သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိ႐ုိနာဗုိင္းရပ္စ္ မကူးစက္ေအာင္ ပုိးသတ္ေဆးဖ်န္း သင့္သလား


ရန္ကုန္ၿမိဳ႕ရွိ ေစ်းတခုမွာ ပိုးသတ္ေဆးဖ်န္းေနတဲ့ မီးသတ္၀န္ထမ္းတဦး (မတ္ ၂၇၊ ၂၀၂၀)

(Zawgyi/Unicode)

COVID-19 ေရာဂါပိုးျပန္႔ပြားမႈ တားဆီးေရးအတြက္ ပိုးသတ္ေဆးေတြ ဖ်န္းတာက က်န္းမာေရးအတြက္ သင့္ေတာ္ရဲ႕လားဆိုတာကို ဗီြအိုေအ ျမန္မာပိုင္း သတင္းေထာက္ မအိမ့္သႏၱာထြန္းက တင္ဆက္ေပးမွာပါ။

COVID-19 ေရာဂါကို တားဆီးကာကြယ္တဲ့ အေနနဲ႔ ရပ္ကြက္ေတြ လမ္းေတြ တိုက္တာ အေဆာက္အအုံေတြကို သက္ဆိုင္ရာ ရပ္ကြက္အလိုက္ တာဝန္ရွိသူေတြက ပိုးသတ္ေဆးေတြ ျဖန္းတာေတြလုပ္ၾကပါတယ္။

ပိုးသတ္ေဆးေတြကို လိုအပ္တဲ့ အခ်ိန္ လိုအပ္တဲ့ ေနရာေတြမွာသာ စနစ္တက်ဖ်န္းၾကဖို႔ႏွင့္ ဘယ္လိုေနရာေတြက ဖ်န္းသင့္တယ္၊ မဖ်န္းသင့္ဘူးဆိုတဲ့ ေဆာင္ရန္ရွာင္ရန္ေတြကိုလည္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

ဒီလို ပိုးသတ္ေဆးကို ေရာဂါပိုးမႊားေတြ ေသေစဖို႔အတြက္ ဆိုၿပီး လိုက္ဖ်န္းေနတာမ်ိဳးက ျပည္သူေတြအတြက္ အျခားေရာဂါေတြ ့ျဖစ္လာေစႏိုင္ၿပီး က်န္းမာေရးကို ထိခိုက္လာႏိုင္တဲ့ အေၾကာင္း ေဒါက္တာေက်ာ္စြာဦးက ခုလိုေျပာျပပါတယ္။

ပိုးသတ္ေဆးဖ်န္းေနတဲ့ ေကာ္ဖီဆိုင္မွ ၀န္ထမ္းတဦး (မတ္ ၂၆၊ ၂၀၂၀)
ပိုးသတ္ေဆးဖ်န္းေနတဲ့ ေကာ္ဖီဆိုင္မွ ၀န္ထမ္းတဦး (မတ္ ၂၆၊ ၂၀၂၀)

“လုပ္ေတာ့လည္းပဲ ေရပက္သလိုပက္ၿပီး ဖ်န္းေနတဲ့ အခါက်ေတာ့ အမ်ားသူငွာ အေပၚမွာလည္း ေဘးထြက္ဆိုးက်ိဳး ရွိႏိုင္လားဆိုေတာ့ ရွိေတာ့ ရွိႏိုင္ပါတယ္။ အရမ္းႀကီး အႏၲရာယ္ရွိလား ဆိုေတာ့လည္း ေျပာရေတာ့ နည္းနည္းခက္တယ္။ ဒါက ဓာတုေဗဒပစၥည္း ျဖစ္တဲ့ အတြက္ေၾကာင့္မို႔လို႔ေလ။ အကယ္၍ေပါ့ ဒီ အစားအေသာက္ေတြမွာပဲ ျဖစ္ျဖစ္ တစ္ခုခု ဒီသက္ႀကီး ႐ြယ္အိုေတြ ကေလးေတြ စသျဖင့္ေပါ့ အဲ့လိုလူေတြေပါ့၊ တခ်ိဳ႕ ဓာတ္ျပဳမႈ ခံစားမႈ အရမ္းျပင္းတဲ့သူေတြ အဲ့ဒီမွာ နည္းနည္း သက္ေရာက္မႈရွိမွာေပါ့ေနာ္။ ပန္းနာရင္ၾကပ္သ မားေတြ၊ အဆုတ္ေရာဂါရွိတဲ့သူေတြေပ့ါ၊ ဒါေပမဲ့ ဒီဟာနဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္ ခုဏက ေျပာသလို႔ေပါ့ ... လုပ္တဲ့သူေတြကလည္း လုပ္ေနသလို တခ်ိဳ႕ ဒီက်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ဆရာဝန္ေတြရဲ႕ အျမင္ကေတာ့ လိုအပ္တဲ့အခ်ိန္မွာ လိုအပ္သေလာက္ပဲ လုပ္တာကေတာ့ ပိုၿပီးေတာ့ ေကာင္းတယ္လို႔ ျမင္ပါတယ္။”

ပိုးသတ္ေဆးဖ်န္းဖို႔ လိုအပ္တဲ့ ေနရာေတြျဖစ္တဲ့ လူနာေနထိုင္ခဲ့တဲ့ ေနရာ၊ Quarantine Center ေတြ စတဲ့ေနရာေတြမွာ လိုအပ္တဲ့ ပမာဏကို က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ၫႊန္ၾကားခ်က္နဲ႔ အညီပဲ လုပ္ေစခ်င္တယ္လို႔ဆိုပါတယ္။

တခ်ိဳ႕ေတြက စိုးရိမ္စိတ္ႀကီးၿပီး ပိုးသတ္ေဆးဖ်န္းေပးဖို႔အတြက္ လာေျပာၾကတာေတြရွိေပမယ့္ ေဘးထြက္ဆိုးက်ိဳးေတြအေနနဲ႔ ထိခိုက္မႈေတြ ရွိလာႏိုင္တာေၾကာင့္ မလိုအပ္ရင္ ျဖန္းမေပးဘူးလို႔ ပရဟိတ လုပ္ငန္းေတြကို ဦးေဆာင္လုပ္ကိုင္ေနတဲ့ ကိုေအာင္ေနမ်ိဳးက ေျပာပါတယ္။

“ဒါစိုးရိမ္စရာပဲဗ်။ မလိုအပ္ဘဲေတာ့ မဖ်န္းသင့္ဘူးဗ်။ တခ်ိဳ႕ဆိုလို႔ရွိရင္ ဥပမာ က်ေနာ္တို႔ဆီမွာဆိုလို႔ ရွိရင္ အိမ္ကို ပိုးသတ္ေဆးဖ်န္းခ်င္လို႔ပါ၊ ဒီကို ပိုးသတ္ေဆးဖ်န္းခ်င္လို႔ပါ ဆိုၿပီး လာေျပာၾကတယ္။ က်ေနာ္တို႔ မလိုအပ္ဘဲ ဖ်န္းမေပးဘူး။ ဘာလို႔လဲ လိုအပ္လား မလိုအပ္ဘူးဆိုရင္ ဖ်န္းမေပးဘူး။ ခုဆိုရင္ မလိုအပ္ဘဲနဲ႔ ခဏခဏဖ်န္းတာေတြက သူ႔ရဲ႕ ေဆးရဲ႕ Side Effect ေတြလည္း ပတ္ဝန္းက်င္ကိုထိခိုက္မွာေပ့ါေနာ္။ တခ်ိဳ႕ဆို ပိုးမႊားေတြ ေသကုန္တာတို႔ ဒါေဂဟစနစ္တြပါ ပ်က္စီႏိုင္တဲ့ ဟာမ်ိဳး တကယ္ျဖစ္ၿပီ ဆိုမွသာ ဖ်န္းသင့္တာေပါ့။”

မုံ႐ြာၿမိဳ႕မွာေတာ့ ပိုးသတ္ေဆးဖ်န္းတာကို မလိုအပ္ဘဲ မလုပ္သလို လူအသြားအလာမ်ားတဲ့ ေနရာေတြနဲ႔ ေစ်းေတြကို ဆပ္ျပာရည္နဲ႔ ဖ်န္းတာမ်ိဳးေတြကို လုပ္ေနပါတယ္။ ဒီလို ပိုးသတ္ေဆးကို ခပ္စိတ္စိတ္ဖ်န္းတာမ်ိဳးက ေရရွည္မွာ က်န္းမာေရးကို ထိခိုက္လာႏိုင္တယ္ဆိုၿပီး စိုးရိမ္သူေတြ ရိွလာပါတယ္။ ေဆးဖ်န္းဖို႔ကို လူတဦးတေယာက္ရဲ႕ စိတ္သေဘာနဲ႔ မဟုတ္ဘဲ ရပ္ကြက္သူ၊ ရပ္ကြက္သား အားလုံးရဲ႕ ဆႏၵအရပဲ လုပ္သင့္တယ္လို႔လည္း မသင္ဇာ႐ႊန္းလဲ့ရည္က ေျပာပါတယ္။

“ပိုးသတ္ ေဆးဖ်န္းတာက ရပ္ကြက္ေတြ ေတာ္ေတာ္မ်ားမ်ားမွာ လုပ္ေနတယ္။ ေနာက္ လူေတြကို စိတ္ပိုင္းဆိုင္ရာ လုံၿခဳံမႈေပးတဲ့ လုပ္ငန္း တခုလိုမ်ိဳးျမင္ရတယ္ေပါ့ေႏွာ္။ လမ္းေတြ ပစၥည္းေတြေပၚမွာ ပိုးသတ္ေဆးဖ်န္းတယ္ဆိုရင္ ဒါ စိတ္ခ်မႈတခု ရတယ္ စိတ္ခ်လုံၿခဳံမႈတစ္ခုကို ျဖစ္ေစတယ္။ ဒါေပမဲ့ တခ်ိန္တည္းမွာ အလြန္အကြၽံဖ်န္းတဲ အရာသည္ ဥပမာ ေစ်းေတြမွာ ျဖန္းတယ္ဆိုရင္ အဲ့ေစ်းမွာ ေရာင္းတဲ့ပစၥည္း အသားငါးေတြကို ထိလာရင္ အဲ့ကတစ္ဆင့္ ျပန္ၿပီးေတာ့ ကိုယ္ေတြဆီကို ေရာဂါအျဖစ္နဲ႔ ေနာက္ပိုင္းေတြမွာ ျပန္ေရာက္လာႏိုင္တယ္။ ဘယ္အရာမဆို တန္ေဆးလြန္ေဘးေပါ့ေနာ္။ အလြန္အကြၽံ လုပ္တာ လုံးဝမေကာင္းပါဘူး။”

COVID-19 ေရာဂါကို ကာကြယ္ႏိုင္ဖို႔အတြက္ ပိုးသတ္ေဆးဖ်န္းတဲ့အခါမွာ လိုအပ္တဲ့ေနရာတြမွာသာ ဖ်န္းၾကဖို႔ႏွင့္ ေဆးဖ်န္းတဲ့အခါ လုပ္ရမယ့္ ေဆာင္ရန္၊ ေရွာင္ရန္ေတြကို က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

ကိုရုိနာဗိုင္းရပ္စ္ကို ကာကြယ္ဖို႔ ပိုးသတ္ေဆးရည္ေတြကို လူေတြေပၚ ဖ်န္းတာမ်ဳိး၊ ေဆးပညာရပ္မွာ လက္ခံထားျခင္းမရွိသလို မသင့္ေတာ္တဲ့ နည္းလမ္းေတြ အသံုးျပဳရင္ လူ႔အသက္ကိုပါ အႏၱရာယ္ျပဳႏိုင္ေၾကာင္း က်န္းမာေရးပညာရွင္ တဦးနဲ႔ ဆက္သြယ္ေမးျမန္းထားတာကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအင္ၾကင္းႏိုင္က တင္ျပေပးမွာပါ။

အေမရိကန္သမၼတ Donald Trump
အေမရိကန္သမၼတ Donald Trump

အေဆာက္အဦး၊ အိမ္နဲ႔ လူ႔အသံုးအေဆာင္ပစၥည္းေတြ သန္႔ရွင္းေရးမွာ အသံုးျပဳတဲ့ ပိုးသတ္ေဆးရည္ကုိ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေရးအတြက္ ခႏၶာကိုယ္ထဲ ထိုးသြင္းျခင္း အားျဖင့္ အဆုပ္ထဲက ဗိုင္းရပ္စ္ကို ရွင္းေပးႏိုင္မလားဆိုတဲ့ နည္းလမ္းကို စမ္းသပ္ၾကည့္ဖို႔ သူ႔အေနနဲ႔ စိတ္၀င္စားေၾကာင္း အေမရိကန္သမၼတ Donald Trump ရဲ႕မွတ္ခ်က္ေပးေျပာဆိုခ်က္ ထြက္ေပၚလာၿပီးေနာက္ က်န္းမာေရးပညာရွင္ေတြ အထိတ္တလန္႔နဲ႔ ၀ိုင္း၀န္းကန္႔ကြက္ခဲ့ၾကပါတယ္။ ၿပီးခဲ့တဲ့ ၾကာသာပေတးေန႔က အိမ္ျဖဴေတာ္မွာ ပံုမွန္ ျပဳလုပ္တဲ့ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေရး အေျခအေန သတင္းစာရွင္းလင္းပဲြမွာ သမၼတ Trump က သူရဲ႕ထင္ျမင္ယူဆခ်က္ေတြကုိ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ပိုးသတ္ေဆးရည္ Lysol ကုမၸဏီအပါအ၀င္ အျခား ပိုးသတ္ေဆးရည္ထုတ္ ကုမၸဏီအသီးသီးကလည္း သူတို႔ပစၥည္းေတြကို လူ႔ခႏၶာကိုယ္ထဲ ထည့္သြင္းလို႔မရေၾကာင္း ေၾကညာခ်က္ေတြကို ေန႕ခ်င္းပဲ ထုတ္ျပန္ခဲ့ၾကပါတယ္။ ေနာက္ပိုင္းမွာေတာ့ သမၼတ Trump က သူ႔အေနနဲ႔ ေနာက္ေျပာင္ေျပာဆိုခဲ့တာ ျဖစ္တယ္လို႔ ေျဖရွင္းခဲ့ပါတယ္။

အခုလို သန္႔ရွင္းေရးလုပ္တဲ့ ပိုးသတ္ေဆးရည္ေတြကို အေၾကာထဲသာ ထိုးသြင္းမယ္ဆိုရင္ အသက္ပါ တခါတည္း ဆံုးရံွႈးမွာျဖစ္ေၾကာင္း နယူးေရာက္ၿမိဳ႕ Wyckoff Heights ေဆးရံု ဒုဥကၠ႒ ကူးစက္ေရာဂါ အထူးကု ေဒါက္တာ ေဇယ်ာသက္က ဗီြအိုေအ ကို ေျပာပါတယ္။

"ဒီ clean လုပ္တဲ့ အရည္ေတြ၊ bleach ေတြက သန္႔ရွင္းေရးလုပ္ဖို႔အတြက္ပဲ သံုးတာပါ။ ကိုယ္ခႏၶာထဲကို ထည့္လို႔ မရပါဘူး။ ေသာက္လို႔လည္း မရပါဘူး။ ေသာက္လိုက္မယ္ဆိုရင္ အစားျပြန္ေခ်ာင္း တခုလံုးကို စားသြားမွာပါ။ ေရာင္းတဲ့ ပစၥည္းတိုင္းမွာ instruction (အညြန္း) ပါပါတယ္။ အဲဒီအတိုင္းပဲ လိုက္လုပ္ပါ။ disinfectant ပိုးသတ္ေဆးေတြသည္ ခႏၶာကိုယ္ထဲကို ၀င္သြားရင္ အရမ္းကို စားပါတယ္။ အထူးသျဖင့္ စားလို႔ ရတဲ့ အရာလည္း မဟုတ္သလို မ်ဳိခ်လို႔ရတဲ့အရာလည္း မဟုတ္ပါဘူး။ အေၾကာထဲကို သြင္းလိုက္မယ္ဆိုရင္ ေသသြားပါလိမ့္မယ္။"

ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေရးအတြက္ ျမန္မာႏိုင္ငံက စားေသာက္ဆိုင္ တခ်ဳိ႕မွာ ဆိုင္ထဲ၀င္လာသူမွန္သမွ် ပိုးသတ္ေဆး ျဖန္းတာမ်ဳိးေတြလည္း ေတြ႔ေနရပါတယ္။ ဒီလို လုပ္ေဆာင္ခ်က္မ်ဳိး ဘာအက်ဳိးမွ မရွိတဲ့အျပင္ ဗိုင္းရပ္စ္ကို ကာကြယ္ေပးတယ္ဆိုတာမ်ဳိးလည္း မေတြ႕ရဘူးလို႔ ေဒါက္တာေဇယ်ာသက္က ဗီြအိုေအကို အခုလိုေျပာပါတယ္။

"ကိုယ္ခႏၶာေပၚ ပိုးသတ္ေဆးျဖန္းျခင္းသည္ ဘယ္သူမွေတာ့ ဒီႏိုင္ငံမွာ မလုပ္ပါဘူး။ ေတာင္ကိုရီးယားမွာေတာ့ ကိုယ္ခႏၶာကိုေတာ့ မဖ်န္းဘူး။ ဒါေပမဲ့ ေဘးပတ္၀န္းက်င္းေနရာေတြကို ျဖန္းတာေတြလုပ္ပါတယ္။ က်ေနာ္တို႔ အေခၚအေ၀ၚကေတာ့ Terminal cleaning (ပိုးသတ္ေဆးရည္နဲ႔ ျပင္းျပင္းထန္ထန္ရွင္းလင္းေရး) လို႔ေခၚပါတယ္။ ဒါမ်ဳိးက လုပ္လို႔ရတယ္။ ဒါေပမဲ့ ကိုယ္ခႏၶာေပၚ ဖ်န္းတဲ့အခါက်ေတာ့ ဘာအတြက္ ဖ်န္းတာလဲ ေမးစရာရွိပါတယ္။ သိပၸံနည္းက်က်နဲ႔ ဒီလိုပိုးသတ္ေဆးကို ကိုယ္ခႏၶာေပၚ ဖ်န္းျခင္းသည္ ေရာဂါကို ကာကြယ္ႏိုင္သလားဆိုရင္ ဒီေန႔ ဒီအခ်ိန္ထိ ဘာ စာတမ္း ရလဒ္မွ မရွိပါဘူး။"

အရက္ျပန္ရဲ႕အာနိသင္ကို လံုး၀မခံႏိုင္တဲ့ ကိုရိုနာဗိုင္းရပ္စ္ပိုးနဲ႔ ပတ္သက္လို႔ ေဒါက္တာေဇယ်ာသက္ ေျပာျပတာက

"က်ေနာ္တို႔ သိတဲ့အခ်က္က ဒီ ပိုးေကာင္သည္ ဒီ ဗိုင္းရပ္စ္ပိုးသည္ ေျမႀကီးေပၚမွာ ဒါမွမဟုတ္ မာေက်ာတဲ့ အရာေပၚမွာ ၇၂ နာရီထိ ေနႏိုင္တယ္။ သူသည္ အရက္ျပန္ကို အလြန္အင္မတန္မွ ေၾကာက္တယ္။ ဆိုေတာ့ အရက္ျပန္ပါတဲ့ cleaning material သန႔္ရွင္းေရးလုပ္တဲ့ အရည္ေတြနဲ႔ ပစၥည္းေတြကို သန္႔ရွင္းေပးမယ္ဆိုရင္ ဒီဗိုင္းရပ္စ္ပိုးေသပါတယ္။"

ကိုယ္ခႏၶာထဲမွာ မဟုတ္ဘဲ အျပင္ဘက္မွာရွိေနတဲ့ ကိုရိုနာဗိုင္းရပ္စ္ကို ဘယ္လိုသတ္ႏိုင္သလဲ။ ေဒါက္တာေဇယ်ာသက္ အခုလိုေျပာပါတယ္။

"ဒီအေကာင္ ဘာနဲ႔ေသလဲ။ နံပါတ္ (၁) alcohol အရက္ျပန္နဲ႔ ေသတယ္။ နံပါတ္ (၂) temperature အပူခ်ိန္ ၆၀ ဒီဂရီ အထက္မွာ ေသတယ္။ ဆိုေတာ့ ၆၀ ဒီဂရီအထက္ရွိတဲ့ အ၀တ္ကို လက္နဲ႔ ကိုင္ဖို႔ဆိုတာကေတာ့ ေတာ္ေတာ္ေလး ခက္ခဲပါတယ္။ ကိုယ့္လက္ကိုယ္ မီးေလာင္သြားမွာေပါ့။ ဒါေၾကာင့္ alcohol နဲ႔ ရုပ္၀တၳဳ ပစၥည္းေတြရဲ႕ မ်က္ႏွာျပင္ေပၚကို သန္႔ရွင္းေရးလုပ္ရတာပါ။"

အင္ၾကင္းႏိုင္။ ။ ဒါဆိုရင္ သမၼတ ထရမ့္၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ စတဲ့ ေခါင္းေဆာင္ေတြ မွတ္ခ်က္ေပးေျပာဆိုၾကသလို အပူရွိန္ျမင့္တာကို ေၾကာက္တဲ့ ဗိုင္းရပ္စ္အတြက္ ေနပူဆာလံႈတာမ်ဳိး၊ ခႏၶာကိုယ္ကို ခရမ္းလြန္ေရာင္ျခည္ေပးတာမ်ဳိး ဆိုရင္ေရာ ဆရာရဲ႕ အျမင္ဘယ္လိုရွိပါသလဲ။

ေဒါက္တာေဇယ်ာသက္။ ။ က်ေနာ့္အေနနဲ႔ ေျပာရမယ္ဆိုရင္ ေနေရာင္ျခည္သည္ အားလံုးအတြက္ေကာင္းပါတယ္။ ဒီအေပၚမွာေတာ့ ေမးခြန္းထုတ္စရာ မရွိပါဘူး။ ျမန္မာႏိုင္ငံမွာ အခု အပူခ်ိန္ ဘယ္ေလာက္ရွိေနလဲ၊ က်ေနာ္လည္း မေျပာတတ္ဘူး။ ၁၀၇၊ ၁၀၈ ရွိေနတဲ့ အပူခ်ိန္မွာ ေနပူဆာသြားလႈံရင္ေတာ့ ဗိုင္းရပ္စ္ေတာ့ ဒုကၡေရာက္မွာ မဟုတ္ဘူး။ အပူရွပ္ၿပီး ဒုကၡေရာက္ႏိုင္ပါတယ္။ တခ်ဳိ႕လူေတြ ေက်ာက္ကပ္ပါ ပ်က္စီးႏိုင္ပါတယ္။ ဒီနိုင္ငံမွာေတာင္ တခ်ဳိ႕ အသက္ႀကီးတဲ့လူေတြ အပူခ်ိန္ ၁၀၇၊ ၁၀၈ ထိေရာက္လာရင္ အပူရွပ္ပါတယ္။ အထူးသျဖင့္ ျမန္မာႏိုင္ငံ အလယ္ပိုင္းေနရာမ်ဳိးမွာ အပူခ်ိန္ ၁၀၂၊ ၁၀၃ ျဖစ္ေနတဲ့ အခ်ိန္မ်ဳိးမွာ ေနပူထဲမွာ ၾကာၾကာသြားေနရင္ ဒုကၡေရာက္မွာပါ။ အရာရာတိုင္းမွာ အတိုင္းအဆညီမွ်ဖို႔ လိုပါတယ္။ ဘယ္အရာကိုမွ အလြန္အက်ဴးလုပ္လို႔ မေကာင္းပါဘူး။ အခုအခ်ိန္ အိမ္ထဲမွာ ေနတာဟာ အေကာင္းဆံုးပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ အျပင္သြားလို႔ရွိရင္ ကူးစက္မႈဆိုတာ ျဖစ္လာႏိုင္ပါတယ္။"

ဒါ့အျပင္ ကိုရိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္ရင္ က်န္းမာေရးပညာရွင္ေတြ သိထားတာဟာ ၁၀ ရာခိုင္ႏႈန္းေလာက္ပဲ ရွိေသးၿပီး ေရာဂါပိုးဟာ အပူဒဏ္ေရာ၊ အေအးဒဏ္ပါ ခံႏိုင္ေၾကာင္း ေဒါက္တာေဇယ်ာသက္က သတိေပးေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုရိုနာဗိုင်းရပ်စ် မကူးစက်အောင် ပိုးသတ်ဆေးဖျန်း သင့်သလား

COVID-19 ရောဂါပိုးပြန့်ပွားမှု တားဆီးရေးအတွက် ပိုးသတ်ဆေးတွေ ဖျန်းတာက ကျန်းမာရေးအတွက် သင့်တော်ရဲ့လားဆိုတာကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက တင်ဆက်ပေးမှာပါ။

COVID-19 ရောဂါကို တားဆီးကာကွယ်တဲ့ အနေနဲ့ ရပ်ကွက်တွေ လမ်းတွေ တိုက်တာ အဆောက်အအုံတွေကို သက်ဆိုင်ရာ ရပ်ကွက်အလိုက် တာဝန်ရှိသူတွေက ပိုးသတ်ဆေးတွေ ဖြန်းတာတွေလုပ်ကြပါတယ်။

ပိုးသတ်ဆေးတွေကို လိုအပ်တဲ့ အချိန် လိုအပ်တဲ့ နေရာတွေမှာသာ စနစ်တကျဖျန်းကြဖို့နှင့် ဘယ်လိုနေရာတွေက ဖျန်းသင့်တယ်၊ မဖျန်းသင့်ဘူးဆိုတဲ့ ဆောင်ရန်ရှာင်ရန်တွေကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီလို ပိုးသတ်ဆေးကို ရောဂါပိုးမွှားတွေ သေစေဖို့အတွက် ဆိုပြီး လိုက်ဖျန်းနေတာမျိုးက ပြည်သူတွေအတွက် အခြားရောဂါတွေ့ဖြစ်လာစေနိုင်ပြီး ကျန်းမာရေးကို ထိခိုက်လာနိုင်တဲ့ အကြောင်း ဒေါက်တာကျော်စွာဦးက ခုလိုပြောပြပါတယ်။

“လုပ်တော့လည်းပဲ ရေပက်သလိုပက်ပြီး ဖျန်းနေတဲ့ အခါကျတော့ အများသူငှာ အပေါ်မှာလည်း ဘေးထွက်ဆိုးကျိုး ရှိနိုင်လားဆိုတော့ ရှိတော့ ရှိနိုင်ပါတယ်။ အရမ်းကြီး အန္တရာယ်ရှိလား ဆိုတော့လည်း ပြောရတော့ နည်းနည်းခက်တယ်။ ဒါက ဓာတုဗေဒပစ္စည်း ဖြစ်တဲ့ အတွက်ကြောင့်မို့လို့လေ။ အကယ်၍ပေါ့ ဒီ အစားအသောက်တွေမှာပဲ ဖြစ်ဖြစ် တစ်ခုခု ဒီသက်ကြီး ရွယ်အိုတွေ ကလေးတွေ စသဖြင့်ပေါ့ အဲ့လိုလူတွေပေါ့၊ တချို့ ဓာတ်ပြုမှု ခံစားမှု အရမ်းပြင်းတဲ့သူတွေ အဲ့ဒီမှာ နည်းနည်း သက်ရောက်မှုရှိမှာပေါ့နော်။ ပန်းနာရင်ကြပ်သ မားတွေ၊ အဆုတ်ရောဂါရှိတဲ့သူတွေပေ့ါ၊ ဒါပေမဲ့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျနော် ခုဏက ပြောသလို့ပေါ့ ... လုပ်တဲ့သူတွေကလည်း လုပ်နေသလို တချို့ ဒီကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆရာဝန်တွေရဲ့ အမြင်ကတော့ လိုအပ်တဲ့အချိန်မှာ လိုအပ်သလောက်ပဲ လုပ်တာကတော့ ပိုပြီးတော့ ကောင်းတယ်လို့ မြင်ပါတယ်။”

ပိုးသတ်ဆေးဖျန်းဖို့ လိုအပ်တဲ့ နေရာတွေဖြစ်တဲ့ လူနာနေထိုင်ခဲ့တဲ့ နေရာ၊ Quarantine Center တွေ စတဲ့နေရာတွေမှာ လိုအပ်တဲ့ ပမာဏကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်နဲ့ အညီပဲ လုပ်စေချင်တယ်လို့ဆိုပါတယ်။

တချို့တွေက စိုးရိမ်စိတ်ကြီးပြီး ပိုးသတ်ဆေးဖျန်းပေးဖို့အတွက် လာပြောကြတာတွေရှိပေမယ့် ဘေးထွက်ဆိုးကျိုးတွေအနေနဲ့ ထိခိုက်မှုတွေ ရှိလာနိုင်တာကြောင့် မလိုအပ်ရင် ဖြန်းမပေးဘူးလို့ ပရဟိတ လုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်နေတဲ့ ကိုအောင်နေမျိုးက ပြောပါတယ်။

“ဒါစိုးရိမ်စရာပဲဗျ။ မလိုအပ်ဘဲတော့ မဖျန်းသင့်ဘူးဗျ။ တချို့ဆိုလို့ရှိရင် ဥပမာ ကျနော်တို့ဆီမှာဆိုလို့ ရှိရင် အိမ်ကို ပိုးသတ်ဆေးဖျန်းချင်လို့ပါ၊ ဒီကို ပိုးသတ်ဆေးဖျန်းချင်လို့ပါ ဆိုပြီး လာပြောကြတယ်။ ကျနော်တို့ မလိုအပ်ဘဲ ဖျန်းမပေးဘူး။ ဘာလို့လဲ လိုအပ်လား မလိုအပ်ဘူးဆိုရင် ဖျန်းမပေးဘူး။ ခုဆိုရင် မလိုအပ်ဘဲနဲ့ ခဏခဏဖျန်းတာတွေက သူ့ရဲ့ ဆေးရဲ့ Side Effect တွေလည်း ပတ်ဝန်းကျင်ကိုထိခိုက်မှာပေ့ါနော်။ တချို့ဆို ပိုးမွှားတွေ သေကုန်တာတို့ ဒါဂေဟစနစ်တွပါ ပျက်စီနိုင်တဲ့ ဟာမျိုး တကယ်ဖြစ်ပြီ ဆိုမှသာ ဖျန်းသင့်တာပေါ့။”

မုံရွာမြို့မှာတော့ ပိုးသတ်ဆေးဖျန်းတာကို မလိုအပ်ဘဲ မလုပ်သလို လူအသွားအလာများတဲ့ နေရာတွေနဲ့ ဈေးတွေကို ဆပ်ပြာရည်နဲ့ ဖျန်းတာမျိုးတွေကို လုပ်နေပါတယ်။ ဒီလို ပိုးသတ်ဆေးကို ခပ်စိတ်စိတ်ဖျန်းတာမျိုးက ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်လာနိုင်တယ်ဆိုပြီး စိုးရိမ်သူတွေ ရှိလာပါတယ်။ ဆေးဖျန်းဖို့ကို လူတဦးတယောက်ရဲ့ စိတ်သဘောနဲ့ မဟုတ်ဘဲ ရပ်ကွက်သူ၊ ရပ်ကွက်သား အားလုံးရဲ့ ဆန္ဒအရပဲ လုပ်သင့်တယ်လို့လည်း မသင်ဇာရွှန်းလဲ့ရည်က ပြောပါတယ်။

“ပိုးသတ် ဆေးဖျန်းတာက ရပ်ကွက်တွေ တော်တော်များများမှာ လုပ်နေတယ်။ နောက် လူတွေကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးတဲ့ လုပ်ငန်း တခုလိုမျိုးမြင်ရတယ်ပေါ့နှော်။ လမ်းတွေ ပစ္စည်းတွေပေါ်မှာ ပိုးသတ်ဆေးဖျန်းတယ်ဆိုရင် ဒါ စိတ်ချမှုတခု ရတယ် စိတ်ချလုံခြုံမှုတစ်ခုကို ဖြစ်စေတယ်။ ဒါပေမဲ့ တချိန်တည်းမှာ အလွန်အကျွံဖျန်းတဲ အရာသည် ဥပမာ ဈေးတွေမှာ ဖြန်းတယ်ဆိုရင် အဲ့ဈေးမှာ ရောင်းတဲ့ပစ္စည်း အသားငါးတွေကို ထိလာရင် အဲ့ကတစ်ဆင့် ပြန်ပြီးတော့ ကိုယ်တွေဆီကို ရောဂါအဖြစ်နဲ့ နောက်ပိုင်းတွေမှာ ပြန်ရောက်လာနိုင်တယ်။ ဘယ်အရာမဆို တန်ဆေးလွန်ဘေးပေါ့နော်။ အလွန်အကျွံ လုပ်တာ လုံးဝမကောင်းပါဘူး။”

COVID-19 ရောဂါကို ကာကွယ်နိုင်ဖို့အတွက် ပိုးသတ်ဆေးဖျန်းတဲ့အခါမှာ လိုအပ်တဲ့နေရာတွမှာသာ ဖျန်းကြဖို့နှင့် ဆေးဖျန်းတဲ့အခါ လုပ်ရမယ့် ဆောင်ရန်၊ ရှောင်ရန်တွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့ ပိုးသတ်ဆေးရည်တွေကို လူတွေပေါ် ဖျန်းတာမျိုး၊ ဆေးပညာရပ်မှာ လက်ခံထားခြင်းမရှိသလို မသင့်တော်တဲ့ နည်းလမ်းတွေ အသုံးပြုရင် လူ့အသက်ကိုပါ အန္တရာယ်ပြုနိုင်ကြောင်း ကျန်းမာရေးပညာရှင် တဦးနဲ့ ဆက်သွယ်မေးမြန်းထားတာကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအင်ကြင်းနိုင်က တင်ပြပေးမှာပါ။

အဆောက်အဦး၊ အိမ်နဲ့ လူ့အသုံးအဆောင်ပစ္စည်းတွေ သန့်ရှင်းရေးမှာ အသုံးပြုတဲ့ ပိုးသတ်ဆေးရည်ကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ခန္ဓာကိုယ်ထဲ ထိုးသွင်းခြင်း အားဖြင့် အဆုပ်ထဲက ဗိုင်းရပ်စ်ကို ရှင်းပေးနိုင်မလားဆိုတဲ့ နည်းလမ်းကို စမ်းသပ်ကြည့်ဖို့ သူ့အနေနဲ့ စိတ်ဝင်စားကြောင်း အမေရိကန်သမ္မတ Donald Trump ရဲ့မှတ်ချက်ပေးပြောဆိုချက် ထွက်ပေါ်လာပြီးနောက် ကျန်းမာရေးပညာရှင်တွေ အထိတ်တလန့်နဲ့ ဝိုင်းဝန်းကန့်ကွက်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က အိမ်ဖြူတော်မှာ ပုံမှန် ပြုလုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အခြေအနေ သတင်းစာရှင်းလင်းပွဲမှာ သမ္မတ Trump က သူရဲ့ထင်မြင်ယူဆချက်တွေကို ပြောဆိုခဲ့တာဖြစ်ပါတယ်။

ပိုးသတ်ဆေးရည် Lysol ကုမ္ပဏီအပါအဝင် အခြား ပိုးသတ်ဆေးရည်ထုတ် ကုမ္ပဏီအသီးသီးကလည်း သူတို့ပစ္စည်းတွေကို လူ့ခန္ဓာကိုယ်ထဲ ထည့်သွင်းလို့မရကြောင်း ကြေညာချက်တွေကို နေ့ချင်းပဲ ထုတ်ပြန်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ သမ္မတ Trump က သူ့အနေနဲ့ နောက်ပြောင်ပြောဆိုခဲ့တာ ဖြစ်တယ်လို့ ဖြေရှင်းခဲ့ပါတယ်။

ရန္ကုန္ၿမိဳ႕ရွိ ေစ်းတခုမွာ ပိုးသတ္ေဆးဖ်န္းေနတဲ့ မီးသတ္၀န္ထမ္းမ်ားနဲ႔ ေစတနာ့၀န္ထမ္းတခ်ိဳ႕ (ဧၿပီ ၀၈၊ ၂၀၂၀)
ရန္ကုန္ၿမိဳ႕ရွိ ေစ်းတခုမွာ ပိုးသတ္ေဆးဖ်န္းေနတဲ့ မီးသတ္၀န္ထမ္းမ်ားနဲ႔ ေစတနာ့၀န္ထမ္းတခ်ိဳ႕ (ဧၿပီ ၀၈၊ ၂၀၂၀)

အခုလို သန့်ရှင်းရေးလုပ်တဲ့ ပိုးသတ်ဆေးရည်တွေကို အကြောထဲသာ ထိုးသွင်းမယ်ဆိုရင် အသက်ပါ တခါတည်း ဆုံးရံှှုးမှာဖြစ်ကြောင်း နယူးရောက်မြို့ Wyckoff Heights ဆေးရုံ ဒုဥက္ကဋ္ဌ ကူးစက်ရောဂါ အထူးကု ဒေါက်တာ ဇေယျာသက်က ဗွီအိုအေ ကို ပြောပါတယ်။

"ဒီ clean လုပ်တဲ့ အရည်တွေ၊ bleach တွေက သန့်ရှင်းရေးလုပ်ဖို့အတွက်ပဲ သုံးတာပါ။ ကိုယ်ခန္ဓာထဲကို ထည့်လို့ မရပါဘူး။ သောက်လို့လည်း မရပါဘူး။ သောက်လိုက်မယ်ဆိုရင် အစားပြွန်ချောင်း တခုလုံးကို စားသွားမှာပါ။ ရောင်းတဲ့ ပစ္စည်းတိုင်းမှာ instruction (အညွန်း) ပါပါတယ်။ အဲဒီအတိုင်းပဲ လိုက်လုပ်ပါ။ disinfectant ပိုးသတ်ဆေးတွေသည် ခန္ဓာကိုယ်ထဲကို ဝင်သွားရင် အရမ်းကို စားပါတယ်။ အထူးသဖြင့် စားလို့ ရတဲ့ အရာလည်း မဟုတ်သလို မျိုချလို့ရတဲ့အရာလည်း မဟုတ်ပါဘူး။ အကြောထဲကို သွင်းလိုက်မယ်ဆိုရင် သေသွားပါလိမ့်မယ်။"

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် မြန်မာနိုင်ငံက စားသောက်ဆိုင် တချို့မှာ ဆိုင်ထဲဝင်လာသူမှန်သမျှ ပိုးသတ်ဆေး ဖြန်းတာမျိုးတွေလည်း တွေ့နေရပါတယ်။ ဒီလို လုပ်ဆောင်ချက်မျိုး ဘာအကျိုးမှ မရှိတဲ့အပြင် ဗိုင်းရပ်စ်ကို ကာကွယ်ပေးတယ်ဆိုတာမျိုးလည်း မတွေ့ရဘူးလို့ ဒေါက်တာဇေယျာသက်က ဗွီအိုအေကို အခုလိုပြောပါတယ်။

"ကိုယ်ခန္ဓာပေါ် ပိုးသတ်ဆေးဖြန်းခြင်းသည် ဘယ်သူမှတော့ ဒီနိုင်ငံမှာ မလုပ်ပါဘူး။ တောင်ကိုရီးယားမှာတော့ ကိုယ်ခန္ဓာကိုတော့ မဖျန်းဘူး။ ဒါပေမဲ့ ဘေးပတ်ဝန်းကျင်းနေရာတွေကို ဖြန်းတာတွေလုပ်ပါတယ်။ ကျနော်တို့ အခေါ်အဝေါ်ကတော့ Terminal cleaning (ပိုးသတ်ဆေးရည်နဲ့ ပြင်းပြင်းထန်ထန်ရှင်းလင်းရေး) လို့ခေါ်ပါတယ်။ ဒါမျိုးက လုပ်လို့ရတယ်။ ဒါပေမဲ့ ကိုယ်ခန္ဓာပေါ် ဖျန်းတဲ့အခါကျတော့ ဘာအတွက် ဖျန်းတာလဲ မေးစရာရှိပါတယ်။ သိပ္ပံနည်းကျကျနဲ့ ဒီလိုပိုးသတ်ဆေးကို ကိုယ်ခန္ဓာပေါ် ဖျန်းခြင်းသည် ရောဂါကို ကာကွယ်နိုင်သလားဆိုရင် ဒီနေ့ ဒီအချိန်ထိ ဘာ စာတမ်း ရလဒ်မှ မရှိပါဘူး။"

အရက်ပြန်ရဲ့အာနိသင်ကို လုံးဝမခံနိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်လို့ ဒေါက်တာဇေယျာသက် ပြောပြတာက

"ကျနော်တို့ သိတဲ့အချက်က ဒီ ပိုးကောင်သည် ဒီ ဗိုင်းရပ်စ်ပိုးသည် မြေကြီးပေါ်မှာ ဒါမှမဟုတ် မာကျောတဲ့ အရာပေါ်မှာ ၇၂ နာရီထိ နေနိုင်တယ်။ သူသည် အရက်ပြန်ကို အလွန်အင်မတန်မှ ကြောက်တယ်။ ဆိုတော့ အရက်ပြန်ပါတဲ့ cleaning material သန့်ရှင်းရေးလုပ်တဲ့ အရည်တွေနဲ့ ပစ္စည်းတွေကို သန့်ရှင်းပေးမယ်ဆိုရင် ဒီဗိုင်းရပ်စ်ပိုးသေပါတယ်။"

ကိုယ်ခန္ဓာထဲမှာ မဟုတ်ဘဲ အပြင်ဘက်မှာရှိနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ဘယ်လိုသတ်နိုင်သလဲ။ ဒေါက်တာဇေယျာသက် အခုလိုပြောပါတယ်။

"ဒီအကောင် ဘာနဲ့သေလဲ။ နံပါတ် (၁) alcohol အရက်ပြန်နဲ့ သေတယ်။ နံပါတ် (၂) temperature အပူချိန် ၆၀ ဒီဂရီ အထက်မှာ သေတယ်။ ဆိုတော့ ၆၀ ဒီဂရီအထက်ရှိတဲ့ အဝတ်ကို လက်နဲ့ ကိုင်ဖို့ဆိုတာကတော့ တော်တော်လေး ခက်ခဲပါတယ်။ ကိုယ့်လက်ကိုယ် မီးလောင်သွားမှာပေါ့။ ဒါကြောင့် alcohol နဲ့ ရုပ်ဝတ္ထု ပစ္စည်းတွေရဲ့ မျက်နှာပြင်ပေါ်ကို သန့်ရှင်းရေးလုပ်ရတာပါ။"

အင်ကြင်းနိုင်။ ။ ဒါဆိုရင် သမ္မတ ထရမ့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စတဲ့ ခေါင်းဆောင်တွေ မှတ်ချက်ပေးပြောဆိုကြသလို အပူရှိန်မြင့်တာကို ကြောက်တဲ့ ဗိုင်းရပ်စ်အတွက် နေပူဆာလှုံတာမျိုး၊ ခန္ဓာကိုယ်ကို ခရမ်းလွန်ရောင်ခြည်ပေးတာမျိုး ဆိုရင်ရော ဆရာရဲ့ အမြင်ဘယ်လိုရှိပါသလဲ။

ဒေါက်တာဇေယျာသက်။ ။ ကျနော့်အနေနဲ့ ပြောရမယ်ဆိုရင် နေရောင်ခြည်သည် အားလုံးအတွက်ကောင်းပါတယ်။ ဒီအပေါ်မှာတော့ မေးခွန်းထုတ်စရာ မရှိပါဘူး။ မြန်မာနိုင်ငံမှာ အခု အပူချိန် ဘယ်လောက်ရှိနေလဲ၊ ကျနော်လည်း မပြောတတ်ဘူး။ ၁၀၇၊ ၁၀၈ ရှိနေတဲ့ အပူချိန်မှာ နေပူဆာသွားလှုံရင်တော့ ဗိုင်းရပ်စ်တော့ ဒုက္ခရောက်မှာ မဟုတ်ဘူး။ အပူရှပ်ပြီး ဒုက္ခရောက်နိုင်ပါတယ်။ တချို့လူတွေ ကျောက်ကပ်ပါ ပျက်စီးနိုင်ပါတယ်။ ဒီနိုင်ငံမှာတောင် တချို့ အသက်ကြီးတဲ့လူတွေ အပူချိန် ၁၀၇၊ ၁၀၈ ထိရောက်လာရင် အပူရှပ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းနေရာမျိုးမှာ အပူချိန် ၁၀၂၊ ၁၀၃ ဖြစ်နေတဲ့ အချိန်မျိုးမှာ နေပူထဲမှာ ကြာကြာသွားနေရင် ဒုက္ခရောက်မှာပါ။ အရာရာတိုင်းမှာ အတိုင်းအဆညီမျှဖို့ လိုပါတယ်။ ဘယ်အရာကိုမှ အလွန်အကျူးလုပ်လို့ မကောင်းပါဘူး။ အခုအချိန် အိမ်ထဲမှာ နေတာဟာ အကောင်းဆုံးပါ။ ဘာဖြစ်လို့လဲဆိုတော့ အပြင်သွားလို့ရှိရင် ကူးစက်မှုဆိုတာ ဖြစ်လာနိုင်ပါတယ်။"

ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ရင် ကျန်းမာရေးပညာရှင်တွေ သိထားတာဟာ ၁၀ ရာခိုင်နှုန်းလောက်ပဲ ရှိသေးပြီး ရောဂါပိုးဟာ အပူဒဏ်ရော၊ အအေးဒဏ်ပါ ခံနိုင်ကြောင်း ဒေါက်တာဇေယျာသက်က သတိပေးပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG