သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ COVID-19 ကူးစက္သူ ၁ ဦးထပ္တိုး၊ ၁၇၇ ဦးရွိၿပီ


မႏၱေလးေဆးရံု (ေဖေဖာ္၀ါရီ ၀၂၊ ၂၀၂၀)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ေမလ ၈ ရက္၊ ေသာၾကာေန႔အတြက္ ဓာတ္ခြဲနမူနာစုစုေပါင္း ၅၈၂ ခုမွာ COVID-19 ကူးစက္တဲ့ ေနာက္ထပ္ ဓာတ္ခြဲအတည္ျပဳလူနာ ၁ ဦး ေတြ႔ရွိရတဲ့ အေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ေသာၾကာည ၁၀ နာရီထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒါေၾကာင့္ ေမလ ၈ ရက္၊ ေသာၾကာေန႔ညအထိဆိုရင္ ျမန္မာႏုိင္ငံမွာ COVID-19 ကူးစက္သူ စုစုေပါင္း ၁၇၇ ေယာက္ရွိသြားပါၿပီ။

အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲဌာန (ရန္ကုန္) က ဓာတ္ခြဲနမူနာ ၂၅၆ခု၊ ေဆးသုေတသနဦးစီးဌာနက ဓာတ္ခြဲနမူနာ ၉၃ ခုနဲ႔ ေနျပည္ေတာ္ အမွတ္ (၂) တပ္မေတာ္ ေဆး႐ုံႀကီးမွာ ဓာတ္ခြဲနမူနာ ၂၃၃ ခု၊ စုစုေပါင္း ၅၈၂ ခုကို စစ္ေဆးခဲ့တာ ျဖစ္ပါတယ္။

အခုေနာက္ဆံုး ေရာဂါပိုးကူးစက္သူအျဖစ္ ဓာတ္ခြဲအတည္ျပဳလိုက္သူဟာ ရန္ကုန္တိုင္းေဒသႀကီး၊ အင္းစိန္ၿမိဳ႕နယ္က အသက္ ၈၄ ႏွစ္အရြယ္ အမ်ဳိးသမီးႀကီးျဖစ္ပါတယ္။ သူဟာ ေရာဂါကူးစက္သူေတြအျဖစ္ အေစာပိုင္းက ေၾကညာထားတဲ့ အမွတ္ ၁၅၁၊ ၁၅၂၊ ၁၅၃၊ ၁၅၄၊ ၁၆၂ တို႔နဲ႔ ထိေတြ႔မႈရွိသူျဖစ္ၿပီး အင္းစိန္ ျပည္သူ႔ေဆး႐ံုႀကီးမွာ အသြားအလာ ကန္႔သတ္ထားရွိသူ ျဖစ္တယ္လုိ႔လည္း က်န္းမာေရးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာနုိင္ငံတြင္း ေရာဂါကူးစက္သူေတြထဲမွာ ေသဆုံးသူ ၆ ေယာက္၊ ေရာဂါကင္းစင္သြားသူ ၆၇ ေယာက္ရွိသြားၿပီျဖစ္ၿပီးေတာ့ အဲဒီထဲက ၄၃ ေယာက္ကို ေဆး႐ုံက ဆင္းခြင့္ေပးခဲ့ၿပီးျဖစ္တယ္လို႔ က်န္းမာေရးဌာနက ေျပာထားပါတယ္။

[Unicode Version]

မြန်မာ COVID-19 ကူးစက်သူ ၁ ဦးထပ်တိုး၊ ၁၇၇ ဦးရှိပြီ

မြန်မာနိုင်ငံမှာ မေလ ၈ ရက်၊ သောကြာနေ့အတွက် ဓာတ်ခွဲနမူနာစုစုပေါင်း ၅၈၂ ခုမှာ COVID-19 ကူးစက်တဲ့ နောက်ထပ် ဓာတ်ခွဲအတည်ပြုလူနာ ၁ ဦး တွေ့ရှိရတဲ့ အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ သောကြာည ၁၀ နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် မေလ ၈ ရက်၊ သောကြာနေ့ညအထိဆိုရင် မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ စုစုပေါင်း ၁၇၇ ယောက်ရှိသွားပါပြီ။

အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၂၅၆ခု၊ ဆေးသုတေသနဦးစီးဌာနက ဓာတ်ခွဲနမူနာ ၉၃ ခုနဲ့ နေပြည်တော် အမှတ် (၂) တပ်မတော် ဆေးရုံကြီးမှာ ဓာတ်ခွဲနမူနာ ၂၃၃ ခု၊ စုစုပေါင်း ၅၈၂ ခုကို စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

အခုနောက်ဆုံး ရောဂါပိုးကူးစက်သူအဖြစ် ဓာတ်ခွဲအတည်ပြုလိုက်သူဟာ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်က အသက် ၈၄ နှစ်အရွယ် အမျိုးသမီးကြီးဖြစ်ပါတယ်။ သူဟာ ရောဂါကူးစက်သူတွေအဖြစ် အစောပိုင်းက ကြေညာထားတဲ့ အမှတ် ၁၅၁၊ ၁၅၂၊ ၁၅၃၊ ၁၅၄၊ ၁၆၂ တို့နဲ့ ထိတွေ့မှုရှိသူဖြစ်ပြီး အင်းစိန် ပြည်သူ့ဆေးရုံကြီးမှာ အသွားအလာ ကန့်သတ်ထားရှိသူ ဖြစ်တယ်လို့လည်း ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း ရောဂါကူးစက်သူတွေထဲမှာ သေဆုံးသူ ၆ ယောက်၊ ရောဂါကင်းစင်သွားသူ ၆၇ ယောက်ရှိသွားပြီဖြစ်ပြီးတော့ အဲဒီထဲက ၄၃ ယောက်ကို ဆေးရုံက ဆင်းခွင့်ပေးခဲ့ပြီးဖြစ်တယ်လို့ ကျန်းမာရေးဌာနက ပြောထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG