သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဆးခန္းလာျပသူဦးေရ က်ဆင္းလာမႈ ေစတနာ႔ဝန္ထမ္း ဆရာဝန္ေတြ စိုးရိမ္


အခမဲ့ Fever Clinic ေဆးခန္း (PHOTOS CREDIT TO Community Fever Clinic - Yangon Network Fb and Dr Kyaw Swar Oo)

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈျမင့္မားေနဆဲကာလ ျပည္သူေတြ လူထုအေျချပဳေဆးခန္းေတြဆီ လာျပတာ အေတာ္ေလးနည္းပါးသြားတဲ့အေျခအေနဟာ စိုးရိမ္စရာပါလို႔ လူထုအေျချပဳေဆးခန္း တာဝန္ခံေဒါက္တာေက်ာ္မင္းထြန္းကေျပာပါတယ္။ ကိုဗစ္၁၉ ကပ္ေရာဂါကာလ ေဆးရံုေဆးခန္း မလာလိုၾကေတာ့မယ့္ ျပည္သူအခ်ိဳ႕ရွိလာေနလို႔ က်န္းမာေရးဝန္ထမ္းေတြနဲ႔ လူထုအတြက္ ပိုအဆင္ေျပေစမယ့္ က်န္းမာေရးေစာင့္ေရွာက္မႈ မူဝါဒေတြ ျပင္ေပးဖို႔ကိုလည္း လူထုအေျချပဳေစတနာ့ဝန္ထမ္းဆရာဝန္ေတြက ေတာင္းဆိုပါတယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မဆုမြန္က စုစည္းတင္ျပထားပါတယ္။

ျမန္မာႏိုင္ငံတဝန္း ကိုဗစ္၁၉ ကူးစက္မႈေပါင္း တသိန္းႏွစ္ေသာင္းနီးပါးအထိရွိလာၿပီး ကိုဗစ္ေၾကာင့္ ေသဆံုးသူက ႏွစ္ေထာင့္ငါးရာဝန္းက်င္အထိ ရွိလာေနတဲ့အေနအထားမွာေတာ့ ရန္ကုန္တုိင္းက ကူးစက္မႈ အမ်ားဆုံး ျဖစ္ပြားေနတာပါ။ ဒီလိုအေျခအေနမွာ ရန္ကုန္တိုင္းတြင္း ေစတနာ့ဝန္ထမ္းဆရာဝန္ေတြ ေဆးကုသေစာင့္ေရွာက္ မႈေပးေနတဲ့ လူထုအေျချပဳ ဖ်ားနာကုေဆးခန္းေတြမွာ ကိုဗစ္၁၉ သံသယ လကၡဏာရွိသူေတြ အမ်ားဆံုး လာေရာက္ျပသကုသမႈခံယူေနတာျဖစ္ပါတယ္။ အရင္တုန္းက လူနာရာနဲ႔ခ်ီ လာေရာက္ျပသၾကေပမဲ့ အခုသီတင္းပတ္ထဲ လာေရာက္ကုသမႈ ခံယူသူ နည္းလာတယ္လို႔ ဖ်ားနာကုေဆးခန္း ရန္ကုန္ကြန္ရက္ တာဝန္ခံေဒါက္တာေက်ာ္မင္းထြန္းကေျပာပါတယ္။

" ဒီရက္ပိုင္းမွာ လာျပတဲ့ လူဦးေရက သိသိသာေလ်ာ့သြားတယ္။ အင္းစိန္တို႔ ေရႊျပည္သာတို႔ လိႈင္သာယာတို႔လိုေနရာေတြေတာင္မွ တကယ္တမ္းဆို အေယာက္ ၁၀၀ေလာက္ ၾကည့္ေနက်ေနရာမွာေတာင္ ၃၀နဲ႔ ၄၀ၾကား ေလာက္ပဲျဖစ္သြားၿပီေပါ့ေနာ္။ အခုေတြ႔ရတဲ့နႈန္းက ေတာ္ေတာ္ သိသိသာသာေလ်ာ့သြားတယ္။ ဒီလိုသိသိသာသာေလ်ာ့သြားတာကို စဥ္းစားၾကည့္ေတာ့ အဲ့ေတာ့ ၂ခ်က္ေပါ့ေနာ္ တခ်က္က ကိုဗစ္ကူးစက္မႈကို ထိန္းႏုိင္သြားၿပီလားေပါ့။ ေနာက္တခ်က္ကေတာ့ ကိုဗစ္ရွိေနတာကို ေဆးခန္းေဆးရံုကို မလာပဲနဲ႔ အိမ္မွာ ၾကိတ္ကုၿပီးေတာ့ ေဆးေသာက္ေနတာလားေပါ့။ အိမ္မွာပဲေနၿပီးေတာ့ Self-isolation လုပ္ၿပီးေနတဲ့သူက မ်ားလာတယ္။ က်ေနာ္တို႔ကေတာ့ တတ္ႏိုင္ရင္ ျဖစ္နုိင္ရင္ေဆးခန္းကို ေရာက္ေအာင္ေခၚတယ္။Fever Clinic ကိုေပါ့ေနာ္။ လာျပ ဆရာဝန္နဲ႔ လာတုိင္ပင္ လိုအပ္ရင္ ႏွာေခါင္းတို႔ဖတ္ယူ။ Swab အေျဖထုတ္မယ္လို႔ ေျပာတဲ့ အသံၾကားလိုက္တာနဲ႔ လူနာကေၾကာက္သြားတယ္ မလာေတာ့ဘူး မစစ္ခ်င္ဘူး။ အဓိက က်ေနာ္ လူထုကိုေျပာခ်င္တာကေတာ့- အခုက Home Quarantine System ေျပာင္းလဲမယ္ဆိုတာေလး အသံ ထြက္လာတယ္ေပါ့ေနာ္။ ဒါေပမဲ့ ေလာေလာဆယ္ေတာ့ မစေသးဘူးေပါ့ေနာ္။ ဘာပဲျဖစ္ျဖစ္ တခုခုျဖစ္ျဖစ္ခ်င္း အနံ႔ေပ်ာက္တာပဲျဖစ္ျဖစ္ ဖ်ားတာ ႏွာေစးေခ်ာင္းဆိုး ရိုးရိုးရာသီတုပ္ေကြးလို ပံုစံေလး စလာၿပီဆိုကတည္းက နီးစပ္ရာေပါ့ Fever Clinic ေဆးခန္းျဖစ္ျဖစ္ ေဆးခန္းေတြျဖစ္ျဖစ္ သြားျပ ဆရာဝန္နဲ႔သြားတုိင္ပင္ၾကပါ။ က်န္းမာေရးေစာင့္ေရွာက္မႈ လက္ဦးမႈ ေစာစီးမႈခံယူဖို႔လိုအပ္ပါတယ္။ "

အခုဆိုရင္ ရန္ကုန္တိုင္းတြင္း ေစတနာ့ဝန္ထမ္း ဆရာဝန္ေတြ ကုသေပးေနတဲ့ အခမဲ့ဖ်ားနာကုေဆးခန္းေတြ ထပ္မံတိုးခ်ဲ႕ဖြင့္လွစ္လ်က္ရွိၿပီး လက္႐ွိကိုဗစ္၁၉ ဗိုင္းရပ္စ္ပိုးနဲ႔ မ်ဳိးဗီဇ မတူတဲ့ ကိုဗစ္ေရာဂါပိုးသစ္ေတြ ဝင္လာႏိုင္ေျခရွိတဲ့ အႏၱရာယ္ၾကံဳလာရင္ ရင္ဆိုင္ႏိုင္ဖို႔အတြက္လည္း လူထုအေျချပဳဆရာဝန္ေတြဘက္က ၾကိဳတင္ျပင္ဆင္ေဆာင္ရြက္ေနၾကတယ္လို႔ ေစတနာ့ဝန္ထမ္းဆရာဝန္တဦးလည္းျဖစ္တဲ့ ေဒါက္တာေက်ာ္မင္းထြန္းကေျပာပါတယ္။

" ျမန္မာႏုိင္ငံကိုလည္း အေႏွးနဲ႔အျမန္ မေရာက္ဘူး မရွိဘူး။ ဒီဗိုင္းရပ္စ္မ်ိဳးစိတ္အသစ္ကေလ ေရာက္လာႏိုင္ေျခ ရွိတာပဲ။ တခ်ိန္မွာ ျဖစ္လာမွာကို ၾကိဳတင္ကာကြယ္တဲ့အေနနဲ႔ တျခားမဖြင့္ရေသးတဲ့ ၿမိဳ႕နယ္ေတြကိုလည္း ေတာက္ေလ်ာက္ဖြင့္မယ္။ ေနရာေတြ တိုးခ်ဲ႕မယ္။ ၾကိဳတင္ကာဗာယူထားတဲ့သေဘာေပါ့။ Fever Clinic ေတြကေနတဆင့္ လူနာေတြကိုေ ဆးကုသမႈရေအာင္ က်န္းမာေရးေစာင့္ေရွာက္မႈရေအာင္ က်ေနာ္တို႔ အဓိက ေဆာင္ရြက္တာေပါ့ေနာ္ လုိအပ္ရင္လိုအပ္သလို လက္နက္ထုတ္သံုးလို႔ရေအာင္ ျပည္သူလူထုေတြအတြက္ အက်ိဳးရွိေအာင္ေပါ့ေနာ္ ဝုန္းဒိုင္း စျဖစ္မွထက္စာရင္ မျဖစ္ခင္ကတည္းက ျပင္ဆင္ထားတဲ့သေဘာေပါ့ေနာ္ အခုက မ်ိဳးစိတ္ကလည္း အသစ္အသစ္ေတြ ထပ္ထပ္ေတြ႔ေနတဲ့အေပၚ ျမန္မာျပည္ကုိ အေႏွးနဲ႔အျမန္ေရာက္ လာမွာကိုလည္း က်ေနာ္တို႔ အရမ္းစိုးရိမ္တယ္။ အဲ့ဒီ့အတြက္ကို ၾကိဳတင္ျပင္ဆင္တဲ့အေနနဲ႔ ျပည္သူလူထုကို က်န္းမာေရးေစာင့္ေရွာက္မႈေပးလို႔ရေအာင္ေပါ့ေနာ္ အဓိကရည္ရြယ္ခ်က္က။"

ကိုဗစ္ကပ္ေရာဂါကူးစက္မႈဟာ ကမာၻတဝန္းမွာ စိုးရိမ္စရာ အေျခအေန႐ွိေနဆဲ ျဖစ္တာမို႔ လူထုဘက္ကလည္း ကိုဗစ္ကူးစက္မႈ ကာကြယ္ေရး ေဆာင္ရန္-ေရွာင္ရန္ အခ်က္ေတြကို အထူးသတိထားလိုက္နာၾကပါလို႔ ေဒါက္တာေက်ာ္မင္းထြန္း ထပ္ေမတၱာရပ္ခံပါတယ္။

" ပန္းျခံေတြမွာ ဟိုတေလာက လူေတြအမ်ားၾကီးေတြ႔တယ္။ စည္ပင္က ပိတ္လိုက္တယ္။ တခ်ိဳ႕ပန္းျခံေနရာေတြ သြားလာေနၾကတာ အခုအခ်ိန္ထိ ေတြ႔ေနရေသးတယ္။ မနက္အေစာပိုင္း လမ္းေလ်ွာက္တာတို႔ ညေနပိုင္းေတြ လမ္းေလွ်ာက္ေနၾကတာေတြ႔တယ္ က်န္းမာေရးလိုက္စားတာေကာင္းပါတယ္။ ဒါေပမဲ့ ကိုဗစ္ကာလျဖစ္ေနတဲ့ အခါက်ေတာ့ ကိုယ့္အိမ္မွာ ကိုယ္ ေလ့က်င့္ခန္းလုပ္ေနလည္း ရပါတယ္။ အဓိက လူစုလူေဝးမျဖစ္ဖို႔လိုတယ္ ဒီအခ်ိန္မွာကေလ။ အတတ္ႏိုင္ဆံုး အိမ္မွာပဲေနေပးပါ။ အျပင္သြားမယ္ဆိုလည္း Mask ေတြ ႏွာေခါင္းစည္းေတြ တပ္ေပးပါ။ ေနာက္ အိ္မ္မွာေနၿပီးေတာ့လည္း ၾကိတ္ၿပီး မကုဖို႔ ေမတၱာရပ္ခံပါတယ္။ မေန႔ကဆိုရင္ Emergency ကို ၃ေယာက္ ခ်က္ျခင္းလႊဲေပးလုိက္ရတဲ့အပိုင္းေလးေတြရွိတယ္။ အဲ့လိုေလးေတြျဖစ္မွာစိုးလို႔။ အဲ့လိုျဖစ္ရင္ အသက္က အခန္႔မသင့္ရင္ မမွီမွာစိုးလို႔ ။ အဲ့တာေလးက အရမ္းအေရးၾကီးတယ္ အဲဒီတခုကိုေတာ့က်ေနာ္တို႔ ေမတၱာရပ္ခံခ်င္ပါတယ္။"

အခုအခ်ိန္မွာေတာ့ ကူးစက္သူေတြ၊ ကူးစက္မႈသံသယရွိသူေတြကို သီးျခားခြဲကုသေစာင့္ေရွာက္မႈေပးေနတဲ့ ကြာရမ္တင္း စင္တာေတြ ေဆးရံုေတြမွာလည္း က်န္းမာေရးဝန္ထမ္းေတြအတြက္ေရာ လူနာေတြ မိသားစုေတြ အတြက္ ေနရာမလံုေလာက္တာ ေဆးဝါးကုသမႈ အခက္အခဲစိန္ေခၚမႈေတြ နဲ႔ရင္ဆိုင္ေနၾကရတာမို႔ သက္ဆိုင္ရာ ဘက္ကလည္း လူထုအတြက္ အဆင္ေျပမယ့္ မူဝါဒစနစ္ေတြ ျပင္သင့္ၿပီလို႔လည္း လူထုအေျချပဳေစတနာ့ဝန္ထမ္းဆရာဝန္ေတြက အၾကံေပးပါတယ္။

...............................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုမြင့်မားနေဆဲကာလ ပြည်သူတွေ လူထုအခြေပြုဆေးခန်းတွေဆီ လာပြတာ အတော်လေးနည်းပါးသွားတဲ့အခြေအနေဟာ စိုးရိမ်စရာပါလို့ လူထုအခြေပြုဆေးခန်း တာဝန်ခံဒေါက်တာကျော်မင်းထွန်းကပြောပါတယ်။ ကိုဗစ်၁၉ ကပ်ရောဂါကာလ ဆေးရုံဆေးခန်း မလာလိုကြတော့မယ့် ပြည်သူအချို့ရှိလာနေလို့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူထုအတွက် ပိုအဆင်ပြေစေမယ့် ကျန်းမာရေးစောင့်ရှောက်မှု မူဝါဒတွေ ပြင်ပေးဖို့ကိုလည်း လူထုအခြေပြုစေတနာ့ဝန်ထမ်းဆရာဝန်တွေက တောင်းဆိုပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မဆုမွန်က စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံတဝန်း ကိုဗစ်၁၉ ကူးစက်မှုပေါင်း တသိန်းနှစ်သောင်းနီးပါးအထိရှိလာပြီး ကိုဗစ်ကြောင့် သေဆုံးသူက နှစ်ထောင့်ငါးရာဝန်းကျင်အထိ ရှိလာနေတဲ့အနေအထားမှာတော့ ရန်ကုန်တိုင်းက ကူးစက်မှု အများဆုံး ဖြစ်ပွားနေတာပါ။ ဒီလိုအခြေအနေမှာ ရန်ကုန်တိုင်းတွင်း စေတနာ့ဝန်ထမ်းဆရာဝန်တွေ ဆေးကုသစောင့်ရှောက် မှုပေးနေတဲ့ လူထုအခြေပြု ဖျားနာကုဆေးခန်းတွေမှာ ကိုဗစ်၁၉ သံသယ လက္ခဏာရှိသူတွေ အများဆုံး လာရောက်ပြသကုသမှုခံယူနေတာဖြစ်ပါတယ်။ အရင်တုန်းက လူနာရာနဲ့ချီ လာရောက်ပြသကြပေမဲ့ အခုသီတင်းပတ်ထဲ လာရောက်ကုသမှု ခံယူသူ နည်းလာတယ်လို့ ဖျားနာကုဆေးခန်း ရန်ကုန်ကွန်ရက် တာဝန်ခံဒေါက်တာကျော်မင်းထွန်းကပြောပါတယ်။

" ဒီရက်ပိုင်းမှာ လာပြတဲ့ လူဦးရေက သိသိသာလျော့သွားတယ်။ အင်းစိန်တို့ ရွှေပြည်သာတို့ လှိုင်သာယာတို့လိုနေရာတွေတောင်မှ တကယ်တမ်းဆို အယောက် ၁၀၀လောက် ကြည့်နေကျနေရာမှာတောင် ၃၀နဲ့ ၄၀ကြား လောက်ပဲဖြစ်သွားပြီပေါ့နော်။ အခုတွေ့ရတဲ့နှုန်းက တော်တော် သိသိသာသာလျော့သွားတယ်။ ဒီလိုသိသိသာသာလျော့သွားတာကို စဉ်းစားကြည့်တော့ အဲ့တော့ ၂ချက်ပေါ့နော် တချက်က ကိုဗစ်ကူးစက်မှုကို ထိန်းနိုင်သွားပြီလားပေါ့။ နောက်တချက်ကတော့ ကိုဗစ်ရှိနေတာကို ဆေးခန်းဆေးရုံကို မလာပဲနဲ့ အိမ်မှာ ကြိတ်ကုပြီးတော့ ဆေးသောက်နေတာလားပေါ့။ အိမ်မှာပဲနေပြီးတော့ Self-isolation လုပ်ပြီးနေတဲ့သူက များလာတယ်။ ကျနော်တို့ကတော့ တတ်နိုင်ရင် ဖြစ်နိုင်ရင်ဆေးခန်းကို ရောက်အောင်ခေါ်တယ်။ Fever Clinic ကိုပေါ့နော်။ လာပြ ဆရာဝန်နဲ့ လာတိုင်ပင် လိုအပ်ရင် နှာခေါင်းတို့ဖတ်ယူ။ Swab အဖြေထုတ်မယ်လို့ ပြောတဲ့ အသံကြားလိုက်တာနဲ့ လူနာကကြောက်သွားတယ် မလာတော့ဘူး မစစ်ချင်ဘူး။ အဓိက ကျနော် လူထုကိုပြောချင်တာကတော့- အခုက Home Quarantine System ပြောင်းလဲမယ်ဆိုတာလေး အသံ ထွက်လာတယ်ပေါ့နော်။ ဒါပေမဲ့ လောလောဆယ်တော့ မစသေးဘူးပေါ့နော်။ ဘာပဲဖြစ်ဖြစ် တခုခုဖြစ်ဖြစ်ချင်း အနံ့ပျောက်တာပဲဖြစ်ဖြစ် ဖျားတာ နှာစေးချောင်းဆိုး ရိုးရိုးရာသီတုပ်ကွေးလို ပုံစံလေး စလာပြီဆိုကတည်းက နီးစပ်ရာပေါ့ Fever Clinic ဆေးခန်းဖြစ်ဖြစ် ဆေးခန်းတွေဖြစ်ဖြစ် သွားပြ ဆရာဝန်နဲ့သွားတိုင်ပင်ကြပါ။ ကျန်းမာရေးစောင့်ရှောက်မှု လက်ဦးမှု စောစီးမှုခံယူဖို့လိုအပ်ပါတယ်။ "

အခုဆိုရင် ရန်ကုန်တိုင်းတွင်း စေတနာ့ဝန်ထမ်း ဆရာဝန်တွေ ကုသပေးနေတဲ့ အခမဲ့ဖျားနာကုဆေးခန်းတွေ ထပ်မံတိုးချဲ့ဖွင့်လှစ်လျက်ရှိပြီး လက်ရှိကိုဗစ်၁၉ ဗိုင်းရပ်စ်ပိုးနဲ့ မျိုးဗီဇ မတူတဲ့ ကိုဗစ်ရောဂါပိုးသစ်တွေ ဝင်လာနိုင်ခြေရှိတဲ့ အန္တရာယ်ကြုံလာရင် ရင်ဆိုင်နိုင်ဖို့အတွက်လည်း လူထုအခြေပြုဆရာဝန်တွေဘက်က ကြိုတင်ပြင်ဆင်ဆောင်ရွက်နေကြတယ်လို့ စေတနာ့ဝန်ထမ်းဆရာဝန်တဦးလည်းဖြစ်တဲ့ ဒေါက်တာကျော်မင်းထွန်းကပြောပါတယ်။

" မြန်မာနိုင်ငံကိုလည်း အနှေးနဲ့အမြန် မရောက်ဘူး မရှိဘူး။ ဒီဗိုင်းရပ်စ်မျိုးစိတ်အသစ်ကလေ ရောက်လာနိုင်ခြေ ရှိတာပဲ။ တချိန်မှာ ဖြစ်လာမှာကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ တခြားမဖွင့်ရသေးတဲ့ မြို့နယ်တွေကိုလည်း တောက်လျောက်ဖွင့်မယ်။ နေရာတွေ တိုးချဲ့မယ်။ ကြိုတင်ကာဗာယူထားတဲ့သဘောပေါ့။ Fever Clinic တွေကနေတဆင့် လူနာတွေကိုေ ဆးကုသမှုရအောင် ကျန်းမာရေးစောင့်ရှောက်မှုရအောင် ကျနော်တို့ အဓိက ဆောင်ရွက်တာပေါ့နော် လိုအပ်ရင်လိုအပ်သလို လက်နက်ထုတ်သုံးလို့ရအောင် ပြည်သူလူထုတွေအတွက် အကျိုးရှိအောင်ပေါ့နော် ဝုန်းဒိုင်း စဖြစ်မှထက်စာရင် မဖြစ်ခင်ကတည်းက ပြင်ဆင်ထားတဲ့သဘောပေါ့နော် အခုက မျိုးစိတ်ကလည်း အသစ်အသစ်တွေ ထပ်ထပ်တွေ့နေတဲ့အပေါ် မြန်မာပြည်ကို အနှေးနဲ့အမြန်ရောက် လာမှာကိုလည်း ကျနော်တို့ အရမ်းစိုးရိမ်တယ်။ အဲ့ဒီ့အတွက်ကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးလို့ရအောင်ပေါ့နော် အဓိကရည်ရွယ်ချက်က။"

ကိုဗစ်ကပ်ရောဂါကူးစက်မှုဟာ ကမ္ဘာတဝန်းမှာ စိုးရိမ်စရာ အခြေအနေရှိနေဆဲ ဖြစ်တာမို့ လူထုဘက်ကလည်း ကိုဗစ်ကူးစက်မှု ကာကွယ်ရေး ဆောင်ရန်-ရှောင်ရန် အချက်တွေကို အထူးသတိထားလိုက်နာကြပါလို့ ဒေါက်တာကျော်မင်းထွန်း ထပ်မေတ္တာရပ်ခံပါတယ်။

" ပန်းခြံတွေမှာ ဟိုတလောက လူတွေအများကြီးတွေ့တယ်။ စည်ပင်က ပိတ်လိုက်တယ်။ တချို့ပန်းခြံနေရာတွေ သွားလာနေကြတာ အခုအချိန်ထိ တွေ့နေရသေးတယ်။ မနက်အစောပိုင်း လမ်းလျှောက်တာတို့ ညနေပိုင်းတွေ လမ်းလျှောက်နေကြတာတွေ့တယ် ကျန်းမာရေးလိုက်စားတာကောင်းပါတယ်။ ဒါပေမဲ့ ကိုဗစ်ကာလဖြစ်နေတဲ့ အခါကျတော့ ကိုယ့်အိမ်မှာ ကိုယ် လေ့ကျင့်ခန်းလုပ်နေလည်း ရပါတယ်။ အဓိက လူစုလူဝေးမဖြစ်ဖို့လိုတယ် ဒီအချိန်မှာကလေ။ အတတ်နိုင်ဆုံး အိမ်မှာပဲနေပေးပါ။ အပြင်သွားမယ်ဆိုလည်း Mask တွေ နှာခေါင်းစည်းတွေ တပ်ပေးပါ။ နောက် အိမ်မှာနေပြီးတော့လည်း ကြိတ်ပြီး မကုဖို့ မေတ္တာရပ်ခံပါတယ်။ မနေ့ကဆိုရင် Emergency ကို ၃ယောက် ချက်ခြင်းလွှဲပေးလိုက်ရတဲ့အပိုင်းလေးတွေရှိတယ်။ အဲ့လိုလေးတွေဖြစ်မှာစိုးလို့။ အဲ့လိုဖြစ်ရင် အသက်က အခန့်မသင့်ရင် မမှီမှာစိုးလို့ ။ အဲ့တာလေးက အရမ်းအရေးကြီးတယ် အဲ့
ီဒီ့တခုကိုတော့ကျနော်တို့ မေတ္တာရပ်ခံချင်ပါတယ်။"

အခုအချိန်မှာတော့ ကူးစက်သူတွေ၊ ကူးစက်မှုသံသယရှိသူတွေကို သီးခြားခွဲကုသစောင့်ရှောက်မှုပေးနေတဲ့ ကွာရမ်တင်း စင်တာတွေ ဆေးရုံတွေမှာလည်း ကျန်းမာရေးဝန်ထမ်းတွေအတွက်ရော လူနာတွေ မိသားစုတွေ အတွက် နေရာမလုံလောက်တာ ဆေးဝါးကုသမှု အခက်အခဲစိန်ခေါ်မှုတွေ နဲ့ရင်ဆိုင်နေကြရတာမို့ သက်ဆိုင်ရာ ဘက်ကလည်း လူထုအတွက် အဆင်ပြေမယ့် မူဝါဒစနစ်တွေ ပြင်သင့်ပြီလို့လည်း လူထုအခြေပြုစေတနာ့ဝန်ထမ်းဆရာဝန်တွေက အကြံပေးပါတယ်။

XS
SM
MD
LG