သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံမွာ ေဒၚလာေစ်း အနည္းငယ္က်၊ ေရႊေစ်းၿငိမ္


ေဒၚလာေစ်း အနည္းငယ္က်၊ ေရႊေစ်းၿငိမ္

{{Zawgyi/Unicode}}

ဗဟိုဘဏ္က အေမရိကန္ေဒၚလာ သန္း ၅၀ ကို သြင္းကုန္လုပ္ငန္းအမ်ိဳးအစား သုံးခုအတြက္ ထုတ္ေရာင္းထားတဲ့အတြက္ ပုဂၢလိက ဘဏ္ေတြမွာ ေဒၚလာေငြလဲႏႈန္း အနည္းငယ္က် သြားတယ္ဆိုေပမဲ့ ျပင္ပေစ်းကြက္မွာေတာ့ က်ပ္ ၂၀၀၀ အထက္မွာပဲ ရွိေနတုန္းပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ျမန္မာ့ေ႐ႊေစ်းႏႈန္းဟာ ၁၈ သိန္းေအာက္ကို မေရာက္ႏိုင္ေသးဘဲ ဒီဝန္းက်င္မွာ ရွိေနဦးမယ္လို႔ ေ႐ႊလုပ္ငန္းရွင္ေတြက ေျပာလိုက္ပါတယ္။ ရန္ကုန္က ေပးပို႔တဲ့ ဒီသတင္းကိုေတာ့ ကိုခင္ေမာင္စိုးမင္း. က ေျပာျပေပးမွာပါ။

ျမန္မာႏိုင္ငံ ဗဟိုဘဏ္က ၁ ေဒၚလာကို က်ပ္ ၁၈၂၀ ႏႈန္းနဲ႔ အေမရိကန္ေဒၚလာ သန္း ၅၀ ကို ေအာက္တိုဘာ ၁၈ ရက္က ထုတ္ေရာင္းခဲ့ပါတယ္ ဒါဟာ ဗဟိုဘဏ္ထုတ္ေရာင္းေပးတဲ့ထဲမွာ ပမာဏ အမ်ားဆုံး ျဖစ္ပါတယ္။ ဒါေပမဲ့ ဒီေဒၚလာသန္း ၅၀ ကို စားသုံးဆီ၊ ေလာင္စာဆီနဲ႔ ေဆးဝါးတင္းသြင္းတဲ့ လုပ္ငန္းရွင္ေတြအတြက္ပဲ ထုတ္ေရာင္းေပးတာျဖစ္လို႔ ျပင္ပေဒၚလာေစ်းကြက္ အေပၚကိုေတာ့ သက္ေရာက္မႈ မရွိခဲ့ပါဘူး။

ေလာင္စာဆီတင္သြင္းတဲ့ လုပ္ငန္း႐ွင္တေယာက္ကေတာ့ သူတုိ႔အသင္းအေနနဲ႔ ေဒၚလာ ၃ သန္းပဲ ဝယ္လုိ႔ရခဲ့တယ္လို႔ ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ တျခားသြင္းကုန္လုပ္ငန္းေတြလုပ္ေနၾကတဲ့ လုပ္ငန္းရွင္ေတြလည္း အေမရိကန္ ေဒၚလာကို လိုသေလာက္ဝယ္ဖုိ႔ အခက္အခဲ ျဖစ္ေနဆဲမို႔ ျပင္ပေငြလဲေစ်းကြက္မွာေတာ့ အေမရိကန္ ၁ ေဒၚလာကို က်ပ္ ၂၀၀၀ အထက္မွာ ရွိေနတုန္းျဖစ္ပါတယ္။ ဒါေၾကာင့္ ျပင္ပေပါက္ေစ်းနဲ႔ တြက္ခ်က္ထားတဲ့ ျမန္မာ့ေ႐ႊေစ်းႏႈန္းကလည္း ၁၈ သိန္းအထက္မွာပဲ ရွိေနတုန္းပါ။ ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးမ်ိဳးျမင့္က ဒီေန႔ ေ႐ႊေစ်းကြက္အေျခအေနကို အခုလိုေျပာပါတယ္။ၿပီးေတာ့ ကမာၻ႔ေ႐ႊေစ်းႏႈန္းကလည္း ဒီရက္ပိုင္းမွာ ျပန္တက္လာတယ္လို႔ သူကေျပာတာပါ။

“ကမာၻ႔ေစ်းက်ရင္ေတာ့ က်လို႔ရပါတယ္။ ေဒၚလာက ထုတ္ေရာင္းတယ္ဆိုတာက က်ေနာ္တို႔ေရာင္း၊ ေစ်းကြက္ကို ေရာင္းေပးတာ မဟုတ္ဘူး၊ သူကကုမၸဏီေတြကို ဘဏ္ေတြကို ေရာင္းေပးတာေပါ့။ အဲဒီေတာ့ အျပင္မွာက ေဒၚလာကဝယ္လို႔ မရဘူး၊ ၂၀၀၀ ေက်ာ္အနည္းဆုံး ဝယ္ေနရေတာ့။ အမွန္မွာေတာ့ အရင္လိုပဲ တေယာက္ကို ၁၀၀၀ ေရာင္းႏိုင္ ေရာင္းႏိုင္၊ ၅၀၀ ပဲေရာင္းႏိုင္ ေရာင္းႏိုင္money changer ေတြကေနၿပီးေတာ့ ေရာင္းေပးလိုက္ရင္ေတာ့ က်ေနာ္တို႔ အစိုးရေရာင္းေပးတဲ့ ေစ်းနည္းရတယ္ဆိုရင္ ဒီဘက္ေ႐ႊေစ်းတြက္တဲ့အခါက် ကုန္သည္က အဲလိုတြက္ၾကတာေပါ့။ က်ေနာ္တို႔လည္း က်တဲ့အပိုင္းကိုပဲ သြားခ်င္ပါတယ္။ ေ႐ႊက်မွ က်န္တဲ့ပစၥည္းေတြလည္း က်မွာ။”

၂၀၂၁ ဇန္နဝါရီလတုန္းက အေမရိကန္ ေဒၚလာေငြလဲႏႈန္းဟာ ၁ ေဒၚလာကို ျပင္ပေပါက္ေစ်း က်ပ္ ၁၃၃၀ ပဲရွိပါတယ္။ အခုလက္႐ွိဆိုရင္ေတာ့ ေအာက္တုိဘာ ၁၈ ရက္ေန႔က ဗဟိုဘဏ္သတ္မွတ္တဲ့ ေငြလဲႏႈန္းဟာ အေမရိကန္ ၁ ေဒၚလာကို ျမန္မာက်ပ္ေငြ ၁၈၂၀ က်ပ္ျဖစ္ၿပီး ရန္ကုန္ၿမိဳ႕ ကျပင္ပ တရား၀င္ ေငြလဲ ေကာင္တာေတြမွာေတာ့ ဝယ္ေစ်း ၂၀၀၀ က်ပ္၊ ေရာင္းေစ်း ၂၀၄၀ က်ပ္ အထိ ရွိခဲ့ပါတယ္။ ေ႐ႊေဈးကေတာ့ အေခါက္ေ႐ႊ တက်ပ္သားကို ရန္ကုန္ မွာ ၁၈၃၅၀၀၀ က်ပ္ေစ်းျဖစ္ေနပါတယ္။

..........................................

ေဒၚလာေစ်း အနည္းငယ္က်၊ ေရႊေစ်းၿငိမ္
please wait

No media source currently available

0:00 0:02:03 0:00
တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ သန်း ၅၀ ကို သွင်းကုန်လုပ်ငန်းအမျိုးအစား သုံးခုအတွက် ထုတ်ရောင်းထားတဲ့အတွက် ပုဂ္ဂလိက ဘဏ်တွေမှာ ဒေါ်လာငွေလဲနှုန်း အနည်းငယ်ကျ သွားတယ်ဆိုပေမဲ့ ပြင်ပဈေးကွက်မှာတော့ ကျပ် ၂၀၀၀ အထက်မှာပဲ ရှိနေတုန်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့ရွှေဈေးနှုန်းဟာ ၁၈ သိန်းအောက်ကို မရောက်နိုင်သေးဘဲ ဒီဝန်းကျင်မှာ ရှိနေဦးမယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောလိုက်ပါတယ်။ ရန်ကုန်က ပေးပို့တဲ့ ဒီသတင်းကိုတော့ ကိုခင်မောင်စိုးမင်း. က ပြောပြပေးမှာပါ။

မြန်မာနိုင်ငံ ဗဟိုဘဏ်က ၁ ဒေါ်လာကို ကျပ် ၁၈၂၀ နှုန်းနဲ့ အမေရိကန်ဒေါ်လာ သန်း ၅၀ ကို အောက်တိုဘာ ၁၈ ရက်က ထုတ်ရောင်းခဲ့ပါတယ် ဒါဟာ ဗဟိုဘဏ်ထုတ်ရောင်းပေးတဲ့ထဲမှာ ပမာဏ အများဆုံး ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဒေါ်လာသန်း ၅၀ ကို စားသုံးဆီ၊ လောင်စာဆီနဲ့ ဆေးဝါးတင်းသွင်းတဲ့ လုပ်ငန်းရှင်တွေအတွက်ပဲ ထုတ်ရောင်းပေးတာဖြစ်လို့ ပြင်ပဒေါ်လာဈေးကွက် အပေါ်ကိုတော့ သက်ရောက်မှု မရှိခဲ့ပါဘူး။

လောင်စာဆီတင်သွင်းတဲ့ လုပ်ငန်းရှင်တယောက်ကတော့ သူတို့အသင်းအနေနဲ့ ဒေါ်လာ ၃ သန်းပဲ ဝယ်လို့ရခဲ့တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ တခြားသွင်းကုန်လုပ်ငန်းတွေလုပ်နေကြတဲ့ လုပ်ငန်းရှင်တွေလည်း အမေရိကန် ဒေါ်လာကို လိုသလောက်ဝယ်ဖို့ အခက်အခဲ ဖြစ်နေဆဲမို့ ပြင်ပငွေလဲဈေးကွက်မှာတော့ အမေရိကန် ၁ ဒေါ်လာကို ကျပ် ၂၀၀၀ အထက်မှာ ရှိနေတုန်းဖြစ်ပါတယ်။ ဒါကြောင့် ပြင်ပပေါက်ဈေးနဲ့ တွက်ချက်ထားတဲ့ မြန်မာ့ရွှေဈေးနှုန်းကလည်း ၁၈ သိန်းအထက်မှာပဲ ရှိနေတုန်းပါ။ ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဒီနေ့ ရွှေဈေးကွက်အခြေအနေကို အခုလိုပြောပါတယ်။ပြီးတော့ ကမ္ဘာ့ရွှေဈေးနှုန်းကလည်း ဒီရက်ပိုင်းမှာ ပြန်တက်လာတယ်လို့ သူကပြောတာပါ။

“ကမ္ဘာ့ဈေးကျရင်တော့ ကျလို့ရပါတယ်။ ဒေါ်လာက ထုတ်ရောင်းတယ်ဆိုတာက ကျနော်တို့ရောင်း၊ ဈေးကွက်ကို ရောင်းပေးတာ မဟုတ်ဘူး၊ သူကကုမ္ပဏီတွေကို ဘဏ်တွေကို ရောင်းပေးတာပေါ့။ အဲဒီတော့ အပြင်မှာက ဒေါ်လာကဝယ်လို့ မရဘူး၊ ၂၀၀၀ ကျော်အနည်းဆုံး ဝယ်နေရတော့။ အမှန်မှာတော့ အရင်လိုပဲ တယောက်ကို ၁၀၀၀ ရောင်းနိုင် ရောင်းနိုင်၊ ၅၀၀ ပဲရောင်းနိုင် ရောင်းနိုင်money changer တွေကနေပြီးတော့ ရောင်းပေးလိုက်ရင်တော့ ကျနော်တို့ အစိုးရရောင်းပေးတဲ့ ဈေးနည်းရတယ်ဆိုရင် ဒီဘက်ရွှေဈေးတွက်တဲ့အခါကျ ကုန်သည်က အဲလိုတွက်ကြတာပေါ့။ ကျနော်တို့လည်း ကျတဲ့အပိုင်းကိုပဲ သွားချင်ပါတယ်။ ရွှေကျမှ ကျန်တဲ့ပစ္စည်းတွေလည်း ကျမှာ။”

၂၀၂၁ ဇန်နဝါရီလတုန်းက အမေရိကန် ဒေါ်လာငွေလဲနှုန်းဟာ ၁ ဒေါ်လာကို ပြင်ပပေါက်ဈေး ကျပ် ၁၃၃၀ ပဲရှိပါတယ်။ အခုလက်ရှိဆိုရင်တော့ အောက်တိုဘာ ၁၈ ရက်နေ့က ဗဟိုဘဏ်သတ်မှတ်တဲ့ ငွေလဲနှုန်းဟာ အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၁၈၂၀ ကျပ်ဖြစ်ပြီး ရန်ကုန်မြို့ ကပြင်ပ တရားဝင် ငွေလဲ ကောင်တာတွေမှာတော့ ဝယ်ဈေး ၂၀၀၀ ကျပ်၊ ရောင်းဈေး ၂၀၄၀ ကျပ် အထိ ရှိခဲ့ပါတယ်။ ရွှေဈေးကတော့ အခေါက်ရွှေ တကျပ်သားကို ရန်ကုန် မှာ ၁၈၃၅၀၀၀ ကျပ်ဈေးဖြစ်နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG