သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ COVID-19 ကူးစက္သူ ၂ ဦးထပ္တိုးၿပီး ၃၃၉ ဦးရွိၿပီ


ရန္ကုန္ၿမိဳ႕ လိႈင္တကၠသိုလ္ရွိ Quarantine စင္တာတခုမွာ COVID 19 ရွိ၊ မရွိ စစ္ေဆးဖို႔ swap နမူနာယူေနတဲ့ က်န္းမာေရး၀န္ထမ္းတခ်ိဳ႕။ (ဇူလိုင္ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ COVID-19 အတည္ျပဳလူနာသစ္ ႏွစ္ ေယာက္ထပ္တိုးတဲ့အတြက္ စုစုေပါင္း ၃၃၉ ေယာက္႐ွိသြားပါၿပီ။ လူနာသစ္ ၂ ေယာက္မွာ တေယာက္က ထိုင္းႏိုင္ငံကုိ သြားခဲ့တဲ့ အမ်ဳိးသားျဖစ္ၿပီး ေနာက္တေယာက္ကေတာ့ ျပည္ပ ခရီးသြားရာဇဝင္မ႐ွိတဲ့ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္က အမ်ဳိးသားတေယာက္ျဖစ္တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕နယ္က အသက္ ၂၇ ႏွစ္အ႐ြယ္ အမ်ဳိးသားဟာ COVID-19 အတည္ျပဳလူနာေတြနဲ႔လည္း ထိေတြ႔မႈ မ႐ွိပါဘူး။ ဒါေပမဲ့ အသြားအလာကန္႔သတ္ေစာင့္ၾကည့္ခံထားရသူျဖစ္ပါတယ္။

ဒီေန႔အတြက္ ရန္ကုန္ၿမိဳ႕အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲဌာနမွာ (ပထမအသုတ္) ဓာတ္ခြဲ နမူနာ ၆၉၅ ခု၊ ေဆးသုေတသနဦးစီးဌာနမွာ ဓာတ္ခြဲနမူနာ ၂၈၉ ခု၊ မႏၲေလးၿမိဳ႕ ျပည္သူ႔က်န္းမာေရးဓာတ္ခြဲဌာနမွာ ဓာတ္ခြဲနမူနာ ၁၈၅ ခု၊ ေမာ္လၿမိဳင္ၿမိဳ႕ ျပည္သူ႔က်န္းမာေရးဓာတ္ခြဲဌာနမွာ ဓာတ္ခြဲနမူနာ ၂၇၈ ခုနဲ႔ ရန္ကုန္ၿမိဳ႕၊ အမွတ္ (၁) တပ္မေတာ္ေဆး႐ုံႀကီးမွာ ဓာတ္ခြဲနမူနာ ၁၇၃ ခု၊ စုစုေပါင္း ၁,၆၂၀ ကို ဒီေန႔ညေနပိုင္းမွာ စစ္ေဆးၿပီးစီးခဲ့တာျဖစ္ပါတယ္။

ဒီေန႔ည ၈ နာရီအထိ ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါကင္းစင္သြားသူ ၂၇၀ ဦးရွိၿပီး ေသဆံုးသူ ၆ ေယာက္ ရွိတာေၾကာင့္ လက္ရွိမွာ COVID-19 ေရာဂါနဲ႔ ကုသမႈခံယူေနဆဲလူနာ ၆၃ ဦးရွိပါတယ္။

[Unicode Version]

မြန်မာ COVID-19 ကူးစက်သူ ၂ ဦးထပ်တိုးပြီး ၃၃၉ ဦးရှိပြီ

မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာသစ် နှစ် ယောက်ထပ်တိုးတဲ့အတွက် စုစုပေါင်း ၃၃၉ ယောက်ရှိသွားပါပြီ။ လူနာသစ် ၂ ယောက်မှာ တယောက်က ထိုင်းနိုင်ငံကို သွားခဲ့တဲ့ အမျိုးသားဖြစ်ပြီး နောက်တယောက်ကတော့ ပြည်ပ ခရီးသွားရာဇဝင်မရှိတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က အမျိုးသားတယောက်ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ကျောက်တော်မြို့နယ်က အသက် ၂၇ နှစ်အရွယ် အမျိုးသားဟာ COVID-19 အတည်ပြုလူနာတွေနဲ့လည်း ထိတွေ့မှု မရှိပါဘူး။ ဒါပေမဲ့ အသွားအလာကန့်သတ်စောင့်ကြည့်ခံထားရသူဖြစ်ပါတယ်။

ဒီနေ့အတွက် ရန်ကုန်မြို့အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနမှာ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ ၆၉၅ ခု၊ ဆေးသုတေသနဦးစီးဌာနမှာ ဓာတ်ခွဲနမူနာ ၂၈၉ ခု၊ မန္တလေးမြို့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနမှာ ဓာတ်ခွဲနမူနာ ၁၈၅ ခု၊ မော်လမြိုင်မြို့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနမှာ ဓာတ်ခွဲနမူနာ ၂၇၈ ခုနဲ့ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီးမှာ ဓာတ်ခွဲနမူနာ ၁၇၃ ခု၊ စုစုပေါင်း ၁,၆၂၀ ကို ဒီနေ့ညနေပိုင်းမှာ စစ်ဆေးပြီးစီးခဲ့တာဖြစ်ပါတယ်။

ဒီနေ့ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါကင်းစင်သွားသူ ၂၇၀ ဦးရှိပြီး သေဆုံးသူ ၆ ယောက် ရှိတာကြောင့် လက်ရှိမှာ COVID-19 ရောဂါနဲ့ ကုသမှုခံယူနေဆဲလူနာ ၆၃ ဦးရှိပါတယ်။

XS
SM
MD
LG