သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မြန်မာနယ်စပ် မြန်မာငွေကြေးအရောင်းအဝယ်တွေရပ်တန့် 


ထိုင်းဘတ်ငွေများ
ထိုင်းဘတ်ငွေများ

မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းသွားတဲ့အတွက် ထိုင်း-မြန်မာနယ်စပ် ငွေကြေးရောင်းဝယ်တာနဲ့ ငွေလွှဲပြောင်းတဲ့လုပ်ငန်းတွေကဩဂုတ်လ ၁၄ ရက်နေ့မှာ ရပ်တန့်သွားခဲ့ပါတယ်။ ကုန်သည်တွေလည်း ကျပ်ငွေတွေကိုမကိုင်ထားရဲတော့ဘဲ ဘတ်ငွေနဲ့လဲလှယ်တာတွေလုပ်နေပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ဒီရက်ပိုင်းအတွင်း မြန်မာကျပ်ငွေတန်ဖိုးကျဆင်းသွားတဲ့အတွက် ထိုင်း-မြန်မာနယ်စပ်မှာ ကျပ်ငွေနဲ့ဘတ်ငွေ ရောင်းဝယ်တာကော၊ဘတ်ပေး ကျပ်ယူ ကျပ်ပေး ဘတ်ယူလုပ်နေတဲ့ ငွေလွှဲလုပ်ငန်းတွေကော ရပ်တန့်သွားပါတယ်။ ကုန်သည်တွေကလည်း ထိုင်းကုန်ပစ္စည်းဝယ်ယူဖို့ အခက်အခဲတွေ ကြုံတွေ့ ခဲ့ရပါတယ်။ မြန်မာကျပ်ငွေတသိန်းကို ထိုင်းဘတ်ငွေ ၅၀၀ ဝန်းကျင်ကိုကျရောက်သွားတဲ့အတွက် မြန်မာကျပ်ငွေ အရောင်းအဝယ်တွေ လုပ်သူတွေကော ငွေလွှဲပြောင်းသူတွေကော လုပ်ငန်းတွေရပ်တန့်သွားတယ်လို့ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူတဦးက အခုလိုပြောပါတယ်။

“ဘတ် ၅၀၀ ကျော်လောက်ထိ တဖုတ်ဖုတ်ပြုတ်ကျတော့လည်း ငွေလဲတာကော ငွေလွှဲတာကော လက်မခံတော့ဘူး။ ပြန်တက်လာတော့လည်း အရောင်းကိုလက်မခံသေးဘူး။ မနေ့ကတော့ ငွေက အလွှဲတွေလည်းရပ်သွားတယ်။ ငွေကြေးက ၁၅မိနစ်တခါအပြောင်းအလဲတွေဖြစ်နေတော့ နောက်ထပ်လည်း ကျပ်ငွေက ပြန်တက်လာမယ့်အခြေအနေကလည်း သိပ်ဖြစ်လာမယ်မထင်ဘူး။ခနတဖြုတ်လောက်ပဲ အများကြီးတော့ မတက်နိုင်တော့ဘူး။”

မြန်မာကျပ်ေငွေစျေးက အတော်ကိုထိုးကျသွားတဲ့အတွက် ထိုင်းကုန်ပစ္စည်းတွေ ဝယ်ယူသူတွေလည်း အခက်အခဲတွေကြုံရပြီးထိုင်းကုန်စည်တွေကို မြန်မာဘက်တင်သွင်းတာတွေလည်း ရပ်တန့်သွားတယ်လို့ DHLကုန်ပစ္စည်းပို့ဆောင်တဲ့ လုပ်ငန်းကတာဝန်ရှိသူတဦးက အခုလိုပြောပြပါတယ်။

“ထိုင်းပစ္စည်းသွင်းတဲ့လူတွေကတော့ ငွေလဲတာအဆင်မပြေတော့ဘူး။ ငွေလဲတဲ့အခါမှာ အရင်တုန်းကပစ္စည်း ၂ ခုရတယ်။ အခုကတော့တခုလောက်ပဲ ရတော့တာပေါ့။”

အခုဆိုရင် ထိုင်းမြန်မာနယ်စပ်က ငွေလဲလုပ်ငန်းလုပ်ကိုင်သူတွေသာမက ကရင်ပြည်နယ်၊ မွန်ပြည်နယ်စပ်တွေက ငွေလဲလုပ်ငန်းလုပ်ကိုင်သူတွေဟာ မြန်မာကျပ်ငွေတွေကို ထိုင်းဘတ်တွေနဲ့လဲလှယ်တာတွေလည်း လုပ်လာကြတယ်လို့ဆိုပါတယ်။

“ငွေလဲသူကိုမရှိတော့ဘူး။ အခုကုန်သည်တွေက ကျပ်ငွေတွေကိုလိုက်လှဲလှယ်တယ်။ ဒါပေမဲ့ ကျပ်ငွေတွေကျတော့ မယူတော့ဘူး။ မော်လမြိုင်တို့၊ ဘားအံ့တို့၊ ကော့ကရိတ်ထဲက ရွာထဲကလူတွေဆို သူတို့က ထိုင်းမှာအလုပ်လုပ်သူတွေများတော့ ဘတ်ငွေတွေပဲကိုင်တော့တယ်။ ကျပ်ကိုမကိုင်ထားတော့ဘူး။”

မြန်မာနိုင်ငံမှာ ငွေစက္ကူအသစ်တွေ ရိုက်နှိပ်ထုတ်ဝေမှုတွေကြောင့်လည်း ငွေကြေးဖောင်းပွမှုတွေဖြစ်လာပြီး ကျပ်ငွေတန်ဖိုး ကျဆင်းသွားရတဲ့ အကြောင်းအရင်းတွေထဲမှာ တချက်အဖြစ်ပါဝင်တယ်လို့ ကုန်သည်တွေကတော့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ကျပ်ငွေကို လက်ထဲမထားတော့ဘဲ နိုင်ငံခြားငွေတွေလိုက်လံစုဆောင်းတာတွေလည်းလုပ်နေကြပြီး မြန်မာကျပ်ငွေတန်ဖိုးကတော့ ဒီရက်ပိုင်းမှာပဲ ဆိုးဆိုးဝါးဝါး ကျဆင်းလာတာဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG