သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print

ျမန္မာကိုဗစ္ဓါတ္ခဲြအတည္ျပဳ စုစုေပါင္း ၁၃၅,၂၄၃ ဦး၊ ေသဆံုး ၂,၉၈၆ ဦး


ရန္ကုန္ၿမိဳ႕ ဧရာဝတီကိုဗစ္စင္တာမွာ ေတြ႔ရတဲ့ က်န္းမာေရးဝန္ထမ္းတခ်ိဳ႕။ (ဇန္နဝါရီ ၁၄၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ဒီကေန႔ ကို႐ိုနာဗိုင္းရပ္စ္ပိုးကူးစက္သူ ၄၄၈ ေယာက္ထပ္ၿပီး အတည္ျပဳလိုက္တဲ့အတြက္အခုထိ ကူးစက္သူ စုစုေပါင္း ၁၃၅,၂၄၃ ေယာက္ရွိၿပီ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID – 19 ေၾကာင့္ ေသဆုံးသူက ၁၃ ဦး ရွိတာေၾကာင့္ အခုထိေသဆုံးသူ စုစုေပါင္း ၂,၉၈၆ ေယာက္ရွိပါတယ္။ ဒီကေန႔ေသဆုံးသူအားလုံးက ေရာဂါအခံရွိတဲ့သူ ေတြျဖစ္တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဇန္နဝါရီလ ၁၉ ရက္ေန႔အတြက္ ဓာတ္ခြဲနာမူနာေပါင္း ၂၀,၆၉၄ ခု စစ္ေဆးခဲ့ တာပါ။ ၿပီးခဲ့တဲ့မတ္လကေန အခုထိ ဓာတ္ခြဲနာမူနာေပါင္း ၂.၁ သန္း ေက်ာ္ (၂,၁၇၂,၅၂၂ ခု) စစ္ေဆးၿပီးခဲ့ၿပီးျဖစ္ၿပီး အတည္ျပဳလူနာေတြထဲ ျပန္ၿပီး က်န္းမာလာသူက ၁၁၈,၆၅၇ ေယာက္ရွိပါတယ္။

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ ႏွစ္မတ္လ၂၃ ရက္ေန႔ကေန ဇန္နဝါရီလ ၁၈ ရက္ေန႔အထိ ေတြ႕ရတဲ့ အတည္ျပဳ လူနာစာရင္းေတြအရ ရန္ကုန္တိုင္းအတြင္း ကူးစက္သူ ၈၆,၂၁၉ ေယာက္နဲ႔အမ်ားဆုံးျဖစ္ၿပီး မႏၲေလးတိုင္းအတြင္း ေရာဂါကူးစက္သူ ၁၆,၀၇၉ ေယာက္နဲ႔ ကူးစက္မႈႏႈန္း ဒုတိယအမ်ားဆုံးျဖစ္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါ ကူးစက္ျပန္႔ပြါးမႈကို ထိန္းခ်ဳပ္ႏိုင္ေရး လူတိုင္း ပါးစပ္နဲ႔ ႏွာေခါင္းစည္းတပ္ဆင္ၾကဖို႔၊ တစ္ေယာက္နဲ႔ တစ္ေယာက္ခပ္ခြါခြါ ေနထိုင္ၾကဖို႔၊ လက္ကိုမၾကာခဏေဆးေၾကာၾကဖို႔စတာေတြကို မိသားဝင္အခ်င္းခ်င္း၊ မိတ္ေဆြအခ်င္းခ်င္းနဲ႔ လုပ္ေဖာ္ကိုင္ဘက္ အခ်င္းခ်င္းနဲ႔ တစ္ေယာက္နဲ႔ တစ္ေယာက္ သတိေပးၾကဖို႔လည္း က်န္းမာေရးဝန္ႀကီးဌာနက တိုက္တြန္းႏႈိးေဆာ္ထားပါတယ္။

[Unicode Version]

မြန်မာကိုဗစ်ဓါတ်ခွဲအတည်ပြု စုစုပေါင်း ၁၃၅,၂၄၃ ဦး၊ သေဆုံး ၂,၉၈၆ ဦး

မြန်မာနိုင်ငံမှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်သူ ၄၄၈ ယောက်ထပ်ပြီး အတည်ပြုလိုက်တဲ့အတွက်အခုထိ ကူးစက်သူ စုစုပေါင်း ၁၃၅,၂၄၃ ယောက်ရှိပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID – 19 ကြောင့် သေဆုံးသူက ၁၃ ဦး ရှိတာကြောင့် အခုထိသေဆုံးသူ စုစုပေါင်း ၂,၉၈၆ ယောက်ရှိပါတယ်။ ဒီကနေ့သေဆုံးသူအားလုံးက ရောဂါအခံရှိတဲ့သူ တွေဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့အတွက် ဓာတ်ခွဲနာမူနာပေါင်း ၂၀,၆၉၄ ခု စစ်ဆေးခဲ့ တာပါ။ ပြီးခဲ့တဲ့မတ်လကနေ အခုထိ ဓာတ်ခွဲနာမူနာပေါင်း ၂.၁ သန်း ကျော် (၂,၁၇၂,၅၂၂ ခု) စစ်ဆေးပြီးခဲ့ပြီးဖြစ်ပြီး အတည်ပြုလူနာတွေထဲ ပြန်ပြီး ကျန်းမာလာသူက ၁၁၈,၆၅၇ ယောက်ရှိပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်မတ်လ၂၃ ရက်နေ့ကနေ ဇန်နဝါရီလ ၁၈ ရက်နေ့အထိ တွေ့ရတဲ့ အတည်ပြု လူနာစာရင်းတွေအရ ရန်ကုန်တိုင်းအတွင်း ကူးစက်သူ ၈၆,၂၁၉ ယောက်နဲ့အများဆုံးဖြစ်ပြီး မန္တလေးတိုင်းအတွင်း ရောဂါကူးစက်သူ ၁၆,၀၇၉ ယောက်နဲ့ ကူးစက်မှုနှုန်း ဒုတိယအများဆုံးဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကူးစက်ပြန့်ပွါးမှုကို ထိန်းချုပ်နိုင်ရေး လူတိုင်း ပါးစပ်နဲ့ နှာခေါင်းစည်းတပ်ဆင်ကြဖို့၊ တစ်ယောက်နဲ့ တစ်ယောက်ခပ်ခွါခွါ နေထိုင်ကြဖို့၊ လက်ကိုမကြာခဏဆေးကြောကြဖို့စတာတွေကို မိသားဝင်အချင်းချင်း၊ မိတ်ဆွေအချင်းချင်းနဲ့ လုပ်ဖော်ကိုင်ဘက် အချင်းချင်းနဲ့ တစ်ယောက်နဲ့ တစ်ယောက် သတိပေးကြဖို့လည်း ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG