သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ေၾကာင့္ ရပ္ထားတဲ့ လုပ္ငန္းေတြ ျပန္လည္ စတင္ႏိုင္ဖုိ႔ စီစဥ္


အထည္ခ်ဳပ္ စက္ရံုတခုတြင္ေတြ႔ရတဲ့ စက္ခ်ဳပ္လုပ္သားမ်ား။ (ေမ ၂၈၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ္ကူးစက္မႈ တည္ၿငိမ္လာတဲ့ အေနအထားမ်ိဳး ျဖစ္လာၿပီျဖစ္တဲ့အတြက္ စည္းကမ္းသတ္မွတ္ခ်က္ေတြကို ျပန္လည္ျပဳျပင္တာမ်ိဳးလုပ္ၿပီး လုပ္ငန္းေတြ ျပန္လည္လည္ပတ္ႏိုင္ဖို႔ စီစဥ္ေနတဲ့ အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပပါမယ္။

လူသားေတြဟာ ကိုဗစ္နဲ႔ အတူယွဥ္တြဲေနထိုင္ရမွာျဖစ္တဲ့အတြက္ ႏိုင္ငံဖြံ႕ၿဖိဳးမႈ ေႏွာက္ေႏွးမသြားေစဖို႔ စီးပြားေရး၊ လူမႈေရး၊ က်န္းမာေရး၊ ပညာေရး စတဲ့ က႑အသီးသီးကို ပုံမွန္အတိုင္းျပန္လည္ေဆာင္႐ြက္ လုပ္ကိုင္ႏိုင္ဖို႔ ႀကိဳးပမ္းၾကရမယ္လို႔ ေနထိုင္မႈပုံစံအသစ္မ်ားျဖင့္ လုပ္ငန္းမ်ားေဆာင္႐ြက္ႏိုင္ေရး ႀကိဳးပမ္းမႈအတြက္ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ဒီကေန႔ ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။

ျပည္သူေတြအေနနဲ႔ ေန႔စဥ္လုပ္ငန္းေဆာင္တာေတြကို ျပန္လည္ေဆာင္႐ြက္တဲ့အခါ ကိုဗစ္ကူးစက္မႈကို ကာကြယ္ႏိုင္ဖို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ ႏွာေခါင္းစည္း စနစ္တက် တပ္ဆင္တာ၊ တစ္ဦးနဲ႔ တစ္ဦး ခပ္ခြာခြာ ေနထိုင္တာ၊ လက္ကို မၾကာခဏေဆးတာ၊ တစ္ဦးကိုတစ္ဦး ကိုဗစ္ကာကြယ္ေရးအတြက္ သတိေပးတာစတဲ့ အခ်က္ေတြကို လိုက္နာဖို႔လိုအပ္တယ္လို႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

လုပ္ငန္းေတြကို ပုံမွန္အတိုင္းျပန္လည္လုပ္ကိုင္လာႏိုင္ဖို႔အတြက္ ျပည္သူေတြအေနနဲ႔ က်န္းမာေရးစည္းကမ္းခ်က္ေတြကို လိုက္နာေဆာင္႐ြက္ဖို႔ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာန ေျပာခြင့္ရ ၫႊန္ၾကားေရးမႈး ေဒါက္တာခင္ခင္ႀကီးက သတိေပးပါတယ္။

“က်မတို႔ အလုပ္အကိုင္ အခြင့္အလမ္းေတြ၊ ကိုဗစ္ကို ထိန္းခ်ဳပ္ႏိုင္ၿပီဆိုလို႔ရွိရင္ စီးပြားေရးကိစၥေတြကိုလည္း ျပန္နလန္ထူဖို႔ ေဆာင္႐ြက္ရမွာျဖစ္တဲ့ အတြက္ေၾကာင့္ ဒီလိုမ်ိဳးအလုပ္အကိုင္အခြင့္အလမ္း ေတြကို ရရွိႏိုင္ေအာင္ လုပ္ဖို႔က ကိုယ္ေရာ ကိုယ့္မိသားစုေတြ က်န္မာဖို႔လို႔ပါတယ္။ ဒါေၾကာင့္မို႔ တစ္ေယာက္စီ၊ တစ္ေယာက္စီတိုင္းက က်န္းမာျခင္းလာဘ္လာဘကို ရရွိဖို႔ဆိုတာက တစ္ေယာက္စီ၊ တစ္ေယာက္စီတိုင္းက စည္းကမ္းကို လိုက္နာဖို႔ အေရးႀကီးပါတယ္။”

စည္းကမ္းသတ္မွတ္ခ်က္ေတြကို လက္ရွိ အေနအထားနဲ႔ လိုက္ေလ်ာညီေထြျဖစ္ေအာင္ ျပန္လည္ျပဳျပင္ဖို႔ စီစဥ္ေနတာေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း ေဒါက္တာခင္ခင္ႀကီးက VOA ကို ခုလိုေျပာပါတယ္။

“ေနာက္ပိုင္း ထြက္လာတဲ့ သုေတသနေတြ႕ရွိခ်က္ေတြ အေပၚမူတည္ၿပီး လိုအပ္သလိုေတာ့ ဒါလက္ရွိ က်မတို႔႔ႏိုင္ငံမွာ ျဖစ္ေနတဲ့ ေရာဂါအေနအထား ထိန္းခ်ဳပ္ႏိုင္မႈ ဒါေတြအေပၚမူတည္ၿပီးေတာ့ လိုအပ္သလို ျပဳျပင္ေျပာင္းလဲဖို႔ရွိပါတယ္။”

ၿဗိတိန္မွာ COVID 19 ရဲ႕ မ်ိဳး႐ိုးဗီဇ ေျပာင္းလဲမႈကို ေတြ႕ရတဲ့အတြက္ လက္ရွိျမန္မာမွာျဖစ္ေနတဲ့ ဗိုင္းရပ္ကိုလည္း သုေတသနျပဳစစ္ေဆးမႈေတြ လုပ္ေနတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနေျပာခြင့္ရက ေျပာပါတယ္။

ျမန္မာႏိုင္ငံ ကုန္သည္မ်ားနဲ႔ စက္မႈလက္မႈလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ ဒုတိယ ဥကၠ႒ ေဒါက္တာ ေမာင္ေမာင္ေလးက လုပ္ငန္းေတြကို ကိုဗစ္စည္းမ်ဥ္းစည္းကမ္းေတြနဲ႔ အညီ ျပန္လည္လုပ္ကိုင္ႏိုင္ဖို႔ ေဆာင္႐ြက္တာမွာ သတိထားေဆာင္႐ြက္ဖို႔လိုတယ္လို႔ ေျပာပါတယ္။

“စီးပြားေရး နလန္ထူဖို႔ကို ႏိုင္ငံတိုင္း ႏိုင္ငံတိုင္းမွာ ႀကိဳးစားလုပ္ကိုင္ေနတာ ရွိပါတယ္။ ျမန္မာႏိုင္ငံမွာလည္း ဒါကို အလားတူ ယွဥ္တြဲေနႏိုင္ဖို႔ သူတို႔စၿပီး ႀကိဳးစားတယ္ဆိုတာပါ။ ဒါေပမယ့္လို႔ ဒါက အဓိက သူတို႔ သတိထားေဆာင္႐ြက္ရမွာက ႏိုင္ငံႀကီးေတြမွာလည္း ဒါကို နဂိုကတည္း လုပ္ေနၾကေပသိ အခုခ်ိန္ထိ ထိန္းမႏိုင္၊ သိမ္းမရ ျဖစ္ေနတုန္းပါဘဲ။ သတိႀကီးႀကီးထားၿပီးေတာ့လုပ္ကိုင္ဖို႔ လိုပါတယ္။ ဒါေတြကလည္း သူတို႔ Monitor ဆက္လုပ္မွာပါ။ Monitor လုပ္ၿပီး တစ္ခုခုဆိုတာနဲ႔ ဟိုတစ္ခါ ေက်ာင္းေတြျပန္ပိတ္သလို ျပန္ပိတ္ရမွာပါ။”

စီးပြားေရး ျပန္နလန္ထူႏိုင္ဖို႔ အစီအစဥ္ေတြကို စနစ္တက်ေဆာင္႐ြက္ေနၿပီးေတာ့ ျပည္သူနဲ႔ လုပ္ငန္းရွင္ေတြ ပူးေပါင္းေဆာင္႐ြက္ၿပီး ခ်င့္ခ်င့္ခ်ိန္ခ်ိန္ လုပ္ႏိုင္မယ္ဆိုရင္ ျမန္မာရဲ႕ စီးပြားေရး အၫႊန္းကိန္း GDP ဟာ လက္ရွိ ၁.၈ ကေန ၆ ေလာက္အထိ တက္မယ္ဆိုတဲ့ ကမာၻဘဏ္ရဲ႕ ေမွ်ာ္မွန္ခ်က္ဟာ အေကာင္အထည္ေပၚလာႏိုင္မယ္လို႔ ေဒါက္တာ ေမာင္ေမာင္ေလးက သုံးသပ္ပါတယ္။

ကိုဗစ္ကပ္ေရာဂါ အလြန္ကာလမွာ စီးပြားေရးလုပ္ငန္းေတြ ျပန္လည္ ဦးေမာ့လာၿပီး ဖြံ႕ၿဖိဳးတိုးတက္ေရးကို အေထာက္အကူျပဳတဲ့ စီးပြားေရးဝန္းက်င္ေကာင္းဖန္တီးရာမွာ အစိုးရနဲ႔ ပုဂၢလိက လုပ္ငန္းရွင္ေတြ ပူးေပါင္းေဆာင္႐ြက္မယ္ဆိုရင္ ႏိုင္ငံရဲ႕ လူမႈစီပြားဖြံ႕ၿဖိဳးတိုးတက္ႏိုင္မယ္လို႔ ယုံၾကည္ေၾကာင္း ႏိုင္ငံေတာ္ရဲ႕ အတိုင္းပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဒီဇင္ဘာ ၂၀ ရက္ေန႔က က်င္းပတဲ့ ျမန္မာႏိုင္ငံ ကုန္သည္မ်ားနဲ႔ စက္မႈလက္မႈ လုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ရဲ႕ ၂၉ ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔ အခမ္းအနားမိန႔္ခြန္းမွာ ထည့္သြင္းေျပာၾကားထားပါတယ္။

ကိုဗစ္ေရာဂါဟာ ရာသီတုတ္ေကြးေရာဂါလို ကမာၻေပၚမွာ ႏွစ္ေပါင္းမ်ားစြာ ဆက္လက္ကူးစက္ေနအုံးမွာျဖစ္တဲ့အတြက္ ျပည္သူေတြအေနနဲ႔ သတိထားကာကြယ္ၾကဖို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက တိုက္တြန္းထားပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ေနာက္ဆုံးထုတ္ျပန္ခ်က္ေတြအရ ဒီကေန႔အထိ ျမန္မာမွာ ကိုဗစ္ပိုးေတြ႕လူနာ အေရအတြက္က ၁၀၀,၀၀၀ ေက်ာ္ရွိေနၿပီး ေသဆုံးသူက ၂,၀၀၀ ေက်ာ္ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကြောင့် ရပ်ထားတဲ့ လုပ်ငန်းတွေ ပြန်လည် စတင်နိုင်ဖို့ စီစဉ်

ကိုဗစ်ကူးစက်မှု တည်ငြိမ်လာတဲ့ အနေအထားမျိုး ဖြစ်လာပြီဖြစ်တဲ့အတွက် စည်းကမ်းသတ်မှတ်ချက်တွေကို ပြန်လည်ပြုပြင်တာမျိုးလုပ်ပြီး လုပ်ငန်းတွေ ပြန်လည်လည်ပတ်နိုင်ဖို့ စီစဉ်နေတဲ့ အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

လူသားတွေဟာ ကိုဗစ်နဲ့ အတူယှဉ်တွဲနေထိုင်ရမှာဖြစ်တဲ့အတွက် နိုင်ငံဖွံ့ဖြိုးမှု နှောက်နှေးမသွားစေဖို့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ ကဏ္ဍအသီးသီးကို ပုံမှန်အတိုင်းပြန်လည်ဆောင်ရွက် လုပ်ကိုင်နိုင်ဖို့ ကြိုးပမ်းကြရမယ်လို့ နေထိုင်မှုပုံစံအသစ်များဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်ရေး ကြိုးပမ်းမှုအတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ပြည်သူတွေအနေနဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပြန်လည်ဆောင်ရွက်တဲ့အခါ ကိုဗစ်ကူးစက်မှုကို ကာကွယ်နိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ နှာခေါင်းစည်း စနစ်တကျ တပ်ဆင်တာ၊ တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာ နေထိုင်တာ၊ လက်ကို မကြာခဏဆေးတာ၊ တစ်ဦးကိုတစ်ဦး ကိုဗစ်ကာကွယ်ရေးအတွက် သတိပေးတာစတဲ့ အချက်တွေကို လိုက်နာဖို့လိုအပ်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လုပ်ငန်းတွေကို ပုံမှန်အတိုင်းပြန်လည်လုပ်ကိုင်လာနိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့ ကျန်းမာရေးစည်းကမ်းချက်တွေကို လိုက်နာဆောင်ရွက်ဖို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ပြောခွင့်ရ ညွှန်ကြားရေးမှုး ဒေါက်တာခင်ခင်ကြီးက သတိပေးပါတယ်။

“ကျမတို့ အလုပ်အကိုင် အခွင့်အလမ်းတွေ၊ ကိုဗစ်ကို ထိန်းချုပ်နိုင်ပြီဆိုလို့ရှိရင် စီးပွားရေးကိစ္စတွေကိုလည်း ပြန်နလန်ထူဖို့ ဆောင်ရွက်ရမှာဖြစ်တဲ့ အတွက်ကြောင့် ဒီလိုမျိုးအလုပ်အကိုင်အခွင့်အလမ်း တွေကို ရရှိနိုင်အောင် လုပ်ဖို့က ကိုယ်ရော ကိုယ့်မိသားစုတွေ ကျန်မာဖို့လို့ပါတယ်။ ဒါကြောင့်မို့ တစ်ယောက်စီ၊ တစ်ယောက်စီတိုင်းက ကျန်းမာခြင်းလာဘ်လာဘကို ရရှိဖို့ဆိုတာက တစ်ယောက်စီ၊ တစ်ယောက်စီတိုင်းက စည်းကမ်းကို လိုက်နာဖို့ အရေးကြီးပါတယ်။”

စည်းကမ်းသတ်မှတ်ချက်တွေကို လက်ရှိ အနေအထားနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြန်လည်ပြုပြင်ဖို့ စီစဉ်နေတာတွေနဲ့ ပတ်သက်ပြီးတော့လည်း ဒေါက်တာခင်ခင်ကြီးက VOA ကို ခုလိုပြောပါတယ်။

“နောက်ပိုင်း ထွက်လာတဲ့ သုတေသနတွေ့ရှိချက်တွေ အပေါ်မူတည်ပြီး လိုအပ်သလိုတော့ ဒါလက်ရှိ ကျမတို့နိုင်ငံမှာ ဖြစ်နေတဲ့ ရောဂါအနေအထား ထိန်းချုပ်နိုင်မှု ဒါတွေအပေါ်မူတည်ပြီးတော့ လိုအပ်သလို ပြုပြင်ပြောင်းလဲဖို့ရှိပါတယ်။”

ဗြိတိန်မှာ COVID 19 ရဲ့ မျိုးရိုးဗီဇ ပြောင်းလဲမှုကို တွေ့ရတဲ့အတွက် လက်ရှိမြန်မာမှာဖြစ်နေတဲ့ ဗိုင်းရပ်ကိုလည်း သုတေသနပြုစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနပြောခွင့်ရက ပြောပါတယ်။

မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက လုပ်ငန်းတွေကို ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ ပြန်လည်လုပ်ကိုင်နိုင်ဖို့ ဆောင်ရွက်တာမှာ သတိထားဆောင်ရွက်ဖို့လိုတယ်လို့ ပြောပါတယ်။

“စီးပွားရေး နလန်ထူဖို့ကို နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ကြိုးစားလုပ်ကိုင်နေတာ ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒါကို အလားတူ ယှဉ်တွဲနေနိုင်ဖို့ သူတို့စပြီး ကြိုးစားတယ်ဆိုတာပါ။ ဒါပေမယ့်လို့ ဒါက အဓိက သူတို့ သတိထားဆောင်ရွက်ရမှာက နိုင်ငံကြီးတွေမှာလည်း ဒါကို နဂိုကတည်း လုပ်နေကြပေသိ အခုချိန်ထိ ထိန်းမနိုင်၊ သိမ်းမရ ဖြစ်နေတုန်းပါဘဲ။ သတိကြီးကြီးထားပြီးတော့လုပ်ကိုင်ဖို့ လိုပါတယ်။ ဒါတွေကလည်း သူတို့ Monitor ဆက်လုပ်မှာပါ။ Monitor လုပ်ပြီး တစ်ခုခုဆိုတာနဲ့ ဟိုတစ်ခါ ကျောင်းတွေပြန်ပိတ်သလို ပြန်ပိတ်ရမှာပါ။”

စီးပွားရေး ပြန်နလန်ထူနိုင်ဖို့ အစီအစဉ်တွေကို စနစ်တကျဆောင်ရွက်နေပြီးတော့ ပြည်သူနဲ့ လုပ်ငန်းရှင်တွေ ပူးပေါင်းဆောင်ရွက်ပြီး ချင့်ချင့်ချိန်ချိန် လုပ်နိုင်မယ်ဆိုရင် မြန်မာရဲ့ စီးပွားရေး အညွှန်းကိန်း GDP ဟာ လက်ရှိ ၁.၈ ကနေ ၆ လောက်အထိ တက်မယ်ဆိုတဲ့ ကမ္ဘာဘဏ်ရဲ့ မျှော်မှန်ချက်ဟာ အကောင်အထည်ပေါ်လာနိုင်မယ်လို့ ဒေါက်တာ မောင်မောင်လေးက သုံးသပ်ပါတယ်။

ကိုဗစ်ကပ်ရောဂါ အလွန်ကာလမှာ စီးပွားရေးလုပ်ငန်းတွေ ပြန်လည် ဦးမော့လာပြီး ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုတဲ့ စီးပွားရေးဝန်းကျင်ကောင်းဖန်တီးရာမှာ အစိုးရနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် နိုင်ငံရဲ့ လူမှုစီပွားဖွံ့ဖြိုးတိုးတက်နိုင်မယ်လို့ ယုံကြည်ကြောင်း နိုင်ငံတော်ရဲ့ အတိုင်းပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၂၀ ရက်နေ့က ကျင်းပတဲ့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ရဲ့ ၂၉ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမိန့်ခွန်းမှာ ထည့်သွင်းပြောကြားထားပါတယ်။

ကိုဗစ်ရောဂါဟာ ရာသီတုတ်ကွေးရောဂါလို ကမ္ဘာပေါ်မှာ နှစ်ပေါင်းများစွာ ဆက်လက်ကူးစက်နေအုံးမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ သတိထားကာကွယ်ကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်တွေအရ ဒီကနေ့အထိ မြန်မာမှာ ကိုဗစ်ပိုးတွေ့လူနာ အရေအတွက်က ၁၀၀,၀၀၀ ကျော်ရှိနေပြီး သေဆုံးသူက ၂,၀၀၀ ကျော်ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG