သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ COVID-19 ကူးစက်သူပေါင်း ၁၁၈,၈၆၉ ယောက်၊ သေဆုံးသူ ၂,၅၀၇ ယောက်


ရန်ကုန်မြို့ Quaratine Center တခုတွင် တာဝန်ထမ်းဆောင်နေကြသော PPE ဝတ်စုံနှင့် လုပ်အားပေးများ။ (အောက်တိုဘာ ၀၁၊ ၂၀၂၀)
ရန်ကုန်မြို့ Quaratine Center တခုတွင် တာဝန်ထမ်းဆောင်နေကြသော PPE ဝတ်စုံနှင့် လုပ်အားပေးများ။ (အောက်တိုဘာ ၀၁၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၉၂၃ ယောက် ထပ်တိုးပြီး သေဆုံးသူက ၂၃ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သေဆုံးသူတွေထဲမှာ ၇ ယောက်က ရောဂါအခံ မရှိသူတွေဖြစ်တယ်ဆိုတာ ထုတ်ပြန်ချက်အရ တွေ့ရပါတယ်။

ဓာတ်ခွဲနမူနာပေါင်း ၂၃,၀၇၂ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုးကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၁,၆၆၂,၂၂၉ ခု ရှိသွားပြီဖြစ်ပါတယ်။

သေဆုံးသူအရေအတွက်က ၂,၅၀၇ ယောက်ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၁၁၈,၈၆၉ ယောက် ရှိသွားပါပြီ။

ဒီကနေ့ညထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူအရေအတွက် ၁,၅၀၆ ယောက်ရှိတယ်လို့ ဖော်ပြထားတာကြောင့် ရောဂါပျောက်ကင်းသွားသူပေါင်း ၉၉,၃၂၅ ယောက် ရှိသွားပြီဖြစ်ပါတယ်။

ဒီကနေ့ ကိန်းဂဏန်းတွေကို မနေ့ကနဲ့ နှိုင်းယှဉ်မယ်ဆိုရင် စစ်ဆေးတဲ့အရေအတွက် အတန်ငယ်ပိုနည်းပြီး ကူးစက်သူအရေအတွက်လည်း ပိုနည်းပေမဲ့ သေဆုံးသူကတော့ ၄ ယောက် ပိုများပါတယ်။ ရောဂါပျောက်ကင်းသူ အရေအတွက်ကတော့ မနေ့ကထက် ပိုများပြီး ကူးစက်သူအရေအတွက်ထက် ပျောက်ကင်းသူအရေအတွက် ပိုများလာတာ ဆက်တိုက်လိုရှိလာပါပြီ။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားတာအရဆိုရင် ဒီကနေ့ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၄% ရှိပြီး ပြန်ကောင်းလာသူ ၈၃.၅၆% ၊ သေဆုံးနှုန်းက ၂.၁၁% ရှိပါတယ်။

သေဆုံးသူတွေထဲမှာ နောက်ခံရောဂါရှိသူက ၆၉.၅၆% ရှိတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ရေးထားပါတယ်။

[Unicode Version]










XS
SM
MD
LG