သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ ကိုဗစ္အတည္ျပဳလူနာသစ္ ၉၆၄၊ ေသဆံုးသူ ၁၉ ေယာက္


ျပည္တြင္းေလေၾကာင္းလိုင္းမွာ လိုက္ပါမယ့္ ခရီးသည္ တဦးကို ကိုဗစ္စစ္ေဆးေပးေနတဲ့ ျမင္ကြင္း။ (ဒီဇင္ဘာ ၂၁၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါ အတည္ျပဳအခုရက္ပိုင္းအတြင္း ၁,၀၀၀ ေအာက္ က်ဆင္းေနတာမွာ ဒီေန႔လည္း လူနာသစ္ ၉၆၄ ေယာက္ ျဖစ္ပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ထုတ္ျပန္ခ်က္အရ ကိုဗစ္ေရာဂါေၾကာင့္ ေသဆံုးသူက ေနာက္ထပ္ ၁၉ ေယာက္ျဖစ္ၿပီး ၁၃ ေယာက္က ေရာဂါအခံ႐ွိသူေတြျဖစ္ပါတယ္။ ဒီေန႔ ဒီဇင္ဘာ ၂၂ ရက္ အဂၤါေန႔ ည ၈ နာရီအထိ အတည္ျပဳလူနာ စုစုေပါင္း ၁၁၇,၉၄၉ ေယာက္၊ ေသဆံုးသူ စုစုေပါင္း ၂,၄၈၄ ေယာက္ျဖစ္ပါတယ္။ ဒီေန႔အတြက္ စစ္ေဆးခဲ့တဲ့ ဓါတ္ခဲြနမူနာကေတာ့ ၂၃,၄၈၅ ခုျဖစ္ပါတယ္။

ေလာေလာဆယ္အထိ ျမန္မာႏိုင္ငံမွာ ကိုဗစ္ေရာဂါျဖစ္ခဲ့ေပမဲ့ ေဆး႐ံုက ဆင္းခြင့္ရသူ စုစုေပါင္း ၉၇,၈၁၉ ေယာက္ ႐ွိပါတယ္။

အတည္ျပဳလူနာသစ္ တျဖည္းျဖည္း က်ဆင္းလာၿပီး ကူးစက္မႈ တည္ၿငိမ္လာေနတာမို႔ ယာယီဆိုင္းေနတဲ့ စီးပြားေရး၊ လူမႈေရး၊ က်န္းမာေရး၊ ပညာေရး စတဲ့ က႑အသီးသီးကို ပုံမွန္အတိုင္းျပန္လည္ေဆာင္႐ြက္ႏိုင္ေရး က်န္းမာေရးဝန္ႀကီးဌာနက စီစဥ္ေနပါတယ္။ အေျခအေနန႔ဲ လိုက္ေလ်ာညီေထြတဲ့ ေရာဂါထိန္းခ်ဳပ္ေရး စည္းကမ္းခ်က္ေတြကို ျပန္လည္ျပင္ဆင္ဖို႔ စဥ္းစားတုိင္ပင္ေနတယ္လို႔ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာန ေျပာခြင့္ရ ၫႊန္ၾကားေရးမႈး ေဒါက္တာခင္ခင္ႀကီးက VOA ျမန္မာပိုင္းကို ေျပာပါတယ္။

[Unicode Version]

မြန်မာ ကိုဗစ်အတည်ပြုလူနာသစ် ၉၆၄၊ သေဆုံးသူ ၁၉ ယောက်

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ အတည်ပြုအခုရက်ပိုင်းအတွင်း ၁,၀၀၀ အောက် ကျဆင်းနေတာမှာ ဒီနေ့လည်း လူနာသစ် ၉၆၄ ယောက် ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ကိုဗစ်ရောဂါကြောင့် သေဆုံးသူက နောက်ထပ် ၁၉ ယောက်ဖြစ်ပြီး ၁၃ ယောက်က ရောဂါအခံရှိသူတွေဖြစ်ပါတယ်။ ဒီနေ့ ဒီဇင်ဘာ ၂၂ ရက် အင်္ဂါနေ့ ည ၈ နာရီအထိ အတည်ပြုလူနာ စုစုပေါင်း ၁၁၇,၉၄၉ ယောက်၊ သေဆုံးသူ စုစုပေါင်း ၂,၄၈၄ ယောက်ဖြစ်ပါတယ်။ ဒီနေ့အတွက် စစ်ဆေးခဲ့တဲ့ ဓါတ်ခွဲနမူနာကတော့ ၂၃,၄၈၅ ခုဖြစ်ပါတယ်။

လောလောဆယ်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါဖြစ်ခဲ့ပေမဲ့ ဆေးရုံက ဆင်းခွင့်ရသူ စုစုပေါင်း ၉၇,၈၁၉ ယောက် ရှိပါတယ်။

အတည်ပြုလူနာသစ် တဖြည်းဖြည်း ကျဆင်းလာပြီး ကူးစက်မှု တည်ငြိမ်လာနေတာမို့ ယာယီဆိုင်းနေတဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ ကဏ္ဍအသီးသီးကို ပုံမှန်အတိုင်းပြန်လည်ဆောင်ရွက်နိုင်ရေး ကျန်းမာရေးဝန်ကြီးဌာနက စီစဉ်နေပါတယ်။ အခြေအနေနဲ့ လိုက်လျောညီထွေတဲ့ ရောဂါထိန်းချုပ်ရေး စည်းကမ်းချက်တွေကို ပြန်လည်ပြင်ဆင်ဖို့ စဉ်းစားတိုင်ပင်နေတယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ပြောခွင့်ရ ညွှန်ကြားရေးမှုး ဒေါက်တာခင်ခင်ကြီးက VOA မြန်မာပိုင်းကို ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG