သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကိုဗစ်ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၁၂၇,၅၈၂ ဦး၊ သေဆုံး ၂,၇၆၆ ဦး


မန္တလေးတိုင်းဒေသကြီး၊ ဧရာစင်တာ ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာန၊ အထူး ကြပ်မတ်ကုသဆောင်(ICU)မှာ ရောဂါပြင်းထန်စွာခံစားနေရသူကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။(ဓာတ်ပုံ -Ministry of Health and Sports, Myanmar - ဒီဇင်ဘာ ၂၄၊ ၂၀၂၀)
မန္တလေးတိုင်းဒေသကြီး၊ ဧရာစင်တာ ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာန၊ အထူး ကြပ်မတ်ကုသဆောင်(ICU)မှာ ရောဂါပြင်းထန်စွာခံစားနေရသူကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။(ဓာတ်ပုံ -Ministry of Health and Sports, Myanmar - ဒီဇင်ဘာ ၂၄၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးခံထားသူ ၆၄၇ ဦးတွေ့ရှိကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇန်နဝါရီလ ၅ ရက်နေ့ည ၈ နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲစစ်ဆေးမှုပေါင်း ၁၉,၇၇၀ ထဲက ပိုးကူးခံထားရသူ ၆၀၀ ကျော်စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်နဲ့ တောင်ကြီးနဲ့ နေပြည်တော် ဓာတ်ခွဲခန်းတွေကနေ ပိုးကူးခံထားရသူတွေကို စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီရောဂါနဲ့သေဆုံးသူက ၂၂ ဦး ရှိပြီး ရောဂါခံရှိသူ ၁၈ ဦး ပါဝင်တယ်လို့လည်း ကြေငြာချက်မှာ ပြောထားပါတယ်။ မြန်မာနိုင်ငံမှာ ပိုးကူးစက်မှုအရေအတွက်က နေ့စဉ်ပိုးစစ်ဆေးမှုအပေါ် မူတည်နေတာဖြစ်ပြီး ဒီဇင်ဘာလနောက်ဆုံးပတ်ကနေ ဒီကနေ့ထိ နေ့စဉ်ပိုးတွေ့သူက ၃.၃ ရာခိုင်နှုန်းကနေ ၄ ရာခိုင်နှုန်းဝန်းကျင်ရှိကြောင်းလည်း ကြေငြာချက်မှာဖော်ပြထားပါတယ်။

ပိုးကူးစက်မှု ကျဆင်းလာပေမဲ့ ရောဂါထိန်းချုပ်ရေး နှာခေါင်းစည်းတပ်တာနဲ့ လူအချင်းချင်း ခပ်ခွါခွါနေတာမျိုးလို အစိုးရရဲ့ ညွှန်ကြားချက်တွေကို လေးစားလိုက်နာကြဖို့ တာဝန်ရှိသူတွေ တိုက်တွန်းနေတာပါ။ ဒီအချိန်မှာပဲ ကူးစက်မြန်လှတဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်တွေ ကမ္ဘာ့နိုင်ငံအတော်များများမှာ တွေ့လာနေရတဲ့အတွက် မြန်မာနိုင်ငံမှာလည်း ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါအပြင် ကိုဗစ်ရောဂါကာကွယ်ဆေး အမြန်ဆုံးရဖို့ မြန်မာအစိုးရက အမေရိကန်၊ ဗြိတိန်၊ ရုရှား၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေနဲ့ သံတမန်ရေးနည်းလမ်းတွေနဲ့ ကြိုးပမ်းဆောင်ရွက်နေကြောင်း မြန်မာတာဝန်ရှိသူတွေက ပြောကြားထားပါတယ်။

[Unicode Version]






XS
SM
MD
LG