သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္ဘက္က နယ္ေက်ာ္ ၿခံစည္း႐ိုးကာမႈ ျမန္မာေမးခြန္းထုတ္


ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံနယ္နိမိတ္‌ ေက်ာက္တိုင္အနီး ျမင္ကြင္း။ (ဓာတ္ပုံ - U Ngwe Doe - ဒီဇင္ဘာ ၁၀၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံထိစပ္ေနတဲ့ ရွမ္းနဲ႔ ကခ်င္ျပည္နယ္ နယ္စပ္ေတြမွာ တ႐ုတ္ဘက္က ၿခံစည္း႐ိုးကာေနတဲ့ ကိစၥကို ႏွစ္ႏိုင္ငံ ေဒသခံ တာဝန္ရွိသူေတြ ေဆြးေႏြးေနတဲ့ အေၾကာင္း တင္ျပေပးမွာပါ။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က သတင္းေပးပို႔ထားပါတယ္။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာလကစလို႔ ျမန္မာနဲ႔ ထိစပ္ေနတဲ့ ေနရာေတြမွာ တ႐ုတ္ဘက္က ၿခံစည္း႐ိုး အခိုင္အမာကာရံေနၿပီး တခ်ိဳ႕ေနရာေတြမွာ နယ္စပ္အမွတ္အသား ေက်ာက္တိုင္ကိုေက်ာ္ၿပီး ကာရံေနလို႔ ျမန္မာအုပ္ခ်ဳပ္ေရးဘက္က ကန႔္ကြက္တဲ့ကိစၥေတြ ျဖစ္ေနပါတယ္။ ဒါကို ကိုးကန႔္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဦးစီးအဖြဲ႕ေတြနဲ႔ တ႐ုတ္လင္ခ်န္းခ႐ိုင္ ဒုၿမိဳ႕ေတာ္ဝန္အဆင့္ အရာရွိေတြ ဒီေန႔ ဒီဇင္ဘာ ၂၂ ရက္ ခ်င္းေ႐ႊေဟာ္ၿမိဳ႕မွာ ေတြ႕ၿပီး တ႐ုတ္ဘက္က ၿခံစည္း႐ိုး ကာရတဲ့ အေျခအေနကို ေဆြးေႏြးခဲ့ပါတယ္။

ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံနယ္နိမိတ္‌ ေက်ာက္တိုင္အနီး ျမင္ကြင္း။ (ဓာတ္ပုံ - U Ngwe Doe - ဒီဇင္ဘာ ၁၀၊ ၂၀၂၀)
ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံနယ္နိမိတ္‌ ေက်ာက္တိုင္အနီး ျမင္ကြင္း။ (ဓာတ္ပုံ - U Ngwe Doe - ဒီဇင္ဘာ ၁၀၊ ၂၀၂၀)

ဒီေန႔ ေဆြးေႏြးပြဲကိစၥကို ကိုးကန႔္ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ေလာက္ကိုင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးေငြဒိုးက အခုလိုေျပာျပပါတယ္။

“နယ္စပ္မ်ဥ္းေခၚတာေပါ့ဗ်ာ အဲဒါကေက်ာက္တိုင္ရဲ႕ ၁၀ မီတာအတြင္းကို ၿခံစည္း႐ိုးလာကာတယ္ဆိုေတာ့ က်ေနာ္တို႔က ၁၀ မီတာအတြင္းဆိုရင္ ကန႔္ကြက္တယ္။ ေနာင္ကို အဲဒီလိုမ်ိဳး ၿခံစည္း႐ိုးကာမယ္ဆိုရင္ ဒီဘက္ကို အသိေပးဖို႔ ဒါကို က်ေနာ္တို႔ ဒီေန႔ ေဆြးေႏြးခဲ့ပါတယ္ ေဒသဦးစီးအဖြဲ႕ကေန။ က်ေနာ္လည္းေမးၾကည့္တယ္... ဘာလို႔ခင္ဗ်ားတို႔ ကာေနရတာလဲဆိုေတာ့ တရားမဝင္ ဝင္ထြက္မႈ မရွိေအာင္လို႔ ကာတာပါတဲ့။ COVID-19 ေရာဂါ ကင္းစင္ ပေပ်ာက္သြားတဲ့ အခ်ိန္မွာေတာ့ ဒါေတြ ျပန္ျဖဳတ္ေပးမယ္လို႔ ေျပာပါတယ္ခင္ဗ်။”

တ႐ုတ္နဲ႔ ထိစပ္ေနတဲ့ ရွမ္းနဲ႔ ကခ်င္နယ္စပ္တေလွ်ာက္မွာလည္း အလားတူအေျခအေနေတြ ျဖစ္ေနၿပီး ကခ်င္ျပည္နယ္ အစိုးရအဖြဲ႕ ၫႊန္ၾကားေရးမႉး ဦးမ်ိဳးခ်စ္ကေတာ့ ဒါကို ၿမိဳ႕နယ္အဆင့္ ကန႔္ကြက္ထားေၾကာင္း၊ ႏိုင္ငံျခားေရး ျပည္ေထာင္စုဝန္ႀကီးဌာနကကိုလည္း တင္ျပထားေၾကာင္း ဗြီအိုေအကို ေျပာပါတယ္။

“သူတို႔ဘက္က တရားမဝင္ကာေနတာဘဲ... က်ေနာ္တို႔ ေျပာခ်င္တာေလ။ နယ္စပ္မွာ တ႐ုတ္ဘက္က ဒီလိုလုပ္တယ္၊ ဒီလိုလုပ္တယ္... က်ေနာ္တို႔က သက္ဆိုင္ရာ အထက္ဌာနကို တင္ျပတယ္။ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက official ျဖစ္တယ္ေလ။ က်ေနာ္တို႔က က်ေနာ္တို႔ဆီမွာ လုပ္တဲ့ကိုင္တဲ့ဟာကို မွတ္တမ္းဓာတ္ပုံေတြ အေထာက္အထားေတြနဲ႔ေတာ့ ဒီလို၊ ဒီလိုလုပ္ေနပါတယ္။ ဒီဘက္ကလည္ အထိုက္အေလ်ာက္ ၿမိဳ႕နယ္အဆင့္ ကန႔္ကြက္ထားတာ ရွိပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး လိုအပ္သလို ေဆာင္႐ြက္ႏိုင္မႈ ေပးႏိုင္ပါရန္ အထက္ဌာန တင္တယ္ေလ။ အထက္ဌာနက G to G (အစိုးရခ်င္း) ဆက္လုပ္တာေပါ့။”

နယ္စပ္ၿခံစည္း႐ိုး တေလွ်ာက္မွာလည္း နယ္ျခားေစာင့္ ရဲကင္းေတြကို တခုနဲ႔တခု ျမင္ႏိုင္ေလာက္တဲ့ အကြာအေဝးမွာထားသလို ေမာင္းသူမဲ့ ေလယာဥ္ငယ္ေတြနဲ႔လည္း အခ်ိန္ျပည့္ေစာင့္ၾကည့္ေနေၾကာင္း ႏွစ္ႏိုင္ငံနယ္စပ္ ေ႐ႊလီျမစ္တေလွ်ာက္ အေျခအေနကို မူဆယ္ၿမိဳ႕က ကိုေလာင္ခမ္းက ေျပာျပပါတယ္။

“က်ယ္ေဂါင္ထဲကိုေရာ၊ ေ႐ႊလီထဲကိုေရာ ဘယ္လိုမွဝင္လို႔မရေအာင္ ဓာတ္လိုက္ႀကိဳးေတြ တပ္ဆင္ထားတာ။ ၿခံစည္း႐ိုးက ႏွစ္ထပ္ဗ်၊ ပထမတထပ္ က်ေတာ့ သံဇကာ အျမင့္ႀကီးေလ၊ အဲဒီအျမင့္ႀကီးၿပီးရင္ ေအာက္မွာသံဆူးေခြေတြ ခ်ထားတာ၊ ဥပမာ ေလွကားနဲ႔ေထာင္ၿပီး ခုန္ဆင္းလို႔ မရေအာင္၊ ခုန္ဆင္းရင္ ေအာက္ကသံဆူးေခြေတြနဲ႔ ၿငိမွာ။ သံဆူးေခြက သုံးေခြခ်ထားတာ။ မိရင္ေတာ္ေတာ္ကို ႐ိုက္တာ၊ ရင္ဘတ္ေတြ တုတ္ေတြနဲ႔ ေဆာင့္ထိုးတာ၊ ႐ိုက္ႏွက္တာ၊ ေထာင္ထဲမွာလည္း အဲဒီလိုမ်ိဳးသူတို႔။ မလာေစခ်င္ဘူး ျမန္မာျပည္ဘက္က လူေတြေလ။”

ႏွစ္ႏိုင္ငံ ထိစပ္နယ္စပ္အရွည္ ကီလိုမီတာ ၂,၀၀၀ ေက်ာ္ (၁,၃၀၀ မိုင္ေက်ာ္) မွာ ၆၅၉ ကီလိုမီတာေလာက္ ၿခံစည္း႐ိုးကာၿပီးၿပီလို႔ သတင္းေတြထြက္ေပၚေနတာလည္း ရွိပါတယ္။ အျမင့္ဆယ္ေပေက်ာ္ၿပီး “ေတာင္ပိုင္းမဟာတံတိုင္း” လို႔ လူေျပာမ်ားလာတဲ့ သံဆူးေတြနဲ႔ အခိုင္အမာ ၿခံစည္း႐ိုးကာရံမႈဟာ ျမန္မာဘက္အျခမ္း ကိုဗစ္အတည္ျပဳလူနာ ၁၀၀,၀၀၀ ေက်ာ္၊ အတည္ျပဳလူနာ ၂,၀၀၀ ေက်ာ္လာတဲ့ အေျခအေနမွာ လူေမွာင္ခိုဝင္တာ တားဆီးဖို႔ ယာယီပိတ္တာလို႔ ယူနန္တာဝန္ရွိသူေတြက ေျပာေနပါတယ္။

တ႐ုတ္ဘက္ကေတာ့ ၿခံစည္း႐ိုးကာလို႔ မရတဲ့ ေခ်ာက္ကမ္းပါးလို ေနရာမ်ိဳးက လြဲၿပီး က်န္တဲ့ လူအဝင္အထြက္ လုပ္လို႔ရတဲ့ေနရာတိုင္းမွာ ၿခံစည္း႐ိုးကို ကာေနတာပါ။ ကာလရွည္ အျငင္းပြားေနတဲ့ နယ္နမိတ္ကိစၥေတြ ေျပလည္ဖို႔ ျမန္မာ- တ႐ုတ္ နယ္စပ္ေဒသမ်ား စီမံခန႔္ခြဲေရးႏွင့္ ပူးေပါင္းေဆာင္႐ြက္ေရး သေဘာတူစာခ်ဳပ္ (၁၉၉၇) ကိုလက္မွတ္ေရးထိုး ထားေပမဲ့ အျငင္းပြားမႈေတြက ဒီေန႔အထိ ရွိေနတုန္းျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တရုတ်ဘက်က နယ်ကျော် ခြံစည်းရိုးကာမှု မြန်မာမေးခွန်းထုတ်

မြန်မာ-တရုတ် နှစ်နိုင်ငံထိစပ်နေတဲ့ ရှမ်းနဲ့ ကချင်ပြည်နယ် နယ်စပ်တွေမှာ တရုတ်ဘက်က ခြံစည်းရိုးကာနေတဲ့ ကိစ္စကို နှစ်နိုင်ငံ ဒေသခံ တာဝန်ရှိသူတွေ ဆွေးနွေးနေတဲ့ အကြောင်း တင်ပြပေးမှာပါ။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကစလို့ မြန်မာနဲ့ ထိစပ်နေတဲ့ နေရာတွေမှာ တရုတ်ဘက်က ခြံစည်းရိုး အခိုင်အမာကာရံနေပြီး တချို့နေရာတွေမှာ နယ်စပ်အမှတ်အသား ကျောက်တိုင်ကိုကျော်ပြီး ကာရံနေလို့ မြန်မာအုပ်ချုပ်ရေးဘက်က ကန့်ကွက်တဲ့ကိစ္စတွေ ဖြစ်နေပါတယ်။ ဒါကို ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တွေနဲ့ တရုတ်လင်ချန်းခရိုင် ဒုမြို့တော်ဝန်အဆင့် အရာရှိတွေ ဒီနေ့ ဒီဇင်ဘာ ၂၂ ရက် ချင်းရွှေဟော်မြို့မှာ တွေ့ပြီး တရုတ်ဘက်က ခြံစည်းရိုး ကာရတဲ့ အခြေအနေကို ဆွေးနွေးခဲ့ပါတယ်။

ဒီနေ့ ဆွေးနွေးပွဲကိစ္စကို ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးငွေဒိုးက အခုလိုပြောပြပါတယ်။

“နယ်စပ်မျဉ်းခေါ်တာပေါ့ဗျာ အဲဒါကကျောက်တိုင်ရဲ့ ၁၀ မီတာအတွင်းကို ခြံစည်းရိုးလာကာတယ်ဆိုတော့ ကျနော်တို့က ၁၀ မီတာအတွင်းဆိုရင် ကန့်ကွက်တယ်။ နောင်ကို အဲဒီလိုမျိုး ခြံစည်းရိုးကာမယ်ဆိုရင် ဒီဘက်ကို အသိပေးဖို့ ဒါကို ကျနော်တို့ ဒီနေ့ ဆွေးနွေးခဲ့ပါတယ် ဒေသဦးစီးအဖွဲ့ကနေ။ ကျနော်လည်းမေးကြည့်တယ်... ဘာလို့ခင်ဗျားတို့ ကာနေရတာလဲဆိုတော့ တရားမဝင် ဝင်ထွက်မှု မရှိအောင်လို့ ကာတာပါတဲ့ COVID-19 ရောဂါ ကင်းစင် ပပျောက်သွားတဲ့။ အချိန်မှာတော့ ဒါတွေ ပြန်ဖြုတ်ပေးမယ်လို့ ပြောပါတယ်ခင်ဗျ။”

တရုတ်နဲ့ ထိစပ်နေတဲ့ ရှမ်းနဲ့ ကချင်နယ်စပ်တလျှောက်မှာလည်း အလားတူအခြေအနေတွေ ဖြစ်နေပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမျိုးချစ်ကတော့ ဒါကို မြို့နယ်အဆင့် ကန့်ကွက်ထားကြောင်း၊ နိုင်ငံခြားရေး ပြည်ထောင်စုဝန်ကြီးဌာနကကိုလည်း တင်ပြထားကြောင်း ဗွီအိုအေကို ပြောပါတယ်။

“သူတို့ဘက်က တရားမဝင်ကာနေတာဘဲ... ကျနော်တို့ ပြောချင်တာလေ။ နယ်စပ်မှာ တရုတ်ဘက်က ဒီလိုလုပ်တယ်၊ ဒီလိုလုပ်တယ်... ကျနော်တို့က သက်ဆိုင်ရာ အထက်ဌာနကို တင်ပြတယ်။ နိုင်ငံခြားရေး ဝန်ကြီးဌာနက official ဖြစ်တယ်လေ။ ကျနော်တို့က ကျနော်တို့ဆီမှာ လုပ်တဲ့ကိုင်တဲ့ဟာကို မှတ်တမ်းဓာတ်ပုံတွေ အထောက်အထားတွေနဲ့တော့ ဒီလို၊ ဒီလိုလုပ်နေပါတယ်။ ဒီဘက်ကလည် အထိုက်အလျောက် မြို့နယ်အဆင့် ကန့်ကွက်ထားတာ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး လိုအပ်သလို ဆောင်ရွက်နိုင်မှု ပေးနိုင်ပါရန် အထက်ဌာန တင်တယ်လေ။ အထက်ဌာနက G to G (အစိုးရချင်း) ဆက်လုပ်တာပေါ့။”

နယ်စပ်ခြံစည်းရိုး တလျှောက်မှာလည်း နယ်ခြားစောင့် ရဲကင်းတွေကို တခုနဲ့တခု မြင်နိုင်လောက်တဲ့ အကွာအဝေးမှာထားသလို မောင်းသူမဲ့ လေယာဉ်ငယ်တွေနဲ့လည်း အချိန်ပြည့်စောင့်ကြည့်နေကြောင်း နှစ်နိုင်ငံနယ်စပ် ရွှေလီမြစ်တလျှောက် အခြေအနေကို မူဆယ်မြို့က ကိုလောင်ခမ်းက ပြောပြပါတယ်။

ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံနယ္နိမိတ္‌ ေက်ာက္တိုင္အနီး ျမင္ကြင္း။ (ဓာတ္ပုံ - U Ngwe Doe - ဒီဇင္ဘာ ၁၀၊ ၂၀၂၀)
ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံနယ္နိမိတ္‌ ေက်ာက္တိုင္အနီး ျမင္ကြင္း။ (ဓာတ္ပုံ - U Ngwe Doe - ဒီဇင္ဘာ ၁၀၊ ၂၀၂၀)

“ကျယ်ဂေါင်ထဲကိုရော၊ ရွှေလီထဲကိုရော ဘယ်လိုမှဝင်လို့မရအောင် ဓာတ်လိုက်ကြိုးတွေ တပ်ဆင်ထားတာ။ ခြံစည်းရိုးက နှစ်ထပ်ဗျ၊ ပထမတထပ် ကျတော့ သံဇကာ အမြင့်ကြီးလေ၊ အဲဒီအမြင့်ကြီးပြီးရင် အောက်မှာသံဆူးခွေတွေ ချထားတာ၊ ဥပမာ လှေကားနဲ့ထောင်ပြီး ခုန်ဆင်းလို့ မရအောင်၊ ခုန်ဆင်းရင် အောက်ကသံဆူးခွေတွေနဲ့ ငြိမှာ။ သံဆူးခွေက သုံးခွေချထားတာ။ မိရင်တော်တော်ကို ရိုက်တာ၊ ရင်ဘတ်တွေ တုတ်တွေနဲ့ ဆောင့်ထိုးတာ၊ ရိုက်နှက်တာ၊ ထောင်ထဲမှာလည်း အဲဒီလိုမျိုးသူတို့။ မလာစေချင်ဘူး မြန်မာပြည်ဘက်က လူတွေလေ။”

နှစ်နိုင်ငံ ထိစပ်နယ်စပ်အရှည် ကီလိုမီတာ ၂,၀၀၀ ကျော် (၁,၃၀၀ မိုင်ကျော်) မှာ ၆၅၉ ကီလိုမီတာလောက် ခြံစည်းရိုးကာပြီးပြီလို့ သတင်းတွေထွက်ပေါ်နေတာလည်း ရှိပါတယ်။ အမြင့်ဆယ်ပေကျော်ပြီး “တောင်ပိုင်းမဟာတံတိုင်း” လို့ လူပြောများလာတဲ့ သံဆူးတွေနဲ့ အခိုင်အမာ ခြံစည်းရိုးကာရံမှုဟာ မြန်မာဘက်အခြမ်း ကိုဗစ်အတည်ပြုလူနာ ၁၀၀,၀၀၀ ကျော်၊ အတည်ပြုလူနာ ၂,၀၀၀ ကျော်လာတဲ့ အခြေအနေမှာ လူမှောင်ခိုဝင်တာ တားဆီးဖို့ ယာယီပိတ်တာလို့ ယူနန်တာဝန်ရှိသူတွေက ပြောနေပါတယ်။

တရုတ်ဘက်ကတော့ ခြံစည်းရိုးကာလို့ မရတဲ့ ချောက်ကမ်းပါးလို နေရာမျိုးက လွဲပြီး ကျန်တဲ့ လူအဝင်အထွက် လုပ်လို့ရတဲ့နေရာတိုင်းမှာ ခြံစည်းရိုးကို ကာနေတာပါ။ ကာလရှည် အငြင်းပွားနေတဲ့ နယ်နမိတ်ကိစ္စတွေ ပြေလည်ဖို့ မြန်မာ- တရုတ် နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် (၁၉၉၇) ကိုလက်မှတ်ရေးထိုး ထားပေမဲ့ အငြင်းပွားမှုတွေက ဒီနေ့အထိ ရှိနေတုန်းဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG