သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မြန္ေဒသမွာ ကိုဗစ္ကာလ အေရးေပၚအကူအညီေတြ မရၾကေသး


မြန္ျပည္နယ္မွာ ေတြ႔ရတဲ့ အလုပ္သမားတခ်ိဳ႕။ (ေဖေဖာ္၀ါရီ ၂၁၊ ၂၀၁၂)

[Zawgyi/Unicode]

COVID-19 ကပ္ေရာဂါကာလမွာ ျမန္မာႏုိင္ငံေတာင္ပုိင္းမွာ ေနရပ္စြန္႔ခြာတိမ္းေရွာင္ေနသူေတြ အပါအ၀င္ ေဒသခံေတြ အခက္အခဲေတြ ႀကံဳေနရတဲ့အေၾကာင္း ေျပာျပေပးပါမယ္။ ကိုဗစ္ကာလ ျမန္မာႏိုင္ငံေတာင္ပိုင္း မြန္တိုင္းရင္းသားေဒသေတြမွာ က်န္းမာေရးႏွင့္ စားဝတ္ေနေရးအတြက္ အကူအညီလိုအပ္ေနသူေတြ အမ်ားႀကီးရွိေနၾကၿပီး အစိုးရရဲ႕ ေထာက္ပံ့မႈေတြမရႏိုင္ဘဲ ျဖစ္ေနၾကတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပေပးပါမယ္။

ကိုဗစ္ကပ္ေရာဂါကာလမွာ စားဝတ္ေနေရးအတြက္ အခက္အခဲရွိေနၾကတဲ့ ပုံမွန္ဝင္ေငြမရွိတဲ့ အေျခခံလူတန္းစားေတြအတြက္ အစိုးရက ေထာက္ပံ့ရိကၡာေတြ၊ ေထာက္ပံ့ေၾကးေတြေပးတဲ့ အစီအစဥ္ေတြ ရွိေပမဲ့ မြန္တုိင္းရင္းသား အမ်ားစုရွိရာ ျမန္မာႏုိင္ငံ ေတာင္ပုိင္းေဒသမွာေတာ့ အခက္အခဲေတြ ႀကံဳေနရဆဲ ျဖစ္တယ္လုိ႔ မြန္ျပည္ လူ႔အခြင့္အေရးေဖာင္ေဒးရွင္းက ဒီကေန႔ ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေဖာ္ျပခဲ့တာပါ။ အထူးသျဖင့္ လက္နက္ကုိင္အဖဲြ႔အစည္းေတြ ထိန္းခ်ဳပ္ထားတဲ့ နယ္ေျမေတြမွာ အကူအညီလုိအပ္ေနသူေတြ အမ်ားအျပား ရွိေနတယ္လုိ႔လည္း မြန္ျပည္နယ္ လူ႔အခြင့္အေရးေဖာင္ေဒးရွင္းရဲ႕ စီမံကိန္းညႇိႏႈိင္းေရးမႈး ဗညားအက္ဗန္က ေျပာပါတယ္။

“က်ေနာ္ ထင္တာ သူတို႔က Government Control Area မဟုတ္တဲ့အခါက်ေတာ့ စာရင္းက ေထြအုပ္ေတြေကာက္တာကိုး ေထြအုပ္ေတြက တင္တဲ့အခါက်ေတာ့ သူတို႔ cooperation မရွိတာလား၊ အဲ့ဒါမ်ိဳးေပါ့။ အဲ့ဒါေၾကာင့္မို႔လို႔ က်ေနာ္တို႔ေျပာခ်င္တာက သူတို႔မသိဘူးဗ်။ သူတို႔ရွိေနတယ္ဆိုတာ ကို ဒီက အစိုးရေကာ မြန္ျပည္သစ္ပါတီကလည္း သူတို႔ မေထာက္ပံ့ႏိုင္ဘူးေလ။ ၿပီးေတာ့ အစိုးရေရာ၊ အလွဴရွင္ေတြကေရာ သူတို႔ရွိေနတယ္ သူတို႔မွာ ဒီလို အခက္အခဲျဖစ္ေနတယ္ဆိုတာကို မသိၾကဘူး။ သူတို႔လုပ္စရာရွိတာေတာ့ လုပ္ေနၾကတာပဲ အစိုးရလည္း သူေထာက္ပံ့စရာရွိတာ ေထာက္ပံ့ေနတာပဲေလ။ ဒါေပမဲ့ သူတို႔ကို စဥ္စားတဲ့အထဲမွာ မပါဘူးေပါ့ခင္ဗ်။”

ကုိဗစ္ကာလမွာ အခက္ႀကံဳေနရသူေတြက အစုိးရက ပထမအႀကိမ္ေထာက္ပံ့တုန္းက ဒီေဒသကလူေတြ စာရင္းထဲမွာ မပါခဲ့ဘူးလို႔လည္း ဗညားအက္ဗန္ကေျပာပါတယ္။ အခုဒုတိယတစ္ႀကိမ္ ေငြသားေထာက္ပံ့မယ့္ အစီအစဥ္မွာေတာ့ မြန္ျပည္သစ္ပါတီ ထိန္းခ်ဳပ္ေဒသက အိမ္ေျခ ၃,၀၀၀ ေလာက္ကုိ စာရင္းေပးထားတယ္လုိ႔လည္း ေျပာပါတယ္။

ႏိုင္ငံရပ္ျခားမွာ အလုပ္လုပ္ေနၾကတဲ့သူေတြကလည္း ကိုဗစ္ေၾကာင့္ အလုပ္လက္မဲ့ျဖစ္ၿပီး ေနရပ္ျပန္ခဲ့ရတာေတြရွိတာေၾကာင့္ သူတို႔ေတြကို က်န္းမာေရးေစာင့္ေရွာက္မႈေပးဖို႔ႏွင့္ အစားအေသာက္ေထာက္ပံ့ဖို႔အတြက္လည္း အခက္အခဲရွိေနၾကတယ္လို႔ အစီရင္ခံစာမွာေရးသား ထားပါတယ္။

ဧၿပီလ ပထမပတ္ေလာက္မွာကိုပဲ ေနရပ္ျပန္လာသူ အေရအတြက္က မြန္ျပည္နယ္တစ္ခုတည္းမွာ ၁၅,၀၀၀ ေက်ာ္ ရွိခဲ့တဲ့အတြက္ က်န္းမာေရး ေစာင့္ေရွာက္မႈအတြက္ လုိအပ္ခ်က္ေတြ ရွိေနေၾကာင္း ေဖာ္ျပထားပါတယ္။ ဒါေပမဲ့လည္း လုိအပ္ခ်က္ေတြကို ျဖည့္ဆည္းႏုိင္ဖုိ႔ ညွိႏႈိင္းေဆာင္ရြက္မႈေတြမွာ အားနည္းခ်က္ေတြ ရွိေနတယ္လုိ႔လည္း ဗညားအက္ဗန္က ေျပာပါတယ္။

“အစိုးရ မြန္ျပည္သစ္ပါတီနဲ႔ ဖြဲ႕ထားတဲ့ ေကာ္မတီရွိတယ္။ ဒီကိုဗစ္ ကူညီေစာင့္ေရွာက္ဖို႔ဆိုၿပီးေတာ့ တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ ပူးေပါင္းေကာ္မတီေတြရွိတယ္။ အဲ့ေတာ့ သူတို႔အေနနဲ႔ ေပၚလစီ တစ္ခုေတာ့ သူတို႔ရွိသင့္တယ္ေပ့ါေနာ္။ အစိုးရကေတာ့ သူ႔ေပၚလစီရွိၿပီးသားပဲ ဒီတိုင္းရင္သားလက္ နက္ကိုင္ေတြရဲ႕ လက္ေအာက္မွာ ရွိတဲ့ေက်းေ႐ြာေတြအတြက္ကို ေထာက္ပံ့ေၾကးေပးဖို႔ဆိုရင္ ဒီလူေတြကိုပါ ထည့္ၿပီးေတာ့ ေပၚလစီေတြဆြဲဖို႔လိုတယ္ အစိုးရက၊ မြန္ျပည္သစ္ပါတီကိုလည္း စာရင္းေကာက္ ခိုင္းၿပီးေတာ့ အဲ့တာကိုေပး၊ အဲ့ဒါမွပဲ တန္းတူညီမွ်မႈရွိမယ္။ သူတို႔မွာ နဂိုပူးေပါင္းၿပီးသား ေကာ္မတီ ရွိတယ္၊ အဲ့ဒီေကာ္မတီက အလုပ္လုပ္ဖို႔ေပါ့ေနာ္။ သူတို႔ရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈက ဟန္ျပပဲဖြဲ႕တာမဟုတ္ဘဲနဲ႔ တကယ္အလုပ္လုပ္တာမ်ိဳး ျဖစ္ေစခ်င္တာေပါ့ေနာ္။”

မြန္ျပည္နယ္ ကရင္ျပည္နယ္ႏွင့္ တနသၤာရီတိုင္းေဒသႀကီးတို႔က ေဒသခံ ၈၀ ေက်ာ္ကို ေမးျမန္းျပဳစုထားတဲ့ မြန္ျပည္ လူ႔အခြင့္အေရးေဖာင္ေဒးရွင္းရဲ႕ အစီရင္ခံစာမွာေတာ့ အစိုးရထိန္းခ်ဳပ္မႈေအာက္မွာ ရွိေနတဲ့ ေဒသေတြနဲ႔တန္းတူ တိုင္းရင္းသားလက္နက္ကိုင္ေတြ ထိန္းခ်ဳပ္တဲ့ေဒသေတြမွာလည္း အကူအညီေပးႏုိင္ေအာင္ ႀကိဳးပမ္းဖုိ႔ု႔၊ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေတြကို ကန္႔သတ္ခ်က္မထားဘဲ ခြင့္ျပဳဖို႔နဲ႔ သတင္းလြတ္လပ္ခြင့္ရွိဖို႔ အစိုးရနဲ႔ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းေတြကုိ တိုက္တြန္းထားပါတယ္။

COVID-19 ကပ္ေရာဂါကေန ျပန္လည္ထူေထာင္ဖုိ႔ ႀကိဳးပမ္းတဲ့ေနရာမွာ အစုိးရေတြ အေနနဲ႔ ဒုကၡသည္ေတြ၊ အုိးအိမ္စြန္႔ခြာ ေနထုိင္ေနရသူေတြ အေရးကုိ ဦးစားေပးဖုိ႔လည္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ António Guterres က ကမာၻ႔ဒုကၡသည္မ်ားေန႔ အထိမ္းအမွတ္အျဖစ္ ဇြန္လ ၂၀ ရက္ေန႔က ေျပာၾကားရာမွာ တုိက္တြန္းထားပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မွန်ဒေသမှာ ကိုဗစ်ကာလ အရေးပေါ်အကူအညီတွေ မရကြသေး

COVID-19 ကပ်ရောဂါကာလမှာ မြန်မာနိုင်ငံတောင်ပိုင်းမှာ နေရပ်စွန့်ခွာတိမ်းရှောင်နေသူတွေ အပါအဝင် ဒေသခံတွေ အခက်အခဲတွေ ကြုံနေရတဲ့အကြောင်း ပြောပြပေးပါမယ်။ ကိုဗစ်ကာလ မြန်မာနိုင်ငံတောင်ပိုင်း မွန်တိုင်းရင်းသားဒေသတွေမှာ ကျန်းမာရေးနှင့် စားဝတ်နေရေးအတွက် အကူအညီလိုအပ်နေသူတွေ အများကြီးရှိနေကြပြီး အစိုးရရဲ့ ထောက်ပံ့မှုတွေမရနိုင်ဘဲ ဖြစ်နေကြတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပေးပါမယ်။

ကိုဗစ်ကပ်ရောဂါကာလမှာ စားဝတ်နေရေးအတွက် အခက်အခဲရှိနေကြတဲ့ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် အစိုးရက ထောက်ပံ့ရိက္ခာတွေ၊ ထောက်ပံ့ကြေးတွေပေးတဲ့ အစီအစဉ်တွေ ရှိပေမဲ့ မွန်တိုင်းရင်းသား အများစုရှိရာ မြန်မာနိုင်ငံ တောင်ပိုင်းဒေသမှာတော့ အခက်အခဲတွေ ကြုံနေရဆဲ ဖြစ်တယ်လို့ မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်းက ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။ အထူးသဖြင့် လက်နက်ကိုင်အဖွဲ့အစည်းတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အကူအညီလိုအပ်နေသူတွေ အများအပြား ရှိနေတယ်လို့လည်း မွန်ပြည်နယ် လူ့အခွင့်အရေးဖောင်ဒေးရှင်းရဲ့ စီမံကိန်းညှိနှိုင်းရေးမှုး ဗညားအက်ဗန်က ပြောပါတယ်။

“ကျနော် ထင်တာ သူတို့က Government Control Area မဟုတ်တဲ့အခါကျတော့ စာရင်းက ထွေအုပ်တွေကောက်တာကိုး ထွေအုပ်တွေက တင်တဲ့အခါကျတော့ သူတို့ cooperation မရှိတာလား၊ အဲ့ဒါမျိုးပေါ့။ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့ပြောချင်တာက သူတို့မသိဘူးဗျ။ သူတို့ရှိနေတယ်ဆိုတာ ကို ဒီက အစိုးရကော မွန်ပြည်သစ်ပါတီကလည်း သူတို့ မထောက်ပံ့နိုင်ဘူးလေ။ ပြီးတော့ အစိုးရရော၊ အလှူရှင်တွေကရော သူတို့ရှိနေတယ် သူတို့မှာ ဒီလို အခက်အခဲဖြစ်နေတယ်ဆိုတာကို မသိကြဘူး။ သူတို့လုပ်စရာရှိတာတော့ လုပ်နေကြတာပဲ အစိုးရလည်း သူထောက်ပံ့စရာရှိတာ ထောက်ပံ့နေတာပဲလေ။ ဒါပေမဲ့ သူတို့ကို စဉ်စားတဲ့အထဲမှာ မပါဘူးပေါ့ခင်ဗျ။”

ကိုဗစ်ကာလမှာ အခက်ကြုံနေရသူတွေက အစိုးရက ပထမအကြိမ်ထောက်ပံ့တုန်းက ဒီဒေသကလူတွေ စာရင်းထဲမှာ မပါခဲ့ဘူးလို့လည်း ဗညားအက်ဗန်ကပြောပါတယ်။ အခုဒုတိယတစ်ကြိမ် ငွေသားထောက်ပံ့မယ့် အစီအစဉ်မှာတော့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသက အိမ်ခြေ ၃,၀၀၀ လောက်ကို စာရင်းပေးထားတယ်လို့လည်း ပြောပါတယ်။

နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေကြတဲ့သူတွေကလည်း ကိုဗစ်ကြောင့် အလုပ်လက်မဲ့ဖြစ်ပြီး နေရပ်ပြန်ခဲ့ရတာတွေရှိတာကြောင့် သူတို့တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့နှင့် အစားအသောက်ထောက်ပံ့ဖို့အတွက်လည်း အခက်အခဲရှိနေကြတယ်လို့ အစီရင်ခံစာမှာရေးသား ထားပါတယ်။

ဧပြီလ ပထမပတ်လောက်မှာကိုပဲ နေရပ်ပြန်လာသူ အရေအတွက်က မွန်ပြည်နယ်တစ်ခုတည်းမှာ ၁၅,၀၀၀ ကျော် ရှိခဲ့တဲ့အတွက် ကျန်းမာရေး စောင့်ရှောက်မှုအတွက် လိုအပ်ချက်တွေ ရှိနေကြောင်း ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်မှုတွေမှာ အားနည်းချက်တွေ ရှိနေတယ်လို့လည်း ဗညားအက်ဗန်က ပြောပါတယ်။

“အစိုးရ မွန်ပြည်သစ်ပါတီနဲ့ ဖွဲ့ထားတဲ့ ကော်မတီရှိတယ်။ ဒီကိုဗစ် ကူညီစောင့်ရှောက်ဖို့ဆိုပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးပေါင်းကော်မတီတွေရှိတယ်။ အဲ့တော့ သူတို့အနေနဲ့ ပေါ်လစီ တစ်ခုတော့ သူတို့ရှိသင့်တယ်ပေ့ါနော်။ အစိုးရကတော့ သူ့ပေါ်လစီရှိပြီးသားပဲ ဒီတိုင်းရင်သားလက် နက်ကိုင်တွေရဲ့ လက်အောက်မှာ ရှိတဲ့ကျေးရွောတွေအတွက်ကို ထောက်ပံ့ကြေးပေးဖို့ဆိုရင် ဒီလူတွေကိုပါ ထည့်ပြီးတော့ ပေါ်လစီတွေဆွဲဖို့လိုတယ် အစိုးရက၊ မွန်ပြည်သစ်ပါတီကိုလည်း စာရင်းကောက် ခိုင်းပြီးတော့ အဲ့တာကိုပေး၊ အဲ့ဒါမှပဲ တန်းတူညီမျှမှုရှိမယ်။ သူတို့မှာ နဂိုပူးပေါင်းပြီးသား ကော်မတီ ရှိတယ်၊ အဲ့ဒီကော်မတီက အလုပ်လုပ်ဖို့ပေါ့နော်။ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ဟန်ပြပဲဖွဲ့တာမဟုတ်ဘဲနဲ့ တကယ်အလုပ်လုပ်တာမျိုး ဖြစ်စေချင်တာပေါ့နော်။”

မွန်ပြည်နယ် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့က ဒေသခံ ၈၀ ကျော်ကို မေးမြန်းပြုစုထားတဲ့ မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်းရဲ့ အစီရင်ခံစာမှာတော့ အစိုးရထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ ဒေသတွေနဲ့တန်းတူ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်တဲ့ဒေသတွေမှာလည်း အကူအညီပေးနိုင်အောင် ကြိုးပမ်းဖို့ု့၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ကန့်သတ်ချက်မထားဘဲ ခွင့်ပြုဖို့နဲ့ သတင်းလွတ်လပ်ခွင့်ရှိဖို့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres

COVID-19 ကပ်ရောဂါကနေ ပြန်လည်ထူထောင်ဖို့ ကြိုးပမ်းတဲ့နေရာမှာ အစိုးရတွေ အနေနဲ့ ဒုက္ခသည်တွေ၊ အိုးအိမ်စွန့်ခွာ နေထိုင်နေရသူတွေ အရေးကို ဦးစားပေးဖို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က ကမ္ဘာ့ဒုက္ခသည်များနေ့ အထိမ်းအမှတ်အဖြစ် ဇွန်လ ၂၀ ရက်နေ့က ပြောကြားရာမှာ တိုက်တွန်းထားပါတယ်ရှင်။

XS
SM
MD
LG