သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ COVID-19 ကူးစက္သူ ၈၂,၂၃၆၊ ေသဆံုးသူ ၁,၇၈၄


ရန္ကုန္ၿမိဳ႕ရွိ ရပ္ကြက္တခုက ကိုဗစ္သံသယရွိလူနာေတြကို Quarantine စင္တာဆီသို႔ ပို႔ေဆာင္ေပးတဲ့ ေစတနာဝန္ထမ္းတဦး။ (ေအာက္တိုဘာ ၁၇၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ေရာဂါကူးစက္သူ ၁,၇၃၁ ဦး ထပ္တိုးၿပီး ေသဆုံးသူက ၁၉ ဦး ထပ္တိုးတဲ့အေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီကေန႔ညထုတ္ျပန္ခ်က္ပါ ေသဆုံးသူေတြထဲမွာ ၁၂ ဦးက ေရာဂါအခံရွိသူေတြျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဓာတ္ခြဲနမူနာေပါင္း ၂၁,၅၈၅ ခုကို စစ္ေဆးခဲ့တဲ့ထဲက အခုလို ေနာက္ထပ္ ေရာဂါပိုးကူးစက္ထားသူေတြ ေတြ႕ရတာျဖစ္ၿပီး ဒီကေန႔အထိဆိုရင္ စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာေပါင္း ၁,၀၅၉,၀၃၅ ခု ရွိသြားၿပီျဖစ္ပါတယ္။ ေသဆုံးသူအေရအတြက္က ၁,၇၈၄ ဦး ရွိၿပီျဖစ္ၿပီး ေရာဂါပိုး ကူးစက္သူေပါင္းကေတာ့ ၈၂,၂၃၆ ဦး ရွိသြားပါၿပီ။

ဒီကေန႔ညထုတ္ျပန္ခ်က္မွာ ေဆး႐ုံဆင္းခြင့္ရရွိသူအေရအတြက္ ၁,၀၇၇ ဦးရွိတယ္လို႔ ေဖာ္ျပထားတာေၾကာင့္ ေဆး႐ုံကဆင္းခြင့္ရၿပီးသူ စုစုေပါင္း ၁၆၀,၉၆၅ ဦး ရွိသြားၿပီျဖစ္ပါတယ္။

ဒီကေန႔ထုတ္ျပန္ခ်က္အရ ဓာတ္ခြဲစစ္ေဆးတဲ့ နမူနာအေရအတြက္ စုစုေပါင္းထဲမွာ ပိုးေတြ႔သူ ၈% ရွိၿပီး ျပန္ေကာင္းလာသူ ၇၄.၁ % ၊ ေသဆုံးႏႈန္းက ၂.၁၇ % ရွိတယ္လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန၊ သတင္းထုတ္ျပန္ေရးအဖြဲ႕ဝင္၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက သူ႔ရဲ႕ေဖ့စ္ဘုတ္မွာ မၾကာေသးခင္ အခ်ိန္ပိုင္းအတြင္းက ေရးထားပါတယ္။

ဒီႏႈန္းေတြအရဆိုရင္ ပိုးေတြ႔ႏႈန္း တိုးလာတာကို ေတြ႔ရၿပီးေတာ့ ျပန္ေကာင္းတဲ့ႏႈန္းနဲ႔ ေသဆံုးႏႈန္းေတြက သိသိသာသာ အေျပာင္းအလဲမရွိေသးပါဘူး။

[Unicode Version]

မြန်မာ COVID-19 ကူးစက်သူ ၈၂,၂၃၆၊ သေဆုံးသူ ၁,၇၈၄

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၇၃၁ ဦး ထပ်တိုးပြီး သေဆုံးသူက ၁၉ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ညထုတ်ပြန်ချက်ပါ သေဆုံးသူတွေထဲမှာ ၁၂ ဦးက ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ခွဲနမူနာပေါင်း ၂၁,၅၈၅ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုးကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၁,၀၅၉,၀၃၅ ခု ရှိသွားပြီဖြစ်ပါတယ်။ သေဆုံးသူအရေအတွက်က ၁,၇၈၄ ဦး ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၈၂,၂၃၆ ဦး ရှိသွားပါပြီ။

ဒီကနေ့ညထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူအရေအတွက် ၁,၀၇၇ ဦးရှိတယ်လို့ ဖော်ပြထားတာကြောင့် ဆေးရုံကဆင်းခွင့်ရပြီးသူ စုစုပေါင်း ၁၆၀,၉၆၅ ဦး ရှိသွားပြီဖြစ်ပါတယ်။

ဒီကနေ့ထုတ်ပြန်ချက်အရ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၈% ရှိပြီး ပြန်ကောင်းလာသူ ၇၄.၁ % ၊ သေဆုံးနှုန်းက ၂.၁၇ % ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားပါတယ်။

ဒီနှုန်းတွေအရဆိုရင် ပိုးတွေ့နှုန်း တိုးလာတာကို တွေ့ရပြီးတော့ ပြန်ကောင်းတဲ့နှုန်းနဲ့ သေဆုံးနှုန်းတွေက သိသိသာသာ အပြောင်းအလဲမရှိသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG