သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာလ အလုပ္သမားေလ ွ်ာ့ခ်တာေတြ ဆက္ျဖစ္ေန


ရန္ကုန္ၿမိဳ႕ လိႈင္သာယာစက္မႈဇုန္မွာ ေတြ႔ရတဲ့ အလုပ္ဆင္းဖို႔ သြားၾကတဲ့ အလုပ္သမားတခ်ိဳ႕။ (ဒီဇင္ဘာ ၀၇၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ္ကာလအတြင္း စက္ရံု အလုပ္႐ုံေတြမွာ အလုပ္သမားေလွ်ာ့ခ်မႈေတြက ဆက္လက္မ်ားလာေနတဲ့အေၾကာင္းကို ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မအဂၢႏြန္က သတင္းေပးပို႔ထားပါတယ္။

ပဲခူးတိုင္းထဲက လည္ပတ္လုပ္ကိုင္ေနတဲ့ ဖိနစ္စက္႐ုံတစ္ခုမွာ ေအာ္ဒါမွာယူမႈေလ်ာ့နည္းျခင္းနဲ႔ ကုန္ၾကမ္းပစၥည္း ျပတ္လပ္မႈကို အေၾကာင္းျပၿပီး အလုပ္သမား အင္အား ၂,၅၀၀ ေလာက္ ေလွ်ာ့ခ်ဖို႔ လုပ္ေဆာင္ေနတယ္လို႔ အလုပ္သမားအေရး လႈပ္ရွားသူေတြက ဗီြအိုေအကို ေျပာပါတယ္။

ကိုဗစ္ကာလ စက္႐ုံတခ်ဳိ႕မွာ အလုပ္သမားေတြကို အမ်ားအျပာ ေလွ်ာ့ခ်လိုက္သလို အခု ဆက္လက္ေလွ်ာ့ခ်ဖို႔ လုပ္ေဆာင္ေနတဲ့ စက္႐ုံေတြ ရွိတဲ့အတြက္ အလုပ္သမားအမ်ားစုက အလုပ္လက္မ့ဲနဲ႔ ရင္ဆိုင္လာေနရတယ္လို႔ ပဲခူးၿမိဳ႕နယ္ အလုပ္သမားအဖြဲ႕ အမႈအေဆာင္ ေဒၚေဝေဝလြင္က ေျပာပါတယ္။

“အခုလာမယ့္ တစ္လပိုင္းကေနစလို႔ အင္းေလး႐ႈးဖိနပ္ခ်ဳပ္တဲ့ စက္႐ုံေပါ့ေနာ္... ဒါအရင္တုန္းကဆိုရင္ ႏွစ္ေပါင္း ၁၅ ႏွစ္ေလာက္ေတာင္ရွိေနၿပီေပါ့ ရပ္တည္ခဲ့တာေပ့ါေနာ္။ တစ္ႏိုင္ငံလံုးမွာဆိုရင္လည္း အႀကီးဆံုးလို႔ေတာ့ ေျပာလို႔ရတယ္ရွင့္။ စက္႐ုံေလး လူဦးေရ ၂,၅၀၀ ရွိတယ္ဆိုေတာ့၊ ကုန္ၾကမ္းေတြ ျပတ္လပ္တာတို႔ ေအာ္ဒါေတြ မမွာယူေတာ့တာမ်ဳိးတို႔ အဲ့ဒီလိုမ်ဳိးေတြ ေျပာၿပီးေတာ့ ပိတ္သိမ္းသြားမယ့္ အေနအထားမွာရွိတယ္ရွင္။ တစ္လပိုင္းကေနစၿပီးေတာ့ အေယာက္ ၁,၀၀၀ ေလွ်ာ့မယ္၊ ႏွစ္လပိုင္မွာ ၁,၀၀၀ ေလွ်ာ့မယ္၊ သံုးလပိုင္မွာ ၅,၀၀ ေလွ်ာ့မယ္ဆိုေတာ့ ၂,၅၀၀ ေပါ့ လူဦးေရ။ အလုပ္လက္မဲ့ျဖစ္ဖူးတာလည္း ရွိပါေသးတယ္ရွင္။”

အလုပ္သက္တမ္းနည္းတဲ့ အလုပ္သမားေတြကို အရင္ေလွ်ာ့ခ်မွာျဖစ္ၿပီး အသုတ္လိုက္ ေလွ်ာ့ခ်မွာျဖစ္တာေၾကာင့္ အလုပ္သမားေတာ္ေတာ္မ်ားမ်ား အခက္ႀကံေနရတယ္လို႔လည္း ေျပာပါတယ္။

ပဲခူးတိုင္းမွာ ကိုဗစ္ကပ္ေရာဂါကာလအတြင္း အလုပ္သမားေတြကို ဆက္တိုက္ေလွ်ာ့ခ်ခံရၿပီး အလုပ္သမား ၂,၀၀၀ ေလာက္ ေလွ်ာ့ခံရလို႔ အလုပ္ရွင္၊ အလုပ္သမား ျပႆနာေတြကို ေျဖရွင္းခဲ့တာရွိတယ္လု႔ိ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ဦးထြန္းထြန္းဦးက ေျပာပါတယ္။

“ပဲခူးမွာေတာ့ အခုေလာေလာဆယ္စက္႐ုံေတြမွာ ရွိတဲ့ အလုပ္သမားေတြက ေလွ်ာ့တာေပ့ါေနာ္၊ တခ်ဳိ႕စက္႐ုံေတြက ၁,၀၀၀ ရွိတယ္ဆိုရင္ တစ္ဝက္ေလွ်ာ့တာရွိတယ္၊ သံုးပံု ပံု တစ္ပံုေလွ်ာ့တာရွိတယ္၊ ရွိေတာ့ အလုပ္႐ုံဥပေဒနဲ႔ အညီေပါ့ေနာ္။ ဥပေဒနဲ႔ အညီေလွ်ာ့တယ္ဆိုေတာ့ notice တစ္လေပးၿပီးေတာ့ ေလွ်ာ့တာ အ့ဲဒါေတြကေတာ့ က်ေနာ္တို႔ ဒီဥပေဒနဲ႔ အညီေလွ်ာ့ခ်တဲ့အတြက္ ျပႆနာမရွိပါဘူး။ ေလာေလာဆယ္ေတာ့ ပဲခူးမွာ အလုပ္သမားေလွ်ာ့ခ်တာ အကုန္လံုးပိတ္သြားတဲ့ စက္႐ုံေတာ့မရွိပါဘူး။ အလုပ္သမားအနည္းငယ္ေလွ်ာ့တဲ့ စက္႐ုံေတြေတာ့ ရွိပါတယ္။ က်ေနာ္တုိ႔ ဥပေဒနဲ႔အညီ သူတို႔ နစ္နာေၾကးေတြေပးတဲ့အတြက္ အလုပ္သမားေတြဘက္ကလည္းပဲ ဒီဥပေဒနဲ႔ အညီေဆာင္ရြက္တဲ့အခါ သက္ဆိုင္ရာဌာနနဲ႔ အလုပ္ရွင္နဲ႔ အလုပ္သမားနဲ႔ အကုန္လံုးကို သက္ဆုိင္ရာ ဥပေဒနဲ႔ အညီေဆာင္ရြက္တဲ့ အတြက္ေတာ့ ေလာေလာဆယ္ေတာ့ က်ေနာ္ဆီမွာ ႀကီးမားတဲ့ ျပႆနာမရွိပါဘူး။”

ပဲခူးတိုင္းမွာေတာ့ အႀကီးစားစက္႐ုံ ၉၄ ႐ုံ၊ အေသးစားစက္႐ုံက ၁၀၀ ဝန္းက်င္ေလာက္ရွိၿပီး အလုပ္သမားက ၆၀,၀၀၀ ရွိတယ္။

စက္႐ုံ အလုပ္႐ုံပိတ္သိမ္းျခင္း ယာယီရပ္ဆိုင္းျခင္း စသျဖင့္ ဘယ္လိုအေၾကာင္းေၾကာင့္ျဖစ္ေစ လုပ္ငန္းရွင္က အလုပ္သမားေတြကို တရားဝင္ ႀကိဳတင္အသိေပးေဆာင္ရြက္ရမွာျဖစ္တယ္လို႔ ဝန္ႀကီး ဦးထြန္းထြန္းဦးက ေျပာပါတယ္။

အလုပ္႐ုံ အလုပ္သမားဥပေဒအတိုင္း ေဆာင္ရြက္ရမွာျဖစ္ၿပီး မလုပ္ေဆာင္တဲ့ လုပ္ငန္းရွိပါက အေရးယူသြားမွာျဖစ္တယ္လို႔ ဝန္ႀကီး ဦးထြန္းထြန္းဦးက ဆိုပါတယ္။

ျမန္မာႏိုင္ငံ ကိုဗစ္ကပ္ေရာဂါျဖစ္ပြားတဲ့အခ်ိန္ထဲမွာ လုပ္ငန္းရွင္ေတြက ႐ုတ္တရက္ စက္႐ုံပိတ္သိမ္းတာ၊ အလုပ္သမားေတြကို ေလွွ်ာ့ခ်တာစတဲ့ျဖစ္စဥ္ေတြ ရွိေနၿပီး အလုပ္သမားအေတာ္မ်ားမ်ား စားဝတ္ေနေရး အၾကပ္အတည္းနဲ႔ ရင္ဆိုင္ေနၾကရတယ္လို႔လည္း အလုပ္သမားအခ်င္းခ်င္း႐ုိင္းပင္းကူးညီေရးအဖြဲ႔ LHEO အျငင္းပြားမႈေျဖရွင္းေရး တာဝန္ခံ ေဒၚခခ က ေျပာပါတယ္။

“အခုဟာက်ေတာ့ ႐ုတ္တရက္လုပ္သမား ေလွ်ာ့တယ္။ ႐ုတ္တရက္စက္႐ုံပိတ္သိမ္းတယ္ဆိုတဲ့ ကိစၥေတြက ဒါအင္မတန္ရက္စက္လြန္းတယ္။ က်မတို႔ တစ္ဘက္က ဥပေဒအရလည္း ေသေသခ်ာခ်ာ မၾကီးၾကပ္ႏိုင္သလို တစ္ဘက္မွာ လူမႈတရားမွ်တမႈအရလည္း ဒါအင္မတန္ဆိုးဝါးတဲ့ လူမႈတရားမွ်မႈအတြက္ အင္မတန္ဆိုးဝါးတဲ့ ျဖစ္စဥ္ေတြျဖစ္ေနတယ္။ အလုပ္သမားေတြက အခက္အခဲအမ်ားႀကီးျဖစ္တယ္၊ သူတို႔မွာ လစဥ္ လစဥ္ေပါ့ေနာ္ စားဝတ္ေနေရးအတြက္ ေျဖရွင္းေဆာင္ရြက္ေနရတယ္၊ အေၾကြးကိစၥေတြရွိတယ္၊ ၿပီးေတာ့ တစ္ေန႔လုပ္မွ တစ္ေန႔စားတဲ့ ဒီအေျခခံလုပ္သမားျဖစ္တယ္။ အမ်ားႀကီး အခက္အခဲေတြျဖစ္ပါတယ္။ အထူးသျဖင့္ အမ်ဳိးသမီးေတြ ဦးေဆာင္ေနတဲ့ အိမ္ေထာင္ေရးေတြ ၿပီးေတာ့ ကေလးမိခင္ေတြေပါ့ေနာ္။”

အလုပ္သားေလွ်ာ့ခ်ျခင္းနဲ႔ ပတ္သက္လို႔ ဥပေဒမွာ တိတိက်က်ျပ႒ာန္းထားတာ မရွိတာေၾကာင့္ ကိုဗစ္ကာလမွာ လုပ္ငန္းရွင္ေတြက အခြင့္အေရးယူၿပီး လုပ္သားေလွ်ာ့မႈကို အမ်ားႀကီး လုပ္ေဆာင္လာတယ္လို႔လည္း အလုပ္သမားအေရး လႈပ္ရွားသူေတြက ဆိုၾကပါတယ္။

အလုပ္လက္မဲ့ျဖစ္သြားတဲ့ အေျခခံအလုပ္သားအမ်ားစုမွာ အထူးသျဖင့္ စိတ္ပိုင္းဆိုင္ရာ ႐ုပ္ဆိုင္ပိုင္ေတြ ပိုမိုထိခိုက္လာတာ ကိုယ့္ကိုယ္အဆံုးစီရင္သြားတဲ့ သူေတြလည္း ရွိတယ္လို႔ ေဒၚခခက ေျပာပါတယ္။

အလုပ္သားအင္အားေလွ်ာ့ခ်တာ အလုပ္ထုတ္ခံရတာစတဲ့ အလုပ္သမားျပႆနာနဲ႔ ပတ္သက္ၿပီး သက္ဆိုင္ရာ ႀကီးၾကပ္ဌာနထံ တိုင္ၾကာခဲ့ေပမဲ့ တာဝန္ရွိသူေတြက ေျဖရွင္းေဆာင္ရြက္ေပးတဲ့ ေနရာမွာ အားနည္းေနဆဲျဖစ္တယ္လို႔ အလုပ္သမားနဲ႔ အလုပ္သမားလႈပ္ရွားသူေတြက ေျပာၾကပါတယ္။

ကိုဗစ္ကာလ အလုပ္သမားေလ ွ်ာ့ခ်တာေတြ ဆက္ျဖစ္ေန
please wait

No media source currently available

0:00 0:04:19 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကာလ အလုပ်သမားလေ ျှာ့ချတာတွေ ဆက်ဖြစ်နေ

ကိုဗစ်ကာလအတွင်း စက်ရုံ အလုပ်ရုံတွေမှာ အလုပ်သမားလျှော့ချမှုတွေက ဆက်လက်များလာနေတဲ့အကြောင်းကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအဂ္ဂနွန်က သတင်းပေးပို့ထားပါတယ်။

ပဲခူးတိုင်းထဲက လည်ပတ်လုပ်ကိုင်နေတဲ့ ဖိနစ်စက်ရုံတစ်ခုမှာ အော်ဒါမှာယူမှုလျော့နည်းခြင်းနဲ့ ကုန်ကြမ်းပစ္စည်း ပြတ်လပ်မှုကို အကြောင်းပြပြီး အလုပ်သမား အင်အား ၂,၅၀၀ လောက် လျှော့ချဖို့ လုပ်ဆောင်နေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ဗွီအိုအေကို ပြောပါတယ်။

ကိုဗစ်ကာလ စက်ရုံတချို့မှာ အလုပ်သမားတွေကို အများအပြာ လျှော့ချလိုက်သလို အခု ဆက်လက်လျှော့ချဖို့ လုပ်ဆောင်နေတဲ့ စက်ရုံတွေ ရှိတဲ့အတွက် အလုပ်သမားအများစုက အလုပ်လက်မဲ့နဲ့ ရင်ဆိုင်လာနေရတယ်လို့ ပဲခူးမြို့နယ် အလုပ်သမားအဖွဲ့ အမှုအဆောင် ဒေါ်ဝေဝေလွင်က ပြောပါတယ်။

“အခုလာမယ့် တစ်လပိုင်းကနေစလို့ အင်းလေးရှုးဖိနပ်ချုပ်တဲ့ စက်ရုံပေါ့နော်... ဒါအရင်တုန်းကဆိုရင် နှစ်ပေါင်း ၁၅ နှစ်လောက်တောင်ရှိနေပြီပေါ့ ရပ်တည်ခဲ့တာပေ့ါနော်။ တစ်နိုင်ငံလုံးမှာဆိုရင်လည်း အကြီးဆုံးလို့တော့ ပြောလို့ရတယ်ရှင့်။ စက်ရုံလေး လူဦးရေ ၂,၅၀၀ ရှိတယ်ဆိုတော့၊ ကုန်ကြမ်းတွေ ပြတ်လပ်တာတို့ အော်ဒါတွေ မမှာယူတော့တာမျိုးတို့ အဲ့ဒီလိုမျိုးတွေ ပြောပြီးတော့ ပိတ်သိမ်းသွားမယ့် အနေအထားမှာရှိတယ်ရှင်။ တစ်လပိုင်းကနေစပြီးတော့ အယောက် ၁,၀၀၀ လျှော့မယ်၊ နှစ်လပိုင်မှာ ၁,၀၀၀ လျှော့မယ်၊ သုံးလပိုင်မှာ ၅,၀၀ လျှော့မယ်ဆိုတော့ ၂,၅၀၀ ပေါ့ လူဦးရေ။ အလုပ်လက်မဲ့ဖြစ်ဖူးတာလည်း ရှိပါသေးတယ်ရှင်။”

အလုပ်သက်တမ်းနည်းတဲ့ အလုပ်သမားတွေကို အရင်လျှော့ချမှာဖြစ်ပြီး အသုတ်လိုက် လျှော့ချမှာဖြစ်တာကြောင့် အလုပ်သမားတော်တော်များများ အခက်ကြံနေရတယ်လို့လည်း ပြောပါတယ်။

ပဲခူးတိုင်းမှာ ကိုဗစ်ကပ်ရောဂါကာလအတွင်း အလုပ်သမားတွေကို ဆက်တိုက်လျှော့ချခံရပြီး အလုပ်သမား ၂,၀၀၀ လောက် လျှော့ခံရလို့ အလုပ်ရှင်၊ အလုပ်သမား ပြဿနာတွေကို ဖြေရှင်းခဲ့တာရှိတယ်လု့ိ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းထွန်းဦးက ပြောပါတယ်။

“ပဲခူးမှာတော့ အခုလောလောဆယ်စက်ရုံတွေမှာ ရှိတဲ့ အလုပ်သမားတွေက လျှော့တာပေ့ါနော်၊ တချို့စက်ရုံတွေက ၁,၀၀၀ ရှိတယ်ဆိုရင် တစ်ဝက်လျှော့တာရှိတယ်၊ သုံးပုံ ပုံ တစ်ပုံလျှော့တာရှိတယ်၊ ရှိတော့ အလုပ်ရုံဥပဒေနဲ့ အညီပေါ့နော်။ ဥပဒေနဲ့ အညီလျှော့တယ်ဆိုတော့ notice တစ်လပေးပြီးတော့ လျှော့တာ အဲ့ဒါတွေကတော့ ကျနော်တို့ ဒီဥပဒေနဲ့ အညီလျှော့ချတဲ့အတွက် ပြဿနာမရှိပါဘူး။ လောလောဆယ်တော့ ပဲခူးမှာ အလုပ်သမားလျှော့ချတာ အကုန်လုံးပိတ်သွားတဲ့ စက်ရုံတော့မရှိပါဘူး။ အလုပ်သမားအနည်းငယ်လျှော့တဲ့ စက်ရုံတွေတော့ ရှိပါတယ်။ ကျနော်တို့ ဥပဒေနဲ့အညီ သူတို့ နစ်နာကြေးတွေပေးတဲ့အတွက် အလုပ်သမားတွေဘက်ကလည်းပဲ ဒီဥပဒေနဲ့ အညီဆောင်ရွက်တဲ့အခါ သက်ဆိုင်ရာဌာနနဲ့ အလုပ်ရှင်နဲ့ အလုပ်သမားနဲ့ အကုန်လုံးကို သက်ဆိုင်ရာ ဥပဒေနဲ့ အညီဆောင်ရွက်တဲ့ အတွက်တော့ လောလောဆယ်တော့ ကျနော်ဆီမှာ ကြီးမားတဲ့ ပြဿနာမရှိပါဘူး။”

ပဲခူးတိုင်းမှာတော့ အကြီးစားစက်ရုံ ၉၄ ရုံ၊ အသေးစားစက်ရုံက ၁၀၀ ဝန်းကျင်လောက်ရှိပြီး အလုပ်သမားက ၆၀,၀၀၀ ရှိတယ်။

စက်ရုံ အလုပ်ရုံပိတ်သိမ်းခြင်း ယာယီရပ်ဆိုင်းခြင်း စသဖြင့် ဘယ်လိုအကြောင်းကြောင့်ဖြစ်စေ လုပ်ငန်းရှင်က အလုပ်သမားတွေကို တရားဝင် ကြိုတင်အသိပေးဆောင်ရွက်ရမှာဖြစ်တယ်လို့ ဝန်ကြီး ဦးထွန်းထွန်းဦးက ပြောပါတယ်။

အလုပ်ရုံ အလုပ်သမားဥပဒေအတိုင်း ဆောင်ရွက်ရမှာဖြစ်ပြီး မလုပ်ဆောင်တဲ့ လုပ်ငန်းရှိပါက အရေးယူသွားမှာဖြစ်တယ်လို့ ဝန်ကြီး ဦးထွန်းထွန်းဦးက ဆိုပါတယ်။

မြန်မာနိုင်ငံ ကိုဗစ်ကပ်ရောဂါဖြစ်ပွားတဲ့အချိန်ထဲမှာ လုပ်ငန်းရှင်တွေက ရုတ်တရက် စက်ရုံပိတ်သိမ်းတာ၊ အလုပ်သမားတွေကို လျှော့ချတာစတဲ့ဖြစ်စဉ်တွေ ရှိနေပြီး အလုပ်သမားအတော်များများ စားဝတ်နေရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေကြရတယ်လို့လည်း အလုပ်သမားအချင်းချင်းရိုင်းပင်းကူးညီရေးအဖွဲ့ LHEO အငြင်းပွားမှုဖြေရှင်းရေး တာဝန်ခံ ဒေါ်ခခ က ပြောပါတယ်။

“အခုဟာကျတော့ ရုတ်တရက်လုပ်သမား လျှော့တယ်။ ရုတ်တရက်စက်ရုံပိတ်သိမ်းတယ်ဆိုတဲ့ ကိစ္စတွေက ဒါအင်မတန်ရက်စက်လွန်းတယ်။ ကျမတို့ တစ်ဘက်က ဥပဒေအရလည်း သေသေချာချာ မကြီးကြပ်နိုင်သလို တစ်ဘက်မှာ လူမှုတရားမျှတမှုအရလည်း ဒါအင်မတန်ဆိုးဝါးတဲ့ လူမှုတရားမျှမှုအတွက် အင်မတန်ဆိုးဝါးတဲ့ ဖြစ်စဉ်တွေဖြစ်နေတယ်။ အလုပ်သမားတွေက အခက်အခဲအများကြီးဖြစ်တယ်၊ သူတို့မှာ လစဉ် လစဉ်ပေါ့နော် စားဝတ်နေရေးအတွက် ဖြေရှင်းဆောင်ရွက်နေရတယ်၊ အကြွေးကိစ္စတွေရှိတယ်၊ ပြီးတော့ တစ်နေ့လုပ်မှ တစ်နေ့စားတဲ့ ဒီအခြေခံလုပ်သမားဖြစ်တယ်။ အများကြီး အခက်အခဲတွေဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ ဦးဆောင်နေတဲ့ အိမ်ထောင်ရေးတွေ ပြီးတော့ ကလေးမိခင်တွေပေါ့နော်။”

အလုပ်သားလျှော့ချခြင်းနဲ့ ပတ်သက်လို့ ဥပဒေမှာ တိတိကျကျပြဋ္ဌာန်းထားတာ မရှိတာကြောင့် ကိုဗစ်ကာလမှာ လုပ်ငန်းရှင်တွေက အခွင့်အရေးယူပြီး လုပ်သားလျှော့မှုကို အများကြီး လုပ်ဆောင်လာတယ်လို့လည်း အလုပ်သမားအရေး လှုပ်ရှားသူတွေက ဆိုကြပါတယ်။

အလုပ်လက်မဲ့ဖြစ်သွားတဲ့ အခြေခံအလုပ်သားအများစုမှာ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ဆိုင်ပိုင်တွေ ပိုမိုထိခိုက်လာတာ ကိုယ့်ကိုယ်အဆုံးစီရင်သွားတဲ့ သူတွေလည်း ရှိတယ်လို့ ဒေါ်ခခက ပြောပါတယ်။

အလုပ်သားအင်အားလျှော့ချတာ အလုပ်ထုတ်ခံရတာစတဲ့ အလုပ်သမားပြဿနာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ကြီးကြပ်ဌာနထံ တိုင်ကြာခဲ့ပေမဲ့ တာဝန်ရှိသူတွေက ဖြေရှင်းဆောင်ရွက်ပေးတဲ့ နေရာမှာ အားနည်းနေဆဲဖြစ်တယ်လို့ အလုပ်သမားနဲ့ အလုပ်သမားလှုပ်ရှားသူတွေက ပြောကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG