သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံမွာ COVID-19 အတည္ျပဳလူနာ ၃ ဦးတုိး၊ ၂၉၀ ရွိ


ရန္ကုန္ၿမိဳ႕က အထည္ခ်ဳပ္စက္႐ုံတခုမွာ မ်က္ႏွဖုံး အကာအကြယ္တပ္ဆင္ အလုပ္လုပ္ေနၾကသူမ်ား။ (ေမ ၂၈၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ COVID-19 ကပ္ေရာဂါ ကူးစက္ခံရသူ ေနာက္ထပ္ ၃ ဦး ဒီကေန႔မွာ ထပ္မံေတြ႔ရွိခဲ့တာေၾကာင့္ ေရာဂါကူးစက္ခံရသူ စုစုေပါင္း ၂၉၀ ရွိသြားၿပီလို႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ဒီေန႔ ဇြန္လ ၂၁ ရက္ေန႔ ည ၈ နာရီ သတင္းထုတ္ျပန္ခ်က္မွာ ေျပာပါတယ္။

ဓာတ္ခဲြနမူနာ စုစုေပါင္း ၈၀၉ ခုကို ဒီကေန႔ စစ္ေဆးခဲ့တာမွာ ေရာဂါပိုးေတြ႔ရွိသူ ၃ ေယာက္ကို ထပ္မံေတြ႔ရွိခဲ့တာျဖစ္တယ္လို႔ ေျပာပါတယ္။

COVID-19 ကပ္ေရာဂါ ကူးစက္ခံရသူ ေနာက္ထပ္ ၃ ဦးတုိးတဲ့ ေၾကညာခ်က္။ (ပုံ - က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန)
COVID-19 ကပ္ေရာဂါ ကူးစက္ခံရသူ ေနာက္ထပ္ ၃ ဦးတုိးတဲ့ ေၾကညာခ်က္။ (ပုံ - က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန)

အခုေနာက္ဆုံး ေရာဂါပိုးေတြ႔ရွိသူ ၃ ေယာက္စလုံးဟာ ကာတာႏုိင္ငံက ျပန္လာသူေတြ ျဖစ္ၾကၿပီး အသြားအလာ ကန္႔သတ္ထားရွိသူေတြ ျဖစ္တယ္လို႔ ေျပာပါတယ္။

သူတုိ႔ ၃ ဦးစလုံးဟာ အသက္ ၂၃ ႏွစ္ကေန ၃၅ ၾကား အမ်ိဳးသားေတြျဖစ္ၾကၿပီး ပဲခူးတုိင္း လက္ပံတန္းၿမိဳ႕နယ္၊ မႏၱေလးတုိင္း လယ္ေ၀းၿမိဳ႕နယ္နဲ႔ ရန္ကုန္တုိင္း ေက်ာက္တံတားၿမိဳ႕နယ္ေတြက ျဖစ္ၾကၿပီး သတ္မွတ္ထားတဲ့ေဆး႐ုံမွာ ကုသမႈေတြ ဆက္လုပ္သြားမွာ ျဖစ္တယ္လို႔ ေျပာပါတယ္။

ဓာတ္ခဲြအတည္ျပဳလူနာေတြထဲက ၂ ႀကိမ္ဆက္တုိက္ ပိုးမေတြ႔တဲ့သူ ၄ ဦး ထပ္ရွိလာတာေၾကာင့္ အခုဆုိရင္ COVID-19 ေရာဂါပိုးကင္းစင္သူ အေရအတြက္ဟာ ၂၀၀ အထိ ရွိလာၿပီျဖစ္ၿပီး အဲဒီထဲက ၁၈၃ ေယာက္ကို ေဆး႐ုံဆင္းခြင့္ေပးၿပီး သတ္မွတ္ထားတဲ့ ေနရာေတြမွာ ဆက္ၿပီးေတာ့ အသြားအလာ ကန္႔သတ္ေစာင့္ၾကည့္တာေတြ လုပ္ေနပါတယ္။

မေန႔ ဇြန္လ ၂၀ ရက္ေန႔ကေန ဒီေန႔ ေန႔လယ္ ၁၂ နာရီအတြင္း ေနာက္ထပ္ ေစာင့္ၾကည့္လူနာသစ္ ၂၄ ဦးရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ေျပာပါတယ္။ အခုခ်ိန္ထိေတာ့ ျမန္မာႏုိင္ငံမွာ COVID-19 ေၾကာင့္ ေသဆုံးတဲ့သူ ၆ ဦးရွိတယ္လို႔ အတည္ျပဳထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၃ ဦးတိုး၊ ၂၉၀ ရှိ

မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါ ကူးစက်ခံရသူ နောက်ထပ် ၃ ဦး ဒီကနေ့မှာ ထပ်မံတွေ့ရှိခဲ့တာကြောင့် ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၉၀ ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ ဇွန်လ ၂၁ ရက်နေ့ ည ၈ နာရီ သတင်းထုတ်ပြန်ချက်မှာ ပြောပါတယ်။

ဓာတ်ခွဲနမူနာ စုစုပေါင်း ၈၀၉ ခုကို ဒီကနေ့ စစ်ဆေးခဲ့တာမှာ ရောဂါပိုးတွေ့ရှိသူ ၃ ယောက်ကို ထပ်မံတွေ့ရှိခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

အခုနောက်ဆုံး ရောဂါပိုးတွေ့ရှိသူ ၃ ယောက်စလုံးဟာ ကာတာနိုင်ငံက ပြန်လာသူတွေ ဖြစ်ကြပြီး အသွားအလာ ကန့်သတ်ထားရှိသူတွေ ဖြစ်တယ်လို့ ပြောပါတယ်။

သူတို့ ၃ ဦးစလုံးဟာ အသက် ၂၃ နှစ်ကနေ ၃၅ ကြား အမျိုးသားတွေဖြစ်ကြပြီး ပဲခူးတိုင်း လက်ပံတန်းမြို့နယ်၊ မန္တလေးတိုင်း လယ်ဝေးမြို့နယ်နဲ့ ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်တွေက ဖြစ်ကြပြီး သတ်မှတ်ထားတဲ့ဆေးရုံမှာ ကုသမှုတွေ ဆက်လုပ်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာတွေထဲက ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့တဲ့သူ ၄ ဦး ထပ်ရှိလာတာကြောင့် အခုဆိုရင် COVID-19 ရောဂါပိုးကင်းစင်သူ အရေအတွက်ဟာ ၂၀၀ အထိ ရှိလာပြီဖြစ်ပြီး အဲဒီထဲက ၁၈၃ ယောက်ကို ဆေးရုံဆင်းခွင့်ပေးပြီး သတ်မှတ်ထားတဲ့ နေရာတွေမှာ ဆက်ပြီးတော့ အသွားအလာ ကန့်သတ်စောင့်ကြည့်တာတွေ လုပ်နေပါတယ်။

မနေ့ ဇွန်လ ၂၀ ရက်နေ့ကနေ ဒီနေ့ နေ့လယ် ၁၂ နာရီအတွင်း နောက်ထပ် စောင့်ကြည့်လူနာသစ် ၂၄ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြောပါတယ်။ အခုချိန်ထိတော့ မြန်မာနိုင်ငံမှာ COVID-19 ကြောင့် သေဆုံးတဲ့သူ ၆ ဦးရှိတယ်လို့ အတည်ပြုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG