”

ကိုဗစ်ကပ်ရောဂါကာလအတွင်းမှာ အလုပ်သမားတွေရဲ့ လူမှုဖူလုံရေး ထောက်ပံ့ငွေကို တိုးမြင့်ပေးနိုင်ဖို့ ပြန်လည်သုံးသပ်မယ်လို့လည်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အလုပ်သမားရေး လှုပ်ရှားသူတွေ အစိုးရအဖွဲ့ဝင်တွေနဲ့ မနေ့တုန်းက အွန်လိုင်းဆွေးနွေးပွဲမှာ ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG