သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ COVID-19 ကူးစက္သူ ေနာက္ထပ္ ၁၁ ဦးထပ္တိုး


လိႈင္သာယာၿမိဳ႕နယ္ရွိ စက္ရံုတခုမွာ ကိုယ္အပူခ်ိန္ တိုင္းတာေပးေနတဲ့ က်န္းမာေရး၀န္ထမ္းတခ်ိဳ႕။ (ေမ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ဒီေန႔ COVID-19 ေရာဂါပိုးကူးစက္ခံရသူ ေနာက္ထပ္ ၁၁ ေယာက္ စစ္ေဆး ေတြ႔ရွိတာေၾကာင့္ ေရာဂါကူးစက္ခံရသူ စုစုေပါင္း ၂၆၀ ရွိသြားၿပီလို႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနရဲ႕ ည ၈ နာရီထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

စမ္းသပ္စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာစုစုေပါင္း ၁,၂၉၇ ခုထဲက အမ်ဳိးသား သံုး ေယာက္နဲ႔ အမ်ဳိးသမီး ရွစ္ ေယာက္တို႔ ေရာဂါပိုး ကူးစက္ထားတာကို ေတြ႔ရွိခ့ဲတာပါ။

ဒီေန႔ ေရာဂါပိုးေတြ႔ရွိတဲ့သူေတြ အားလုံးဟာ ျပည္ပကေန ျပန္လာတဲ့သူေတြျဖစ္ၾကၿပီး ရန္ကုန္တုိင္းေဒသႀကီးက ၁၀ ေယာက္ နဲ႔ ရခိုင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕နယ္က တစ္ေယာက္ျဖစ္ပါတယ္။ ရခုိင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕က အသက္ ၂၆ ႏွစ္အရြယ္ အမ်ိဳးသားကေတာ့ ဘဂၤလားေဒ့ရွ္ႏုိင္ငံကေန ျပန္လာတဲ့သူျဖစ္ၿပီး ရန္ကုန္တုိင္းက ၁၀ ေယာက္ကေတာ့ အိႏၵိယႏုိင္ငံကေန ျပန္လာတဲ့သူေတြျဖစ္ၾကပါတယ္။

ရန္ကုန္တုိင္းက ၁၀ ေယာက္မွာ ပုဇြန္ေတာင္ၿမိဳ႕နယ္က ေလး ေယာက္၊ တာေမြနဲ႔ မဂၤလာေတာင္ညႊန္႔ၿမိဳ႕နယ္က သံုး ေယာက္စီျဖစ္ၿပီး အသက္ ၁၀ ႏွစ္ကေန ၇၀ အရြယ္အထိ ပါ၀င္ပါတယ္။

ေရာဂါပိုးကူးစက္ခံရသူေတြထဲက ေဆးရုံတက္ကုသမႈခံယူၿပီး ေရာဂါပိုးေပ်ာက္ကင္းလာသူ ၁၆၅ ေယာက္ရွိၿပီး အဲဒီထဲက ၁၅၀ ကုိေဆး႐ုံးကဆင္းခြင့္ျပဳခဲ့ၿပီးေတာ့ သတ္မွတ္ထားတဲ့ေနရာေတြမွာ အသြားအလာဆက္လက္ကန္႔သတ္ၿပီး ေစာင့္ၾကည့္ေနတယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ ၿပီးခဲ့တဲ့ ဇြန္လ ၁၀ ရက္ နဲ႔ ၁၁ ရက္ေန႔ေတြ႔မွာ ေနာက္ထပ္ ေစာင့္ၾကည့္လူနာ ၂၈ ေယာက္ရွိတယ္လို႔လည္း ေျပာပါတယ္။ အခုခ်ိိန္ထိေတာ့ ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါေၾကာင့္ ေသဆုံးသူ ေျခာက္ ေယာက္ရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက အတည္ျပဳထားပါတယ္။

ျမန္မာ COVID-19 ကူးစက္သူ ေနာက္ထပ္ ၁၁ ဦးထပ္တိုး
please wait

No media source currently available

0:00 0:01:16 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ COVID-19 ကူးစက်သူ နောက်ထပ် ၁၁ ဦးထပ်တိုး

မြန်မာနိုင်ငံမှာ ဒီနေ့ COVID-19 ရောဂါပိုးကူးစက်ခံရသူ နောက်ထပ် ၁၁ ယောက် စစ်ဆေး တွေ့ရှိတာကြောင့် ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၆၀ ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စမ်းသပ်စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာစုစုပေါင်း ၁,၂၉၇ ခုထဲက အမျိုးသား သုံး ယောက်နဲ့ အမျိုးသမီး ရှစ် ယောက်တို့ ရောဂါပိုး ကူးစက်ထားတာကို တွေ့ရှိခဲ့တာပါ။

ဒီနေ့ ရောဂါပိုးတွေ့ရှိတဲ့သူတွေ အားလုံးဟာ ပြည်ပကနေ ပြန်လာတဲ့သူတွေဖြစ်ကြပြီး ရန်ကုန်တိုင်းဒေသကြီးက ၁၀ ယောက် နဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က တစ်ယောက်ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့က အသက် ၂၆ နှစ်အရွယ် အမျိုးသားကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြန်လာတဲ့သူဖြစ်ပြီး ရန်ကုန်တိုင်းက ၁၀ ယောက်ကတော့ အိန္ဒိယနိုင်ငံကနေ ပြန်လာတဲ့သူတွေဖြစ်ကြပါတယ်။

ရန်ကုန်တိုင်းက ၁၀ ယောက်မှာ ပုဇွန်တောင်မြို့နယ်က လေး ယောက်၊ တာမွေနဲ့ မင်္ဂလာတောင်ညွှန့်မြို့နယ်က သုံး ယောက်စီဖြစ်ပြီး အသက် ၁၀ နှစ်ကနေ ၇၀ အရွယ်အထိ ပါဝင်ပါတယ်။

ရောဂါပိုးကူးစက်ခံရသူတွေထဲက ဆေးရုံတက်ကုသမှုခံယူပြီး ရောဂါပိုးပျောက်ကင်းလာသူ ၁၆၅ ယောက်ရှိပြီး အဲဒီထဲက ၁၅၀ ကိုဆေးရုံးကဆင်းခွင့်ပြုခဲ့ပြီးတော့ သတ်မှတ်ထားတဲ့နေရာတွေမှာ အသွားအလာဆက်လက်ကန့်သတ်ပြီး စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက် နဲ့ ၁၁ ရက်နေ့တွေ့မှာ နောက်ထပ် စောင့်ကြည့်လူနာ ၂၈ ယောက်ရှိတယ်လို့လည်း ပြောပါတယ်။ အခုချိန်ထိတော့ မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ခြောက် ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အတည်ပြုထားပါတယ်။

XS
SM
MD
LG