[Zawgyi/Unicode]
ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ေရာဂါကူးစက္သူ ၅၉၆ ေယာက္ ထပ္တိုးၿပီး ေသဆုံးသူက ၁၉ ေယာက္ ထပ္တိုးတဲ့အေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ေသဆုံးသူေတြထဲမွာ ၁၅ ေယာက္က ေရာဂါအခံရွိသူေတြျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ဓာတ္ခြဲနမူနာေပါင္း ၁၇,၂၇၉ ခုကို စစ္ေဆးခဲ့တဲ့ထဲက အခုလို ေနာက္ထပ္ ေရာဂါပိုးကူးစက္ထားသူေတြ ေတြ႕ရတာျဖစ္ၿပီး ဒီကေန႔အထိဆိုရင္ စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာေပါင္း ၁,၉၂၁,၆၆၈ ခု ရွိသြားၿပီျဖစ္ပါတယ္။
ေသဆုံးသူအေရအတြက္က ၂,၇၈၅ ေယာက္ရွိၿပီျဖစ္ၿပီး ေရာဂါပိုး ကူးစက္သူေပါင္းကေတာ့ ၁၂၈,၁၇၈ ေယာက္ ရွိသြားပါၿပီ။
ဒီကေန႔ညထုတ္ျပန္ခ်က္မွာ ေဆး႐ုံဆင္းခြင့္ရရွိသူ အေရအတြက္ဟာလည္း ၅၉၆ ေယာက္ရွိတယ္လို႔ ေဖာ္ျပထားတာေၾကာင့္ ကူးစက္သူအေရအတြက္နဲ႔ ေပ်ာက္ကင္းသူအေရအတြက္ ထူးထူးျခားျခား တူညီေနပါတယ္။ ေရာဂါေပ်ာက္ကင္းသူ စုစုေပါင္းကေတာ့ ၁၁၁,၄၀၁ ေယာက္ ရွိသြားပါၿပီ။
က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန၊ သတင္းထုတ္ျပန္ေရးအဖြဲ႕ဝင္၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက သူ႔ရဲ႕ေဖ့စ္ဘုတ္မွာ မၾကာေသးခင္ အခ်ိန္ပိုင္းအတြင္းက ေရးထားတာအရဆိုရင္ ဒီကေန႔ ဓာတ္ခြဲစစ္ေဆးတဲ့ နမူနာအေရအတြက္ စုစုေပါင္းထဲမွာ ပိုးေတြ႕သူ ၃.၄၅% ရွိၿပီး ျပန္ေကာင္းလာသူ ၈၆.၉၁% ၊ ေသဆုံးႏႈန္းက ၂.၁၇% ရွိပါတယ္။
ေသဆုံးသူေတြထဲမွာ ေနာက္ခံေရာဂါရွိသူက ၇၈.၉၅% ရွိတယ္လို႔လည္း ေဒါက္တာခင္ခင္ႀကီးက ေရးထားပါတယ္။
[Unicode Version]
မြန်မာကိုဗစ်ဓါတ်ခွဲအတည်ပြု စုစုပေါင်း ၁၂၈,၁၇၈ ဦး၊သေဆုံး ၂,၇၈၅ ဦး
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၅၉၆ ယောက် ထပ်တိုးပြီး သေဆုံးသူက ၁၉ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သေဆုံးသူတွေထဲမှာ ၁၅ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ခွဲနမူနာပေါင်း ၁၇,၂၇၉ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုးကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၁,၉၂၁,၆၆၈ ခု ရှိသွားပြီဖြစ်ပါတယ်။
သေဆုံးသူအရေအတွက်က ၂,၇၈၅ ယောက်ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၁၂၈,၁၇၈ ယောက် ရှိသွားပါပြီ။
ဒီကနေ့ညထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူ အရေအတွက်ဟာလည်း ၅၉၆ ယောက်ရှိတယ်လို့ ဖော်ပြထားတာကြောင့် ကူးစက်သူအရေအတွက်နဲ့ ပျောက်ကင်းသူအရေအတွက် ထူးထူးခြားခြား တူညီနေပါတယ်။ ရောဂါပျောက်ကင်းသူ စုစုပေါင်းကတော့ ၁၁၁,၄၀၁ ယောက် ရှိသွားပါပြီ။
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားတာအရဆိုရင် ဒီကနေ့ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၃.၄၅% ရှိပြီး ပြန်ကောင်းလာသူ ၈၆.၉၁% ၊ သေဆုံးနှုန်းက ၂.၁၇% ရှိပါတယ်။
သေဆုံးသူတွေထဲမှာ နောက်ခံရောဂါရှိသူက ၇၈.၉၅% ရှိတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ရေးထားပါတယ်။