သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာပဋိပကၡ ေဒသတြင္း ၿငိမ္းခ်မ္းတည္ၿငိမ္ေရး စိန္ေခၚမႈအျဖစ္ ထိုင္းနဲ႔အင္ဒိုလက္ခံ


asean flags (asean.org)

{{Zawgyi/Unicode}}

ျမန္မာ့အေရး အာဆီယံ အေရးေပၚ စည္းေဝးပြဲဟာ အာဆီယံအေပၚ ယုံၾကည္ ေလးစားမႈနဲ႔ အာဆီယံရဲ႕ ညီညြတ္ေရးကုိ စမ္းသပ္မယ့္ စည္းေဝးပြဲျဖစ္ေၾကာင္း ထုိင္းအစုိးရ အႀကီးတန္း တာဝန္ရွိသူတစ္ဦးက ဒီကေန႔ ၾကာသပေတးေန႔မွာ ေျပာပါတယ္။

အင္ဒုိနီးရွားသမၼတ Joko Widodo နဲ႔ ထုိင္းဝန္ႀကီးခ်ဳပ္ Prayuth Chan-O-Cha တုိ႔ျမန္မာ့အေရး အာဆီယံ ထိပ္သီးစည္းေဝးပြဲနဲ႔ပတ္သက္လုိ႔ ဒီကေန႔ တယ္လီဖုန္းနဲ႔ ဆက္သြယ္ ေျပာဆုိခဲ့ၾကတာမွာ ျမန္မာ့ပဋိပကၡဟာ ေဒသတြင္း ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးအတြက္ စိန္ေခၚမႈတရပ္ျဖစ္တယ္ဆုိတာကုိ အသိအမွတ္ျပဳ ေျပာၾကားခဲ့ေၾကာင္း ထုိင္းအစုိးရကထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီစည္းေဝးပြဲကေန တိက်ခုိင္မာတဲ့ ရလဒ္တခုထြက္လာဖုိ႔ ႏုိင္ငံတကာအသုိင္းအဝိုင္းက ေမွ်ာ္လင့္ေနတယ္ဆုိတာကုိ အာဆီယံအေနနဲ႔ သေဘာေပါက္ေၾကာင္း ထုိင္းႏုိင္ငံျခားေရးဌာန ေျပာခြင့္ရ Tanee Sangrat ကလည္း ေျပာပါတယ္။

စေနေန႔မွာက်င္းပမယ့္ ဒီ စည္းေ၀းပြဲကုိ အာဆီယံ ၁၀ ႏုိင္ငံက ေခါင္းေဆာင္ေတြ တက္ၾကဖုိ႔ အေစာပုိင္းက စီစဥ္ထားခဲ့တာျဖစ္ေပမယ့္ ထုိင္း၀န္ႀကီးခ်ဳပ္က သူကုိယ္တုိင္မတက္ႏုိင္ဘူးလုိ႔ ဗုဒၶဟူးေန႔မွာ ေျပာၾကားခဲ့သလုိ ဖိလစ္ပုိင္သမၼတကလည္း လူကုိယ္တုိင္ မတက္ႏုိင္ေၾကာင္း ေျပာထားပါတယ္။ ဗီယက္နမ္ႏုိင္ငံကေတာ့ ဝန္ႀကီးခ်ဳပ္ Pham Minh Chinh တက္မယ္လို႔ ေျပာထားပါတယ္။

ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏုိင္ငံဆုိင္ရာ အထူးကုိယ္စားလွယ္ Christine Schraner Burgenerဟာ ဒီ စည္းေ၀းပြဲကုိ တက္ေရာက္ခြင့္မရေပမယ့္လည္း စည္းေ၀းပြဲျပင္ပမွာ ေတြ႔ဆံု ေဆြးေႏြးတာေတြ လုပ္သြားမယ္ဆိုတဲ့သတင္းလည္း ထြက္ထားပါတယ္။

.......................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မြန်မာ့အရေး အာဆီယံ အရေးပေါ် စည်းဝေးပွဲဟာ အာဆီယံအပေါ် ယုံကြည် လေးစားမှုနဲ့ အာဆီယံရဲ့ ညီညွတ်ရေးကို စမ်းသပ်မယ့် စည်းဝေးပွဲဖြစ်ကြောင်း ထိုင်းအစိုးရ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ဒီကနေ့ ကြာသပတေးနေ့မှာ ပြောပါတယ်။

အင်ဒိုနီးရှားသမ္မတ Joko Widodo နဲ့ ထိုင်းဝန်ကြီးချုပ် Prayuth Chan-O-Cha တို့မြန်မာ့အရေး အာဆီယံ ထိပ်သီးစည်းဝေးပွဲနဲ့ပတ်သက်လို့ ဒီကနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ် ပြောဆိုခဲ့ကြတာမှာ မြန်မာ့ပဋိပက္ခဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် စိန်ခေါ်မှုတရပ်ဖြစ်တယ်ဆိုတာကို အသိအမှတ်ပြု ပြောကြားခဲ့ကြောင်း ထိုင်းအစိုးရကထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီစည်းဝေးပွဲကနေ တိကျခိုင်မာတဲ့ ရလဒ်တခုထွက်လာဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက မျှော်လင့်နေတယ်ဆိုတာကို အာဆီယံအနေနဲ့ သဘောပေါက်ကြောင်း ထိုင်းနိုင်ငံခြားရေးဌာန ပြောခွင့်ရ Tanee Sangrat ကလည်း ပြောပါတယ်။

စနေနေ့မှာကျင်းပမယ့် ဒီ စည်းဝေးပွဲကို အာဆီယံ ၁၀ နိုင်ငံက ခေါင်းဆောင်တွေ တက်ကြဖို့ အစောပိုင်းက စီစဉ်ထားခဲ့တာဖြစ်ပေမယ့် ထိုင်းဝန်ကြီးချုပ်က သူကိုယ်တိုင်မတက်နိုင်ဘူးလို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့သလို ဖိလစ်ပိုင်သမ္မတကလည်း လူကိုယ်တိုင် မတက်နိုင်ကြောင်း ပြောထားပါတယ်။ ဗီယက်နမ်နိုင်ငံကတော့ ဝန်ကြီးချုပ် Pham Minh Chinh တက်မယ်လို့ ပြောထားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgenerဟာ ဒီ စည်းဝေးပွဲကို တက်ရောက်ခွင့်မရပေမယ့်လည်း စည်းဝေးပွဲပြင်ပမှာ တွေ့ဆုံ ဆွေးနွေးတာတွေ လုပ်သွားမယ်ဆိုတဲ့သတင်းလည်း ထွက်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG