သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာကိုဗစ္ ဓါတ္ခဲြအတည္ျပဳစုစုေပါင္း ၁၂၃,၁၅၃ ဦး၊ ေသဆံုး ၂,၆၃၇ ဦး


ေျမာက္ဥကၠလာပျပည္သူ႔ေဆး႐ုံႀကီး၊ ကိုဗစ္-၁၉ ေရာဂါအထူးၾကပ္မတ္ကုသေဆာင္ (ICU) က ကိုဗစ္လူနာမ်ားကို ကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ဓာတ္ပံု - Ministry of Health and Sports, Myanmar - ဒီဇင္ဘာ ၂၄၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ဒီကေန႔ ကို႐ိုနာဗိုင္းရပ္စ္ပိုးကူးစက္သူ ၆၁၉ ေယာက္ထပ္ၿပီး အတည္ျပဳလိုက္တဲ့အတြက္အခုထိ ကူးစက္သူ စုစုေပါင္း ၁၂၃,၁၅၃ ေယာက္ရွိၿပီ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID - 19 ေၾကာင့္ ေသဆုံးသူက ၁၉ ေယာက္ရွိတာေၾကာင့္ အခုထိေသဆုံးသူ စုစုေပါင္း ၂,၆၃၇ ေယာက္ရွိၿပီျဖစ္ပါတယ္။ ေသဆုံးသူ ၁၉ ေယာက္မွာ ေရာဂါအခံရွိသူ ၁၁ ေယာက္ရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေၾကညာခ်က္မွာေဖာ္ျပထားပါတယ္။

ဒီဇင္ဘာလ ၂၉ ရက္ေန႔အတြက္ ဓာတ္ခြဲနာမူနာေပါင္း ၁၈,၀၉၈ ခု စစ္ေဆးခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့မတ္လကေန အခုထိ ဓာတ္ခြဲနာမူနာေပါင္း ၁.၇ သန္းေက်ာ္ စစ္ေဆးၿပီးခဲ့ၿပီျဖစ္ပါတယ္။ အတည္ျပဳလူနာေတြထဲ ျပန္ၿပီးက်န္းမာလာသူက ၁၀၅,၂၇၉ ေယာက္ရွိပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ စာရင္းေတြအရ ရန္ကုန္တိုင္းအတြင္း ကူးစက္မႈႏႈန္း အမ်ားဆုံးျဖစ္ေနၿပီး မႏၲေလးတိုင္းက ကူးစက္မႈႏႈန္း ဒုတိယေနရာမွာရွိပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ရဲ႕ ဒီဇင္ဘာလ ၂၈ ရက္ေန႔ထုတ္ျပန္ခ်က္မွာေတာ့ ကမာၻ႔ႏိုင္ငံ အသီးသီးရဲ႕COVID - 19 ေရာဂါျဖစ္ပြါး ေသဆုံးမႈ စာရင္းမွာ ျမန္မာႏိုင္ငံက အဆင့္ ၆၈ ေနရာမွာရွိပါတယ္။ အေရွ႕ေတာင္အာရွမွာ ကူးစက္မႈႏႈန္း အမ်ားဆုံးျဖစ္တဲ့ အင္ဒိုနီးရွားက အဆင့္ ၂၀ မွာရွိပါတယ္။

ကပ္ေရာဂါေၾကာင့္ မတ္လကတည္းက ပ်ံသန္းခြင့္ပိတ္ထားတဲ့ ျပည္ပခရီးစဥ္ေတြကို လာမယ့္ ၂၀၂၁ ခုႏွစ္၊ ႏွစ္ဆန္းကစၿပီး ျပန္လည္ခြင့္ျပဳဖို႔ တာဝန္ရွိသူေတြ ျပင္ဆင္ေနၿပီလည္း ျဖစ္ပါတယ္။ ျပည္ပေလေၾကာင္းခရီးစဥ္ေတြနဲ႔ လိုက္ပါမယ့္သူေတြအတြက္ က်န္းမာေရး လမ္းၫႊန္ခ်က္ေတြကို မၾကာခင္ထုတ္ျပန္ေပးမွာျဖစ္ေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

[Unicode Version]

မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၁၂၃,၁၅၃ ဦး၊ သေဆုံး ၂,၆၃၇ ဦး

မြန်မာနိုင်ငံမှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်သူ ၆၁၉ ယောက်ထပ်ပြီး အတည်ပြုလိုက်တဲ့အတွက်အခုထိ ကူးစက်သူ စုစုပေါင်း ၁၂၃,၁၅၃ ယောက်ရှိပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID - 19 ကြောင့် သေဆုံးသူက ၁၉ ယောက်ရှိတာကြောင့် အခုထိသေဆုံးသူ စုစုပေါင်း ၂,၆၃၇ ယောက်ရှိပြီဖြစ်ပါတယ်။ သေဆုံးသူ ၁၉ ယောက်မှာ ရောဂါအခံရှိသူ ၁၁ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကြေညာချက်မှာဖော်ပြထားပါတယ်။

ဒီဇင်ဘာလ ၂၉ ရက်နေ့အတွက် ဓာတ်ခွဲနာမူနာပေါင်း ၁၈,၀၉၈ ခု စစ်ဆေးခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့မတ်လကနေ အခုထိ ဓာတ်ခွဲနာမူနာပေါင်း ၁.၇ သန်းကျော် စစ်ဆေးပြီးခဲ့ပြီဖြစ်ပါတယ်။ အတည်ပြုလူနာတွေထဲ ပြန်ပြီးကျန်းမာလာသူက ၁၀၅,၂၇၉ ယောက်ရှိပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ရန်ကုန်တိုင်းအတွင်း ကူးစက်မှုနှုန်း အများဆုံးဖြစ်နေပြီး မန္တလေးတိုင်းက ကူးစက်မှုနှုန်း ဒုတိယနေရာမှာရှိပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ထုတ်ပြန်ချက်မှာတော့ ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့COVID - 19 ရောဂါဖြစ်ပွါး သေဆုံးမှု စာရင်းမှာ မြန်မာနိုင်ငံက အဆင့် ၆၈ နေရာမှာရှိပါတယ်။ အရှေ့တောင်အာရှမှာ ကူးစက်မှုနှုန်း အများဆုံးဖြစ်တဲ့ အင်ဒိုနီးရှားက အဆင့် ၂၀ မှာရှိပါတယ်။

ကပ်ရောဂါကြောင့် မတ်လကတည်းက ပျံသန်းခွင့်ပိတ်ထားတဲ့ ပြည်ပခရီးစဉ်တွေကို လာမယ့် ၂၀၂၁ ခုနှစ်၊ နှစ်ဆန်းကစပြီး ပြန်လည်ခွင့်ပြုဖို့ တာဝန်ရှိသူတွေ ပြင်ဆင်နေပြီလည်း ဖြစ်ပါတယ်။ ပြည်ပလေကြောင်းခရီးစဉ်တွေနဲ့ လိုက်ပါမယ့်သူတွေအတွက် ကျန်းမာရေး လမ်းညွှန်ချက်တွေကို မကြာခင်ထုတ်ပြန်ပေးမှာဖြစ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG