သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာကိုဗစ္ ဓါတ္ခြဲအတည္ျပဳစုစုေပါင္း ၁၁၀,၆၆၇ ဦး၊ ေသဆံုး၂,၃၁၉ ဦး


ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး၊ ကိုဗစ္-၁၉ အထူးၾကပ္မတ္ကုသေဆာင္ (ICU) မွာ ေရာဂါျပင္းထန္စြာခံစားေနရသူကို ကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ဓာတ္ပံု - Ministry of Health and Sports, Myanmar - ဒီဇင္ဘာ ၁၃၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ဒီကေန႔ ကို႐ိုနာဗိုင္းရပ္စ္ပိုးကူးစက္သူ ၁,၁၅၅ ဦးထပ္ၿပီး အတည္ျပဳခဲ့တာေၾကာင့္ အခုထိ ကူးစက္သူ စုစုေပါင္း ၁၁၀,၆၆၇ ေယာက္ရွိၿပီ ျဖစ္ပါတယ္။ ဒီဇင္ဘာ ၁၅ ရက္ေန႔ အတြက္ ဓာတ္ခြဲနာမူနာေပါင္း ၂၃,၈၇၄ ခု စစ္ေဆးတဲ့အထဲက အတည္ျပဳလူနာ ၁,၁၀၀ ေက်ာ္ေတြ႕ခဲ့တာပါ။

ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID - 19 ေၾကာင့္ ေသဆုံးသူက ၂၇ ေယာက္ရွိတာေၾကာင့္ အခုထိေသဆုံးသူ စုစုေပါင္း ၂,၃၁၉ ေယာက္ရွိၿပီျဖစ္ပါတယ္။ ၿပီးခဲ့တဲ့မတ္လကေန အခုထိ ဓာတ္ခြဲနာမူနာေပါင္း ၁,၄၈၀,၇၄၀ ခုစစ္ေဆးၿပီးခဲ့ၿပီျဖစ္ၿပီး အတည္ျပဳလူနာေတြထဲ ျပန္ၿပီးက်န္းမာလာသူက ၈၉,၄၁၈ ေယာက္ရွိပါတယ္။

ကမာၻ႔ႏိုင္ငံ အသီးသီး COVID-19 ျဖစ္ပြါး၊ ေသဆုံးမႈ စာရင္းမွာ ျမန္မာႏိုင္ငံက အဆင့္ ၆၉ ေနရာမွာရွိေနတယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က ထုတ္ျပန္တဲ့ COVID-19 ျဖစ္ပြါး၊ ေသဆုံးမႈ စာရင္းကို ကိုးကားၿပီး က်န္းမာေရး နဲ႔ အားကစားဝန္ႀကီး ဌာနက ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။

ျပည္တြင္းေလေၾကာင္းလိုင္းေတြကို မနက္ျဖန္ ဒီဇင္ဘာလ ၁၆ ရက္ေန႔မွာ ျပန္ၿပီးေျပးဆြဲခြင့္ျပဳေတာ့မွာ ျဖစ္တဲ့အတြက္ ေလေၾကာင္းလိုင္းေတြ၊ ေလဆိပ္ဝန္ထမ္းေတြနဲ႔ ေလယာဥ္စီး ခရီးသည္ေတြ လိုက္နာရမယ့္ က်န္းမာေရး စံသတ္မွတ္ခ်က္ေတြကို လိုက္နာၾကဖို႔လည္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက သတိေပးႏႈိးေဆာ္ထားပါတယ္။

[Unicode Version]

မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၁၁၀,၆၆၇ ဦး၊ သေဆုံး၂,၃၁၉ ဦး

မြန်မာနိုင်ငံမှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်သူ ၁,၁၅၅ ဦးထပ်ပြီး အတည်ပြုခဲ့တာကြောင့် အခုထိ ကူးစက်သူ စုစုပေါင်း ၁၁၀,၆၆၇ ယောက်ရှိပြီ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၅ ရက်နေ့ အတွက် ဓာတ်ခွဲနာမူနာပေါင်း ၂၃,၈၇၄ ခု စစ်ဆေးတဲ့အထဲက အတည်ပြုလူနာ ၁,၁၀၀ ကျော်တွေ့ခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID - 19 ကြောင့် သေဆုံးသူက ၂၇ ယောက်ရှိတာကြောင့် အခုထိသေဆုံးသူ စုစုပေါင်း ၂,၃၁၉ ယောက်ရှိပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့မတ်လကနေ အခုထိ ဓာတ်ခွဲနာမူနာပေါင်း ၁,၄၈၀,၇၄၀ ခုစစ်ဆေးပြီးခဲ့ပြီဖြစ်ပြီး အတည်ပြုလူနာတွေထဲ ပြန်ပြီးကျန်းမာလာသူက ၈၉,၄၁၈ ယောက်ရှိပါတယ်။

ကမ္ဘာ့နိုင်ငံ အသီးသီး COVID-19 ဖြစ်ပွါး၊ သေဆုံးမှု စာရင်းမှာ မြန်မာနိုင်ငံက အဆင့် ၆၉ နေရာမှာရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်တဲ့ COVID-19 ဖြစ်ပွါး၊ သေဆုံးမှု စာရင်းကို ကိုးကားပြီး ကျန်းမာရေး နဲ့ အားကစားဝန်ကြီး ဌာနက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ပြည်တွင်းလေကြောင်းလိုင်းတွေကို မနက်ဖြန် ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ပြန်ပြီးပြေးဆွဲခွင့်ပြုတော့မှာ ဖြစ်တဲ့အတွက် လေကြောင်းလိုင်းတွေ၊ လေဆိပ်ဝန်ထမ်းတွေနဲ့ လေယာဉ်စီး ခရီးသည်တွေ လိုက်နာရမယ့် ကျန်းမာရေး စံသတ်မှတ်ချက်တွေကို လိုက်နာကြဖို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတိပေးနှိုးဆော်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG