ပဋိပကၡေၾကာင့္ စီးပြါးေရး လုပ္ငန္းေတြ ျပတ္ေတာ္ကေနတာနဲ႔ အတူ၊ ျမန္မာ့စီးပြားေရးဟာ အေတာ္ႀကီး မေရရာ မေသခ်ာတဲ့ အေျခအေနျဖစ္တယ္လို႔ ကမာၻ႔ဘဏ္က ဆိုပါတယ္။ မႏွစ္ ၂၀၂၂ ခုႏွစ္တုန္းကေတာ့ ျမန္မာ့စီးပြားေရး ဖြံၿဖိဳးမႈက ၃ ရာႏႈန္း ရွိၿပီး၊ ၂၀၂၃ မွာလည္း ဒီႏႈန္းပဲ ျဖစ္ဖြယ္ရွိတယ္လို႔ ခန႔္မွန္းပါတယ္။
ထုတ္လုပ္ေရာင္းဝယ္ေနၾကတာက ကိုဗစ္ကပ္ေဘး မတိုင္ခင္ကထက္ ၁၀ ရာႏႈန္းေက်ာ္ က်သြားတယ္လို႔ ကမာၻ႔ဘဏ္က ေျပာပါတယ္။ ဒါက စီးပြားေရး တစ္ခုလုံးသေဘာကို ၿခဳံေျပာတာျဖစ္ၿပီး၊ လူတစ္ဦးခ်င္းရဲ႕ ထုတ္လုပ္ေရာင္းဝယ္မႈအရဆိုရင္ အမ်ားႀကီးပို က်သြားတယ္လို႔ ဆိုပါတယ္။
ကမာၻ႔စီးပြားေရးလည္း ေမွ်ာ္လင့္ထားတဲ့အတိုင္း ပိုေႏွးသြားမယ္ဆိုရင္၊ ျမန္မာႏိုင္ငံရဲ႕ ထုတ္ကုန္တင္ပို႔မႈနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈကလည္း ပိုၿပီး အားနည္းသြားႏိုင္တယ္လို႔ ကမာၻ႔ဘဏ္ စီးပြါးေရး ပညာရွင္ေတြက ထင္ပါတယ္။ လယ္ယာ စိုက္ပ်ိဳးေရးနဲ႔ အထည္ခ်ဳပ္လုပ္ငန္းကေတာ့ အတိုင္းအတာတစ္ရပ္အထိ ျပန္နလန္ထလာခဲ့တယ္လို႔ ကမာၻ႔ဘဏ္ အစီရင္ခံစာက ေျပာပါတယ္။
ျမန္မာက်ပ္ေငြတန္ဖိုးက မၾကာမီလေတြအတြင္း တည္ၿငိမ္လာေပမယ့္ ႏိုင္ငံျခားေငြ ျပတ္လပ္တာက ဆက္လက္ ရွိေနၿပီး၊ ကုန္သြယ္ေရး ကန႔္သတ္ခ်က္ ဝန္ပိတာနဲ႔ အတူ စီးပြားေရး လုပ္ငန္းေတြရဲ႕ သြင္းကုန္ အေပၚ သက္ေရာက္မႈ ႀကီးေနဆဲျဖစ္တယ္လို႔ ကမာၻ႔ဘဏ္ အစီရင္ခံစာက ဆိုပါတယ္။ ေဈးကြက္မွာ တစ္ေဒၚလာ ေပါက္ေဈးက ၂၈၀၀ ျဖစ္ေနေပမယ့္ တစ္ေဒၚလာကို တရားဝင္ေဈးႏႈန္း ၂၁၀၀ နဲ႔ လဲရမယ္ဆိုတဲ့ အမိန႔္ကို စီးပြါးေရး လုပ္ငန္းရွင္ေတြအေနနဲ႔ လိုက္နာေနရဆဲ ျဖစ္တယ္လို႔ အစီရင္ခံစာထဲမွာ ေဖာ္ျပထားပါတယ္။
[Unicode]
မရေရာတဲ့အခြေအနေကြားက မြန်မာ့စီးပွားရေးအလားအလာ
ပဋိပက္ခကြောင့် စီးပွါးရေး လုပ်ငန်းတွေ ပြတ်တော်ကနေတာနဲ့ အတူ၊ မြန်မာ့စီးပွားရေးဟာ အတော်ကြီး မရေရာ မသေချာတဲ့ အခြေအနေဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။ မနှစ် ၂၀၂၂ ခုနှစ်တုန်းကတော့ မြန်မာ့စီးပွားရေး ဖွံဖြိုးမှုက ၃ ရာနှုန်း ရှိပြီး၊ ၂၀၂၃ မှာလည်း ဒီနှုန်းပဲ ဖြစ်ဖွယ်ရှိတယ်လို့ ခန့်မှန်းပါတယ်။
ထုတ်လုပ်ရောင်းဝယ်နေကြတာက ကိုဗစ်ကပ်ဘေး မတိုင်ခင်ကထက် ၁၀ ရာနှုန်းကျော် ကျသွားတယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။ ဒါက စီးပွားရေး တစ်ခုလုံးသဘောကို ခြုံပြောတာဖြစ်ပြီး၊ လူတစ်ဦးချင်းရဲ့ ထုတ်လုပ်ရောင်းဝယ်မှုအရဆိုရင် အများကြီးပို ကျသွားတယ်လို့ ဆိုပါတယ်။
ကမ္ဘာ့စီးပွားရေးလည်း မျှော်လင့်ထားတဲ့အတိုင်း ပိုနှေးသွားမယ်ဆိုရင်၊ မြန်မာနိုင်ငံရဲ့ ထုတ်ကုန်တင်ပို့မှုနဲ့ ရင်းနှီးမြှုပ်နှံမှုကလည်း ပိုပြီး အားနည်းသွားနိုင်တယ်လို့ ကမ္ဘာ့ဘဏ် စီးပွါးရေး ပညာရှင်တွေက ထင်ပါတယ်။ လယ်ယာ စိုက်ပျိုးရေးနဲ့ အထည်ချုပ်လုပ်ငန်းကတော့ အတိုင်းအတာတစ်ရပ်အထိ ပြန်နလန်ထလာခဲ့တယ်လို့ ကမ္ဘာ့ဘဏ် အစီရင်ခံစာက ပြောပါတယ်။
မြန်မာကျပ်ငွေတန်ဖိုးက မကြာမီလတွေအတွင်း တည်ငြိမ်လာပေမယ့် နိုင်ငံခြားငွေ ပြတ်လပ်တာက ဆက်လက် ရှိနေပြီး၊ ကုန်သွယ်ရေး ကန့်သတ်ချက် ဝန်ပိတာနဲ့ အတူ စီးပွားရေး လုပ်ငန်းတွေရဲ့ သွင်းကုန် အပေါ် သက်ရောက်မှု ကြီးနေဆဲဖြစ်တယ်လို့ ကမ္ဘာ့ဘဏ် အစီရင်ခံစာက ဆိုပါတယ်။ ဈေးကွက်မှာ တစ်ဒေါ်လာ ပေါက်ဈေးက ၂၈၀၀ ဖြစ်နေပေမယ့် တစ်ဒေါ်လာကို တရားဝင်ဈေးနှုန်း ၂၁၀၀ နဲ့ လဲရမယ်ဆိုတဲ့ အမိန့်ကို စီးပွါးရေး လုပ်ငန်းရှင်တွေအနေနဲ့ လိုက်နာနေရဆဲ ဖြစ်တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။