(Zawgyi / Unicode)
ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ေရာဂါကူးစက္သူ ၅၇၄ ေယာက္ ထပ္တိုးၿပီး ေသဆုံးသူက ၁၄ ေယာက္ ထပ္တိုးတဲ့အေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ေသဆုံးသူေတြထဲမွာ ၁၂ ေယာက္က ေရာဂါအခံရွိသူေတြ ျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ဓာတ္ခြဲနမူနာေပါင္း ၁၅,၉၇၂ ခုကို စစ္ေဆးခဲ့တဲ့အထဲက အခုလို ေနာက္ထပ္ ေရာဂါပိုး ကူးစက္ထားသူေတြ ေတြ႔ရတာျဖစ္ၿပီး ဒီကေန႔အထိဆိုရင္ စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာေပါင္း ၁,၈၄၉,၉၆၇ ခု ရွိသြားၿပီျဖစ္ပါတယ္။
ေသဆုံးသူအေရအတြက္က ၂,၇၁၁ ေယာက္ရွိၿပီျဖစ္ၿပီး ေရာဂါပိုး ကူးစက္သူေပါင္းကေတာ့ ၁၂၅,၆၁၆ ေယာက္ ရွိသြားပါၿပီ။
ဒီကေန႔ည ထုတ္ျပန္ခ်က္မွာ ေဆး႐ုံဆင္းခြင့္ရရွိသူ အေရအတြက္ ၈၈၃ ေယာက္ရွိတယ္လို႔ ေဖာ္ျပထားတာေၾကာင့္ ေရာဂါေပ်ာက္ကင္းသြားသူေပါင္း ၁၀၈,၆၆၀ ေယာက္ ရွိသြားၿပီျဖစ္ပါတယ္။
က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ သတင္းထုတ္ျပန္ေရးအဖြဲ႔ဝင္၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက သူ႔ရဲ႕ေဖ့စ္ဘုတ္မွာ မၾကာေသးခင္ အခ်ိန္ပိုင္းအတြင္းက ေရးထားတာအရဆိုရင္ ဒီကေန႔ ဓာတ္ခြဲစစ္ေဆးတဲ့ နမူနာအေရအတြက္ စုစုေပါင္းထဲမွာ ပိုးေတြ႔သူ ၃.၅၉ ရာခုိင္ႏႈန္းရွိၿပီး ျပန္ေကာင္းလာသူ ၈၆.၅ ရာခုိင္ႏႈန္း၊ ေသဆုံးႏႈန္းက ၂.၁၆ ရာခုိင္ႏႈန္း ရွိပါတယ္။
ေသဆုံးသူေတြထဲမွာ ေနာက္ခံေရာဂါရွိသူက ၈၅.၇၁ ရာခုိင္ႏႈန္း ရွိတယ္လို႔လည္း ေဒါက္တာခင္ခင္ႀကီးက ေရးထားပါတယ္။
ဒီရက္ပိုင္းေတြအတြင္း ပိုးကူးတဲ့ႏႈန္း အတန္ငယ္ေလ်ာ့က်လာသလို ျပန္ေကာင္းတဲ့ႏႈန္းလည္း တက္လာေပမယ့္ ေသဆံုးႏႈန္းကေတာ့ သိသိသာသာ ေလ်ာ့က်မသြားေသးပါဘူး။
----------------------------
(Unicode)
မြန်မာ ကိုဗစ်ဓာတ်ခွဲအတည်ပြု ၁၂၅,၆၁၆ ဦး၊ သေဆုံး ၂,၇၁၁ ဦး
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၅၇၄ ယောက် ထပ်တိုးပြီး သေဆုံးသူက ၁၄ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သေဆုံးသူတွေထဲမှာ ၁၂ ယောက်က ရောဂါအခံရှိသူတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ခွဲနမူနာပေါင်း ၁၅,၉၇၂ ခုကို စစ်ဆေးခဲ့တဲ့အထဲက အခုလို နောက်ထပ် ရောဂါပိုး ကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၁,၈၄၉,၉၆၇ ခု ရှိသွားပြီဖြစ်ပါတယ်။
သေဆုံးသူအရေအတွက်က ၂,၇၁၁ ယောက်ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၁၂၅,၆၁၆ ယောက် ရှိသွားပါပြီ။
ဒီကနေ့ည ထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူ အရေအတွက် ၈၈၃ ယောက်ရှိတယ်လို့ ဖော်ပြထားတာကြောင့် ရောဂါပျောက်ကင်းသွားသူပေါင်း ၁၀၈,၆၆၀ ယောက် ရှိသွားပြီဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားတာအရဆိုရင် ဒီကနေ့ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၃.၅၉ ရာခိုင်နှုန်းရှိပြီး ပြန်ကောင်းလာသူ ၈၆.၅ ရာခိုင်နှုန်း၊ သေဆုံးနှုန်းက ၂.၁၆ ရာခိုင်နှုန်း ရှိပါတယ်။
သေဆုံးသူတွေထဲမှာ နောက်ခံရောဂါရှိသူက ၈၅.၇၁ ရာခိုင်နှုန်း ရှိတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ရေးထားပါတယ်။
ဒီရက်ပိုင်းတွေအတွင်း ပိုးကူးတဲ့နှုန်း အတန်ငယ်လျော့ကျလာသလို ပြန်ကောင်းတဲ့နှုန်းလည်း တက်လာပေမယ့် သေဆုံးနှုန်းကတော့ သိသိသာသာ လျော့ကျမသွားသေးပါဘူး။