သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ ကိုဗစ္ဓါတ္ခဲြအတည္ျပဳ ၁၃၂,၂၆၀ ဦး၊ ေသဆံုး ၂,၉၀၂ ဦး


ရန္ကုန္ၿမိဳ႕ရွိ ဧရာဝတီကိုဗစ္စင္တာတခုတြင္ ပိုးသတ္ေဆးျဖန္းေနတဲ့ ျမင္ကြင္း။ (ဒီဇင္ဘာ ၁၉၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ေရာဂါကူးစက္သူ ၅၂၃ ေယာက္ ထပ္တိုးၿပီး ေသဆုံးသူ ၂၄ ေယာက္ ထပ္တိုးတဲ့အေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီေန႔ထုတ္ျပန္ခ်က္မွာပါတဲ့ ေသဆုံးသူေတြထဲမွာ ၂၁ ေယာက္က ေရာဂါအခံရွိသူေတြျဖစ္ပါတယ္။

ဓာတ္ခြဲနမူနာေပါင္း ၁၇,၈၂၇ ခုကို စစ္ေဆးခဲ့တဲ့ထဲက အခုလို ေနာက္ထပ္ ေရာဂါပိုးကူးစက္ထားသူေတြ ေတြ႕ရတာျဖစ္ၿပီး ဒီကေန႔အထိဆိုရင္ စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာေပါင္း ၂,၀၅၅,၇၅၇ ခု ရွိသြားၿပီျဖစ္ပါတယ္။

ေသဆုံးသူအေရအတြက္က ၂,၉၀၂ ေယာက္ရွိၿပီျဖစ္ၿပီး ေရာဂါပိုး ကူးစက္သူေပါင္းကေတာ့ ၁၃၂,၂၆၀ ေယာက္ ရွိသြားပါၿပီ။

ဒီကေန႔ညထုတ္ျပန္ခ်က္မွာ ေဆး႐ုံဆင္းခြင့္ရရွိသူ အေရအတြက္ ၅၆၀ ေယာက္ရွိၿပီး ေရာဂါေပ်ာက္ကင္းသူ စုစုေပါင္းကေတာ့ ၁၁၅,၆၂၁ ေယာက္ ရွိသြားပါၿပီ။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ သတင္းထုတ္ျပန္ေရးအဖြဲ႕ဝင္၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက သူ႔ရဲ႕ေဖ့စ္ဘုတ္မွာ မၾကာေသးခင္ အခ်ိန္ပိုင္းအတြင္းက ေရးထားတာအရဆိုရင္ ဒီကေန႔ ဓာတ္ခြဲစစ္ေဆးတဲ့ နမူနာအေရအတြက္ စုစုေပါင္းထဲမွာ ပိုးေတြ႕သူ ၂.၉၃% ရွိၿပီး ျပန္ေကာင္းလာသူ ၈၇.၄၂% ၊ ေသဆုံးႏႈန္းက ၂.၁၉% ရွိပါတယ္။

ေသဆုံးသူေတြထဲမွာ ေနာက္ခံေရာဂါရွိသူက ၈၇.၅% ရွိပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းေတြက ေရာဂါပိုးကူးစက္တဲ့ႏႈန္း က်သြားသလို ရွိခဲ့ေပမဲ့လည္း ဒီကေန႔ ကိန္းဂဏန္းေတြကို ၾကည့္မယ္ဆုိရင္ေတာ့ ကို႐ိုနာဗိုင္းရပ္စ္ပိုးအႏၲရာယ္ ႀကီးႀကီးမားမား ဆက္ရွိေနတံုးပဲဆိုတာ ေတြ႔ႏုိင္ပါတယ္။

ကာကြယ္ေဆးရဖို႔ ႀကိဳးစားေနတာမွာလည္း အိႏိၵယကေန ဝယ္ယူထားတဲ့ ကာကြယ္ေဆးက ေရွ႕လအတြင္းမွာ ေရာက္လာဖုိ႔ ေမ ွ်ာ္လင့္ထားပါတယ္။ ဒီအေတာအတြင္း တ႐ုတ္ႏုိင္ငံက ကာကြယ္ေဆးလွဴမယ္ဆုိတဲ့သတင္းေတြ ထြက္ထားပါတယ္။

ေဘဂ်င္းအေျခစိုက္ Sinovac ကုမၸဏီထုတ္ CoronaVac ကာကြယ္ေဆးကို ဘရာဇီးလ္ႏုိင္ငံမွာ စမ္းသပ္ခဲ့တာကေန ထြက္ရွိလာတဲ့ရလဒ္ေတြအရ ထိေရာက္မႈႏႈန္းဟာ အေစာပိုင္းကေျပာထားသေလာက္ မျမင့္မားဘဲ ၅၀ % ေက်ာ္ေလးပဲ ထိေရာက္မႈရွိတယ္လုိ႔ ဘရာဇီးလ္ သိပၸံပညာရွင္ေတြက ေျပာတဲ့အေၾကာင္း သတင္းေတြထြက္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ ကိုဗစ်ဓါတ်ခွဲအတည်ပြု ၁၃၂,၂၆၀ ဦး၊ သေဆုံး ၂,၉၀၂ ဦး

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၅၂၃ ယောက် ထပ်တိုးပြီး သေဆုံးသူ ၂၄ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီနေ့ထုတ်ပြန်ချက်မှာပါတဲ့ သေဆုံးသူတွေထဲမှာ ၂၁ ယောက်က ရောဂါအခံရှိသူတွေဖြစ်ပါတယ်။

ဓာတ်ခွဲနမူနာပေါင်း ၁၇,၈၂၇ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုးကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၂,၀၅၅,၇၅၇ ခု ရှိသွားပြီဖြစ်ပါတယ်။

သေဆုံးသူအရေအတွက်က ၂,၉၀၂ ယောက်ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၁၃၂,၂၆၀ ယောက် ရှိသွားပါပြီ။

ဒီကနေ့ညထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူ အရေအတွက် ၅၆၀ ယောက်ရှိပြီး ရောဂါပျောက်ကင်းသူ စုစုပေါင်းကတော့ ၁၁၅,၆၂၁ ယောက် ရှိသွားပါပြီ။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားတာအရဆိုရင် ဒီကနေ့ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၂.၉၃% ရှိပြီး ပြန်ကောင်းလာသူ ၈၇.၄၂% ၊ သေဆုံးနှုန်းက ၂.၁၉% ရှိပါတယ်။

သေဆုံးသူတွေထဲမှာ နောက်ခံရောဂါရှိသူက ၈၇.၅% ရှိပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေက ရောဂါပိုးကူးစက်တဲ့နှုန်း ကျသွားသလို ရှိခဲ့ပေမဲ့လည်း ဒီကနေ့ ကိန်းဂဏန်းတွေကို ကြည့်မယ်ဆိုရင်တော့ ကိုရိုနာဗိုင်းရပ်စ်ပိုးအန္တရာယ် ကြီးကြီးမားမား ဆက်ရှိနေတုံးပဲဆိုတာ တွေ့နိုင်ပါတယ်။

ကာကွယ်ဆေးရဖို့ ကြိုးစားနေတာမှာလည်း အိန္ဒိယကနေ ဝယ်ယူထားတဲ့ ကာကွယ်ဆေးက ရှေ့လအတွင်းမှာ ရောက်လာဖို့ မေ ျှာ်လင့်ထားပါတယ်။ ဒီအတောအတွင်း တရုတ်နိုင်ငံက ကာကွယ်ဆေးလှူမယ်ဆိုတဲ့သတင်းတွေ ထွက်ထားပါတယ်။

ဘေဂျင်းအခြေစိုက် Sinovac ကုမ္ပဏီထုတ် CoronaVac ကာကွယ်ဆေးကို ဘရာဇီးလ်နိုင်ငံမှာ စမ်းသပ်ခဲ့တာကနေ ထွက်ရှိလာတဲ့ရလဒ်တွေအရ ထိရောက်မှုနှုန်းဟာ အစောပိုင်းကပြောထားသလောက် မမြင့်မားဘဲ ၅၀% ကျော်လေးပဲ ထိရောက်မှုရှိတယ်လို့ ဘရာဇီးလ် သိပ္ပံပညာရှင်တွေက ပြောတဲ့အကြောင်း သတင်းတွေထွက်နေပါတယ်။

XS
SM
MD
LG