သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မ်ဳိးဗီဇေျပာင္း ကို႐ိုနာဗိုင္းရပ္စ္အႏၲရာယ္ ငယ္ရြယ္သူေတြ ပိုသတိထားဖို႔ လို


ႏိုဝင္ဘာ ၈ ရက္ေန႔က ၂၀၂၀ ေရြးေကာက္ပဲြအတြက္ မဲေပးဖို႔ တန္းစီေနၾကသူမ်ား။ (ႏိုဝင္ဘာ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

ဗီဇေျပာင္း ကို႐ိုနာဗိုင္းရပ္စ္ မ်ိဳးစိတ္သစ္ဟာ ကေလးငယ္ေတြနဲ႔ လူငယ္ေတြမွာ ပိုၿပီးကူးစက္မႈမ်ားလာ တဲ့အတြက္ သတိထားဖို႔လိုအပ္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက သတိေပးတဲ့ အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပပါမယ္။

ၿဗိတိန္မွာ ေတြ႕ရတဲ့ ဗီဇေျပာင္း ကို႐ိုနာဗိုင္းရပ္စ္ မ်ိဳးစိတ္သစ္ဟာ ကေလးေတြမွာ ကူးစက္မႈပိုျဖစ္ႏိုင္ၿပီး ပိုၿပီးလြယ္လြယ္ကူကူ ကူးစက္ႏိုင္တဲ့ အေနအထားမ်ိဳးျဖစ္လာတာေၾကာင့္ က်န္းမာေရးကို ပိုသတိထားေနထိုင္ဖို႔ လိုအပ္လာတယ္လို ဗဟိုကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာန ေျပာခြင့္ရ ၫႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက သတိေပးပါတယ္။

“အရင္တုန္းက ေရာဂါပိုးက ခႏၶာကိုယ္ထဲ ဝင္ေရာက္ဖို႔အတြက္က နည္းနည္းခက္ေသးတယ္။ အခုက်ေတာ့ ပိုၿပီးေတာ့ လြယ္ကူလ်င္ျမန္လာတယ္ဆိုတာကို သုေတသနပညာရွင္ေတြက ေတြ႕ရွိရတယ္။ ဒီလို ျမန္ဆန္လာတာက ဘယ္လိုသက္ေရာက္သလဲဆိုရင္ အရင္က ကေလးေတြ ေရာဂါကူးစက္မႈ သိပ္မရွိဘူး။ ျဖစ္ရင္လည္း ေသဆုံးမႈက အလြန္နည္းတယ္။ က်မတို႔ႏိုင္ငံမွာေတာင္မွ ေသဆုံးမႈေပါင္း ၂,၅၀၀ နီးနီးရွိတာမွာ ဆိုရင္ ၁၈ ႏွစ္ေအာက္ ေသဆုံးမႈက စုစုေပါင္းမွာ ၉ ေယာက္ပဲရွိတယ္။ အဲ့ဒါကလည္း ေနာက္ခံေရာဂါရွိတဲ့ ကေလးေတြပဲ ျဖစ္တာမ်ားတယ္။ ေျပာခ်င္တာက ကေလးေတြမွာ ျဖစ္ပြားမႈ နည္းတယ္။

သို႔ေသာ္အခု အဂၤလန္မွာ စေတြ႕တဲ့ Virus ေပါ့ေနာ္။ ခုဆို ေတာင္အာဖရိကလည္းေရာက္ ေနၿပီ။ ၾသစေၾတးလ်မွာလည္း ရွိေနၿပီ။ ေနာက္တစ္ခုက တျခားေသာ ေဒသေတြ ျပည္နယ္ေတြမွာ ရွိေနတယ္ဆိုတဲ့ အေထာက္အထားေတြလည္း တျဖည္းျဖည္းေတြ႔လာရတယ္။ အဲ့ဒီလိုျဖစ္သြားတဲ့အတြက္ေၾကာင့္ ကေလးေတြမွာလည္း ေရာဂါျဖစ္ပြားႏႈန္းေတြ တက္လာတယ္ဆိုတဲ့ အရိပ္အႁမြတ္ ကနဦးေတြ ရွိခ်က္ေတြ သုေတသန ပညာရွင္ေတြက ေတြ႕ရွိလာၿပီ။ ဒါေၾကာင့္မို႔ အထူးဂ႐ုစိုက္ရေတာ့ မွာျဖစ္တယ္။ ဒီ Virus ပိုးမ်ိဳးစိတ္ကေရာ က်မတို႔ႏိုင္ငံအပါအဝင္ တျခားေသာႏိုင္ငံေတြမွာေရာ မရွိေနႏိုင္ဘူးလားဆိုရင္ ရွိေနႏိုင္ပါတယ္။ဒါေၾကာင့္မို႔ မေပါ့ဆေစခ်င္ပါဘူး။ အထူးသတိထားၿပီးေတာ့ ေရာဂါကာကြယ္ေရးနည္းလမ္းေတြကို ပိုၿပီးလိုက္နာက်င့္သုံးဖို႔ အေရးႀကီးပါတယ္။”

ျမန္မာမွာလက္ရွိ ကူးစက္ေနတဲ့ ဗိုင္းရပ္စ္ကိုလည္း မ်ိဳးဗီဇေျပာင္းလဲမႈရွိ၊ မရွိ သုေတသနျပဳ စစ္ေဆးေနတယ္ က်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။ ကိုဗစ္ကာကြယ္ေဆးဟာ အသက္ ၁၆ ႏွစ္ႏွင့္ ၁၈ ႏွစ္ အထက္ေတြသာ ထိုးလို႔ရတဲ့ ေဆးျဖစ္ၿပီး ကေလးေတြအတြက္ ကာကြယ္ႏိုင္တဲ့ ေဆးမရွိေသးတဲ့အတြက္ ႏွာေခါင္းစည္းတပ္ျခင္းက ကိုဗစ္ ကူးစက္မႈကေန အဓိက ကာကြယ္ႏိုင္တဲ့ အခ်က္ျဖစ္တာေၾကာင့္ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ စည္းကမ္းသတ္မွတ္ခ်က္ေတြကို တေသြမသိမ္း လိုက္နာၾကဖို႔ လိုအပ္တယ္လို႔ ေဒါက္တာခင္ခင္ႀကီးက ဆိုပါတယ္။

ျမန္မာမွာ ကိုဗစ္ကူးစက္မႈေတြ ေလ်ာ့က်လာၿပီ ျဖစ္ေပမဲ့ ျပင္းထန္လူနာေတြမ်ားေနဆဲ ျဖစ္တာေၾကာင့္ လူစုလူေဝးလုပ္တာ တစ္ဦးနဲ႔ တစ္ဦး အနီးကပ္ထိေတြ႕တာေတြကို တတ္ႏိုင္သမွ် ေရွာင္ၾကဖို႔ လိုတယ္လို႔ ေျပာပါတယ္။

“ICU ထဲမွာလည္း ၁၃၀ ဝန္းက်င္က အၿမဲတမ္းရွိေနတုန္းျဖစ္ပါတယ္။ ေအာက္စီဂ်င္ေပးေနရတဲ့သူက လည္း ၁,၁၀၀ ေက်ာ္ရွိတယ္။ Ventilator နဲ႔ ကုသမႈေပးေနရတဲ့ လူနာကလည္း ၃၀ ေက်ာ္ရွိပါတယ္။ ဒါေၾကာင့္မို႔ ေပါ့ဆလို႔ေတာ့ မရေသးတဲ့ အေနအထားရွိတယ္လို႔ေတာ့ ေျပာလို႔ရပါတယ္။”

ကိုဗစ္ေရာဂါဟာ ရာသီတုတ္ေကြးေရာဂါလို ကမာၻေပၚမွာ ႏွစ္ေပါင္းမ်ားစြာ ဆက္လက္ကူးစက္ေနအုံးမွာ ျဖစ္တဲ့အတြက္ ျပည္သူေတြအေနနဲ႔ သတိထားကာကြယ္ၾကဖို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက တိုက္တြန္းထားပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ေနာက္ဆုံးထုတ္ျပန္ခ်က္ေတြအရ ဒီကေန႔အထိ ျမန္မာမွာ ကိုဗစ္ပိုးေတြ႕လူနာ အေရအတြက္က ၁၁၇,၉၄၆ ရွိေနၿပီး ေသဆုံးသူက ၂,၄၈၄ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် ငယ်ရွယ်သူတွေ ပိုသတိထားဖို့ လို

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်သစ်ဟာ ကလေးငယ်တွေနဲ့ လူငယ်တွေမှာ ပိုပြီးကူးစက်မှုများလာ တဲ့အတွက် သတိထားဖို့လိုအပ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးတဲ့ အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

ဗြိတိန်မှာ တွေ့ရတဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်သစ်ဟာ ကလေးတွေမှာ ကူးစက်မှုပိုဖြစ်နိုင်ပြီး ပိုပြီးလွယ်လွယ်ကူကူ ကူးစက်နိုင်တဲ့ အနေအထားမျိုးဖြစ်လာတာကြောင့် ကျန်းမာရေးကို ပိုသတိထားနေထိုင်ဖို့ လိုအပ်လာတယ်လို ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ပြောခွင့်ရ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သတိပေးပါတယ်။

“အရင်တုန်းက ရောဂါပိုးက ခန္ဓာကိုယ်ထဲ ဝင်ရောက်ဖို့အတွက်က နည်းနည်းခက်သေးတယ်။ အခုကျတော့ ပိုပြီးတော့ လွယ်ကူလျင်မြန်လာတယ်ဆိုတာကို သုတေသနပညာရှင်တွေက တွေ့ရှိရတယ်။ ဒီလို မြန်ဆန်လာတာက ဘယ်လိုသက်ရောက်သလဲဆိုရင် အရင်က ကလေးတွေ ရောဂါကူးစက်မှု သိပ်မရှိဘူး။ ဖြစ်ရင်လည်း သေဆုံးမှုက အလွန်နည်းတယ်။ ကျမတို့နိုင်ငံမှာတောင်မှ သေဆုံးမှုပေါင်း ၂,၅၀၀ နီးနီးရှိတာမှာ ဆိုရင် ၁၈ နှစ်အောက် သေဆုံးမှုက စုစုပေါင်းမှာ ၉ ယောက်ပဲရှိတယ်။ အဲ့ဒါကလည်း နောက်ခံရောဂါရှိတဲ့ ကလေးတွေပဲ ဖြစ်တာများတယ်။ ပြောချင်တာက ကလေးတွေမှာ ဖြစ်ပွားမှု နည်းတယ်။

သို့သော်အခု အင်္ဂလန်မှာ စတွေ့တဲ့ Virus ပေါ့နော်။ ခုဆို တောင်အာဖရိကလည်းရောက် နေပြီ။ သြစတြေးလျမှာလည်း ရှိနေပြီ။ နောက်တစ်ခုက တခြားသော ဒေသတွေ ပြည်နယ်တွေမှာ ရှိနေတယ်ဆိုတဲ့ အထောက်အထားတွေလည်း တဖြည်းဖြည်းတွေ့လာရတယ်။ အဲ့ဒီလိုဖြစ်သွားတဲ့အတွက်ကြောင့် ကလေးတွေမှာလည်း ရောဂါဖြစ်ပွားနှုန်းတွေ တက်လာတယ်ဆိုတဲ့ အရိပ်အမြွတ် ကနဦးတွေ ရှိချက်တွေ သုတေသန ပညာရှင်တွေက တွေ့ရှိလာပြီ။ ဒါကြောင့်မို့ အထူးဂရုစိုက်ရတော့ မှာဖြစ်တယ်။ ဒီ Virus ပိုးမျိုးစိတ်ကရော ကျမတို့နိုင်ငံအပါအဝင် တခြားသောနိုင်ငံတွေမှာရော မရှိနေနိုင်ဘူးလားဆိုရင် ရှိနေနိုင်ပါတယ်။ဒါကြောင့်မို့ မပေါ့ဆစေချင်ပါဘူး။ အထူးသတိထားပြီးတော့ ရောဂါကာကွယ်ရေးနည်းလမ်းတွေကို ပိုပြီးလိုက်နာကျင့်သုံးဖို့ အရေးကြီးပါတယ်။”

မြန်မာမှာလက်ရှိ ကူးစက်နေတဲ့ ဗိုင်းရပ်စ်ကိုလည်း မျိုးဗီဇပြောင်းလဲမှုရှိ၊ မရှိ သုတေသနပြု စစ်ဆေးနေတယ် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ကိုဗစ်ကာကွယ်ဆေးဟာ အသက် ၁၆ နှစ်နှင့် ၁၈ နှစ် အထက်တွေသာ ထိုးလို့ရတဲ့ ဆေးဖြစ်ပြီး ကလေးတွေအတွက် ကာကွယ်နိုင်တဲ့ ဆေးမရှိသေးတဲ့အတွက် နှာခေါင်းစည်းတပ်ခြင်းက ကိုဗစ် ကူးစက်မှုကနေ အဓိက ကာကွယ်နိုင်တဲ့ အချက်ဖြစ်တာကြောင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို တသွေမသိမ်း လိုက်နာကြဖို့ လိုအပ်တယ်လို့ ဒေါက်တာခင်ခင်ကြီးက ဆိုပါတယ်။

မြန်မာမှာ ကိုဗစ်ကူးစက်မှုတွေ လျော့ကျလာပြီ ဖြစ်ပေမဲ့ ပြင်းထန်လူနာတွေများနေဆဲ ဖြစ်တာကြောင့် လူစုလူဝေးလုပ်တာ တစ်ဦးနဲ့ တစ်ဦး အနီးကပ်ထိတွေ့တာတွေကို တတ်နိုင်သမျှ ရှောင်ကြဖို့ လိုတယ်လို့ ပြောပါတယ်။

“ICU ထဲမှာလည်း ၁၃၀ ဝန်းကျင်က အမြဲတမ်းရှိနေတုန်းဖြစ်ပါတယ်။ အောက်စီဂျင်ပေးနေရတဲ့သူက လည်း ၁,၁၀၀ ကျော်ရှိတယ်။ Ventilator နဲ့ ကုသမှုပေးနေရတဲ့ လူနာကလည်း ၃၀ ကျော်ရှိပါတယ်။ ဒါကြောင့်မို့ ပေါ့ဆလို့တော့ မရသေးတဲ့ အနေအထားရှိတယ်လို့တော့ ပြောလို့ရပါတယ်။”

ကိုဗစ်ရောဂါဟာ ရာသီတုတ်ကွေးရောဂါလို ကမ္ဘာပေါ်မှာ နှစ်ပေါင်းများစွာ ဆက်လက်ကူးစက်နေအုံးမှာ ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ သတိထားကာကွယ်ကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်တွေအရ ဒီကနေ့အထိ မြန်မာမှာ ကိုဗစ်ပိုးတွေ့လူနာ အရေအတွက်က ၁၁၇,၉၄၆ ရှိနေပြီး သေဆုံးသူက ၂,၄၈၄ ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG