သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာကိုဗစ္ ဓါတ္ခဲြအတည္ျပဳစုစုေပါင္း ၃၈,၅၀၂ ဦး၊ ေသဆံုး ၉၄၅ ဦး


COVID သံသယလူနာမ်ားကို Quarantin စင္တာကို ပို႔ေပးဖို႔ ျပင္ဆင္ေနၾကတဲ့ PPE ၀တ္စံု၀တ္ထားတဲ့ ပရဟိတ လုပ္သားမ်ားကို ရန္ကုန္ၿမိဳ႕ရွိ ရပ္ကြက္ တခုမွာ ေတြ႔ရ။ (ေအာက္တိုဘာ ၁၇၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ မေန႔ COVID – 19 ကူးစက္သူလူနာ ေနာက္ထပ္ ၁,၃၀၆ ေယာက္ အတည္ျပဳလိုက္တဲ့အတြက္ စုစုေပါင္း ကူးစက္သူ ၃၈,၅၀၂ ေယာက္ရွိၿပီျဖစ္ပါတယ္။ ေအာက္တိုဘာလ ၂၀ ရက္ေန႔အတြက္ ဓာတ္ခြဲ နမူနာေပါင္း ၁၅,၃၂၉ ခုကို စစ္ေဆးခဲ့တာမွာ အခုလို ကူးစက္သူ ၁,၃၀၀ ေက်ာ္ကို ထပ္ၿပီးေတြ႕တာပါ။ ဒီကေန႔ ေသဆုံးသူက ၃၁ ေယာက္ရွိတဲ့အတြက္ COVID – 19 ေၾကာင့္ေသဆုံးသူေပါင္း ၉၄၅ ေယာက္ရွိၿပီျဖစ္ပါတယ္။ အခုအခ်ိန္ထိ ဓာတ္ခြဲစစ္ေဆးမႈေပါင္း ၅၃၈,၀၀၀ ေက်ာ္ျပဳလုပ္ခဲ့ပါတယ္။ အတည္ျပဳထားတဲ့ ေရာဂါ ကူးစက္ခံရသူေပါင္း ၃၈,၀၀၀ ေက်ာ္ထဲက ျပန္ၿပီး က်န္းမာလာတဲ့သူ ၁၈,၁၄၇ ေယာက္ရွိပါတယ္။

ျမန္မာႏိုင္ငံတြင္း တိုင္းရင္းသား ေဒသတခ်ိဳ႕မွာ ေရာဂါ ကူးစက္မႈေတြ တိုးလာတာေၾကာင့္ အသြားအလာ ကန႔္သတ္တာ အပါအဝင္ ေရာဂါထိန္းခ်ဳပ္ေရး စည္းမ်ဥ္းေတြ တိုးျမႇင့္သတ္မွတ္ထားပါတယ္။ ကခ်င္ျပည္နယ္တြင္းမွာ ေရာဂါပိုးကူးစက္သူေတြ တိုးလာေနတာေၾကာင့္ ၿမိဳ႕နယ္တခ်ိဳ႕မွာ သြားလာလႈပ္ရွားမႈေတြကို ကန႔္သတ္လိုက္ပါတယ္။ မိုးညႇင္းနဲ႔ ဖားကန႔္ၿမိဳ႕နယ္တြင္း ေနထိုင္သူေတြကိုလည္း ဒီကေန႔ကစၿပီး မလိုအပ္ရင္ အိမ္ျပင္မထြက္ၾကဖို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။

COVID – 19 ဒုတိယလႈိင္းျဖစ္ၿပီးတဲ့ေနာက္ စီးပြါးေရးအရ ျပည္သူေတြ အေတာ္ေလး႐ုန္းကန္ရတဲ့ အေနအထားျဖစ္ေနတာေၾကာင့္ ႏိုင္ငံေတာ္အေနနဲ႔ လိုအပ္ရင္လိုအပ္သလိုတတ္ႏိုင္သေလာက္ျဖည့္ဆည္းေပးမယ္လို႔ COVID 19 ေရာဂါ ျဖစ္ပြားမႈ ေနာက္ဆုံး အေျခအေနနဲ႔ ပတ္သက္ၿပီး ေအာက္တိုဘာလ ၁၉ ရက္ေန႔က ျပည္သူေတြကို အစီရင္ခံ ရာမွာ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကေျပာပါတယ္။ ျပည္သူေတြကလည္း အခက္အခဲေတြကို သည္းခံေပးဖို႔ နဲ႔ ျပည္သူေတြရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈနဲ႔ ျပႆနာေတြကို ပိုၿပီး ျမန္ျမန္ဆန္ဆန္ေက်ာ္လႊားႏိုင္မွာျဖစ္တယ္လို႔လည္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားခဲ့ပါတယ္။

[Unicode Version]

မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၃၈,၅၀၂ ဦး၊ သေဆုံး ၉၄၅ ဦး

မြန်မာနိုင်ငံမှာ မနေ့ COVID – 19 ကူးစက်သူလူနာ နောက်ထပ် ၁,၃၀၆ ယောက် အတည်ပြုလိုက်တဲ့အတွက် စုစုပေါင်း ကူးစက်သူ ၃၈,၅၀၂ ယောက်ရှိပြီဖြစ်ပါတယ်။ အောက်တိုဘာလ ၂၀ ရက်နေ့အတွက် ဓာတ်ခွဲ နမူနာပေါင်း ၁၅,၃၂၉ ခုကို စစ်ဆေးခဲ့တာမှာ အခုလို ကူးစက်သူ ၁,၃၀၀ ကျော်ကို ထပ်ပြီးတွေ့တာပါ။ ဒီကနေ့ သေဆုံးသူက ၃၁ ယောက်ရှိတဲ့အတွက် COVID – 19 ကြောင့်သေဆုံးသူပေါင်း ၉၄၅ ယောက်ရှိပြီဖြစ်ပါတယ်။ အခုအချိန်ထိ ဓာတ်ခွဲစစ်ဆေးမှုပေါင်း ၅၃၈,၀၀၀ ကျော်ပြုလုပ်ခဲ့ပါတယ်။ အတည်ပြုထားတဲ့ ရောဂါ ကူးစက်ခံရသူပေါင်း ၃၈,၀၀၀ ကျော်ထဲက ပြန်ပြီး ကျန်းမာလာတဲ့သူ ၁၈,၁၄၇ ယောက်ရှိပါတယ်။

မြန်မာနိုင်ငံတွင်း တိုင်းရင်းသား ဒေသတချို့မှာ ရောဂါ ကူးစက်မှုတွေ တိုးလာတာကြောင့် အသွားအလာ ကန့်သတ်တာ အပါအဝင် ရောဂါထိန်းချုပ်ရေး စည်းမျဉ်းတွေ တိုးမြှင့်သတ်မှတ်ထားပါတယ်။ ကချင်ပြည်နယ်တွင်းမှာ ရောဂါပိုးကူးစက်သူတွေ တိုးလာနေတာကြောင့် မြို့နယ်တချို့မှာ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်လိုက်ပါတယ်။ မိုးညှင်းနဲ့ ဖားကန့်မြို့နယ်တွင်း နေထိုင်သူတွေကိုလည်း ဒီကနေ့ကစပြီး မလိုအပ်ရင် အိမ်ပြင်မထွက်ကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

COVID – 19 ဒုတိယလှိုင်းဖြစ်ပြီးတဲ့နောက် စီးပွါးရေးအရ ပြည်သူတွေ အတော်လေးရုန်းကန်ရတဲ့ အနေအထားဖြစ်နေတာကြောင့် နိုင်ငံတော်အနေနဲ့ လိုအပ်ရင်လိုအပ်သလိုတတ်နိုင်သလောက်ဖြည့်ဆည်းပေးမယ်လို့ COVID 19 ရောဂါ ဖြစ်ပွားမှု နောက်ဆုံး အခြေအနေနဲ့ ပတ်သက်ပြီး အောက်တိုဘာလ ၁၉ ရက်နေ့က ပြည်သူတွေကို အစီရင်ခံ ရာမှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။ ပြည်သူတွေကလည်း အခက်အခဲတွေကို သည်းခံပေးဖို့ နဲ့ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပြဿနာတွေကို ပိုပြီး မြန်မြန်ဆန်ဆန်ကျော်လွှားနိုင်မှာဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG